MADi BAR

MADi BAR မင်္ဂလာပါ MADi BAR မှကြိုဆိုပါသည်

20/02/2021

03/02/2021

Myanmar / Kirin Beer
ယနေ့မှစ၍ ဆက်လက်ရောင်းချမည်မဟုတ်

01/02/2021

🖕
တနှစ်
🖕

We wish you a Merry Christmas 2021 🎄🎄🎄🎄Sending wishes your way for a great holiday season and a super fabulous year ahea...
24/12/2020

We wish you a Merry Christmas 2021 🎄🎄🎄🎄
Sending wishes your way for a great holiday season and a super fabulous year ahead 🎁🎁🎁

MADi Bar

Happy Diwali 🪔
14/11/2020

Happy Diwali 🪔

ပို့ဆောင်ဖို့အဆင်သင့်🚚🚚🍺🍻🍺🍻🍺🍻🍺အားပေးသူဘော်ဒါတို့အိမ်မှာအေးဆေးChill ရုံပဲနော်🌝🌝🌝မှာယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်😍😍
23/09/2020

ပို့ဆောင်ဖို့အဆင်သင့်🚚🚚🍺🍻🍺🍻🍺🍻🍺

အားပေးသူဘော်ဒါတို့အိမ်မှာအေးဆေးChill ရုံပဲနော်🌝🌝🌝

မှာယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်😍😍






လေနှင်ရာသို့_မလွင့်ခဲ့ပါ_သူမတို့ မိသားစု နေထိုင်သည့် တိုက်ခန်းအရှေ့တွင် လူနာတင်ကား နှစ်စီးက မီးရောင် အနီအပြာများ ဖွင့်ကာ...
15/09/2020

လေနှင်ရာသို့_မလွင့်ခဲ့ပါ

_သူမတို့ မိသားစု နေထိုင်သည့် တိုက်ခန်းအရှေ့တွင် လူနာတင်ကား နှစ်စီးက မီးရောင် အနီအပြာများ ဖွင့်ကာ ရပ်တန့်ထားသည်။
အရေးပေါ်ကားအသံကို ပိတ်ထားသည့် တိုင်အောင်..လမ်းထဲရှိ လူအများက ဟိုတစ်စု သည်တစ်စုဖြင့် သူမတို့ နေထိုင်သည့် တိုက်ခန်းကို ဝိုင်းအုံ၍ ကြည့်ရှူ့နေကြ၏။

ရပ်ကွက်လူကြီးနှစ်ဦးမှာ..အခန်းအပြင်မှာမတ်တပ်ရပ်လျှက်စောင့်ဆိုင်းနေကြပြီး..
အိမ်ထဲမှာတော့ PPE ဝတ်စုံအပြည့် ဝတ်ဆင်ထားသော ကျမ္မာရေးဝန်ထမ်း သုံးဦးက သူမတို့လိုအပ်သည့်..အဝတ်အစား အသုံးအဆောင်များကို. အိတ်များ ခြင်းများအတွင်းထည့်နေသည်ကို ကူညီပေးရင်း စောင့်ဆိုင်းနေကြ၏။

သားလေး အတွက် ခရမ်းဦးချစ်တင်၏ သွေးဆေးဗူးလေးကို ရှာမတွေ့...
ဘယ်နားအထားမှားမိသလဲ မမှတ်မိတော့..
သားလေး.. ငယ်စဉ်ကတည်းက နှလုံးသွေးအားနည်းတတ်သောကြောင့် သွေးဆေးလေး ပုံမှန် တိုက်တိုက်ပေးရသည်။

ကိုမျိုး၏မိခင် မိမိ ယောက္ခမ အတွက်ကတော့ ဆေးတွေ စုံပြီ အဝတ်အစားတွေလည်း နစ်ဆယ့်တစ်ရက်စာ အဆင်သင့်ဖြစ်ပြီ...

