Entertainment 99

Entertainment 99 We make and sell the best coffee in Yangon

25/07/2015

အများကပြောတဲ့ တီဂျီအိုင်အက်ဖ်...............................
တချို့က ရောင်စုံခြယ် နိုက်ကလပ်
သူတစ်ခွက် ကိုယ်တစ်ပက်နဲ့
ပိုက်ဆံတစ်ထပ်ရှိသူတွေ အတွက်ပေါ့
တချို့ကလည်း ချစ်သူလက်ကိုတွဲ
ညစာတူတူဆွဲ တစ်ယောက်တစ်မျိုး ချွဲလို့
တစ်ပတ်စာ အနမ်းတွေ ဖလှယ်ကြတယ်
တချို့ တချို့အတွက်
၁၀၀ တန်ကော်ဖီတစ်ခွက် စာအုပ်တစ်ဖက်နဲ့
ဘ၀ အမောတွေ ဖြေကြမယ်
ခြားနားခြင်းများ ရှိကောင်းရှိရဲ့
ကွဲပြားခြင်းများလည်း ရှိကောင်းရှိမယ်
ဘယ်လိုပဲ ပြောပြောပေါ့...........
သောကြာဟာ သောကြာမျှ ဆိုပေမဲ့
ဘဝကန္တာရလယ် အိုအေစစ်လေးအဖြစ်နဲ့
လူတိုင်းအတွက်တော့ တီဂျီအိုင်အက်ဖ်။

29/06/2015

မိသားစု

တစ်နေရာစီ ဝေးကွာနေ
ငါတို့မိသားစု တတွေ။

တို့မိသားစု ထမင်းဝိုင်း
သတိရမိတိုင်း မျက်ရည်ဝိုင်း။

အဆုံးမဲ့တဲ့ ဒီခရီးကြမ်း
ကိုယ်စီ ထမ်းလို့ လျှောက်လှမ်းရင်း
ရည်မှန်းချက်တွေ ပြီးပြည့်စုံ
တစ်နေ့နေ့တော့ ဆုံကြမည်
လက်စုံမိုးလို့ ဆုတောင်းသည်
ထမင်းလက်ဆုံ စားဖို့ရည်။

Admin

Supernatural Series မှာ မင်းသားနှစ်ယောက်ကလွဲပြီး ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ သူငယ်ချင်းတို့??? ကျနော်အကြိုက်ဆုံးကတော့ ...
12/07/2014

Supernatural Series မှာ မင်းသားနှစ်ယောက်ကလွဲပြီး ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ သူငယ်ချင်းတို့???
ကျနော်အကြိုက်ဆုံးကတော့ King of Hell!!
( Hello boys.......!!!)


Borney

ကဲ ဘယ်သူတွေများ Paul Walker ကို အလွမ်းပြေ ကြည့်ချင်ကြမလဲ မသိဘူးနော်BRICK MANSIONS (2D) 20.6.14 ရက်မှစတင်ပြပြီရန်ကုန်ရှေ့...
20/06/2014

ကဲ ဘယ်သူတွေများ Paul Walker ကို အလွမ်းပြေ ကြည့်ချင်ကြမလဲ မသိဘူးနော်

BRICK MANSIONS (2D) 20.6.14 ရက်မှစတင်ပြပြီ

ရန်ကုန်
ရှေ့ဆောင်(1) - ph: 252113 , 388034
မင်္ဂလာစံပြ - ph: 0973176000 , 0973176111 , 0973176222

မန္တလေး
မြို့မ - ph: 02- 39136, 39137

Photo Credit >>> Mingalar Cinema Page

Admin #
Chan

မင်္ဂလာပါ သူငယ်ချင်းတို့ရေ……။ကမ္ဘာ့ဖလားဘောလုံးပွဲတွေကလဲ တဖြည်းဖြည်းနီးလို့လာပြီနော်။ ဒီတစ်ခါတော့အိမ်ရှင်က ဘရာဇီး နိုင်ငံပါ။...
02/06/2014

မင်္ဂလာပါ သူငယ်ချင်းတို့ရေ……။
ကမ္ဘာ့ဖလားဘောလုံးပွဲတွေကလဲ တဖြည်းဖြည်းနီးလို့လာပြီနော်။ ဒီတစ်ခါတော့အိမ်ရှင်က ဘရာဇီး နိုင်ငံပါ။ လေးနှစ်မှတစ်ခါကျင်းပတဲ့ အတွက် ဘောပွဲဝါသနာအိုးတွေလဲ ရင်ခုန်စွာနဲ့စောင့်မျှော်နေကြပြီလို့ ထင်ပါတယ်။ ဒီလ 13 ရက်နေ့ မှာပြိုင်ပွဲတွေ စတင်ကျင်းပသွားမှာပါ ( 12 ရက်နေ့ည )။ 2010 အာဖရိကအိမ်ရှင် ကမ္ဘာ့ဖလားမှာ Waka Waka ဆိုတဲ့ သီချင်းလေးက ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားပြီး ပရိတ်သတ်တော်တော်များများ အခုထက်ထိ ပါးစပ်ထဲမှာ စွဲကျန်နေဆဲ သီချင်းလေးပါ။ အခုလဲ ဘရာဇီးအိမ်ရှင် အဖြစ် လက်ခံကျင်းပမဲ့ ဒီကမ္ဘာ့ဖလား အတွက် လဲ Official World Cup Song ထွက်ရှိလို့လာပါပြီ။ ဒီသီချင်းလေးကရော ပရိတ်သတ်တွေကို Waka Waka လောက်ဆွဲဆောင်နိုင်ပါ့မလား ဆိုတာကတော့…..။ သီချင်းလေးရဲ့နာမည်က “We are One (Ole Ola)” တဲ့။ ဒီသီချင်းကို နာမည်ကြီး အဆိုတော်တွေ ဖြစ်တဲ့ Pitbull ၊ Jennifer Lopez နဲ့ Claudia Leitte တို့တွဲဆိုထားတာပါ။ Claudia Leitte ကတော့ ဘရာဇီးနာမည်ကြီး အမျိုးသမီး ပေါ့ပ် အဆိုတော်ဖြစ်ပါတယ်။ ဘရာဇီးမလေးတွေရဲ့မြူးမြူးကြွကြ ဆမ်ဘာအကနဲ့ အတူ 2014 ကမ္ဘာ့ဖလားကိုရင်ခုန်လိုက်ကြရအောင်။
Admin #
Borney
http://www.youtube.com/watch?v=TGtWWb9emYI

