Spirits & Wine Info Myanmar

Spirits & Wine Info Myanmar Page is purely founded for sharing reviews and knowledge about liquors, cocktails, spirits and wines.

အရမ်းမိုက်တဲ့ quality drinks တွေ၊ တကယ်ကောင်းတဲ့ အစားအစာတွေနဲ့၊ စျေးကိုရှယ်တန်နေအောင်ဖန်တီးနိုင်ဖို့ အားလုံးကြိုးစားအားထု...
12/02/2026

အရမ်းမိုက်တဲ့ quality drinks တွေ၊ တကယ်ကောင်းတဲ့ အစားအစာတွေနဲ့၊ စျေးကိုရှယ်တန်နေအောင်ဖန်တီးနိုင်ဖို့ အားလုံးကြိုးစားအားထုတ်ထားတဲ့၊ Spirits & Wine Info Myanmar နဲ့လက်တွဲထားတဲ့ Bar တစ်ခုပါခင်ဗျာ။
Bar တစ်ခုမှာအရေးကြီးဆုံးဖြစ်တဲ့ vibe ကို အစွမ်းကုန်ကောင်းအောင်လုပ်ထားပြီး ရန်ကုန်မြို့ရဲ့ The Best Affordable Bar တစ်ခုဖြစ်အောင်ကြိုးစားသွားမှာပါခင်ဗျာ။

30/01/2026

Chemistry Cocktail Bar x Spirits & Wine Info Myanmar
Coming Soon… 🤩





Please do not forward content to anyone under the legal drinking age.
Remember to drink responsibly.
Any user comments which condone or promote irresponsible or dangerous drinking will be removed.
It’s safest not to drink while pregnant.
(Alcohol can cause lifelong harm to your baby)

The real taste of Sherry comes from The Dalmore 🤩
23/12/2025

The real taste of Sherry comes from The Dalmore 🤩

15/12/2025
02/12/2025

The Chita | Single Grain Japanese Whisky

ကျွန်တော် Japanese Whisky တွေကို ဘယ်လောက်ကြိုက်နှစ်သက်တယ်၊ ဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတာ ကျွန်တော့်စာဖတ်ဘူးတဲ့သူတိုင်း ရိပ်မိလောက်မယ်ထင်ပါတယ်။
(တကယ်တော့ ကျွန်တော်က JDM ပရိသတ်တစ်ယောက်ပါ။ JDM Car, JDM နာရီ, ကင်မရာ, ယမကာ, whisky အကုန်ကြိုက်ပါတယ်)

အခုရေးမယ့် Chita ကလည်း Suntory ကထုတ်တဲ့ Japanese Single Grain Whisky ပါ။
ဒီ post မှာတော့ ရေးနည်းက ၂ မျိုးရှိပါတယ်။
ဥပမာအနေနဲ့ပြောရရင် ဖြူဖြူဖွေးဖွေး ပိန်ပိန်သေးသေး ချောချောလှလှတစ်ယောက်ကို cute ဖြစ်တယ်လို့မြင်မလား၊ ဒါမှမဟုတ် ပေမမှီထောင့်မမှီ ကလေးပုံစံနဲ့ negative ဆန်ဆန်မြင်မလား၊ အမြင်မတူနိုင်ပါဘူး။ Chita မှာလည်း အဲ့လိုပါပဲ။ ကျွန်တော်ဘယ်လိုရေးလည်းကတော့ ဆက်လက်ဖတ်ကြည့်ပေးပါခင်ဗျာ။

ပထမတစ်ချက်အနေနဲ့ကတော့ Chita ဆိုတာ single grain whisky ဖြစ်တဲ့အတွက် grain whisky တွေရဲ့ထုံးစံအတိုင်း နူးညံ့ပျော့ပျောင်းပြီး light & delicate ဖြစ်တဲ့ အရသာဘက်ကို သွားပါတယ်။ ဆိုတော့ နူးညံ့မှုကို နှစ်သက်တဲ့ beginner တွေအတွက် Chita အပါအဝင် grain whisky တော်တော်များများက အဆင်ပြေမှာပါ။
ဒါပေမယ့် Alpine လည်း light & delicate ဖြစ်သလို အိမ်မှာသောက်နေတဲ့ ရေသန့်ကလည်း light & delicate ဖြစ်ပါတယ်။ ဆိုတော့ ဝီစကီ သုံးဆောင်နေကြသူတွေအနေနဲ့ ရေသောက်နေရသလိုပဲဆိုတာမျိုး ဖြစ်လာနိုင်တာတော့ ကြိုတင်အသိပေးပါရစေခင်ဗျာ။

