Bon Sine - ဘုံဆိုင်

Bon Sine - ဘုံဆိုင် The healthiest budget-friendly chill out spot in Chinatown!

ငါမွဲနေတာကို သူဘယ်လိုသိသွားတာလဲဟ ?? 🥹
17/09/2026

ငါမွဲနေတာကို သူဘယ်လိုသိသွားတာလဲဟ ?? 🥹

16/09/2026

၅မိနစ်လေးပါပဲ 😜 # ゚ ゚viralシfypシ゚ #ဘုံဆိုင်

မှာဖို့ဆို နှစ်ခါညှိစရာမလိုတဲ့ ဘော်ဒါတွေအကြိုက် ဘုံဆိုင်ရဲ့ ဝက် Collection အမြည်း 😋ဘီယာအေးအေးလေးတစ်ခွက် သောက်လိုက်၊ အဆီအ...
12/09/2026

မှာဖို့ဆို နှစ်ခါညှိစရာမလိုတဲ့ ဘော်ဒါတွေအကြိုက် ဘုံဆိုင်ရဲ့ ဝက် Collection အမြည်း 😋

ဘီယာအေးအေးလေးတစ်ခွက် သောက်လိုက်၊ အဆီအဆိမ့် အစပ်အဟပ်တည့်တဲ့ ဝက်သားအမြည်းလေးတစ်ဖတ် မြည်းလိုက်နဲ့ ဒီနေ့ညကို ခပ်မိုက်မိုက်ကလေး ဖြတ်သန်းချင်တယ်ဆိုရင် ၁၉လမ်းက ဘုံဆိုင်ကိုသာ ထွက်ခဲ့လိုက်တော့နော် 😎🔥

မြည်းဖူးသူတိုင်းကြိုက်ကြတဲ့ ဘုံဆိုင်ရဲ့ ဝက် Collection အမြည်းတွေကတော့

🤤 အပြင်ဖက် အသားကြွပ်ကြွပ်လေးနဲ့ အတွင်းထဲမှာ အသားအပြည့်ပါလို့ ဝါးလိုက်တာနဲ့ အိဆိမ့်သွားမယ့် “ဝက်သားလုံးကြော်”

😋 အချိုးကျစပ်ထားတဲ့ အနှစ်လေးနဲ့ အိအိလေးဖြစ်နေအောင် ကြော်ထားလို့ ဘာနဲ့တွဲသောက်သောက် ထိမိနေမယ့် “ဝက်သားပြားကြော်”

😗 အရိုးအဆစ်ကြားထဲထိ အရသာစိမ့်ဝင်နေအောင် နှပ်ပြီးကြော်ထားလို့ တစ်ကိုက်ကိုက်လိုက်တာနဲ့ ရပ်တန့်မရဖြစ်စေမယ့် “ဝက်နံရိုးကြော်”

ဒီလိုအမိုက်စား​ Menu တွေမြည်းရင်း မထိုင်ဖြစ်တာ ကြာပြီဖြစ်တဲ့ ဘော်ဒါတွေနဲ့ စကားတွေအများကြီး ပြောချင်သေးတယ်ဆိုရင်တော့ ဒီနေ့ည ဘုံဆိုင်မှာဆုံဖို့ ချက်ချင်း Mention ခေါ်လိုက်တော့… 🍻✨

𝗕𝗼𝗻 𝗦𝗶𝗻𝗲 - ဘုံဆိုင်
📍 Address: No. 150(B), 19th Street, Latha Township, Yangon, Myanmar.
⏳ Opening Hours:
• 2 PM - 11 PM (Weekday)
• 12 PM - 11 PM (Weekend)
☎️ For Orders & Reservations: 09 96 889 1132

#ဘုံဆိုင် #အမြည်း #ဝက်Collection #၁၉လမ်း

🍗🍻 “အသောက်ထက် အမြည်းကို ပိုဦးစားပေးတဲ့ ကြက်ခရေဇီတွေအတွက်” သောက်တဲ့နေရာမှာ အမြည်းကောင်းမှ ပွဲက ပိုမြိုင်တာဆိုတဲ့ Foodie ဘ...
11/09/2026

