30/10/2020
ကိုယ်တွေ ခဏခဏ အိမ်မှာ ကင်စားတဲ့ ကြက်သားကင်
(Chicken Teriyaki နဲ့ နည်းနည်းတူပါတယ် ကလေးတွေ လည်း အကြိုက်တွေ့မှာ အမှန်ပါ )🙆🏻♀️❤️
ပါဝင်ပစ္စည်းတွေက
Lemon / Sunkist (လီမွန် သို့မဟုတ် ဆန်းကစ်သီး တစ်ခြမ်း) *လီမွန် သည် သံပုရာသီး မဟုတ်)
Honey ( ပျားရည်)
Salt (ဆား )
Pepper ( ငရုတ်ကောင်းမှုန့်)
Rice Wine ( ဆန် ကောက်ညှင်းအရက်)
Oyster Sauce ( ခရုစီ)
Soy Sauce ( ပဲငံပြာရည်)
Meat Tenderizer ( မထည့်လည်း ရ / ထည့်လျှင် တစ်စက် နှစ်စက် မျှသာ အသားနူးညံ့ ရန်အတွက် )
Olive Oil Spray ( သံလွင်ဆီ စပရေး / မိမိကြိုက်နှစ်သက်ရာ ဆီ သုံးနိုင်)
ကဲ ... စချက် ကြမယ် အရင်ဆုံး အသား နှပ်မယ်
ပထမဦးစွာ ကြက်သားကို ရင်ဘုံသား မသုံးပဲ ပေါင်သားပဲ သုံးပါမယ် ရင်ဘုံသားက juicy မဖြစ်တာရော အိမ်က သူတွေက ပေါင်သားပဲ ကြိုက်တာကြောင့်ပါ ကြက်ပေါင်ကို အရင် အရိုးထုတ်ပါမယ် ပြီးရင် အသားကို အရသာဝင်သွားအောင် ခရင်းလေး နဲ့ ခပ်ဖွဖွ ဆွ ပေးပါ အိမ်မှာ အသား စွ တံ ရှိရင် သုံး နိုင်ပါတယ် မရှိလည်း ဘာမှ မဖြစ်ပါဘူး ခရင်း နဲ့သာ ထိုးပါ ပေါင်သား ရဲ့ မျက်နှာပြင် အတွင်း အပြင် နှစ်ဖက်လုံး ခပ်ကျဲကျဲ လေး နဲ့ ဖွဖွ လေး ပဲ ဆွပေးပါ အရသာ ဝင်ချင်ဇော နဲ့ အများကြီး အား နဲ့ ဆွလိုက်မိရင် အသားတွေ ကြေ ကုန်ပြီး စားမကောင်းသလို အမြင်လည်း မလှပါဘူး
အဲ့လိုမျိုး ဆွပြီးတာနဲ့ ခုနက ပါဝင်ပစ္စည်းတွေ တစ်ည အသားကို နှပ်ထား ပါမယ် နောက်နေ့ မှ နှပ်ထားတဲ့ အသား ထုတ် ပြီး grill pan ပေါ် မှာ ဆီအနည်းငယ် ဖြန်း ပါ ဆီ များလျှင် ကြက်ကြော် ပုံစံ ဖြစ်သွားပြီး အနားသားတွေ ကြွပ်ကာ စားမကောင်းပါ ဟန်နီ့တို့က အသားစိုစိုအိအိ ဆိုတဲ့ taste ကို ယူမှာမို့ လုံးဝ ကြွပ်လို့မရပါဘူး
ကြက်သွန်ဖြူအခွံမခွါပဲ ရေဆေးထည့်ပါအနံ့ပဲယူတာပါ အခွံမနွှာရခြင်းက အနံ့ကို ကြာကြာထိန်းထားနိုင်ခြင်းကြောင့်ဖြစ်ပါတယ် ဆီဖျန်းပြီးတာနဲ့ မီးကို အရှိန်လျော့ပြီး မီးအေးအေး နဲ့ စိတ်ရှည် လက်ရှည် အပေါ် အောက် လှန်ပေးပါ ခရင်း နဲ့ ထိုးကြည့်လို့ သွေးရည် ထွက်မလာဘူးဆို အသားကျက်ပြီလို့ ယူဆ လို့ရပါပြီ သွေးရောင် နဲ့ juicy ဖြစ် တာ ကို သေချာလေး ကြည့်ပေးပါ
Juicy ဖြစ်တဲ့ အရည် ကို သွေးထင်ပြီး အကြာကြီး ကင်မိရင် အသားတွေ ခြောက်သွားပြီး ကြမ်းသွားတတ်တာမို့ သတိထားပေးပါ ။
အဆင်ပြေကြပါစေ ရှင် 🙆🏻♀️