Tastee Myanmar

Tastee Myanmar Tastee is manufactured by YSG Co.,ltd. We are here to bring top-notch food experience using good quality ingredient for the public to indulge in.

We offer a friendly welcome, unbeatable price and value. A great place to meet up with friends and family, Enjoy a pint with BBQ or Thai food and make a party of your Saturday night or just sit back and relax all weekend!

လူကြီးတွေဆိုတာ နေ့လည်နေ့ခင်း တရေးလေးမှေးပြီး နိုးလာတာနဲ့ ကော်ဖီလေးဖျော် ဘီစကစ် လေးနဲ့ အချိုလေးတည်းချင်ကြပါတယ်အသက်အရွယ်လေ...
31/08/2026

လူကြီးတွေဆိုတာ နေ့လည်နေ့ခင်း တရေးလေးမှေးပြီး နိုးလာတာနဲ့ ကော်ဖီလေးဖျော် ဘီစကစ် လေးနဲ့ အချိုလေးတည်းချင်ကြပါတယ်

အသက်အရွယ်လေးလည်းရလာတော့ အမာတွေကြောင့်သွားနာမှာစိုးရင် TASTEE ဘီစကစ်လေးသာ ဝယ်ထားပေးလိုက်ပါ

မွမွလေးနဲ့ ပျော်ဝင်သွားမယ့် အရသာလေးကြောင့် ဖိုးဖိုးဖွားဖွားတွေလည်း အကြိုက်တွေ့မှာ စိတ်သာချ

#အကောင်းတကာ့အကောင်းဆုံး

တစ်လမ်းလုံးက မုန့်ဆိုင်တွေကြားထဲမှာ TASTEE ရောင်းတဲ့ ဆိုင်ဆိုရင် ကလေးတွေ အဝင်အထွက် မပြတ်ကြသလို ဆိုင်ရှင်ကြီးဆိုရင်လည်း က...
25/08/2026

တစ်လမ်းလုံးက မုန့်ဆိုင်တွေကြားထဲမှာ TASTEE ရောင်းတဲ့ ဆိုင်ဆိုရင် ကလေးတွေ အဝင်အထွက် မပြတ်ကြသလို ဆိုင်ရှင်ကြီးဆိုရင်လည်း ကလေးတွေရဲ့ အချစ်တော်ကြီးကိုဖြစ်လို့

TASTEE တင်ရောင်းထားရင် အရောင်းလည်းသွက် လူတိုင်းလည်းချစ်ဆိုတော့ ဘယ်လောက်ကောင်းလဲ?

ဆိုင်ရှင်ကြီးတို့ဆိုင်မှာရော TASTEE ရောင်းနေပြီလား??

TASTEE ထုတ်ကုန်များကို ပြန်လည်ရောင်းချလိုပါက Message Box မှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ပါပြီနော်...

#အကောင်းတကာ့အကောင်းဆုံး

မိုးရာသီမကုန်သေးတဲ့အချိန်မှာ သွေးလွန်တုပ်ကွေးတွေကို နေရာတော်တော်များများဖြစ်ပွားနေတာကြောင့် ကိုယ်ခံအားနည်းသေးတဲ့  ကလေးငယ...
21/08/2026

မိုးရာသီမကုန်သေးတဲ့အချိန်မှာ သွေးလွန်တုပ်ကွေးတွေကို နေရာတော်တော်များများဖြစ်ပွားနေတာကြောင့် ကိုယ်ခံအားနည်းသေးတဲ့ ကလေးငယ်တွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်မေမေတို့ရေ....