ကျွန်မ အတွက် ကရော ဘာများကျန်ဦးမလဲ.ဘာလိုအပ်ဦးမလဲ...သားလေးအတွက် ဆေးဗူးရှာလို့မတွေ့သေးဘူး...
ကိုမျိုးရော အဆင်မှပြေရဲ့လား..တော်တော်များ အသက်ရှူတွေကျပ်နေမလား..ကိုက်ခဲနေမလား..
ဟာ... သွားပြီ..မနက်ဖြန် ရုံးမှာလစာထုတ်ရမှာပဲ ဘယ်သူကလာပြီး ဆေးရုံကို လာပေးမှာလဲ....သီတာ့ကို ဖုန်းဆက်ပြီး ဘဏ်အကောင့်ထဲ့ထည့်ပေးဖို့ အကူအညီတောင်းဦးမှ....
အရေးထဲအိမ်သာကတက်ချင်လာသလိုပဲ.. သားလေးအတွက်.ဆေးဗူးက ရှာမတွေ့သေးဘူး...။
..,,...,..

တစ်ပါတ်တစ်ခါ အာရုံဆွမ်း လောင်းမှသာ တိုက်အောက်သို့ ဆင်းတတ်သော အမေ့ကို..သူမက တွဲပေးပြီး ဆင်းရသည်...

"သားသားရေ.. mask ကို သေချာတပ်ထားနော်.. လက်နဲ့ လျောက်ကိုင်မနေနဲ့''

သားသားကတော့ သိပ်နားမလည်သေးတော့..အပူအပင် သိပ်ရှိပုံမရ..PPE ဝတ်စုံဝတ်ထားသော..ကျမ္မာရေးဝန်းထမ်းများကို ကြည့်ကာ... တအံ့တသြ ဖြစ်နေပုံရသည်။ပျော်တောင်..ပျော်နေပုံရ၏...။

နေ့လည်က.. ကျမ္မာရေးဌာနမှ ဖုန်းဆက်တော့ အမေ့ကို...ဖြည်းဖြည်းချင်းရှင်းပြရ၏.။ အမေ..ငိုသည်။

သားသားကိုတော့

" ညနေကျရင် ဦးဦးပါဝါရိန်းဂျားတွေ အိမ်ကို လာလည်မှာ သားရဲ့..သားကိုစွမ်းအား တွေပေးချင်လို့ လာကြည့်မှာတဲ့..မကြောက်ရဘူးနော်..သားသားကို ပါဝါတွေ ပေးမလို့ ခေါ်သွားရင်..မေမေရော ဖွားဖွားပါလိုက်ခဲ့မယ်နော်.. သားသား အားတွေရှိလာမှာကို လိုက်ကြည့်ဦးမှာ..''

လူနာတင်ကားပေါ်သို့.. အမေ့ကိုတွဲတင်ပေးရင်း..

" လှည်းကူး နားတင်လေးပါ အမေရဲ့..စိုးရိမ်မနေနဲ့ဦး..သမီးနဲ့ အမေ့မြေးက.. အနောက်က ကားနဲ့ လိုက်လာမှာ....အာ.....အမေကလဲ ငိုနေပြန်ပါပြီ....ဘာမှမဖြစ်ဘူး..ခရီးထွက်တယ်လို့ပဲ သဘောထား..ဟိုရောက်ရင် အတူတူရှိနေမှာပဲကို..''

အမေ့ကို..ချော့မော့..ချွေးသိပ်ပြီး ကားပေါ်က ဆင်းကာ ကျွန်မနဲ့ သားသားတို့ စီးရမည့် လူနာတင်ကားပေါ်သို့အတက်...

"ဒီကောင်မလင် လုပ်တာနဲ့ ငါတို့ပါ.. အစာငတ်ရေငတ်ဖြစ်ကုန်တော့မှာပဲ.. သူ့လင်က တစ်လလောက် ရပ်ကွက်ထဲပါတ် မွှေသွားသေးတာ..ဒင်းတို့ဒုက္ခပေးလို့..ခု ကျုပ်တို့ တစ်လမ်းလုံး လော့ဒေါင်းမိပြီ..''

