10/04/2025
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ခရစ်ယာန် church တွေနဲ့အတူ ဂန်ရွာပလီ ရှိတဲ့ Islamic community လေးကိုလည်း Sapphire Team နဲ့ Mandala Team က သွားရောက် လှူဒါန်းခဲ့ပါတယ်
အလှူပစ္စည်းတွေထဲမှာ အခြားနေရာများတန်းတူ
ရေသန့်ဘူး
ရေသန့်စက်
ရေသန့်ဆေးပြား
ဆေးဝါး
ခေါက်ဆွဲခြောက်
ငါးသေတ္တာ
မုန့်
အမျိုးသမီးလစဉ်သုံး
ကလေး Diaper
စောင်
ခြင်ထောင်
မိုးကာစ
မန္တလေးမြို့ပေါ်မှာဘဲဆိုပေမဲ့ အကူအညီအလျှံပယ် ရပြီးသားနေရာတွေထက် donation အရောက်အပေါက် နည်းပြီး အလှူပစ္စည်းတကယ်လိုအပ်တဲ့နေရာလေးတွေကို အရောက်သွားပြီး ဦးစားပေးလှူဒါန်းခဲ့တာမို့ Sapphire Team ကို အလှူငွေထည့်ထားကြတဲ့ အလှူရှင်တွေသာဓု ခေါ်နိုင်အောင် မှတ်တန်းတင်ထားတဲ့ပုံလေးတွေတင်လိုက်ပါတယ်