ဒီလိုလက္ခဏာတွေ တွေ့ရရင် သတိထားပါ။
• အဖျားကြီးတက်ခြင်း
• အစာစားချင်စိတ်လျော့နည်းခြင်း
• ပင်ပန်းနွမ်းနယ်နေခြင်း
• အန်ခြင်း
• အရေပြားပေါ် အနီစက်များပေါ်လာခြင်း

ဒီလိုလက္ခဏာတွေတွေ့လာရပြီဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများကို သွားဖို့လိုအပ်ပါမယ်။

သွေးလွန်တုပ်ကွေးအန္တရာယ်မှ ကလေးငယ်ကို ကာကွယ်နိုင်ဖို့

✔️ ခြင်ထောင်အသုံးပြုပါ။
✔️ ခြင်ပေါက်ဖွားနိုင်တဲ့ ရေတင်နေရာများကို ဖယ်ရှားပါ။
✔️ လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပါ။
✔️ အဖျားတက်ပါက ကိုယ်တိုင်ဆေးမတိုက်ဘဲ ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

ကလေးတွေရဲ့ ကျန်းမာရေးအတွက် "သတိထားခြင်း" က အကောင်းဆုံးကာကွယ်မှုပါ။
သွေးလွန်တုပ်ကွေးကို မပေါ့ဆဘဲ အချိန်မီ ကာကွယ်လို့ရအောင် TASTEE ကနေ မျှဝေပေးလိုက်ပါတယ်..

#အကောင်းတကာ့အကောင်းဆုံး #သွေးလွန်တုပ်ကွေး

19/08/2026

စားလို့ကောင်းတယ်ဆိုတဲ့ စကားလုံးထက်ပိုတဲ့ ချစ်ခြင်းမေတ္တာတရားကို TASTEE ချစ်သူတွေဆီက ရရှိဖို့ TASTEE က အကောင်းဆုံးဆိုတာတွေကိုပဲ ရွေးချယ်ပြီး နောက်ကွယ်မှာ ချစ်ခြင်းတွေနဲ့ တစ်ဆင့်ချင်းစီကို ထုတ်လုပ်ထားပါတယ်..

ဒီလိုချစ်ခြင်းတွေကို အရင်းခံထားလို့ TASTEE ဆိုစိတ်ချစွာ ကလေး၊ လူကြီး၊ လူမျိုးမရွေးစိတ်ချစွာ သုံးဆောင်လိုက်ပါ

#အကောင်းတကာ့အကောင်းဆုံး

မြန်မာစံတော်ချိန် TASTEE စားရမယ့်အချိန်ကို ရောက်ရှိလို့လာပါပြီ… ⏰🍪ဘယ်အချိန်လဲဆိုရင်… TASTEE လေးနဲ့ ပျော်ရွှင်စရာအချိန်လေ...
18/08/2026

မြန်မာစံတော်ချိန် TASTEE စားရမယ့်အချိန်ကို ရောက်ရှိလို့လာပါပြီ… ⏰🍪

ဘယ်အချိန်လဲဆိုရင်… TASTEE လေးနဲ့ ပျော်ရွှင်စရာအချိန်လေးတွေ ဖန်တီးရမယ့်အချိန်ပါပဲ။😋

TASTEE ကွတ်ကီးလေးတွေက မုန့်သားမွမွလေးအပြင် အကောင်းစား Ingredients တွေကြောင့် အရသာထိထိမိမိလေး ဖြစ်တော့ သူ့ချည်းပဲစားစား၊ ☕ ကော်ဖီ၊ 🍵 လက်ဖက်ရည်နဲ့ စားစား အရမ်းကို စားကောင်းနေမှာပေါ့။

🍪 TASTEE ကွတ်ကီးမှာ ရွေးချယ်စရာ အရသာ (၄) မျိုးရှိပါတယ် —

🥜 မြေပဲထောပတ်အရသာ
🍫 ချောကလက်အရသာ
🧈 ထောပတ်အရသာ
🖤 နှမ်းနက်အရသာ

အရသာ (၄) မျိုးလုံးကို စိတ်ကြိုက်ရွေးချယ်ပြီး TASTEE နဲ့အတူ ပျော်ရွှင်စရာ Snack Time လေးကို ဖန်တီးလိုက်ပါနော်။