မကြားတကြား ပြောသော်လည်း.. နားဖြင့်ဆက်ဆက် ကြားလိုက်ရသည်..။ စိတ်ကိုတင်းထားခဲ့သော်လည်း..မျက်ဝန်းမှ.. မျက်ရည်တစ်ပေါက်က.. လိမ့်ဆင်းလာ၏..။ သားလေးမမြင်စေရန်..လက်ခုံဖြင့် ခပ်သွက်သွက် သုတ်လိုက်သည်..။

သူမတို့ မိသားစုနေထိုင်သော.. တိုက်ခန်းကို..မော့ကြည့်မိတော့...။ဝတ်စုံပြည့်.. ကျမ္မာရေးဝန်ထမ်းများက... ဆေးပုံးများကို ကိုယ်စီ လွယ်ကာ...ပိုးသက်ဆေးဖြန်းရန်အတွက် စီစဉ်နေကြသည်..။

==========================

ဖောင်ကြီး ကွာရန်တင်း စင်တာမှာ.. ကျွန်မတို့ မိသားစု သုံးယောက် နေခဲ့ရသည်မှာ..တစ်ပါတ်ပင် ရှိခဲ့ပြီ..။
အမေကတော့...လူကြီးမို့.တရားထိုင် ဘုရားရှိခိုး. ထမင်းစားချိန်...နိင်ငံတော်မှ အခမဲ့ကြွေးသည့်..တစ်နေ့တစ်မျိုးမရိုးနိုင်သော သုံးနပ်သောထမင်းကိုစား...အာဟာရ ဖြည့်စွက်စာများနှင့်..Vitermin C ကိုနေ့စဉ်သောက်..

ကျွန်မနဲ့ အမေကတော့.. လူကြီးတွေမို့..ပြသနာမရှိလှပေမယ့်..သားသားကတော့..အဆောင် အပြင်ကို ထွက်ပြီး...ဆော့ကစားချင်သည်..။ တစ်ဘက်အခန်းမှ.. ကလေးငယ်များကို ချော့မြူနေသံ..ဆော့ကစားနေကြသံများကို ကြားရတော့..သူ့မှာ...ကလေးပီပီ.ဆော့ကစားချင်၏..။

" ဦးဦးတွေက..ပါဝါတွေ ဘယ်တော့လာပေးမှာလဲ မေမေ.ရဲ့. ''

ဟုလည်း..နေ့တိုင်း... မကြာခဏ မေးတတ်သည်..

ဒီကို စရောက်သည့် ရက်က..ကျွန်မတို့မိသားစု သုံးယောက်စလုံး ထံမှ.အာခေါင်တို့ဖတ်နှာခေါင်းတို့ဖတ်ယူရမယ်ပြောတော့...လိမ်မပြောချင်သော်လည်း..သားသားကို ဒုတိယအကြိမ် လိမ်ညာ၍ပြောခဲ့ရပြန်သည်။

"ဦးဦး တွေက သားရဲ့ ပါဝါကို စမ်းသပ်ချင်လို့ ... လေ့လာမှာ.သားသားရဲ့..မေမေ နားကျပ်ပေးသလိုမျိုးလေ...သားသားနှာခေါင်းကိုယားအောင်ပဲလုပ်ပေးမှာ.. မကြောက်ရဘူးနော်..သတ္တိရှိရှိနေ..ဒါမှ သားကို ဦးဦးတွေက စွမ်းအားတွေ ပေးမှာ..သားရဲ့...ဖိုက်တင်း..နော်...''