🍗🍻 “အသောက်ထက် အမြည်းကို ပိုဦးစားပေးတဲ့ ကြက်ခရေဇီတွေအတွက်”

သောက်တဲ့နေရာမှာ အမြည်းကောင်းမှ ပွဲက ပိုမြိုင်တာဆိုတဲ့ Foodie ဘော်ဒါတွေနဲ့ အမြည်းမပါရင် ငုတ်တုတ်မေ့နေတတ်သူတွေအတွက် ဘုံဆိုင်ရဲ့ “ကြက် Collection” ထွက်ရှိလို့လာပါပြီဗျာ 😎🔥

အသောက်နဲ့တွဲရင် အမြည်းအဖြစ်ရော ထမင်းနဲ့စားရင်ပါ မြိန်နေစေမယ့် ဘုံဆိုင်ရဲ့ရွေးချယ်စရာ ကြက် Menu Collection တွေကတော့

🍗 ကြက်ကုန်းဘောင်ကြီးကြော် ~ ဘီယာဆိုင်ထိုင်တိုင်း မရိုးနိုင်တဲ့ အမြည်းတစ်ခွက်ပေါ့ဗျာ...

🍗 ကြက်ချိုချဉ်ကြော် ~ အချိုအချဉ် အရသာပြည့်ဝပြီး ပါးစပ်ထဲ စွဲကျန်နေစေမယ့် ဟင်းလျာမျိုး …

🍗 ကြက်ခြောက်စပ် ~ ကြက်သားဆို စပ်စပ်လေးမှ ကြိုက်သူတွေအတွက် တစ်ငုံသောက်၊ တစ်ဖတ်မြည်း အလိုက်ဖက်ဆုံးပေါ့ဗျာ

🍗 ကြက်တောင်ပံကြော် ~ အပြင်ခွံကြွပ်ကြွပ် အတွင်းသားအိအိလေးနဲ့ အမြည်းလောကရဲ့ မပါမဖြစ် Classic Menu

🍗 ကြက်အရေခွံကြော် ~ တဂျွတ်ဂျွတ်မြည်အောင် ကြော်ထားလို့ ဘီယာအေးအေးလေးနဲ့သာဆို အကောင်းဆုံး Combo ဖြစ်စေမှာ

🍗 ကြက်မဲပင်စိမ်း ~ ပင်စိမ်းရနံ့ မွှေးမွှေးလေးနဲ့ ဘော်ဒါတို့ကို ဆွဲဆောင်နိုင်တဲ့ အရသာဆန်းဆန်းလေး

🍗 ကြက်ဒူးဆစ်ကြော် ~ ဝါးလိုက်ရင်
တဂျွတ်ဂျွတ်နဲ့ အရိုးနူးနူးလေးဆိုတော့လည်း လှိမ့်မြည်းလို့ အကောင်းဆုံးပေါ့ဗျာ

🍳 ကြက်ဥမွှေကြော် ~ ရိုးရှင်းပေမဲ့ မရိုးနိုင်တဲ့ အမြည်း

🍗 ကြက်ခြေထောက်ချဉ်စပ် ~ ရှားရှားပါးပါး ချဉ်ချဉ်စပ်စပ်လေးနဲ့ ပါးစပ်အရသာ တွေ့စေမယ့် Menu လေး

ကဲ … ဒီညတော့ အမြည်းကောင်းလေးနဲ့ ဇိမ်ခံသောက်စားဖို့ ၁၉ လမ်းက ဘုံဆိုင်ကို အမြန်ဆုံးလှမ်းခဲ့ကြတော့နော် 🤘✨

𝗕𝗼𝗻 𝗦𝗶𝗻𝗲 - ဘုံဆိုင်

📍 Address: No. 150(B), 19th Street, Latha Township, Yangon, Myanmar.