Aroma - ရနံ့ကတော့ သူ့ရဲ့ နူးညံ့ပျော့ပျောင်းတဲ့ style နဲ့အရမ်းလိုက်ဖက်ပါတယ်။ ပျားရည်ရနံ့၊ ပန်းပွင့်လေးတွေရဲ့ရနံ့တွေကို harmony ဆန်ဆန်ကစားသွားပြီး လတ်ဆတ်တဲ့အသီးရနံ့လေးတွေနဲ့ နူးနူးညံ့ညံ့ပေါင်းစပ်ထားပါတယ်။ ရနံ့ကတော့ အရမ်းပေါ့မသွားပဲ နူးညံ့တဲ့ရနံ့ထွက်အောင် ပေးစွမ်းနိုင်တဲ့အတွက် Chita ရဲ့ aroma ကိုတော့ ကျွန်တော်နှစ်သက်ပါတယ်ခင်ဗျာ။

Taste & Finish - grain whisky ရဲ့ ထုံးစံအတိုင်း light & delicate ဖြစ်ပါတယ်။ သူ့ရဲ့ fruity ဖြစ်တဲ့ အရသာက မိုက်ပေမယ့် ကြာကြာမခံပါဘူး။ Complex taste အပြင် အစေ့အဆံတွေရဲ့အရသာက အခါးဓာတ်မဆိုသလောက်လေးနဲ့အတူပေါ်လာပြီး အချိုအရသာပါးပါးလေးကလည်း ပါဝင်လာပါသေးတယ်။ အဲ့ဒီအချိုပါးပါးလေးက အဆုံးသတ်အထိပါလာပေမယ့် finish ကတော့ ရှင်းလင်းပြတ်သားပြီး မကြာပါဘူး။

သူ့ရဲ့ taste မှာအထင်ကြီးရမှာက light & delicate ဖြစ်နေတာကို အချိုဓာတ်လှလှလေးထည့်ပေါင်းထားပေမယ့် မအီအောင်ထိန်းနိုင်စွမ်းရှိနေတာပါ။ Sweetness က သိသိသာသာ ပါဝင်သော်လည်း ပါးပါးလေးနဲ့ မအီအောင်ထိန်းသွားနိုင်တဲ့ subtle sweetness လေးပါ။
နောက်တစ်ချက်က အရည်အသွေးကောင်းတဲ့ grain whisky တွေရဲ့ထုံးစံ complex ဖြစ်တာပေါ်အောင်ပြသွားပေးနိုင်တာကိုလည်း နှစ်သက်မိပါတယ်။

ဒါပေမယ့် fruity ဖြစ်တာက ကြာကြာမခံပဲ finish ကလည်း ရှင်းလင်းပြတ်သားနေတာကိုတော့ ကျွန်တော်မနှစ်သက်ပါဘူး။ နောက်တစ်ခုက သူ့ရဲ့ sweetness ကိုပိုပေါ်ချင်လို့ ရေနည်းနည်းလေးထည့်လိုက်တာက ပေါ့နေတဲ့အရသာကို ပိုပျော့အောင် လုပ်လိုက်သလိုဖြစ်သွားတဲ့အတွက် အဆင်မပြေပြန်ပါဘူး။ (Chita ကို mixer အနေနဲ့သုံးရင်တော့ ကောင်းမယ်ထင်ပါတယ်ခင်ဗျာ)