သားအမိနှစ်ယောက်ကြားထဲ က..အလေ့အထအတိုင်း..လက်သီးဆုပ်ကို မြှောက်ပြရင်း...သားသားကို အားပေးသလိုနှင့်.. မိမိကိုယ်ကိုပါ.. အားပေးနေမိပါတော့သည်....။

===============

ကျွန်မ၏ အမျိုးသား ကိုမျိုးဦး က..အင်ဂျင်နီယာတစ်ယောက်ဖြစ်၏..အလုပ်ကိစ္စဖြင့်..နိုင်ငံရပ်ခြားသို့ အမြဲလိုလို ခရီး သွားနေရသူ...။

တရုတ်ပြည်မှာ....ဗိုင်းရပ်တွေစပျံ့နေတော့..သူ့ရဲ့အလုပ်မှနေ၍.ကိုဗစ်ကာလမတိုင်ခင်ကတည်းက..မြန်မာပြည်ကိုပြန်ဖို့ ခွင့်ပြုခဲ့သည်..။

ပြီးခဲ့သော မတ်လမှ စပြီး...ကိုဗစ်ကာလတစ်ခုလုံး..
မိသားစု..အားလုံးပျော်ပျော်ရွှင်ရွင်..နေခဲ့ကြရသည်..။
အဖေဖြစ်သူနဲ့ ယခုလို..အချိန်ကြာကြာ မတွေ့ရတာကြာပြီဖြစ်လို့.. သားသား..မျက်နှာမှာ.. နေ့စဉ်အပြုံး မပျက်...ပြီးတော့...
ကျွန်မသည်လည်း....နေ့စဉ်...ပျော်ရွှင်ခဲ့ရသည်....။

နောက်တော့...ရောဂါဘယ အခြေအနေတွေ အေးဆေးလာပြီ ဖြစ်လို့.
သူ၏အလုပ်ကိစ္စအတွက် စက်ာပူနိုင်ငံသို့ မဖြစ်မနေသွားရန် တာဝန်ကျလာခဲ့သည်။

Relief flight ဖြင့်လိုက်ပါရန်.. လေယာဉ်လက်မှတ်ဖြတ်..ဗီဇာကိစ္စတွေ ချိတ်ဆက်..အားလုံး အဆင်ပြေပြေ..
ကျမ္မာရေး ထောက်ခံချက်ရယူရန်.. ဆေးစစ်တော့မှ စပြီး ပြသနာတက်တော့သည်...။

မှတ်မှတ်ရရ အဲ့ဒီနေ့က ကိုမျိုးနှစ်ခြိုက်သော..ငါးသလောက်ပေါင်း ချက်သည့်နေ့..
ယခင်ရက်တွေက ဆေးစစ်ရမည်..ဆိုသောကြောင့်. ..အဆီအအိမ့်၊ အချို ရှောင်နေသော ခင်ပွန်းအတွက်...ငါးသားလောက်ပေါင်းဟင်းလေး စားစေချင်လို့. ချက်နေခဲ့သည်..။

အိမ်ရှေ့ခန်းမှာသားသားနှင့်ဆော့ကစားနေသော. ကိုမျိုး၏ ဖုန်းမှ ဖုန်းသံကြားရသည်...

"ဟယ်လို...
ဟုတ်ကဲ့..
ကျွန်တော်..မျိုးဦးပါ..........
ဘာကြောင့်လဲခင်ဗျ.........
ဗျာ...''

"ဗျာ'' ဟူသော. အာမေဍိတ်သံ ခပ်ကျယ်ကျယ်ထွက်ပေါ်လာပြီး...သူ့ခါး
ပေါ်ဖက်တွယ်တက် လာသော.. သားလေးကို..တွန်းချပစ်လိုက်..တော့သည်...။

သားသားငိုသံကြားလို့... အိမ်ရှေ့ခန်းသို့ ထွက်လာသော. ကျွန်မကို...

"မင်းငါ့အနားမလာနဲ့.. ကလေးကိုဝေးဝေးခေါ်သွား...အမေလည်းမလာနဲ့.. ဘယ်သူမှ မလာကြနဲ.....''

အော်သံဟစ်သံတွေကြားသဖြင့်.. အခန်းထဲမှထွက်လာသော.အမေ့ကိုပါ..အရူးတစ်ယောက်လို မောင်းထုတ်ပစ်..လိုက်သည်..ကျွန်မက ကြောက်လန့်ပြီး ငိုနေသော.. သားသားကို ပြေးကာထွေးပွေ့လိုက်ရင်း...မေးခွန်းထုတ် ရန်ပြင်လိုက်တော့..

