17/08/2026
📌 ပြီးခဲ့တဲ့ ဩဂုတ်လ (၁၅) ရက်နေ့က 𝐔𝐧𝐢𝐨𝐧𝐒𝐏𝐀𝐂𝐄 Myanmar ရဲ့ (၁၁)ကြိမ်မြောက် Business Owners & Entrepreneurs Networking Seminar ကို Ekkamai 61 Branch မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ တက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အောက်ပါအကြောင်းအရာများအား ဆွေးနွေးမျှဝေပေးခဲ့ပါတယ် -
☑️ ၂၀၂၆ ခုနှစ်အတွက် DBD မှ အသစ်ထုတ်ပြန်လိုက်သော စည်းမျဉ်းစည်းကမ်းများအကြောင်း
☑️ ထိုင်းနိုင်ငံတွင် ကိုယ်ပိုင် Brand ထုတ်လုပ်လိုသူများအတွက် FDA နှင့် Trademark ၏ အရေးပါပုံများ
☑️ OEM စက်ရုံများနှင့် စာချုပ်ချုပ်ဆိုရာတွင် မဖြစ်မနေ သတိပြုသင့်သည့်အချက်များ
☑️ တရားဝင် " Made in Thailand " အသိအမှတ်ပြုမှု ရရှိရန် ပြင်ဆင်ရမည့် အဆင့်ဆင့်
စတာတွေကို Panel Discussion ဖြင့် ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။
ယခုကျင်းပပြုလုပ်ခဲ့တဲ့ Networking Seminar အတွက် အရသာရှိတဲ့ စားသောက်ဖွယ်ရာများကို Food Sponsor အဖြစ် အထူးပံ့ပိုးကူညီပေးခဲ့တဲ့ 𝐉𝐨𝐲 𝐙𝐨𝐧𝐞 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 ကိုလည်း 𝐔𝐧𝐢𝐨𝐧𝐒𝐏𝐀𝐂𝐄 Myanmar မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။