နိဂုံးချုပ်ရရင် grain whisky ဖြစ်တဲ့အတွက် grain whisky တွေရဲ့ထုံးစံ ပေါ့ပါးနူးညံ့တာက အပြစ်ပြောဖို့ခက်ပါတယ်။ Aroma ကတော့ တော်တော်များများနှစ်သက်မယ်ဆိုပေမယ့် taste & finish ကတော့ အမြင်မတူနိုင်ပါဘူး။ Cutie type ကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက် အဆင်ပြေပေမယ့် ဝီစကီရဲ့ အရသာတွေကို explore လုပ်ပြီး ခံစားသုံးဆောင်ချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေမယ်မထင်ပါဘူး။
Chita က Japanese whisky ထဲမှာ စျေးအရမ်းမများတဲ့အတွက်၊ grain whisky ဆိုတာမသုံးဆောင်ဖူးလို့ စမ်းကြည့်ချင်တဲ့သူတွေကိုတော့ ဘာမှမပြောလိုပါဘူး။
ဒါပေမယ့် Japanese whisky ဆိုတာမသုံးဆောင်ဖူးလို့၊ စျေးလည်းအရမ်းမများလို့၊ စမ်းကြည့်ချင်တယ်ဆိုရင်တော့…
Chita ဟာ Japanese whisky ရဲ့ပုံရိပ်ကို အကောင်းဆုံးထင်ဟပ်ပေးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ Chita ကိုသုံးဆောင်ကြည့်ပြီး ကျွန်တော်အမြဲတမ်းအမွှန်းတင်နေရတဲ့၊ ကမ္ဘာမှာအကြီးအကျယ်အောင်မြင်နေတဲ့၊ Japanese whisky ဆိုတာ ဒါလောက်ပဲလားဆိုတဲ့အတွေးတော့ မဝင်ပါနဲ့ခင်ဗျာ။

Japanese whisky ဆိုတာ ကျွန်တော်အမွှန်းတင်နေတာထက်၊ ကမ္ဘာမှာကျော်ကြားအောင်မြင်နေတာထက်၊ အဆပေါင်းများစွာ အဖိုးတန်ကောင်းမွန်လှတယ်ဆိုတာ ကျွန်တော်နောက်ရက်တွေမှာရေးမယ့် post တွေဖတ်ရင် နားလည်လာမှာပါခင်ဗျာ။

ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။

Thank You 😊

ြောင်း


(Photo from Internet)

Cola တွေပစ္စည်းပြတ်နေတာ ginger ale လေးနဲ့ try ကြည့်ပါခင်ဗျာ…
01/12/2025

Cola တွေပစ္စည်းပြတ်နေတာ ginger ale လေးနဲ့ try ကြည့်ပါခင်ဗျာ…

အရင်က အတုမပေါသေးဘူး စျေးကပေါတယ်…အခုတော့ အတုပေါတယ် စျေးကမပေါတော့ဘူး…
01/12/2025

အရင်က အတုမပေါသေးဘူး စျေးကပေါတယ်…
အခုတော့ အတုပေါတယ် စျေးကမပေါတော့ဘူး…

Soda & Endorphin 🤗
24/10/2025

Soda & Endorphin 🤗

2021 တုန်းက 45000 🥺🥺
09/10/2025

2021 တုန်းက 45000 🥺🥺

Chivas XV Gold

2018 လောက်က ဖန်တီးမိတ်ဆက်ခဲ့တဲ့ Chivas XV မှာ edition ၂ မျိုးရှိပါတယ်။ အခုပုံမှာပြထားတာက ပုလင်းတစ်ခုလုံး ရွှေရောင်လွှမ်းနေတဲ့ edition လေးပါ။
Chivas XV မှာ ထူးခြားတာလေးရှိပါတယ်။ သူ့မှာပါဝင်ရောစပ်ထားတဲ့ ဝီစကီအချို့ကို cognac စည်တွေထဲမှာ အဆုံးသတ် aging လုပ်ထားတာပါ။ Grande Champagne Cognac Barrels တွေထဲမှာ ရွေးချယ်အဆုံးသတ်ထားတာက Chivas Regal ရဲ့ traditional style / classic style ကို ပြန်လည်အသက်သွင်းချင်တဲ့အပြင် နူးညံ့ညက်ညောတဲ့ ဝီစကီတစ်မျိုးကို celebration အချိန်တွေမှာ သုံးဆောင်နိုင်ဖို့ ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်လည်း ပါမှာပါခင်ဗျာ။

Note - Cognac စည်ထဲမှာ aging / finishing လုပ်တာက ထူးခြားပေမယ့် အရမ်းတော့ မဆန်းပါဘူး။ အခုနောက်ပိုင်းမှာ Limousin စည်တွေဟာ whisky ထုတ်လုပ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေကြပါတယ်။
Limousin ဆိုတာ ပြင်သစ်က သစ်တောကြီးရဲ့နာမည်ပါ။ အဲ့သစ်တောကထွက်တဲ့စည်တွေကို Limousin Oak Barrel လို့ခေါ်ကြပါတယ်။ ပြင်သစ်မှာ အဓိကသစ်တောကြီး ၅ ခုရှိပါတယ်။ အဲ့ ၅ ခုထဲကမှ Hennessy Cognac ဆိုရင် Limousin နှင့် Troncais ကစည်တွေကို အဓိကသုံးပါတယ်ခင်ဗျာ။ Cognac မှာဆိုရင် Limousin က balance ဖြစ်တယ်၊ rich ဖြစ်တယ်၊ vanilla & creamy ဖြစ်တာတွေအတွက် နာမည်ကြီးပါတယ်ခင်ဗျာ။