⏳ Opening Hours:
• 2 PM - 11 PM (Weekday)
• 12 PM - 11 PM (Weekend)

☎️ For Orders & Reservations: 09 96 889 1132

#ဘုံဆိုင် #အမြည်း #ကြက်Collection #၁၉လမ်း

ကဲ .. ကဲ .. ကဲ .. ခင်ဗျာလေးတို့ မျှော်နေတဲ့ ၁၉လမ်း ဒီကနေ့လေးပြန်ဖွင့်ပါပြီဗျာ။ ရောက်ခဲ့ရင်လည်း ဘုံဆိုင်ကို ကြွလှမ်းခဲ့ကြ...
10/09/2026

ကဲ .. ကဲ .. ကဲ .. ခင်ဗျာလေးတို့ မျှော်နေတဲ့ ၁၉လမ်း ဒီကနေ့လေးပြန်ဖွင့်ပါပြီဗျာ။ ရောက်ခဲ့ရင်လည်း ဘုံဆိုင်ကို ကြွလှမ်းခဲ့ကြပါခင်ဗျာ 😘🤎

​ #ဘုံဆိုင် #၁၉လမ်း

သောက်တာတော့ ဟုတ်ပါပြီ... အမြည်းကောင်းကောင်းမပါရင် ပွဲစည်ပါ့မလား 🍻🔥သောက်စရာတွေနဲ့ ဇိမ်ခံတော့မယ်ဆိုရင် အမြည်းကောင်းတွေ ပါမ...
09/09/2026

သောက်တာတော့ ဟုတ်ပါပြီ... အမြည်းကောင်းကောင်းမပါရင် ပွဲစည်ပါ့မလား 🍻🔥

သောက်စရာတွေနဲ့ ဇိမ်ခံတော့မယ်ဆိုရင် အမြည်းကောင်းတွေ ပါမှဖြစ်မှာပေါ့။ ဒါကြောင့် အသောက်သမားတိုင်း ခံတွင်းတွေ့မယ့် ဘုံဆိုင်ရဲ့ Chef တွေ အထူးတလည် စီမံထားတဲ့ Signature အမြည်းဟင်းပွဲတွေကို မိတ်ဆက်ပေးလိုက်ပြီဗျာ။ 😎🤘

​🍽️ ဆီပြန်လေးနဲ့ ပါးစပ်ထဲ စွဲသွားစေဖို့
​ယူနန်သုံးထပ်သားသုပ် — ချိုမွှေးစပ် အရသာနဲ့ သုံးထပ်သားအိအိလေးကို သောက်ရင်း မြည်းရတာ တကယ်ထိထိမိမိပါပဲ။

​ဝက်သုံးထပ်သားကိုက်လံ — သုံးထပ်သား ချိုမွှေးအရသာလေးနဲ့ ကိုက်လံရွက် ကြွပ်ကြွပ်လေးတို့ရဲ့ ပေါင်းစပ်မှုက လျှာဖျားအကြိုက် ဖြစ်စေမှာပါ။

​🍽️ ချဉ်၊ ငန်၊ စပ် မပါရင် မပြီးတဲ့ အသောက်သမားတွေအတွက်
​ငါးဖယ်ဂျူးဖူးသုပ် — ငါးဖယ်စိမ့်စိမ့်နဲ့ ဂျူးဖူးမွှေးမွှေးကို ချဉ်ငန်စပ်အရသာနဲ့ ခံတွင်းတွေ့စေမယ့် အမြည်းတစ်ပွဲ။

​ကြက်ခြေထောက်အရိုးလွတ်မာလာဟင်း — အရိုးလွတ်မို့ စားရတာ လွယ်ကူပြီး ထုံစပ်မွှေး အရသာပြင်းပြင်းနဲ့ ခွက်ကိုင်ရင်း ဆွဲရမယ့်ပွဲ။

​🍽️ ပူပူစပ်စပ် ဟင်းရည်သောက်ရင်း မြည်းချင်သူတွေအတွက်
​မှိုငါးခူဆန်လှော်ဟင်းရည် — ဆန်လှော်ရနံ့ သင်းသင်းလေးနဲ့ ချိုစပ်အရသာလေးမို့ ခံတွင်းရှင်းသွားစေမှာပါ။
​ဝက်နံရိုးချဉ်စပ်ဟင်းရည် — တစ်ငုံသောက်လိုက်တာနဲ့ စိတ်ရောကိုယ်ပါ ပွင့်ခနဲ လန်းသွားစေမယ့် ဟင်းရည်ပါပဲ။

