Cho Gyi - ရိုးရာ Bar

Cho Gyi - ရိုးရာ Bar ခင်ဗျားတို့က သောက်ဖို့ဘဲလာခဲ့ အမြည်းပြင်ထားဖို့က ကျုပ်တာဝန်ထား �

19th July 🫡
19/07/2025

19th July 🫡

“ဝါဆိုလပြည့်နေ့ @ ဓမ္မစကြာအခါတော်နေ့”ဝါဆိုလပြည့် ၁၃၈၇သာသနာနှစ် ၂၅၆၉'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို' ဒီနေ့ဟာဗု...
09/07/2025

“ဝါဆိုလပြည့်နေ့ @ ဓမ္မစကြာအခါတော်နေ့”

ဝါဆိုလပြည့် ၁၃၈၇
သာသနာနှစ် ၂၅၆၉

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်သံချိုလဝါဆို'

ဒီနေ့ဟာဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါသည်။

🙏.လဝါဆို.🙏

"ဝါ''မှာ ဝါသ ဟူသော ပါဠိမှလာသည်။
နေခြင်းဖြစ်သည်။

'ဆို' မှာ ရွတ်ဆိုသည့် အဓိပ္ပာယ်ရှိသည်။
ရဟန်းတော်များ မိုးသုံးလ ကာလပတ်လုံးကျောင်း၌သီတင်းသုံးပါမည်ဟု ရွတ်ဆိုကတိနေသောလဖြစ်သည်။

ရှေးကဝါဆိုလကို 'မြွက်တာလ'ဟုခေါ်ရာ 'မြွက်'မှာ လယ်မြေဖြစ်၍ 'တာ'မှာ တိုင်းတာခြင်း ဖြစ်သည်။
'လယ်မြေတိုင်းတာသော' ဟုအဓိပ္ပါယ် ရရှိသည်။

ဝါဆိုလ၏ပွဲ၊ပန်း၊နက္ခတ်တာရာနှင့်ရာသီရုပ်ပုံများမှာ-ကရကဋ်ရာသီ၊ ဝါဆိုလ၊ ပဉ္စင်းခံပွဲသဘင်၊ ဓမ္မစကြာခါတော်သဘင်၊ အလောင်းတော် သန္ဓေတည်သောလ၊တောထွက်သောလ၊ပုန်းညက်ပန်း၊ အာသဠိခေါ် ဥတ္တရာ သန်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်စုံကား ပုစွန်လုံး ဂဏန်းသတ္တဝါပုံ။

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ်သတ်မှတ်ထားပါသည်။

သက္ကရာဇ် ၁၀၃ ဝါဆိုလပြည့်နေ့ စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာ တရားတော်ကိုဟောကြားခဲ့သည်။

'သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်ဝါဆို' ဟုဝါဆို ဝါလ ဝိသေ သကို ဆိုစမှတ်ပြုကြသည်။

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားအလောင်းတော်သည် သန္ဓေတည်သည်။

ထိုနေ့မှာပင် တောထွက်တော်မူသည်။
ထိုနေ့မှာပင် ဓမ္မစကြာ တရားထူးဟောကြားတော်မူလေသည်။

ဝါတွင်းကာလအတွင်းတွင် ရဟန်းတော်များ
ဝါဆိုကြခြင်းမှာ မြတ်စွာဘုရားသခင်သည်
ပညတ်ခဲ့၍ဖြစ်သည်။

အကြောင်းမှာ.
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးစဉ်ကဖြစ်သည်။

ထိုစဉ်က ရဟန်းတော်များ နွေမိုးဆောင်း ဥတုသုံးလီ ခရီးသွားလာနေကြသည်။

မိုးလရာသီ သွားလာကြရာ ပြည်သူများစိုက်ပျိုးထားသော သီးနှံများကို နင်းမိသည်လည်းရှိခဲ့သည်။
ထိုအခါ သီးနှံများပျက်စီးရသည်။ပြည်သူများက မိုးကာလမှာ အယူလွဲမှား မိစ္ဆာဒိဋ္ဌိ များပင်ခရီးသွားကြ၊ ငှက်များအသိုက်မပြောင်း၊ ရဟန်းများကားနွေမိုးမရှောင် ခရီးသွားလျက် အများပြည်သူစိုက်ပျိုးထားသော သီးနှံများ နင်းချေမိနေသည်ဟု အပြစ်တင် ပြောဆိုကြလေသည်။

