09/03/2026
အသိပေးကြေညာချက်
မနေ့ညက ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့်ပတ်သက်၍
ဆိုင်မှ အလွန် စိတ်မကောင်းဖြစ်ရပါသည်။
ထိုအဖြစ်အပျက်သည် ဆိုင်၏ ရည်ရွယ်ချက်နှင့်
ဆိုင်သို့ လာရောက်အားပေးနေသော ဧည့်သည်အများစု၏ အပြုအမူကို ကိုယ်စားမပြုပါ။
ဆိုင်သို့ လာရောက်အားပေးသော ဧည့်သည်များ၏ ၉၉% သည် လူကောင်းများဖြစ်ကြပြီး
သူတို့ ပျော်ရွှင်စေရန်နှင့် အလုပ်ပင်ပန်းမှုများကို ခဏတာ မေ့ပျောက်နိုင်စေရန် ရည်ရွယ်၍ ဤဆိုင်ကို ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။
သို့သော် ၁% ခန့်ရှိသော စည်းကမ်းမဲ့ ဧည့်သည်အချို့ကြောင့်
ဆိုင်သို့ လာရောက်သော ဧည့်သည်အားလုံး၏ စည်းကမ်းရှိမှုအပေါ် တချို့သူများမှ သိမ်းကြုံး၍ ပတ်ရမ်းရေးသားမှုများ ပြုလုပ်လာကြပြီး ထိုအကြောင်းကြောင့် ဆိုင်သို့ လာရောက်ကြသော ကရင်လူငယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပါသည်။
ထို့ကြောင့် အကျင့်မကောင်းသောသူများ၊ ရန်ဖြစ်တတ်သူများ၊ မိမိကိုယ်ကို မထိန်းသိမ်းနိုင်သူများနှင့် ကရင်လူငယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့်သူများကို ဆိုင်မှ မကြိုဆိုပါ။
ဧည့်သည်အားလုံးအနေဖြင့် အချင်းချင်း လေးစားမှုရှိစွာဖြင့် အေးချမ်းပျော်ရွှင်သည့် အချိန်အား ဖြတ်သန်းနိုင်ရန် ပူးပေါင်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။