စည်အကြောင်းကို သဘောပေါက်သွားပြီဆိုရင် သူ့ review အကြောင်းလေး ပြောချင်ပါတယ်ခင်ဗျာ။

Aroma - ပျားရည်နှင့် လိမ္မော်တို့ရဲ့ ချိုမြတဲ့ရနံ့က သစ်ကြံပိုးခေါက်ရဲ့ စူးရှတဲ့ရနံ့နှင့်ပေါင်းပြီး မပြင်းလွန်း/မပျော့လွန်းပဲ ရနံ့လေးက မွှေးပါတယ်။ ပန်းသီးကိုချက်ထားတဲ့ ရနံ့လေးကလည်း သိသာပြီး စပျစ်သီးခြောက်ရနံ့လေးကလည်း ပါဝင်ပါသေးတယ်။ သူ့ရဲ့ aroma က ယဉ်ယဉ်လေးနဲ့ မိုက်ပါတယ်ခင်ဗျာ။

Taste - သူ့ရဲ့ အရသာက ရှင်းပါတယ်။
တစ်ခုတည်းပြောဆို smooth တာပါ။
နှစ်ခုပြောဆို smooth & sweet ပါ။
သုံးခုပြောဆို smooth & sweet & fruity ပါ။
Smooth ဖြစ်တဲ့ညက်ညောမှုကို fruity ဖြစ်တာက အားဖြည့်ပေးပြီး sweet ဖြစ်တာက နောက်ကပံ့ပိုးပေးထားပါတယ်။ Creamy ဖြစ်တာလေးရယ်၊ မသိမသာ spicy & smoky ဖြစ်တာလေးရယ်ကလည်း taste မှာပါပါသေးတယ်ခင်ဗျာ။

Finish - အဆုံးသတ်က မတိုသလို၊ ကြာလည်းမကြာပါဘူး။ အနေတော်လေးကိုမှ vanilla အရသာအနည်းငယ်နှင့် smooth ဖြစ်ပြီး ညက်ညက်ညောညော အဆုံးသတ်လေးပါ။ Taste ကော၊ finish ကော မိုက်ပါတယ်ခင်ဗျာ။

ABV - 40%

Age Statement - 15 Years

Price - 45000 ဝန်းကျင်

Cognac စည်ထဲမှာ finishing လုပ်ထားတယ်ဆိုပေမယ့် Chivas XV ကို သုံးဆောင်ကြည့်တဲ့အခါမှာတော့ cognac cask ကို အရမ်းမခံစားရပါဘူး။ ဒါပေမယ့် cognac cask ကို သတိထားမိတယ်ဆိုတဲ့ အနေအထားလောက်ထိတော့ ခံစားရပါတယ်။ ဆိုတော့ cognac ကြိုက်တဲ့သူကော၊ မကြိုက်တဲ့သူကော အဆင်ပြေမယ်ထင်ပါတယ်။

Chivas XV ရဲ့ smooth တာက အရမ်း watery ဖြစ်ပြီး ပေါ့တဲ့ဘက်ကို သိပ်မသွားပဲ ခပ်ကြမ်းကြမ်းနဲ့ scary smooth ပုံစံမျိုးပါ။ နည်းနည်းလေးပေါ့ပြီး အီချင်ပေမယ့် အရမ်းမအီပါဘူး။ Honey version နဲ့လာတဲ့ ဝီစကီတွေနဲ့ယှဉ်ရင် မအီဘူးလို့တောင်ပြောလို့ရပါတယ်။ Smooth တာကို အရမ်းမကြိုက်တဲ့သူမျိုး / အီတာမကြိုက်တဲ့သူမျိုး ဆိုရင် on the rock လိုမျိုးမဟုတ်ပဲ၊ neat (သို့) ရေအနည်းငယ်နှင့် သုံးဆောင်ကြည့်သင့်ပါတယ်။

