Happy Herbs Bar Open Tuesday to Sunday (4PM to 12 PM) တနင်္လာနေ့တိုင်းဆိုင်ပိတ်ပါသည်။

🙏
03/04/2025

🙏

MOM ရဲ့ ကာစတန်မာများခင်ဗျာ…

မကြာခင် ကျရောက်တော့မယ့် သင်္ကြန်မှာ ဘာအစီစဉ်တွေ ရှိလဲလို့ မေးနေကြတဲ့ သူတွေအတွက် ဒီနှစ်သင်္ကြန်ဟာ MOM မိသားစု အတွက် ပထမဆုံးကြုံတဲ့ သကြ်န်မို့ "ရိုးရာအတာသင်္ကြန်“ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန့်မာရိုးရာအတာသင်္ကြန်ကို ဖော်ထုတ်ပြီး ၊ သင်္ကြန်မယ်လေးတွေရဲ့ယိမ်းအကများ ကိုကြည်ရှု့အားပေးရင်း အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့ထိ ( ၅)ရက်လုံးစတုဒီသာတွေ ကျွေးကြဖို့နဲ့ ရိုးရာမပျက် ပျော်ပျော်ရွှင်ရွင် ရေကစားကြဖို့ အစီစဉ်တွေကို လွန်ခဲ့တဲ့( ၁ ) လလောက်ကတည်းက ကြိုတင် အစီအစဥ် ဆွဲထားခဲ့ကြပါတယ်။

ဒါပေမယ့် မတ်လ(၂၈ )ရက်နေ့က ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းငလျင် ဘေးဆိုးကြီးကြောင့်ကျနော် တို့ MOM မိသားစုများမှလည်း မြန်မာပြည်ကြီးနဲ့အတူ စိတ်နှလုံး အထူး ညှိးငယ် ဝမ်းနည်းခဲ့ရတာတွေကြောင့် အရင်ရက်တွေထဲက ကြိုတင်စီစဉ်ထားခဲ့တဲ့ “အတာသင်္ကြန်” ပွဲတော်လေးကို ဆက်လက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျနော် တို့ နေ့စဉ်ဘဝတွေထဲ သွားလာ ၊ လှုပ်ရှား ရုန်းကန်နေကြရပေမယ့် ကျနော်တော်တို့ စိတ်တွေ သေနေခဲ့တာ ကြာခဲ့ပါပြီ။

ဒါပေမယ့် ကျနော်တို့ ရှင်သန်ခွင့်ရနေသေးတဲ့ အချိန်မှာတော့ ကိုယ့်ဘဝ ကိုယ်ရုန်းရင်း ၊ ကိုယ်နိုင်ရာ ကိုယ်ကူနေကြရဦး မှာပါပဲ။ သင်္ကြန်ရက်တွေအတွင်းမှာ ကျနော်တို့ MOM အနေနဲ့ တစ်ခြားရက်တွေလိုပဲ ပုံမှန်ဆိုင်ဖွင့်ပါမယ်။

ဆိုင်ဖွင့်ချိန်ကို နေ့လယ် (၂ )နာရီက စပါမယ်။ အပျော်အပါးရေပက်ကစားတာတွေ မလုပ်ဖြစ်ပေမယ့် စတုဒီသာအစီစဉ်တွေကိုတော့ မြန်မာနှင့်ထိုင်း ငလျှင်ဘေးကြောင့် အသက်ဆုံးရှုံးသွားရတဲ့ သူတိုင်းအားရည်စူးကာ သင်္ကြန် ( ၅ ) ရက်လုံး ကုသိုလ်လုပ်ကာ ကျွေးမွေးသွားမှာဖြစ်ပါတယ်။

(မည်သူမဆို လာရောက်သုံးဆောင်နိုင်အောင် ဆိုင်ရဲ့ အရှေ့ကတ္တရာ ကွင်းမှာနေရာတွေ လုပ်ပေးထားပါမယ်။)

နေ့စဉ် ဆိုင်မှာ ပုံမှန်လာဆိုနေကျ Band တွေရဲ့ ဖျော်ဖြေရေးတွေပဲရှိပါမယ်။

မြန်မာနှစ်သစ်ဖြစ်တဲ့ နှစ်ဆန်း ( ၁ )ရက်နေ့မှာတော့ ကျွန်တော်တို့ MOM ဆိုင်လေး ကို( ၁ )ရက် ပိတ်ပြီး ပရိတ်တရားတော်များနာကြားကာ ၅ ရက်တာ ပြုသမျှရည်စူးကုသိုလ်အဖို့ကို ငလျင်ကြောင့် ဘဝတစ်ပါးသို့ ရောက်ရှိသွားသူများအား အမျှပေးဝေခြင်း၊ MOM ရဲ့ ရေကန်ကြီးအတွင်း ငါးလွှတ်ကုသိုလ်ယူခြင်း ၊ ဖယောင်းတိုင်မီးများဖြင့် ဆုတောင်းခြင်း စတဲ့ ဆုတောင်း မေတ္တာပို့ အမျှဝေ တဲ့ပွဲလေးကို ကျင်းပမှာဖြစ်တဲ့ အတွက် မဲဆောက်မြို့မှာရှိကြတဲ့ မည်သူမဆို ၊ မည်သည့်ဘာသာဝင်မဆို လာရောက်ဆုတောင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ။


