ညကျောင်း Bar BBQ & Grill

ညကျောင်း Bar BBQ & Grill ဆိုင်နေရာပြောင်းလဲဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ဆိုင်ခေတ္တပိတ်ထားပါသည်။

ဘိန်းမုန့် နဲ့ မုန့်ပျားသလက် ခွဲနည်း=====================ကျွန်တော် အရင်ထဲက ဘိန်းမုန့်အဖြူ နဲ့ မုန့်ပျားသလက် က ပုံစံတူပြီ...
23/09/2024

ဘိန်းမုန့် နဲ့ မုန့်ပျားသလက် ခွဲနည်း
=====================

ကျွန်တော် အရင်ထဲက ဘိန်းမုန့်အဖြူ နဲ့ မုန့်ပျားသလက် က ပုံစံတူပြီး ပါဝင်ပစ္စည်းတွေကလည်း တူနေတော့ ခဏခဏ မှားပေမယ့် ဒီနေ့တော့ ကောင်းကောင်းရှင်းသွားပြီဗျာ။

မုန့်ပျားသလက်
==========
မုန့်ပျားသလက် ဆိုတာကတော့ သူ့နံမည် အတိုင်းပေါ့နော် သူ့ရဲ့အတွင်းသား က ပျားသလက်လိုမျိုး မာမာတောင့်တောင့်လေးကိုမှ အထဲမာ လည်း ပျားကွက်လိုမျိုးလေး အပေါက်ပေါက်လေးတွေဖြစ်နေပါတယ်။ သူ့ကိုကတော့ များသောအားဖြင့် ဆီမပါသလောက်နဲနဲလေး နဲ့ မြေအိုး မြေခွက်ထဲမှာ ထည့်ဖုတ်တာပေါ့နော်။ အဲဒါကြောင့်မို့ သူက မာမာတောင့်တောင့်ဖြစ်နေတာပေါ့နော်။ ပြီးတော့သူ့ကို မုန့်နှစ်ထဲမာ ဆားအပြင် ဘာအရသာမှုန့်မှ မထည့်ဘဲ ဒီတိုင်းပေါ့ပေါ့လေးလုပ်ကြပြီး တချို့နေရာမှာတော့ ပဲပြုတ် ကြက်သွန်မိတ်လေးပါကြတယ်။အညာမှာတော့ ဘိန်းမုန့်ကို စားခါနီးမှ ဆီပန်းကန်ထဲ နှစ်ပြီး ဆီရွှဲရွှဲလေးနှစ်ပြီး နှမ်းထောင်းလေးနဲ့ စားကြတာရှိသလို ဘူးသီးကြော် ကြက်သွန်ကြော် ဘယာကြော် အကြော်စုံရယ် ခရမ်းချဉ်သီးထောင်းရယ် အဲဒါတွေနဲ့ တွဲပြီးစားကြတယ်။ ထန်းလျက်ရည် နဲ့ တို့ပြီး အချိုအနေနဲ့လည်း စားကြတယ်။ အနှစ်ချုပ်ရရင်တော့ သူက အရသာတွေ ဆီတွေ မပါဘဲနဲ့ စားခါနီးမှ အရသာရှိတာတွေနဲ့ တွဲစား ထည့်စား ရတာမျိုးပေါ့နော်။

ဘိန်းမုန့်(အဖြူ)
==========
ဘိန်းမုန့်အဖြူ ကတော့ မုန့်ပျားသလက်နဲ့ အမြင်သာတူပြီး အရသာ နဲ့ မုန့်သား ကတော့ လုံးဝ ဆန့်ကျင်ဘက်ဘဲ။ သူ့မုန့်သားက pan cake လိုမျိုး နူးနူးညံ့ညံ့ ပွပွပျော့ပျော့လေး။ သံဒယ်အိုရထဲမာ ဆီတွေ ရွှဲရွှဲထည့် ဖုတ်တာပေါ့နော်။ ပြီးတော့သူက မုန့်နှစ်ထဲမာ ပဲပြုတ်ကြက်သွန်မိတ် အပြင် ဆီ နဲ့ အရသာ အချိုမှုန့် အကုန်ထည့်ပြီးသား ၊ ဘာမှ ထပ်ထည့်စားစရာ ၊တွဲစားစရာတွေ မလိုတော့ဘူးပေါ့နော်။ သူ့ကိုက အချိုစားချင်ရင်တော့ ထန်းလျက်ရည် ကို မုန့်နှစ်ထဲထည့်ပြီး ဆီတွေထောပတ်တွေနဲ့ ကြော်ပြီးအပေါ်က ဘိန်းစေ့တွေဖြူးလိုက်တော့ ဘိန်းမုန့်အညို အချိုဖြစ်သွားတာပေါ့နော်။