Smooth မှ smooth ဆိုတဲ့ smooth hunter ဆိုရင်တော့ ရေခဲလေးထည့်လိုက်တာက သူ့ရဲ့ scary smooth ကို gentle smooth ပုံစံမျိုးဖြစ်စေပြီး နူးညံ့ညက်ညောတဲ့အရသာကို အပြည့်အဝခံစားနိုင်မှာပါခင်ဗျာ။ Beginner လည်း recommend ပေးပါတယ်ခင်ဗျာ။

Pernod Ricard (Chivas Regal ရဲ့မိခင်ကုမ္ပဏီ) က Chivas XV ကို shot သောက်ကြည့်ဖို့ ပြောထားပါတယ်။ ကျွန်တော့်အမြင်အရပြောရရင် နူးညံ့ညက်ညောပြီး အဆုံးသတ်ကောင်းမွန်တဲ့ ဝီစကီတစ်ခုကို shot တာထက်စာရင်၊ တစ်ဆိမ့်ချင်း အရသာခံသုံးဆောင်တာက ပိုကောင်းမယ်ထင်ပါတယ်။ Smooth ဖြစ်တာလေးကိုခံစားရင်း၊ နူးညံ့မှုရဲ့နောက်ကွယ်က အရသာလေးတွေကို တဖြည်းဖြည်းချင်း ဖော်ထုတ်ရင်း သုံးဆောင်သင့်တယ်လို့ အကြံပေးချင်ပေမယ့်လည်း…

မိမိနှစ်သက်သောယမကာကို မိမိနှစ်သက်ရာနည်းလမ်းဖြင့် သုံးဆောင်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာ။

Thank You 😊

ြောင်း


Note - Whisky နဲ့ ပက်သက်ပြီး ပစ္စည်းအတုအစစ် ကျွန်တော်ကြည့်ပြီး မခွဲတတ်ပါဘူးခင်ဗျာ။
ကျွန်တော် whisky ကို နိုင်ငံခြားကလူကြုံနဲ့ duty free ပဲ ဝယ်လေ့ရှိခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ ဒေါ်လာစျေးအရကော၊ အခြေအနေအရကော၊ duty free မှာဖို့က ခက်ခဲနေတဲ့အပြင် မတန်တော့ပါဘူး။
မြန်မာပြည်မှာ တချို့ brand တွေက official သွင်းတဲ့ ကိုယ်စားလှယ်ကုမ္ပဏီ ရှိပါတယ်။ ဥပမာ Pernod Ricard ဆိုရင် ဒီမှာ တရားဝင်ကိုယ်စားလှယ် ရှိပါတယ်။ အဲ့တော့ Chivas တို့ Ballantine တို့ဆိုရင် Pernod Ricard ရဲ့ တရားဝင်ကိုယ်စားလှယ်နဲ့ သွင်းထားတဲ့အလုံးဆို စိတ်ချရမယ်လို့ ယူဆလို့ရပါတယ်။ Million Mart မှာ PR Sticker ပါတာတွေက official အလုံးတွေပါ။ ဒီမြန်မာမှာ ပစ္စည်းစိတ်အချရဆုံးဆို အဲ့လိုအလုံးတွေကိုပဲ ကျွန်တော် ညွှန်ပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းဝယ်ကြည့်တာ အဆင်ပြေပါတယ်ခင်ဗျာ။
(Million Mart မှာ Chivas / Ballantine အပြင် တခြား တရားဝင်ကိုယ်စားလှယ်နဲ့သွင်းတဲ့ brand တွေလည်း ရှိပါသေးတယ်။ တရားဝင်ကိုယ်စားလှယ်မရှိတဲ့ အလုံးတွေ၊ brand တွေကိုတော့ ကျွန်တော်မသိပါဘူးခင်ဗျာ။ တရားဝင်ကိုယ်စားလှယ်ကသွင်းတဲ့အလုံးတွေကို တခြား liquor store တွေမှာလည်း ရနိုင်ပါသေးတယ်၊ ကျွန်တော်ဆိုင်နာမည်တွေမသိလို့ပါခင်ဗျာ)

ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။

(Photo from Internet)

How to read Four Roses Distillery’s code… 🤗
09/10/2025

How to read Four Roses Distillery’s code… 🤗

2021 တုန်းက 3 သိန်းခွဲ… 🥺
08/10/2025

2021 တုန်းက 3 သိန်းခွဲ… 🥺

ဒီတစ်ခေါက်မှာတော့ ယမကာတစ်ခုရဲ့ aroma တွေ၊ taste တွေ၊ အနံ့အရသာအကြောင်းတွေ မပြောပဲနဲ့ အဲ့ယမကာတစ်ခုကို ဘာကြောင့်သုံးဆောင်သင့်လည်းဆိုတာ ရေးချင်ပါတယ်ခင်ဗျာ။