"ငါက. အခု Covid-19 ( + POSITIVE)..ငါအနား မလာကြနဲ့...ဘယ်သူမှ မကပ်ကြနဲ့...''

ကိုမျိုး.တစ်ယောက်....အော်ဟစ်ပြောနေရင်း.ဒူးညွတ်ခွေ ကျသွားလေတော့သည်..။

======================

အေးစက်စက်..သံကုတင်ကို လက်ဖြင့်အားပြုကာ.. သူမ..ထိုင်လိုက်သည်..။
တာဝန်ကျ ဆရာဝန်က အကာအကွယ် အပြည့်အစုံဖြင့်..အဖျားတိုင်းကရိယာ..လေးဖြင့် အဖျားတိုင်း..သွေးပေါင်ချိန်..စမ်းသပ်စရာရှိသည်များကို စမ်းသပ်စစ်ဆေးရင်း..

" မနက်ဖြန်..တစ်ခေါက် နောက်ဆုံး စစ်ဆေးပြီး..ရင် အိမ်ပြန်ရတော့မှာပါ.. ညီမရဲ့.. အားတင်းထားနော်... စိတ်လျှော့ထားရင်.. ခန္တာကိုယ်ပါ..အားနည်း သွားလိမ့်မယ်...စိတ်ညစ်မနေရဘူး.စိတ်ညစ်စရာတွေတွေးမနေနဲ့ ...ဟုတ်ပြီလား..''

ကျွန်မ အတွက် ပြန်ဖြေစရာ စကားလုံး သိပ်မရှိလှပေ... အတွေးတွေ ခြောက်ကပ်ကာ..နုတ်ခမ်းဝ မှာ..တစ်ဆို့ နေ၏..။

အိမ်ပြန်ရောက်တော့ရော..ဘာတွေ ထပ်ပြီးထူးခြားသွားဦးမှာလဲ..

မိမိခင်ပွန်းနှင့်.. ယောက္ခမ ဖြစ်သူတို့...အိမ်မှာ ရှိမနေနိုင်တော့..မိသားစု.အတူတူလာခဲ့ကြပေမယ်.. အတူတူပြန်ကြရန် လောကထဲမှာ လူစုံတက်စုံ ရှိမနေကြတော့ပေ..။

ကျွန်မအတွက် မျက်နှာ ထောက်စရာ အားတင်းထားစရာ ဆိုလို့....ဂရုစိုက်ပေးရန်.လိုအပ်သော..သားလေးတစ်ယောက် သာလျှင် ရှိတော့သည်..

နာတာရှည်...လူကြီးရောဂါ အခံရှိသော.. အမေဆုံးသည်..။ နောက် နှစ်ရက်နေတော့.. သွေးတိုးဆီးချို အခံရှိသော...ကိုမျိုး..ကို ထပ်ပြီး ဆုံးရှုံး လိုက်ရပြန်သည်..။

ICU ထဲရောက်နေသော.. ခင်ပွန်း၏ နောက်ဆုံး မျက်နှာလေးကိုပင်..မမြင်လိုက်ရ..မြေချတာ တောင်..သိခွင့်မရှိခဲ့.. အားလုံး မြေချ ပြီးစီးပြီး. နောက်နှစ်ရက်နေမှ.. သိခဲ့ရသည်....။ ကျွန်မ၏ ကမ္ဘာပျက် ခဲ့လေပြီ...

သားလေးမျက်နှာကိုပြန်ပြီး မြင်ယောင်မိတော့မှ....