ကဲ အဲဒါဆိုရင် အားလုံးလည်း ကျွန်တော်လိုမျိုး ကွဲကွဲပြားပြားသိသွားဘီပေါ့နော်😁 အောက်က ပုံလေးကတော့ အညာ မုန့်ပျားသလက်ပါ။ ဘာအရသာမှ မပါလို့ သူ့ကို ဆီ နဲ့ နှမ်းထောင်းလေးနဲ့ တွဲစားဖို့ ပြင်ထားတာဖြစ်ပါတယ်ခင်ဗျာ 🙏🏻🙏🏻🙏🏻

21/09/2024

FYI

ဆိုင်နေရာသစ်သို့ ပြောင်းရွှေ့ခြင်း/ဆိုင်ပိတ်ခြင်း===============================ကျောင်းတော်ကြီး ရဲ့ စမ်းချောင်းဆိုင်ခွဲ ...
29/08/2024

ဆိုင်နေရာသစ်သို့ ပြောင်းရွှေ့ခြင်း/ဆိုင်ပိတ်ခြင်း
===============================
ကျောင်းတော်ကြီး ရဲ့ စမ်းချောင်းဆိုင်ခွဲ ကို … လက်ရှိနေရာ ထက် ပိုမိုကျယ်ဝန်း ပြီးကားရပ်နားဖို့ပိုမိုအဆင်ပြေတဲ့ နေရာ အသစ်ကို ပြောင်းရွှေ့ ဖွင့်လှစ်တော့မှာမို့လို့ August ၃၀ ရက်နေ့မှ စပြီး စမ်းချောင်း ညကျောင်းဆိုင်ခွဲကို ပိတ်ထားလိုက်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဆိုင်နေရာအသစ် ဖွင့်လှစ်တဲ့အခါ ထပ်မံကြေငြာပေးသွားမည်ဖြစ်ပြီး ဆိုင်နေရာအသစ်မှာ အားလုံးတူတူပြန်ဆုံကြမယ်နော် ။

See Ya !!!

နေပူပူ မိုးရွာရွာ ဆိုင်ထဲမှာ အကင်လေးရွေးပြီး ချစ်သူလေးနဲ့ အေးအေးဆေးဆေး Chill လို့ရဘီနော် ❤️ အကင်တွေကိုလည်း customer တွေ ...
26/08/2024

နေပူပူ မိုးရွာရွာ ဆိုင်ထဲမှာ အကင်လေးရွေးပြီး ချစ်သူလေးနဲ့ အေးအေးဆေးဆေး Chill လို့ရဘီနော် ❤️ အကင်တွေကိုလည်း customer တွေ ရဲ့ကျေးဇူးကိုတုန့်ပြန်တဲ့အနေနဲ့ ဈေးအနဲဆုံးလျှော့ထားပေးပြီး သန့်ရှင်းလတ်ဆတ်လွန်းလို့ တချို့တွေက ဈေး ၂ခါမေးယူရတဲ့အထိပါဘဲ။ August လကုန်တဲ့ထိ အကင်ဗန်းလိုက် လက်ဆောင်ပြန်ပေးတဲ့ promotion တွေရှိလို့ အကင် နဲ့ ဘီယာ ဆိုရင် ညကျောင်း ကို သတိရလိုက်နော် ။