ဤသည်ကိုအကြောင်းပြု၍ မြတ်စွာဘုရားကား ဝါတွင်းကာလပတ်လုံး ရဟန်းတော်များ ညဉ့်အိပ်ညဉ့်နေ ခရီးမထွက်ရန် ပညတ်တော်မူခဲ့ခြင်းဖြစ်သည်။

ကာလမှာ ဝါဆိုလပြည့်ကျော် ၁ ရက်မှသီတင်းကျွတ်လပြည့်နေ့အထိဖြစ်သည်။ဝါဆိုအတွင်း ဝါပန်၍ညဉ့်အိပ်ညဉ့်နေ ၇ ရက်ကျော်၍
မသွားနိုင်ပေ။

ဝါဆိုလပြည့်ကျော်၁ရက်နေ့တွင် ဝါဆိုပန်းကပ်ခြင်းနှင့် ဝါဆို သကန်း ကပ်လှူပူဇော်လေ့ရှိသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါတယ်။

ဝါဆိုလပြည့်နေ့မှာ ထူးခြားချက် (၈)ချက်
ရှိပါတယ်။၎င်းတို့မှာ....

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ဂေါတမဘုရားလောင်း ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း။

၈။ “ဧဟိ ဘိက္ခု” ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒီလို နေ့ကောင်းနေ့မြတ်လေးမှာ
မိတ်ဆွေများလည်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေ
မမေ့မလျော့ ပြုလုပ်နိုင်ဖို့ အကျိုးမျှော်လို့
နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။

ဓမ္မဒါန ကူးယူဖော်ပြပါသည်။

မင်္ဂလာပါလူငယ်ပရဟိတအသင်း

ခရစ်ယာန်ဘာသာဝင်မိတ်ဆွေတို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ Christmas နေ့မှာ စိတ်နှလုံးအေးချမ်းပြီး ပျော်ရွင်ဖွယ်ခရစ်စမတ်နေ့လေးဖြ...
25/12/2024

ခရစ်ယာန်ဘာသာဝင်မိတ်ဆွေတို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ Christmas နေ့မှာ
စိတ်နှလုံးအေးချမ်းပြီး ပျော်ရွင်ဖွယ်ခရစ်စမတ်နေ့လေးဖြစ်ပါစေလို့ Cho Gyi - ရိုးရာ Bar မိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့မှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကျန်းမာ ရွှင်လန်း ချမ်း...
15/11/2024

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်

သာမညဖလအခါတော်နေ့မှစပြီး

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး

ကျန်းမာ ရွှင်လန်း ချမ်းမြေ့ပါစေ၊

စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကာ

ကြံစည်သမျှအရာအားလုံး အောင်မြင်ကြပါစေလို့

‎ Cho Gyi - ရိုးရာ Bar မိသားစုမှ

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏

မြန်မာနှစ်သစ်ကူး အခါသမယ သင်္ကြန်တွင်းကာလ April ၁၂ ရက်နေ့မှ နှစ်ဆန်းနှစ်ရက် April ၁၈ ရက်နေ့အထိ ဆိုင်ပိတ်သွားမည်ဖြစ်ကြောင်...
12/04/2024

မြန်မာနှစ်သစ်ကူး အခါသမယ သင်္ကြန်တွင်းကာလ April ၁၂ ရက်နေ့မှ နှစ်ဆန်းနှစ်ရက် April ၁၈ ရက်နေ့အထိ ဆိုင်ပိတ်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့် 🙏

ရေမီးအစုံနဲ့ လေထီးခုန်လို့ရတယ်ဆိုတာမျိုး 🤩ရိုးရာခေါင်ရည်နဲ့ အရသာရှိတဲ့ အမြည်းလေးတွေ မြည်းရင်း …..အလှမွေးငါးကန်လေးတွေလည်း...
17/03/2024

ရေမီးအစုံနဲ့ လေထီးခုန်လို့ရတယ်ဆိုတာမျိုး 🤩

ရိုးရာခေါင်ရည်နဲ့ အရသာရှိတဲ့ အမြည်းလေးတွေ မြည်းရင်း …..
အလှမွေးငါးကန်လေးတွေလည်း ကြည့်ရှုခံစားမည် 🌈

-

Cho Gyi - ရိုးရာ Bar
အမှတ် ၃၅၈/၄ , ရန်ရှင်းလမ်း , (၅) ရပ်ကွက်, ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ (Night Out Cafe)
ဖုန်း - ၀၉၇၅၇၅၁၉၉၇၅၊ ၀၉၆၉၆၅၆၃၉၉၂