Ballantine’s 30

Ballantine ဆိုတာ ကမ္ဘာမှာ ဒုတိယရောင်းအားအကောင်းဆုံး brand ပါ။ Europe နှင့် Asia မှာဆို Ballantine’s ကို အဆင့် ၁ လို့တောင် ပြောကြပါတယ်။ အဲ့လို brand power ရှိပြီးသားဖြစ်တဲ့ Ballentine ရဲ့ နှစ် ၃၀ သက်တမ်းရှိတဲ့ ဝီစကီကို ဘာကြောင့်သုံးဆောင်သင့်တယ်ဆိုတာလေး ဖတ်ကြည့်ပါခင်ဗျာ။

(1) Celebration

ကိုယ့်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုရလိုက်တယ်။ အဲ့အောင်မြင်မှုအတွက် ဆုချတဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ celebrate လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ အောင်ပွဲခံတဲ့အနေနဲ့ ယမကာတစ်ခုကိုရွေးချယ်မယ်ဆိုရင် Ballantine’s 30 ကိုစဉ်းစားသင့်ပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုဟာ သာမန်အောင်မြင်မှုမျိုး မဟုတ်ဘူးဆိုရင်၊ အဲ့အောင်မြင်မှုနဲ့ လိုက်ဖက်တဲ့ ယမကာဟာလည်း လူတိုင်းသုံးဆောင်ဖူးတဲ့ သာမန်ယမကာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်ကိုယ်တိုင်တောင် မသုံးဆောင်ဖူးသေးတဲ့ သာမန်ထက်ပိုတဲ့ယမကာကောင်းတစ်ခုဟာ အောင်မြင်မှုကြောင့်ရတဲ့ ပျော်ရွှင်မှုတွေကို ပိုပြီးနှစ်သက်ပျော်ရွှင်နိုင်အောင် ဖန်တီးပေးပါလိမ့်မယ်ခင်ဗျာ။ Celebrate လုပ်တဲ့နေ့မှပဲ aroma တွေ၊ taste တွေ၊ အနံ့အရသာတွေကို ကောင်းကောင်းကြီးခံစားနိုင်ဖို့ အခုချိန်မှာ အဲ့အကြောင်းတွေ ထည့်မရေးထားပါဘူးခင်ဗျာ။ (Ballantine’s 30 ကိုရေခဲမထည့်ပဲ၊ သာမန်အပူချိန်မှာရှိတဲ့ရေသန့်နှင့်၊ whisky ၁ ဆ ရေ ၁ ဆ (သို့) whisky ၂ ဆ ရေ ၁ ဆ ရောစပ်သုံးဆောင်မယ်ဆိုရင် အပေါ်လွင်ဆုံးအနံ့အရသာများကို ခံစားနိုင်မှာပါခင်ဗျာ)

(2) Rare

“Something to be great, it must be rare” ဆိုတဲ့ Jaguar ကားကုမ္ပဏီရဲ့ စကားအတိုင်းပါပဲ။ သာမန်ထက် ထူးခြားကောင်းမွန်တဲ့ ယမကာတစ်ခုဟာ အလွယ်တကူတော့ မရနိုင်ပါဘူး။ Ballantine’s 30 ဟာ လူတကာသုံးဆောင်နေတဲ့ / distillery တိုင်း ထည့်ရောစပ် blend နိုင်နေတဲ့ ဝီစကီမျိုး မဟုတ်ပါဘူး။ Ballantine’s 30 ထဲမှာ ပါဝင်ရောစပ် blend ထားတဲ့ အချို့ဝီစကီတွေဟာ တကယ့်ရှားပါးဝီစကီတွေပါ။ Ballantine’s 30 ကို ကမ္ဘာပေါ်ကနေပျောက်ကွယ်သွားပြီဖြစ်တဲ့ distilleries တွေကနေရခဲ့သော အရမ်းရှားပါးသည့် ဝီစကီတွေနဲ့ ရောစပ်ဖန်တီးထားတာပါခင်ဗျာ။

(3) Aged 30 Years

စျေးကြီးတယ်၊ ရှားတယ်၊ extraordinary ဖြစ်တယ်၊ တကယ်လည်း ထူးခြားကောင်းမွန်လှပါတယ်ဆိုပေမယ့် သက်တမ်းမပါတဲ့ NAS ဝီစကီတွေ မြင်ဘူးကြမှာပါ။ Age Statement မပါလို့ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် Age Statement ပါတာက ပိုမိုက်တယ်ဆိုတာတော့ လက်ခံရမှာပါ။
Ballantine’s 30 က Age Statement ပါတဲ့အပြင် 30 Years ဆိုတော့ မြင်တာနဲ့ ရှိန်စေမှာပါခင်ဗျာ။

(4) Older than you?