18/05/2014

Today Special Song.....!!!!
Michael Jackson ကိုကြိုက်တဲ့ သူငယ်ချင်းတွေ Page ထဲမှာရှိလောက်ပါတယ်နော်။
ဒီသီချင်းလေးကတော့ MJ လက်သစ် Justin Timberlake က MJ ရဲ့သီချင်းဟောင်းလေးကို MJ နဲ့ ပြန်တွဲဆိုထားတာပါ။ တော်တော်မိုက်ပါတယ်။
သီချင်းရဲ့နာမည်က "Love Never Felt So Good" တဲ့။ နားထောင်ကြည့်လိုက်ပါနော်။
Admin
Borney # #

http://www.youtube.com/watch?v=oG08ukJPtR8
To download MP3,
http://mp3skull.com/mp3/love_never_felt_so_good_feat_justin_timberlake.html

Download Xscape on iTunes Now: http://smarturl.it/xscape?IQid=youtube Download Xscape on Amazon Now: http://smarturl.it/xscape-amazonmp3 Audio stream also av...

Today Special Song.....!!!!Eminem နဲ့ k-pop က Namolla Family တို့ တွဲဆိုထားတဲ့ သီချင်းလေးပါ။ English-Korea Remix Song လေ...
19/04/2014

Today Special Song.....!!!!
Eminem နဲ့ k-pop က Namolla Family တို့ တွဲဆိုထားတဲ့ သီချင်းလေးပါ။ English-Korea Remix Song လေးပေါ့။ နာမည်က 25 to life တဲ့။ တော်တော်နားထောင်လို့ကောင်းတယ်။
ဒေါင်းချင်ရင်တော့...........
http://mp3skull.com/mp3/25_to_life_eminem.html
Admin
Borney

Mp3skull

20/03/2014

20/03/2014

The wolf of wallstreet!!

18/02/2014

Android phone users များအတွက် Game လေးတစ်ခုကို Suggest လုပ်ချင်တယ်ဗျာ....။
ကလေးဂိမ်းလေးပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကိုဘယ်လောက်ငြိမ်အောင်ထိန်းနိုင်သလဲဆိုတာကို
စမ်းထားတာပါ။ SuperMario ထဲမှာပါတဲ့ ငှက်ကလေးကို Screen ပေါ်မှာ Tap လုပ်ကာ ပိုက်လုံးနဲ့လွတ်အောင်ပျံရတဲ့ HighScore အမျိုးအစား Game လေးပါ။ Game ရဲ့နာမည်က Flappy Bird တဲ့။ Memory က 1 MB တောင်မရှိဘူးဆိုတော့ Google play store မှာအလွယ်တကူ ဒေါင်းလို့ရပါတယ်။
ကျနော်ကတော့ ၅ မှတ်ကိုမကျော်နိင်လို့ တော်၂တင်းနေပြီ။ (ဖုန်းတောင်လွှင့်ပစ်ချင်စိတ်ပေါက်နေပြီ။) ဒီဂိမ်းလေးဆော့ရင်းသူငယ်ချင်းတို့ပျော်ရွှင်ပါစေဗျာ။
Admin
#
Borney

26/01/2014

ဒီနေ့အတွက်ရွေးချယ်ထားတဲ့ သီချင်းလေးကတော့ တွဲဆိုလေ့မရှိတဲ့ အဆိုတော် Shakira နဲ့ Rihanna တို့ရဲ့ 'Can't remember to forget you' ဆိုတဲ့သီချင်းအသစ်လေးပါ။
မြူးကြွတဲ့တီးလုံးလေးတွေနဲ့ သူတို့နှစ်ယောက် Vocal power အားပြိုင်မှုကို နားဆင်ရမှာဖြစ်ပါတယ်။ အရမ်းနားထောင်လို့ကောင်းပါတယ်။
To download mp3,
http://mp3skull.com/mp3/can_t_remember_to_forget_you_shakira_feat_rihanna_can_t.html
#
Admin - Borney

22/01/2014

Today Special Song!!
Taylor Swift ရဲ့ Red Album ထဲက The last time ဆိုတဲ့သီချင်းလေးပါ။
သီချင်းအေးအေးလေး နားထောင်တတ်သူတွေအတွက် တော့ သုံးခေါက်လောက်နားထောင်ရင် တော်တော်ကြိုက်သွားမဲ့သီချင်းလေးပါ။
ဒေါင်းလုပ်လုပ်ချင်ရင်တော့ အောက်ကလင့် မှာ ရှာဒေါင်းလိုက်ပေါ့နော်။
http://www.mp3skull.com/
Admin
Borney

Address

Hlaing Butar Yone Street
Yangon
11051

Telephone

09784035302

Website

Alerts

Be the first to know and let us send you an email when Entertainment 99 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Entertainment 99:

Share