"မေမေရေ.. ဖိုက်တင်း...'' ဟူသော..အသံလေးကို..ပြန်လည် ကြားယောင်မိသည်..။

အားလျော့လျော့ လက်သီးဆုပ်လေးအား... ပြန်ထောင်ကြည့်မိတော့..မျက်ရည်စများဖြင့် ဝေဝါးနေသည်..။

=====================

သားအမိနှစ်ယောက်..အိမ်ပြန်ရောက်တာ..သုံးပါတ်ခန့်ပင်..ကြာခဲ့ပြီ..

ဆေးရုံမှဆင်းပြီး..တစ်ပါတ်ကြာတော့..သားအမိနှစ်ယောက်စလုံးကို..ထပ်မံ၍ ဆေးစစ်ခဲ့သည်..။

"နောက်တစ်ပါတ်လောက်တော့ စောင့်ကြည့်ရမှာပါ..ဖျားတာနာတာ ထပ်ပြီး မရှိရင်တော့.. အရင်လို ပုံမှန် သွားလာပြီး ပုံမှန်.အလုပ်ဆင်းလို့ရပါပြီ..''

ကျွန်မ ခပ်ထေ့ထေ့ပဲ ပြုံးလိုက်မိတယ်..
အလုပ်ဆင်းရမတဲ့လား...

သူမတို့ မိသားစု ကွာရန်တင်း စင်တာကိုသွားပြီး နောက်တစ်ရက်မှာပဲ.. ကုမ္ပဏီက ငါးလစာလျော်ကြေးပေးကာ အလုပ်ဖြုတ်လိုက်ပြီးပြီ..။

စင်တာရောက်ပြီး ဒုတိယအကြိမ်ဆေးစစ်တော့မှ..အမေ့နဲ့ ကျွန်မထံတွင်.. ရောဂါပိုးတွေ့ရှိခဲ့၏.။

ကျွန်မတို့..မိသားစုလေးယောက် ထဲမှာ သားသားမှလွဲ၍ အားလုံး ပိုးတွေ့ရှိလူနာအဖြစ်မှတ်တမ်းတင်ခံခဲ့ရသည်..။

နောက်ဆက်တွဲအနေဖြင့်..အရင်းနှီးဆုံးမိတ်ဆွေများ..လုပ်ဖော်ကိုင်ဖက်များ..အနီးကပ်နေခဲ့ကြသော..ဆွေမျိုးများနှင်..မိမိတို့နေထိုင်ရာ တိုက်..တစ်တိုက်လုံး သံသယလူနာအဖြစ် စောင့်ကြည့်ခြင်း ခံခဲ့ရ၏..။

တစ်ချို့သော..အားပေးစကားပြောကြသူတွေရှိသလို..တချို့ကတော့ ဖုန်းဖြင့်တစ်မျိုး..အင်တာနက်မှတစ်သွယ်..ပြစ်တင်ဆဲဆိုခြင်းကို..ခံခဲ့ရပြီးပြီ...။

ကျွန်မ မှာ အပြစ်ရှိနေသလား..ကျွန်မ အမျိုးသားမှာ အပြစ်ရှိနေခဲ့သလား..။
ကပ်ဆိုးကြီးမှာပဲ အပြစ်ရှိနေသလား..။ ဘာမှန်းညာမှန်းမသိပဲ ရောဂါကူးစက် ခံခဲ့ရသည့်...
ကျွန်မတို့မိသားစုက..အပြစ်သားတွေဖြစ်နေခဲ့ပြီလား..လူတောထဲတိုးလို့ မရနိုင်တော့ဘူးလား...

"မေမေ..''

ကြမ်းပြင်ပေါ်စိတ်ပျက်လက်ပျက် ထိုင်နေခဲ့သော ကျွန်မ ရင်ခွင်ထဲသို့.. တိုးဝှေ့ဝင်လာသော..သားသား၏ အသံကို ကြားရတော့မှ.. လက်ရှိအခြေအနေကိုပြန်ပြီး သတိကပ်မိသည်..။

ဒီနေ့.. အိမ်ပြင် ထွက်ခွင့်ရပြီလေ...ရောဂါကင်းစင်လို့ ..စောင့်ကြည့်ကာလလည်း..ကင်းလွတ်ခဲ့ပြီ....။
ဒီတော့ စျေးထဲကိုသွားမည်..။ သားသားအတွက် အသားဟင်း တစ်ခွက်ချက်မည်..