ကိုယ့်အသက်ထက်ကြီးတဲ့ ယမကာတစ်ခုကို သုံးဆောင်ဖူးပါတယ်ဆိုတဲ့ စကားလေးပြောနိုင်ဖို့ လက်တွေ့မှာ မလွယ်ကူလှပါဘူး။
စျေးကွက်ထဲမှာ အများစုတွေ့ရတာက ၁၂ နှစ်၊ ၁၅ နှစ်၊ ၁၈ နှစ် သက်တမ်း ဝီစကီတွေပါ။ Legal drinking age က ၁၈ နှစ်မှ စတာပါ။ တချို့နေရာတွေဆို ၂၁ နှစ်မှ ယမကာသုံးဆောင်ခွင့်ရှိတာပါ။
၂၁ နှစ်ပြည့်လို့ ၂၅ နှစ်သက်တမ်းဝီစကီသုံးဆောင်မယ်ဆိုပြီး တေးထားလိုက်တာ ၂၅ နှစ်ကျော်သွားရင် ကိုယ့်ထက်အသက်ကြီးတဲ့ ဝီစကီလို့ ခေါ်လို့မရပြန်ပါဘူး။ ကိုယ့်အသက်ကြီးလာတာနှင့်အမျှ ကိုယ့်ထက်ကြီးတဲ့ ဝီစကီရဲ့ သက်တမ်းဟာလည်း မြင့်လာမှာပါ။ အသက် ၅၀ မှ ကိုယ့်အသက်ထက်ကြီးတဲ့ ဝီစကီသုံးဆောင်ဖို့ဆိုတာ တော်တော်ကို မလွယ်ပါဘူး။

အဲ့တော့ ကိုယ့်အသက်ထက်ကြီးတဲ့ ယမကာတစ်ခုကို သုံးဆောင်ဖူးပါတယ်ဆိုတဲ့ စကားလေးပြောနိုင်ဖို့အတွက်က ၂၅ နှစ်သက်တမ်းနှင့် ၃၀ နှစ်သက်တမ်း ယမကာတွေဟာ အကောင်းဆုံး အချိန်ပါပဲ။ ဒီထက်ပိုကြီးလာရင် ယမကာရဲ့စျေးက ပိုများလာမှာဖြစ်တဲ့အတွက် ၃၀ မကျော်သေးတဲ့သူတွေအတွက်တော့ Ballantine’s 30 က ကျွန်တော် recommend အပေးဆုံးပါပဲ။

(၁၈ နှစ်ပြည့်တဲ့အချိန်မှာ ၂၁ နှစ်သက်တမ်း သုံးဆောင်ဖူးတယ်ဆိုလည်း ဂုဏ်ယူလိုက်ပါခင်ဗျာ)

(5) Finish

အရသာအကြောင်းမရေးဘူးဆိုပေမယ့် ဒီတစ်ခုတော့ ပြောပါရစေခင်ဗျာ။
တန်ဖိုးကြီး / သက်တမ်းရင့် ဝီစကီသုံးဆောင်ဖူးတဲ့သူတွေ ပြောတတ်တာရှိပါတယ်။ ဝင်လို့ဝင်သွားမှန်းတောင်မသိလိုက်ဘူး၊ အရသာကပေါ့ပျက်ပျက်နဲ့၊ စသည်ဖြင့် ပြောတတ်ကြပါတယ်။ အဲ့လိုလူတွေအတွက် Ballantine’s 30 ကိုသုံးဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။
ဘာလို့လဲဆိုတော့ Ballantine ရဲ့ ထုံးစံအတိုင်း Finish ကတော့ ပိုင်ပြီးသားပါ။ သူ့ရဲ့ finish က ညက်ညောပေမယ့် ရှည်ကြာပါတယ်။ အဆုံးသတ်လေးက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ နူးနူးညံ့ညံ့ ပျောက်ကွယ်သွားတာဖြစ်လို့ ပထမတစ်ငုံပြီးရင် ဒုတိယတစ်ငုံကို ချက်ချင်းသောက်မိစေမှာ မဟုတ်ပါဘူးခင်ဗျာ။