Pajamas Party (ညအိပ်ဝတ်စုံနေ့) မှာ free drinks တွေနဲ့ အရမ်းတန်တဲ့ အကင်တွေလာစားကြတဲ့ ကျောင်းပြေးတို့ရဲ့ အပျော်ပုံရိပ်များ
25/08/2024

Pajamas Party (ညအိပ်ဝတ်စုံနေ့) မှာ free drinks တွေနဲ့ အရမ်းတန်တဲ့ အကင်တွေလာစားကြတဲ့ ကျောင်းပြေးတို့ရဲ့ အပျော်ပုံရိပ်များ

ညကျောင်း ရဲ့ Pajamas Party (ညအိပ်ဝတ်စုံ နဲ့ လာရတဲ့နေ့) လေးရဲ့ ကျောင်းပြေး customer ပုံရိပ်အချို့ပါ။
25/08/2024

ညကျောင်း ရဲ့ Pajamas Party (ညအိပ်ဝတ်စုံ နဲ့ လာရတဲ့နေ့) လေးရဲ့ ကျောင်းပြေး customer ပုံရိပ်အချို့ပါ။

ညအိပ်ဝတ်စုံနဲ့သာလာ Free Drinks တွေပေးမယ်================================စနေနေ့မှာ ပေါ့ပေါ့ပါးပါး ညအိပ်ဝတ်စုံတွေနဲ့ ဓါတ်ပ...
23/08/2024

ညအိပ်ဝတ်စုံနဲ့သာလာ Free Drinks တွေပေးမယ်
================================
စနေနေ့မှာ ပေါ့ပေါ့ပါးပါး ညအိပ်ဝတ်စုံတွေနဲ့ ဓါတ်ပုံတွေရိုက်ပျော်ကြပါးကြမယ်နော်။ ညကျောင်းက အရင်းစျေးနဲ့ရောင်းနေတဲ့ စျေးအရမ်းတန်တဲ့အကင်တွေ စားပြီး ဘီယာအဝ သောက်ကြမယ်နော်။ ညပိုင်းမှာလည်း Latin ZUMBA သီချင်းတွေ ဖွင့်ပေးထားမှာ ဆိုတော့ ညအိပ်ဝတ်စုံတွေနဲ့ စိတ်ပါရင် ထကလို့ရတယ်နော် 😝😝😝

တခြားဆိုင်တွေထက် စျေးသက်သာတဲ့ အကင်ဆိုင်ဆိုဘဲ 😍
22/08/2024

တခြားဆိုင်တွေထက် စျေးသက်သာတဲ့ အကင်ဆိုင်ဆိုဘဲ 😍

၁၉လမ်း တရုတ်တန်းထိသွားစရာမလိုဘဲ ဈေးရှယ်တန်တဲ့ ၁၉လမ်းအကင်တွေ ကို မြေနီကုန်း စမ်းချောင်းလမ်းမ ပေါ်က ညကျောင်းမှာ ရနေပါပြီ ....
21/08/2024

၁၉လမ်း တရုတ်တန်းထိသွားစရာမလိုဘဲ ဈေးရှယ်တန်တဲ့ ၁၉လမ်းအကင်တွေ ကို မြေနီကုန်း စမ်းချောင်းလမ်းမ ပေါ်က ညကျောင်းမှာ ရနေပါပြီ .. ဈေးမကြီးလို့ လူတိုင်းအကင် နဲ့ Beer တွေကို ညကျောင်းမှာအဝစားနိုင်ပါပြီနော် ..... ကျောင်းပြေးတို့ရေ😁

21/08/2024

ဒီနေ့ဆိုင်မာ မွေးနေ့လာလုပ်သွားတဲ့ ညီမလေးရေ Happy Birthday ပါနော် ။ ညကျောင်းဆိုင်လေးကို အမြဲအားပေးနေတဲ့အတွက် ညကျောင်းဆိုင်မိသားစုအားလုံးက ကျေးဇူးအထူးတင်ရှိပါတယ်။

21/08/2024

Happy Customers at Night Skool

Address

Sanchaung Street
Yangon
11111

Website

Alerts

Be the first to know and let us send you an email when ညကျောင်း Bar BBQ & Grill posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category