ပြီးတော့...ကိုမျိုး ကြိုက်သည့်..ငါးသလောက်ပေါင်းမည်...။

ခင်ပွန်းကို သတိရမိပြန်တော့ စီးကျလာသည့် မျက်ရည်စများကို.. အရင် ရက်တွေကအတိုင်း..လက်ခုံဖြင့် သတ်ချလိုက်ရပြန်၏။

သားသားရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ကာ..မည်သည့် အကြည့်..မည်သည့် အတင်းအဖျင်း စကားများကိုမှ ဂရုစိုက်မနေပဲ...ဥပက္ခာပြုကာ.. တိုက်ခန်းအပြင်သို့.. ရဲရဲဝံ့ဝံ့ ခြေချလိုက်လိုက်တော့သည်....။

ကျွန်မတို့..မိသားစုသည်...တရားခံများ အပြစ်သားများ မဟုတ်..။ရှင်သန်နေဆဲ သစ်ပင်တွေ..။

လေစိမ်းတွေ တိုက်တိုင်း လွင့်ပျံထွက်ပြေး နေရအောင်..သစ်ရွတ်ခြောက်အကြွေတွေမှမဟုတ်ခဲ့ပဲ...လေ....။

MADi BAR ကနေ delivery နဲ့မှာယူအားပေးကြတဲ့ customer များအားလုံးကိုကျေးဇူးအထူးပါနော်😘beer,cocktail,smoothies များမှာယူမယ်ဆ...
13/09/2020

MADi BAR ကနေ delivery နဲ့မှာယူအားပေးကြတဲ့ customer များအားလုံးကိုကျေးဇူးအထူးပါနော်😘

beer,cocktail,smoothies များမှာယူမယ်ဆိုရင်MADi BAR ကနေ Deli ခအသက်သာဆုံးနှင့်အိမ်အရောက်စနစ်တကျလိုက်လံပို့ပေးပါတယ်နော်

cb ကနေမှာယူအားပေးလို့ရသလို 09777200507 ကိုလဲဆက်ပြီးမှာယူနိုင်ပါတယ်

နော်ဘော်ဒါတို့🥰

အိမ်တွင်းမူး (အဲ.မှားလို့) အိမ်တွင်းပုန်း ကိုဗစ်ရှောင်ဘေဘီလေးများ ရှိလား? ရှိလား? 😜ကဲပါ ဒီကိုဗစ်ကာလမှာ ဘီယာ၈မျိုးစလုံးကိ...
09/09/2020

အိမ်တွင်းမူး (အဲ.မှားလို့) အိမ်တွင်းပုန်း ကိုဗစ်ရှောင်ဘေဘီလေးများ ရှိလား? ရှိလား? 😜

ကဲပါ ဒီကိုဗစ်ကာလမှာ ဘီယာ၈မျိုးစလုံးကိုတစ်နေ့တစ်မျိုးမရိုးရအောင်စျေးတန်တန်လေးသောက်ရစေရမယ်ဗျာ ။

ဘျာပဲလား🙄 ?

ဘယ်ဟုတ်ပါ့မလဲနော့် 😇
တရွရွနဲ့လှပတဲ့ဂျင်ဘရောင်းရဲ့အမြည်းလေးတွေပါ အိုကေစိုပြေစေရမယ်ဗျာ ။

သင်သာမူးဖို့တာဝန်ယူပါ ကိုဒေက အရောက်ပို့မှာပါနော်

အို ... ဘာတဲ့
သင်သာမူးဖို့တာဝန်ယူပါ 😝

ဒါ့အပြင် ပို့စ်ကိုpublicနဲ့shareပြီး 1set စမှာတာနဲ့ ကော့တေးတစ်ခွက်လက်ဆောင်ထည့်ပေးအုံးမှာပါနော်😘😘😘😘

