14/01/2026
အလင်းဆိုင်မှာ သီဟိုစေ့ကြော်နဲ့ မြည်းဖို့ ဘီယာလေးတစ်ခွက်မှာတာကို သူငယ်ချင်းက တားတယ်...
အဲ့လို မြေပဲတို့၊ သီဟိုစေ့တို့နဲ့ မြည်းရင် အမူးလွန်တာမလို့ ရိုးရိုးတန်းတန်း အလင်းဆိုင်မှာ စားကောင်းတဲ့ အမဲခြောက်ကြော်တို့၊ ဆိတ်လက်ဖက်ထောင်းတို့ မှာပါလားတဲ့။
ဘယ်က နားစွန်နားဖျား ကြားလာပြီး ပြောမှန်း မသိတော့ ခပ်တည်တည်နဲ့ ကိုယ်လည်း မကြားချင်ယောင်ဆောင်ပြီး သီဟိုစေ့ကြော်ရော၊ ဆိတ်လက်ဖက်ထောင်းတွေပါ မှာလိုက်တာပဲ။
အစေ့အဆံတွေနဲ့ အမြည်းလုပ်တာ ဒီလောက်ဆိမ့်ဆိမ့်လေးနဲ့ ပိုကောင်းတာ ဝါရင့်သမ္ဘာရင့်တွေပဲ သိမယ်။ ဝါနုတဲ့ သူငယ်ချင်းဘော်ဒါတစ်ယောက်တော့ ဘာမသိညာမသိနဲ့ ရွှီးတာ ရွှီးတာဆိုတာ....🤣
အခု Admin တောင် သီဟိုစေ့အမြည်းလုပ်လိုက်၊ ဘီယာလေးသောက်လိုက်နဲ့ စာရိုက်နေတာ။ မယုံတဲ့သူတွေ အခုပဲ အလင်းဆိုင်မှာ ဘီယာလေးနဲ့ လာမြည်းကြည့်လိုက်တော့နော် 😉
#၁၅လမ်းအလင်းဆိုင် #အလင်းဆိုင် #သီဟိုစေ့ကြော်