#အကောင်းတကာ့အကောင်းဆုံး

ငယ်ငယ်က အဖိုး၊ အဖွားတွေအိမ်ရောက်ပြီဆိုရင် အချစ်ဆုံးမြေးလေးတွေကို သူတို့ ဆွမ်းတော်တင်ဖို့၊ နေ့လည်ခင်း စားဖို့ ဖွက်သိမ်းထာ...
12/08/2026

ငယ်ငယ်က အဖိုး၊ အဖွားတွေအိမ်ရောက်ပြီဆိုရင် အချစ်ဆုံးမြေးလေးတွေကို သူတို့ ဆွမ်းတော်တင်ဖို့၊ နေ့လည်ခင်း စားဖို့ ဖွက်သိမ်းထားတဲ့ ဘီစကစ်လေးတွေ၊ ကွတ်ကီးလေးတွေကို အမြဲထုတ်ကျွေးကြတာပေါ့

ဒီလိုအခိုက်အတန့်လေးတွေဆိုရင် ငယ်ငယ်ကအရမ်းပျော်ခဲ့ရတာ..

အဖွားရဲ့ မြေးလေးတွေဖြစ်ခဲ့တယ်ဆိုရင် TASTEE ရဲ့ Post လေးကို share သွားပါဦးနော်..

#အကောင်းတကာ့အကောင်းဆုံး #အဖွားရဲ့မြေးလေး

ကျောင်းပျော်လေးတွေအတွက် အာဟာရပြည့်ဝပြီး လှပတဲ့ ထမင်းဘူးလေးတွေကို TASTEE နဲ့အတူ ဖန်တီးကာ Campaign မှာ ပါဝင်ပေးခဲ့ကြတဲ့ မေ...
08/08/2026

ကျောင်းပျော်လေးတွေအတွက် အာဟာရပြည့်ဝပြီး လှပတဲ့ ထမင်းဘူးလေးတွေကို TASTEE နဲ့အတူ ဖန်တီးကာ Campaign မှာ ပါဝင်ပေးခဲ့ကြတဲ့ မေမေ၊ ဖေဖေတို့အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 💛

"ထမင်းဘူးလေး TASTEE နဲ့ အလှဆင်" Campaign ပါဝင်သူများထဲမှ ကံထူးရှင်များကို ရွေးချယ်ပေးလိုက်ပါတယ်။

🎊 Winner များအားလုံးကို အထူးဂုဏ်ပြုလိုက်ပါတယ်။

🎁 ဆုလက်ဆောင်
TASTEE ရေဘူးလှလှလေး
TASTEE Biscuits များ

📩Winner List ကို Comment မှာ ကြည့်ရှုပေးရန်နှင့် Winner များအနေနဲ့ **Page Messenger** မှတစ်ဆင့် **(၃) ရက်အတွင်း**
- အမည်
- ဖုန်းနံပါတ်
- ပို့ဆောင်ရမည့် လိပ်စာ

တို့ကို ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ဒီတစ်ခေါက်မှာ မပါဝင်နိုင်ခဲ့သူတွေနဲ့ ကံမကောင်းသေးသူတွေလည်း စိတ်မပျက်ပါနဲ့နော်။ 💙 TASTEE က နောက်ထပ် ပျော်ရွှင်စရာ Campaign တွေနဲ့ အမိုက်စားဆုလက်ဆောင်တွေကို စီစဉ်ထားပြီဖြစ်လို့ Page ကို Like & Follow လုပ်ထားပြီး ပါဝင်ပေးကြပါဉီးနော် 😍

#ထမင်းဘူးလေးTASTEEနဲ့အလှဆင်

TASTEE ဆိုတာနဲ့ ဘယ်ထုတ်ကုန်လေးကိုအရင်ဆုံးပြေးမြင်မိလဲ?? TASTEE ချစ်သူတို့ရေ..TASTEE ဘီစကစ်လေးလား?TASTEE ချောကလက်ခဲလေးတွေ...
07/08/2026

TASTEE ဆိုတာနဲ့ ဘယ်ထုတ်ကုန်လေးကိုအရင်ဆုံးပြေးမြင်မိလဲ?? TASTEE ချစ်သူတို့ရေ..