​နောက်ထပ်ပေးထားတဲ့ ဒစ်စကောင့်တွေ ရယ် ဖရီးကစ်ရမှာတွေကိုတော့ မင်မင့်ကိုမေးပေးပါနော်

Stay Home နေရင်းအေးဆေးChillဖို့... ဒါပဲ









Ph:09777200507
@အမှတ်(၄၇၈),ဗိုလ်မှုးဗထူးလမ်းမကြီး,၄၈(U10)ရပ်ကွက်,မြောက်ဒဂုံမြို့နယ်,ရန်ကုန်(ဗိုလ်မှုးဘထူးအိမ်ရာအနီး)

MADi BAR ရဲ့ Customer များရှင့် ယခုအချိန်အခါသည် Covid 19 ကပ်ရောဂါကြီး Second wave ရိုက်ခက်နေသောအချိန်ကာလဖြစ်ပါသောကြောင့်...
08/09/2020

MADi BAR ရဲ့ Customer များရှင့် ယခုအချိန်အခါသည် Covid 19 ကပ်ရောဂါကြီး Second wave ရိုက်ခက်နေသောအချိန်ကာလဖြစ်ပါသောကြောင့် ဝန်ထမ်းများ၏ကျန်းမာရေး အားပေးသူဘော်ဒါတို့၏ကျန်းမာရေးကိုရှေးရူ၍ ယနေ့ 8.9.2020 ရက်နေ့မှစ၍ MADi BAR မှ Take Away Only သာရောင်းချပေးမည်ဖြစ်ပါကြောင်းဘော်ဒါတို့ကိုအသိပေးပါတယ်...🚨🚨🚨

Delivery လဲရှိလို့ဘော်ဒါတို့အတက်နိုင်ဆုံးအပြင်မထွက်ပဲအိမ်မှာပဲနေပါနော် MADi BAR မှအိမ်အရောက်အကာအကွယ်အပြည့်နဲ့လာရောက်ပို့ဆောင်ပေးပါမယ်🚚🚚🚚

Draught beer,Cocktail,Smoothies ကြိုက်နှစ်သက်ရာမှာယူပြီးအိမ်မှာအေးဆေးchillချင်တယ်ဆို hello! လိုက်နော်ဘော်ဒါတို့🥳🥳🥳

Beer လေးနဲ့အမြည်းလေးတွဲပြီးမှာချင်တဲ့ဘော်ဒါတို့အတွက်လဲအမြန်ဆုံးအစားအသောက်အတွက်ပါစီစဉ်ပေးမှာဖြစ်လို့ Stay Tuned!! ပါလို့





ဒီနေ့ည   လေးမှာ ရောင်းရင်းတို့အတွက် Promotions တွေအစုံအလင်နှင့်MADi BAR ကရှိနေပါမယ်နော် ...
04/09/2020

ဒီနေ့ည လေးမှာ ရောင်းရင်းတို့အတွက်

Promotions တွေအစုံအလင်နှင့်MADi BAR ကရှိနေပါ

မယ်နော် ...





🎉"TUBORG 330ml BUY 2 GET 1 Promotion"ဒီရက်တွေမှာလဲ Promotion ရှိရဲ့လားမေးနေတဲ့ဘော်ဒါတို့အတွက်လာမှာသာလာခဲ့ကြနော် ရှယ် Pro...
03/09/2020

🎉"TUBORG 330ml BUY 2 GET 1 Promotion"

ဒီရက်တွေမှာလဲ Promotion ရှိရဲ့လားမေးနေတဲ့ဘော်ဒါတို့အတွက်

လာမှာသာလာခဲ့ကြနော် ရှယ် Promotion တွေနဲ့ MADi Bar ကကြိုနေမှာပါရှင့်...

🍻"It's time to drink Beer and Relax"🍻



Address

No. 478, Bo Mhu Ba Htoo Road, 48(U-10)Ward, Northdagon Township
Yangon
11421

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when MADi BAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category