​🍽️ အနံ့မွှေးမွှေး၊ အရသာဆိမ့်ဆိမ့် မြည်းချင်သူတွေအတွက်
​အသဲကုဆိုင် — ချိုစပ်မွှေး အရသာလေးနဲ့ အရက်ဝိုင်းမှာ အဖော်မကင်းတဲ့ အမြည်း။
​ကြက်လက်ဖက်မွှေး — လက်ဖက်ရနံ့သင်းသင်းနဲ့ ချိုစပ်မွှေး အရသာပေါင်းစပ်ထားတဲ့ အထူးဟင်းပွဲ။

​🍽️ ကြွပ်ကြွပ်ရွရွ အကြော်ကြိုက်သူတွေအတွက်
​ဝက်နံရိုးကြော်စပါးလင်မွှေး — စပါးလင်နံ့ သင်းသင်းနဲ့ ဝက်နံရိုးအချိုကြော်ကို အားရပါးရဝါးရင်း မြည်းဖို့ပေါ့။
​ဘုံဆိုင်အသားစုံကြွပ်ကြွပ်ကြော် — ဘော်ဒါတွေဆုံတဲ့ ညတွေအတွက် အသားစုံ ကြွပ်ကြွပ်လေး မြည်းရင်း အချိုအရသာကို ခံစားဖို့ အသင့်တော်ဆုံးပါပဲ။

​ကဲ... အမြည်းတွေနဲ့တင် သွားရည်ကျနေပြီဟုတ်!!
အမြည်းကောင်း ဟင်းကောင်းနဲ့ ဒီည စည်းစိမ်ယစ်ဖို့ ဘုံဆိုင်ကို အမြန်ဆုံး လှမ်းခဲ့တော့ဗျာ။ 🔥

​𝗕𝗼𝗻 𝗦𝗶𝗻𝗲 - ဘုံဆိုင်
📍 Address: No. 150(B), 19th Street, Latha Township, Yangon, Myanmar.
⏳ Opening Hours:
• 2 PM - 11 PM (Weekday)
• 12 PM - 11 PM (Weekend)
☎️ For Orders & Reservations: 09 96 889 1132

​ #ဘုံဆိုင် #အမြည်း #၁၉လမ်း

ဒီညမူးဖို့ အကြောင်းပြချက် ရှာတွေ့သွားပြီလား 🧐🍹တစ်ပတ်လုံး စိတ်ရှုပ်လာတာလား၊ ဆွေးနေတာလား၊ ဒါမှမဟုတ် ရိုးရိုးတန်းတန်း ဘော်ဒ...
05/09/2026

ဒီညမူးဖို့ အကြောင်းပြချက် ရှာတွေ့သွားပြီလား 🧐🍹

တစ်ပတ်လုံး စိတ်ရှုပ်လာတာလား၊ ဆွေးနေတာလား၊ ဒါမှမဟုတ် ရိုးရိုးတန်းတန်း ဘော်ဒါတွေနဲ့ လန်းချင်တာလား?

စိတ်ခံစားချက်ပြောင်းရင် သောက်စရာပါပြောင်းချင်တဲ့ ဘော်ဒါတွေအတွက် ဘုံဆိုင်ရဲ့ Bartender တွေ အစွမ်းကုန် ပညာပြထားတဲ့ Signature Cocktail တွေနဲ့ မိတ်ဆက်ပေးလိုက်ပြီဗျာ။ 😎🤘

​🍸 ဒေါသတွေ၊ စိတ်ရှုပ်စရာတွေကို အပြတ်ရှင်းချင်ရင် — Hulk
တစ်ပတ်လုံး ဖိစီးထားသမျှကို တစ်ချက်တည်းနဲ့ အရှိန်ပြင်းပြင်း ဆွဲဖြုတ်ပစ်ဖို့ အရက်ပြင်း (၅) မျိုးကို အချိုးကျ စပ်ထားတဲ့ Cocktail ပေါ့။

​🍸 မိုးအေးအေးနဲ့ အဝေးကြီးမျှောချင်ရင် — Moe
ငြိမ့်ငြိမ့်လေးနဲ့ မျှောလို့ အကောင်းဆုံးပဲ။ မိုးတစ်ခွက်နဲ့ ခံစားချက်တွေကို လေထဲလွှင့်လိုက်တော့။

