18/12/2020
E commerce နဲ့ E business ကြားက ကွာခြားချက်
===================================
E commerce နဲ့ E business ကြားက ကွာဟချက်လေးတွေ မသိသေးတဲ့သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
E-commerce ဆိုတာ က Telecommunication ကို သုံးပြီး Online ပေါ်ကနေ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေကို
ရောင်းတာပါ Device အနေနဲ့ Laptop , Phone, ipad စသဖြင့် အသုံးပြုရပါတယ် ။ အဓိကလိုတာ Website လို
အပ်ပါတယ် ။
Facebook မှာလုပ်နေတာက ကြော်ငြာတင် ပြီး Delivery ပို့ Bank ကနေငွေလွှဲ (သို့မဟုတ်) ရောက်မှပိုက်ဆံယူတာ ဒါက E-commerce မဟုတ်သေးပါဘူး E-commerce ဆိုတာ Website ကနေတစ်ဆင့် Card နံပါတ်ရိုက်ထည့် Card နဲ့ ငွေချေရတာပါ။
Online Shopping, Online ticket Reservation, Social Media, Online Banking, Online Hotel Booking တွေ
ပါ၀င်ပါတယ်။
E-commerce မှာ B2B, B2C, C2B, C2C ဆိုပြီးလေးမျိုးပါ၀င်ပါတယ်
B2B - Business to Business ရောင်းတာ ( ဥပမာ manufacture and supplier of good )
B2C - ဒါကတော့ Business က Customer ကို တိုက်ရိုက်ရောင်းတာပါ
C2B - Customer က Product and Service တွက် Business ကို ဆက်သွယ်တာ.
တစ်ချို့ ဆို သူတို့ လုပ်နိုင်တဲ့ Abilities အတွက် Profile တွေ တည်ဆောက်ပြီး Business ကို ဆက်သွယ်ကြတယ်
C2C - ကတော့ Customer အချင်းချင်း တိုက်ရိုက်တွေ့ပြီး ရောင်းတာ သူတို့ ကြားမှာ business firm မရှိပါဘူး .. အင်တာနက် ဂျာနယ် မှာ ဆို Classified ads တွေ ရှိတယ်လေ အဲဒါ C to C ပါ ပဲ
A to C, C to A, A to A အဲဒါတွေ လည်း ရှိသေးတယ်
A to C : Government to Citizen - example electronic
voting system in election
C to A : Citizen to Administration ( Gov )
A to A : Administration to Administration
C က Consumer ရော Citizen လို့ရော သုံးတယ်
E-business မှာ က နှစ်မျိုးရှိပါတယ် Pure Play နဲ့ Click and Brick
Pure Play ကတော့ online ကနေပဲ အားလုံး အပြည့်လုပ်တာဖြစ်ပါတယ်
Click and Brick ကတော့ Business ကို online ရော offline ရော နှစ်မျိုးလုံး ၀န်ဆောင်မှုပေးတာ ဖြစ်ပါတယ်
E-business လို့ ပြောရင် E-commerce ထက်ကျယ်ပြန့်ပါတယ်
E-commerce က website ရှိရင် ရောင်းလို့ ၀ယ်လို့ရပီ
E-business က အဲလိုမဟုတ်ဘူး သူရဲ့ လုပ်ငန်းမှာ ရှိတဲ့ နေ့တိုင်းလုပ်ရတဲ့ အလုပ်တွေကို online ကနေပဲ သွားတာ
Department အချင်းချင်း ဆက်သွယ်တာက စလို့ Trading တွေအထိ System တွေနဲ့ လုပ်တာပါ
E-commerce မှာ Internet facility သာ လိုပြီး E-business ကတော့ Internet , Intranet , extranet တွေလုပ်အပ်ပါတယ်
Website တစ်မျိုးတည်း ရှိရုံမရပဲ Website , CRM, ERP စတဲ့ Stem တွေလည်း လိုအပ်ပါတယ်
Credit; Rigel