TASTEE ဘီစကစ်လေးလား?
TASTEE ချောကလက်ခဲလေးတွေလား?
TASTEE ကွတ်ကီးလေးတွေလား?

ကိုယ်ကြိုက်ရာလေးကို Comment မှာမန့်ခဲ့ပါဦး..

#အကောင်းတကာ့အကောင်းဆုံး

TASTEE ထုတ်ကုန်လေးတွေက အခုဆိုရင် နေရာတော်တော်များများမှာဝယ်လို့ရနေပြီဆိုတော့ TASTEE ရှာပုံတော်ဖွင့်ပြီး ဖုန်းဘေလ်လက်ဆောင...
04/08/2026

TASTEE ထုတ်ကုန်လေးတွေက အခုဆိုရင် နေရာတော်တော်များများမှာဝယ်လို့ရနေပြီဆိုတော့ TASTEE ရှာပုံတော်ဖွင့်ပြီး ဖုန်းဘေလ်လက်ဆောင်တွေရယူရအောင်

ဒီ Challenge လေးမှာ ဘယ်လိုပါဝင်ရမလဲ??

-ကိုယ့်ရဲ့ အနီးနားတစ်ဝိုက်မှာ TASTEE ထုတ်ကုန်လေးတွေဘယ်မှာဝယ်လို့ရလဲရှာပါ။
- တွေ့တာနဲ့ ဓာတ်ပုံရိုက်ပါ။
- ပြီးရင် ယခု Post ရဲ့ Comment မှာ ပုံနှင့်အတူ TASTTEE ထုတ်ကုန်လေးတွေတွေ့ခဲ့သော ဆိုင်၊ မြို့အမည် နှင့်အတူ ရိုက်လာတဲ့ ပုံကို Comment မှာမန့်ပါ။
- ယခု post ကို Share ပေးပါ။

ဒီလိုအဆင့်လေးတွေလိုက်လုပ်ပြီး TASTEE ရှာပုံတော် Challenge မှာပါဝင်လို့ရပါပြီ..

Challenge မှာပါဝင်သူတွေထဲမှာမှ အယောက် (30) ကိုရွေးချယ်ပြီး ဖုန်းဘေလ်လက်ဆောင် (၅၀၀၀) ကျပ်စီလက်ဆောင်ပြန်လည်ပေးအပ်သွားမှာပဲဖြစ်ပါတယ်..

ဖုန်းဘေလ်လက်ဆောင်ရယူဖို့ TASTEE ရှာပုံတော် Challenge မှာပါဝင်စို့နော်

#အကောင်းတကာ့အကောင်းဆုံး ှာပုံတော်Challenge

ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား "ဓမ္မစကြာတရားဦး" စတင်ဟောကြားတော်မူခဲ့သည့် ထူးမြတ်လ...
29/07/2026

ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား "ဓမ္မစကြာတရားဦး" စတင်ဟောကြားတော်မူခဲ့သည့် ထူးမြတ်လှသော အခါတော်နေ့ကြီး ဖြစ်ပါတယ်။

ထူးမြတ်လှတဲ့ ယနေ့ ဝါဆိုလပြည့်နေ့ သမယမှာ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး၊ ကုသိုလ်ကောင်းမှုအဖြာဖြာကို အေးချမ်းစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း TASTEE မှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်🙏🙏

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ #မြတ်စွာဘုရား #ဓမ္မကုသိုလ်

Address

Shwegonedaing Road, Bahan Township
Yangon
11201

Opening Hours

Monday 11:00 - 22:30
Tuesday 11:00 - 22:30
Wednesday 11:00 - 22:30
Thursday 11:00 - 22:30
Friday 11:00 - 22:30
Saturday 11:00 - 22:30
Sunday 11:00 - 22:30

Website

Alerts

Be the first to know and let us send you an email when Tastee Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share