အဆိုတော်နီတာရဲ့ One Man Show 👍🏼👍🏼👍🏼
12/03/2025

အဆိုတော်နီတာရဲ့ One Man Show 👍🏼👍🏼👍🏼

နီတာ One Man Show

အဆိုတော်နီတာ ရဲ့ တစ်ကိုယ်တော်ဂီတ ဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်၊ သောကြာနေ့ညမှာ Memories of Maesot Bar မှာ ကျင်းပပြုလုပ်ပါမယ်။ အဲဒီညမှာ အဆိုတော်နီတာ ရဲ့ သီဆိုဖျော်ဖြေမှုများ အပြင် ၊ဂီတအိမ် Band ရဲ့ Acoustic ပုံစံတီးခတ်မှုတွေကိုပါ အားပါးတရ နားဆင်ခံစားရမှာပါ။ ဒါ့အပြင် ကိုနီတာရဲ့ One Man Show ညမှာ စုံတွဲသီချင်းတွေ အတွက် ဧည့်သည် အမျိုးသမီး အဆိုရှင်တွေအဖြစ် စိုးဇာနည် နဲ့ မီးမီး တို့လည်း ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် အဆိုတော်နီတာ မဲဆောက်ကို ပြန်ရောက်နေတုန်း ကြုံတောင့်ကြုံခဲ ဒီ တေးဂီတဖျော်ဖြေပွဲလေးမှာ လာရောက်နားဆင်ခံစားဖို့ အားလုံးကို ဖိတ်ခေါ်ပါရစေ။


စတုဒီသာတွေစားရင်း ၊ လွယ်ကထုံပွဲတော်ကြီးကိုMOM မှာ သွားရောက်ဆင်နွဲကြမယ်👏🏻👏🏻👏🏻
10/11/2024

စတုဒီသာတွေစားရင်း ၊ လွယ်ကထုံပွဲတော်ကြီးကို
MOM မှာ သွားရောက်ဆင်နွဲကြမယ်👏🏻👏🏻👏🏻

ထိုင်းနိုင်ငံရဲ့ လွယ်ကထုံပွဲတော်နဲ့ မြန်မာတို့ရဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးကို Memories of Maesot ဝန်းအတွင်း ထိုင်း ၊ မြန်မာ မိတ်ဆွေများ စုပေါင်း ကျင်းပမည်ဖြစ်ပါသဖြင့် မည်သူမဆို လာရောက်ပါဝင် ဆင်နွဲနိုင်ကြောင်းဖိတ်ကြားအပ်ပါသည်။

လာမယ့် ၁၅ ရက်နေ့ (သောကြာနေ့)မှာ ကျင်းပမယ့် တန်ဆောင်တိုင် လွယ်ကထုံပွဲတော်ကို MOM ရဲ့လှပသော ရေကန်ကြီးအတွင်း မီးမျှောပွဲတော် ကို ကျင်းပမည် ဖြစ်ပါသည်။ ပွဲတော်သို့ လာရောက်ကြသော ပရိသတ်များကို ကျမတို့ Memories of Maesot မိသားစုများမှ စတုဒီသာ အကျွေးအမွေးများဖြင့် ဧည့်ခံပါမည်။

ထိုနေ့ညတွင် MOM ၏Unpluged band ၏ ဖျော်ဖြေမှုနဲ့အတူ ၊ မီးရှူး မီးပန်းများ ကစားခြင်း ကဲ့သို့ ပျှော်ရွှင်စရာ အစီစဉ်များစွာ ရှိပါသဖြင့် MOM ရဲ့ တန်ဆောင်တိုင်လွယ်ကထုံပွဲတော်ကို ပါဝင်ဆင်နွဲကြဖို့ မိတိဆွေများကို ဖိတ်ခေါ်လိုက်ပါတယ်။


12/08/2024
MOM is closed today!
25/07/2024

MOM is closed today!

ဒီနေ့ မဲဆောက်မှာ မိုးတွေအဆက်မပြတ် ရွာသွန်းမှုကြောင့် MOM ကို တစ်ရက်ပိတ်လိုက်ပါတယ်ရှင်။ ⚠️ 🙅‍♀️

မနက်ဖြန် ၂၆ ရက်နေ့ သောကြာနေ့မှာ ပြန်ဆုံကြမယ်နော်။

ကျန်ခဲ့တဲ့ရက်တွေမှာ မိုးလေတွေကြားထဲက ရောက်အောင်လာကြတဲ့ ဧည့်သည်များကိုလည်း အထူးကျေးဇူးတင်ပါတယ်။

မိုးထဲလေထဲမှာ အကုန်လုံးလုံခြုံပြီးဘေးကင်းကြပါစေ။ 🙏🏻

Due to unforeseen circumstances, we are closed today. We apologize for any inconvenience and appreciate your understanding.


ဒီနေ့ MOM ကိုပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်​ထားပြီမလို့ လာရောက်အားပေးလို့ရပါပြီ။ 💕      #အကင်  #မာလာ
22/07/2024

ဒီနေ့ MOM ကိုပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်​ထားပြီမလို့ လာရောက်အားပေးလို့ရပါပြီ။ 💕 #အကင် #မာလာ

😋😋😋
17/07/2024

😋😋😋

ที่อยู่

Happy Herbs Bar, Https://maps. App. Goo. Gl/uh9LE7oxQNXkrnqA 9
Mae Sot
PH8C+Q8WMAESOT,MAESOTDISTRICT,TAK

เวลาทำการ

อังคาร 16:00 - 23:50
พุธ 16:00 - 23:50
พฤหัสบดี 16:00 - 23:50
ศุกร์ 16:00 - 23:50
เสาร์ 16:00 - 23:50
อาทิตย์ 16:00 - 23:50

เบอร์โทรศัพท์

+66946670211

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Happy Herbs Barผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Happy Herbs Bar:

แชร์

ประเภท