01/06/2026
မင်္ဂလာပါ🙏🙏
နှစ်ပေါင်း ၂၀၀၀ ကျော် သမိုင်းကြောင်းရှိတဲ့ "မသေနိုင်သော ဆေးအမြုတေ" 👑 (Immortality Elixir) အကြောင်း ကြားဖူးကြသလား? ဒီနေ့ခေတ်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Fizzy Drink အစားထိုးအနေနဲ့ ကမ္ဘာတစ်ဝှမ်း လူကြိုက်များနေတဲ့ Kombucha (ကွန်ဗူးချာ) အကြောင်းကို အတူတူ လေ့လာကြည့်ရအောင်။
✨ Kombucha ဆိုတာ ဘာလဲ?
ကမ္ဘာ့အရှေ့တိုင်းဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက သောက်သုံးခဲ့ကြတဲ့ Fermented Tea (အချဉ်ဖောက်ထားတဲ့လက်ဖက်ရည်) တစ်မျိုးပါ။ တရုတ်မင်းဆက်
Qin Dynasty (221–206 BC) ကာလမှာ "အသက်ရှည်စေတဲ့ လက်ဖက်ရည်" (Tea of Immortality) လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။Kombucha တစ်ခွက် ဖြစ်လာဖို့ အခြေခံပစ္စည်း ၄ မျိုးပဲ လိုအပ်ပါတယ် -
လက်ဖက်ခြောက်၊ သကြား၊
ရေ ၊SCOBY (ဘက်တီးရီးယားနှင့် Yeast အစုအဖွဲ့)
ပစ္စည်းတွေကို ပေါင်းစပ်ပြီး အချိန်ပေး အချဉ်ဖောက် (Ferment) လိုက်တဲ့အခါ၊ သကြားရဲ့ ချိုမြိန်မှုကနေ လန်းဆန်းစေတဲ့ ချဉ်ဖြုန်းဖြုန်း (Tangy) အရသာအဖြစ် ပြောင်းလဲသွားပါတယ်။
Kombucha သောက်ဖူးတဲ့သူတွေ မြင်ဖူးကြမှာပါ။ အိုးထဲမှာ မှိုလိုလို၊ ဂျယ်လီတုံးလိုလိုနဲ့ အပေါ်မှာ မြောနေတဲ့ အချပ်ကြီးက ဘာလဲဆိုတာ သိကြရဲ့လား?
kombucha ပြုလုပ်ရာမှာ အရေးအကြီးဆုံး အရာတစ်ခုက SCOBY ဖြစ်ပါတယ်။
–– 🕳️ SCOBY ဆိုတာ
Symbiotic Culture Of Bacteria and Yeast (ဘက်တီးရီးယားနဲ့ Yeast အတူတကွ ပူးပေါင်းနေထိုင်တဲ့ အစုအဖွဲ့) ကို ခေါ်တာပါ။ Kombucha ရဲ့ မျက်နှာပြင်ပေါ်မှာ မြောနေတဲ့ Cellulose Mat (ဂျယ်လီကဲ့သို့ အလွှာ) တစ်ခု ဖြစ်ပါတယ်။သူ့ကို အဏုကြည့်မှန်ဘီလူးနဲ့ ကြည့်ရင် Microbes အုပ်စု ၃ စုကို တွေ့ရမှာပါ -
Yeasts : သကြားကို အယ်လ်ကိုဟော (Alcohol) အဖြစ် ပြောင်းလဲပေးတယ်။
AAB (Acetic Acid Bacteria): ဖြစ်လာတဲ့ အယ်လ်ကိုဟောကို အက်ဆစ် (Acid) အဖြစ် ထပ်ဆင့်ပြောင်းလဲပြီး ချဉ်မွှေးတဲ့အရသာ ပေးတယ်။
LAB (Lactic Acid Bacteria): ပိုပြီး နက်ရှိုင်းတဲ့ ချဉ်မြည်းတဲ့ အရသာကို ဖြည့်ဆည်းပေးတယ်။
Kombucha သောက်ရင် ဘာတွေကောင်းလဲ?
🍵 ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးခြင်း (Antioxidants): လက်ဖက်ရည်ထဲမှာပါတဲ့ Polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်း ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
🦠 အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို ပံ့ပိုးပေးခြင်း: အချဉ်ဖောက်ခြင်းကနေရလာတဲ့ LAB (Lactic Acid Bacteria) က Postbiotic အနေနဲ့ အူလမ်းကြောင်း ကျန်းမာရေးနဲ့ အစာခြေဖျက်စနစ်ကို ကောင်းမွန်စေပါတယ်။
🧬 ဗီတာမင်ဓာတ်များ ဖြည့်ဆည်းပေးခြင်း: Fermentation ဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin B အုပ်စု (B1, B6, B12) နဲ့ Vitamin C ဓာတ်တွေ အနည်းငယ် ပါဝင်လာပါတယ်။
🌿 အဆိပ်အတောက် ဖယ်ရှားပေးခြင်း (Enzymes): သဘာဝ Enzymes တွေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။
ကျန်းမာရေးအတွက် သကြားအလွန်အကျွံပါတဲ့ Gas ပါတဲ့အချိုရည်တွေနေရာမှာ သဘာဝအတိုင်း အချဉ်ဖောက်ထားတဲ့ Kombucha လေးကို ပြောင်းလဲသောက်သုံးကြည့်ဖို့ အကြံပြုချင်ပါတယ်။