​🍸 အချစ်သက္ကရာဇ်တွေအကြောင်း ခပ်ဆွေးဆွေး စဉ်းစားချင်ရင် — Rose Island
နှင်းဆီရနံ့ သင်းသင်းလေးနဲ့ နူးနူးညံ့ညံ့ နစ်မြှုပ်လိုက်ရမယ့် ခပ်ဆွေးဆွေး ညတွေအတွက်ပေါ့ဗျာ။

​🍸 အချိုနဲ့ အခါး ရောယှက်နေတဲ့ ဘဝအရသာကို ခံစားချင်ရင် — Melon Mirage
သစ်သီးရနံ့ သင်းသင်းလေးအောက်မှာ အခါးဓာတ် ခပ်ပြင်းပြင်း အရသာကြိုက်သူတွေအတွက်။

​🍸 သောက်နေကျ အရသာတွေကို ငြီးငွေ့လာလို့ အဆန်းကြိုက်ရင် — Golden Sichuan နဲ့ PYAR-OHN
မွှေးမွှေးလန်းလန်း အရသာခပ်ရှိန်းရှိန်းနဲ့ Golden Sichuan ရော...
မြန်မာ့ရိုးရာ အရသာကို အထာကျကျ ပြန်စပ်ထားတဲ့ PYAR-OHN ရော...
အမြင်သစ်တွေ ပွင့်သွားစေရမယ်။

​🍸 ရင်ထဲ အေးစိမ့်သွားအောင် လန်းဆန်းချင်ရင် — Ice Blast နဲ့ Oasis
ဘဝဆိုတဲ့ သဲကန္တာရထဲ ခဏနားပြီး အမောဖြေဖို့ အေးစိမ့်ပြင်းပြင်း အရသာရှာဖွေနေတဲ့သူတွေအတွက် လုံးဝကွက်တိပါပဲ။

ကဲ... ဒီည Mood နဲ့ထပ်တူကျတဲ့ Cocktail ကဘာဖြစ်မလဲ??
ဘုံဆိုင်လာထိုင်ပြီး တစ်ခုရွေးလိုက်တော့။ 🔥

𝗕𝗼𝗻 𝗦𝗶𝗻𝗲 - ဘုံဆိုင်
📍 Address: No. 150(B), 19th Street, Latha Township, Yangon, Myanmar.
⏳ Opening Hours:
• 2 PM - 11 PM (Weekday)
• 12 PM - 11 PM (Weekend)
☎️ For Orders & Reservations: 09 96 889 1132

#ဘုံဆိုင် #အမြည်း #၁၉လမ်း

💥 ဘုံဆိုင်မှာ တစ်ခါမှ မကြုံဖူးသေးတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်အသစ်ကြီးတစ်ခု လာပါတော့မယ်ဗျို့...🍻🔜ရုံးကနေ အိမ်အပြန်...
31/08/2026

💥 ဘုံဆိုင်မှာ တစ်ခါမှ မကြုံဖူးသေးတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်အသစ်ကြီးတစ်ခု လာပါတော့မယ်ဗျို့...🍻🔜

ရုံးကနေ အိမ်အပြန်လမ်းမှာ ခဏတာခိုနားဖို့ ဘုံဆိုင်ထက် ပိုမိုက်တဲ့နေရာ ရှိသေးလို့လားဗျာ??
ဘုံဆိုင်ဆိုတာ ပင်ပန်းသမျှတွေအကုန် အမှုန့်ကြေသွားအောင် ဘော်ဒါတွေနဲ့ လွတ်လွတ်လပ်လပ် စိတ်လွှတ်ကိုယ်လွှတ် Chill လို့ရတဲ့နေရာတစ်ခုပေါ့။ 😎

ဒါပေမဲ့ ဒီတစ်ခေါက်အစီအစဥ်ကတော့ အေးဆေး Chill ရုံတင်မဟုတ်ဘဲ ရင်ခုန်စိတ်လှုပ်ရှားသွားစေမယ့် အရာတစ်ခု လာဖို့ရှိတာမို့ ဆက်ဆက် စောင့်မျှော်ပေးကြပါဦးဗျာ။ 🤗
Stay Tuned for Something Amazing! 💥🔜

