17/04/2026
နှစ်သစ်ဦးမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယမှာ Sunday Bar & Hotel Supply မိသားစုမှ ချစ်ခင်ရပါသော Customer များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။
တန်ခူးလေရူး သွေးချိန်မှာ ဟောင်းနွမ်းသမျှ အညစ်အကြေးတွေကို သင်္ကြန်ရေစင်နဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ -
✨ စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ပါစေ။
✨ လုပ်ငန်းဆောင်တာအဝဝ အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်ပါစေ။
✨ ဘေးဘယာဝေးကွာပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင် အတွက် လိုအပ်တဲ့ Hotel & Bar Supply အသုံးအဆောင်တွေကို အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အတူ နှစ်သစ်မှာလည်း ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေခင်ဗျာ။ 🙏✨
09251188831
09960905075
#နှစ်ဆန်းတစ်ရက်နေ့