Cho Gyi - ရိုးရာ Bar —> ရန်ကင်းမြို့နယ်သို့ ရောက်ရှိလာပါပြီ 🤩ရန်ကင်းက ရိုးရာခေါင်ရည် ကြိုက်တဲ့ ဘော်ဒါတို့ရေ …. 📣>>>>>>>>...
19/12/2023

Cho Gyi - ရိုးရာ Bar —> ရန်ကင်းမြို့နယ်သို့ ရောက်ရှိလာပါပြီ 🤩

ရန်ကင်းက ရိုးရာခေါင်ရည် ကြိုက်တဲ့ ဘော်ဒါတို့ရေ …. 📣

>>>>>>>>>> ရိုးရာဓလေ့တွေဟာ

>>>>>>>>>>  ရိုးရာဓလေ့တွေဟာ
11/12/2023

>>>>>>>>>> ရိုးရာဓလေ့တွေဟာ

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယ ကာလလေးမှာကျနော်တို့ Cho Gyi - ရိုးရာ Bar မှ ၀န်ထမ်းများ အားလုံး ပျော်ရွှင်စွာပါ၀င်ဆင်နွဲ...
26/10/2023

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယ ကာလလေးမှာ
ကျနော်တို့ Cho Gyi - ရိုးရာ Bar မှ ၀န်ထမ်းများ အားလုံး ပျော်ရွှင်စွာပါ၀င်ဆင်နွဲနိုင်ရန်အတွက် October 27-28-29-30-31 ရက်နေ့များအား ဆိုင်ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားမည်ဖြစ်ပြီး
November 1 ရက်နေ့မှ စတင်ကာ ပုံမှန်အတိုင်းပြန်လည်
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လေးစားရပါသော စားသုံး
သူ မိတ်ဆွေ Customer တို့အား အသိပေး သတင်းကောင်း ပါးလိုက်ရပါတယ်ရှင့် 🙏

သီတင်းကျွတ်အခါသမယ ကာလလေးမှာ Cho Gyi - ရိုးရာ Bar သို့ အားပေးကြပါသော စားသုံးသူ မိတ်ဟောင်းမိတ်သစ် Customer များအားလုံးလည်း မိသားစုနှင့်တကွ အေးချမ်းသာယာစွာ ဖြတ်သန်း၍ လိုအင်ဆန္ဒတွေ ပြည့်၀ကြပါစေလို့ ကျွန်တော်တို့ Cho Gyi - ရိုးရာ Bar မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏

Photo Crd - Hotel G

>>>>>>>>>>  ရိုးရာဓလေ့တွေဟာ
21/09/2023

>>>>>>>>>> ရိုးရာဓလေ့တွေဟာ

ချစ်ရပါသော စားသုံးသူ Customers များသို့ မေတ္တာရပ်ခံချက်လက်ရှိဖြစ်ပေါ်လာနိုင်သော ကုန်စျေးနှုန်းမြှင့်တက်လာမှုအပေါ် Cho Gy...
24/07/2023

ချစ်ရပါသော စားသုံးသူ Customers များသို့ မေတ္တာရပ်ခံချက်

လက်ရှိဖြစ်ပေါ်လာနိုင်သော ကုန်စျေးနှုန်းမြှင့်တက်လာမှုအပေါ် Cho Gyi - ရိုးရာ Bar မှ ရောင်းချပေးသော Menu စျေးနှုန်းများသည် ပြောင်းလဲတိုးမြှင့်ကောက်ခံသွားမည်မဟုတ်ဘဲ လက်ရှိစျေးနှုန်းများအတိုင်းသာ စေတနာထား၍ အကောင်းဆုံးဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

Cho Gyi - ရိုးရာ Bar

Cho Gyi - ရိုးရာ Bar
အမှတ် ၄၂/အေ, ပါရမီလမ်း, (၄) ရပ်ကွက်, တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (Night Out Cafe)
ဖုန်း - ၀၉၉၇၅၇၄၅၇၉၃၊ ၀၉၆၉၆၅၆၃၉၉၂

Address

No 358/4, Yanshin Street, (5) Ward, West/Yankin Township, (Night Out Cafe)
Yangon
11091

Opening Hours

Monday 03:30 - 23:59
Tuesday 03:30 - 23:59
Wednesday 03:30 - 23:59
Thursday 03:30 - 23:59
Friday 03:30 - 23:59
Saturday 03:30 - 23:59
Sunday 03:30 - 23:59

Telephone

+959975745793

Website

Alerts

Be the first to know and let us send you an email when Cho Gyi - ရိုးရာ Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Cho Gyi - ရိုးရာ Bar:

Share

Category