𝗕𝗼𝗻 𝗦𝗶𝗻𝗲 - ဘုံဆိုင်
📍 Address: No. 150(B), 19th Street, Latha Township, Yangon, Myanmar.
⏳ Opening Hours:
• 2 PM - 11 PM (Weekday)
• 12 PM - 11 PM (Weekend)
☎️ For Orders & Reservations: 09 96 889 1132

#ဘုံဆိုင် #အမြည်း #၁၉လမ်း

29/08/2026

တစ်ဆိုင်ထဲမှာကို ကမ္ဘာနှစ်ခုကွဲနေတာ 😜 # ゚ ゚viralシfypシ゚ #ဘုံဆိုင်

🍾 သောက်စရာ ရောက်တာနဲ့ ဝိုင်းထဲကနေ အမြန်ဆုံး ကုန်သွားတတ်တဲ့ Menu 👇ဘုံဆိုင်ထိုင်ပြီဆိုတာနဲ့ ​ဒါလေးမှာရမလား၊ ဟိုဟာလေးပဲ မှာ...
28/08/2026

🍾 သောက်စရာ ရောက်တာနဲ့ ဝိုင်းထဲကနေ အမြန်ဆုံး ကုန်သွားတတ်တဲ့ Menu 👇

ဘုံဆိုင်ထိုင်ပြီဆိုတာနဲ့ ​ဒါလေးမှာရမလား၊ ဟိုဟာလေးပဲ မှာရမလားဆိုပြီး ဝေခွဲမရဖြစ်နေသူတွေအတွက် အသားပေါင်းစုံရဲ့ ကြွပ်ရွစိမ့်ဝင်နေတဲ့ အရသာကို တစ်ပွဲတည်းနဲ့ အပြည့်အဝ ခံစားရမယ့် “ဘုံဆိုင်အသားစုံကြွပ်ကြော်” ကိုသာ ပြေးမှာလိုက်ဗျာ။ 🤩

တစ်ကိုက်ကိုက်လိုက်တိုင်း ချိုဆိမ့်ဆိမ့်အရသာ ကြွပ်ကြွပ်ရွရွလေးနဲ့ အစပ်ဒဏ်လုံးဝမခံနိုင်တဲ့သူတွေအတွက် ကွက်တိပါပဲ။

ကဲ... ဒီလို ကြွပ်ရွနေတဲ့ ဘုံဆိုင်အသားစုံကြွပ်ကြော်နဲ့ သောက်စရာတွေရဲ့ လိုက်ဖက်ညီမှုက ညနေခင်းရဲ့အမောတွေကို တန်းပြီး ပြေပျောက်သွားစေမှာ အသေအချာပဲဗျို့။ 💯

အသုပ်တွေ၊ အစပ်တွေ ခဏဘေးဖယ်ပြီး အကြွပ်လိုင်းကိုမှ ဇိမ်ရှိရှိ မြည်းချင်တယ်ဆိုရင်တော့ ဒီညနေ ဘုံဆိုင်ကိုသာ တန်းလှည့်ခဲ့လိုက်တော့ဗျာ။ 😋

𝗕𝗼𝗻 𝗦𝗶𝗻𝗲 - ဘုံဆိုင်
📍 Address: No. 150(B), 19th Street, Latha Township, Yangon, Myanmar.
⏳ Opening Hours:
• 2 PM - 11 PM (Weekday)
• 12 PM - 11 PM (Weekend)
☎️ For Orders & Reservations: 09 96 889 1132

#ဘုံဆိုင် #အမြည်း #၁၉လမ်း

Address

No. 150(B), 19th Street, Latha Township
Yangon
11131

Opening Hours

Monday 14:00 - 23:00
Tuesday 14:00 - 23:00
Wednesday 14:00 - 23:00
Thursday 14:00 - 23:00
Friday 14:00 - 23:00
Saturday 12:00 - 23:00
Sunday 12:00 - 23:00

Telephone

+959768613135

Alerts

Be the first to know and let us send you an email when Bon Sine - ဘုံဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category