Price - ၃ သိန်းခွဲဝန်းကျင်

နိဂုံးချုပ်ရရင် သာမန်အချိန်မှာတော့ သာမန်ယမကာကိုပဲ သုံးဆောင်စေချင်ပါတယ်။
တန်ဖိုးကြီးဝီစကီတွေကို အမြဲသုံးဆောင်လေ့ရှိတဲ့သူတွေအနေနဲ့ ညက်ညောမှုရဲ့ အရသာပေါ့တာကို မခံစားချင်ဘူးဆိုရင် Ballantine’s 30 ကို စမ်းကြည့်စေချင်ပါတယ်။
ကိုယ့်ကိုယ်ကိုဆုချသင့်တဲ့အချိန် / သာမန်ထက်ပိုတဲ့ celebration လုပ်ရမည့်အချိန်ဆိုရင်တော့ Ballantine’s 30 ဟာ ရွေးချယ်သင့်တဲ့ ယမကာကောင်းတစ်ခုပါ။
Celebration လုပ်ရမည့်အချိန်မှာ အသက် ၃၀ လည်း မပြည့်သေးဘူးဆိုရင်တော့ ကျွန်တော့်အမြင်အရ Ballantine’s 30 ကို ရွေးကိုရွေးပါလို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

Note - Whisky နဲ့ ပက်သက်ပြီး ပစ္စည်းအတုအစစ် ကျွန်တော်ကြည့်ရုံနဲ့ မခွဲတတ်ပါဘူးခင်ဗျာ။
ကျွန်တော် whisky ကို နိုင်ငံခြားကလူကြုံနဲ့ duty free ပဲ ဝယ်လေ့ရှိခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာ ဒေါ်လာစျေးအရကော၊ အခြေအနေအရကော၊ duty free မှာဖို့က ခက်ခဲနေတဲ့အပြင် မတန်တော့ပါဘူး။
မြန်မာပြည်မှာ တချို့ brand တွေက official သွင်းတဲ့ ကိုယ်စားလှယ်ကုမ္ပဏီ ရှိပါတယ်။ ဥပမာ Pernod Ricard ဆိုရင် ဒီမှာ တရားဝင်ကိုယ်စားလှယ် ရှိပါတယ်။ အဲ့တော့ Chivas တို့ Ballantine တို့ဆိုရင် Pernod Ricard ရဲ့ တရားဝင်ကိုယ်စားလှယ်နဲ့ သွင်းထားတဲ့အလုံးဆို စိတ်ချရမယ်လို့ ယူဆလို့ရပါတယ်။ Million Mart မှာ PR Sticker ပါတာတွေက official အလုံးတွေပါ။ ဒီမြန်မာမှာ ပစ္စည်းစိတ်အချရဆုံးဆို အဲ့လိုအလုံးတွေကိုပဲ ကျွန်တော် ညွှန်ပေးနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း စမ်းဝယ်ကြည့်တာ အဆင်ပြေပါတယ်ခင်ဗျာ။
(Million Mart မှာ Chivas / Ballantine အပြင် တခြား တရားဝင်ကိုယ်စားလှယ်နဲ့သွင်းတဲ့ brand တွေလည်း ရှိပါသေးတယ်။ တရားဝင်ကိုယ်စားလှယ်မရှိတဲ့ အလုံးတွေ၊ brand တွေကိုတော့ ကျွန်တော်မသိပါဘူးခင်ဗျာ။ တရားဝင်ကိုယ်စားလှယ်ကသွင်းတဲ့အလုံးတွေကို တခြား liquor store တွေမှာလည်း ရနိုင်ပါသေးတယ်၊ ကျွန်တော်ဆိုင်တွေမသိလို့ပါခင်ဗျာ)

ဒီ Page က ယမကာ/ဝိုင်/ဘီယာ ဘာတစ်ခုမှ မရောင်းပါဘူး ခင်ဗျာ။

Thank You 😊

ြောင်း


(Photo from Internet)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Spirits & Wine Info Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Spirits & Wine Info Myanmar:

Share

About Spirits & Wine Info Myanmar

Liquor / Spirits / Wine / Whisky တွေရဲ့အကြောင်းတွေ၊ Review တွေကို အချိန်ရရင်ရသလို တင်ပေးသွားမှာပါ။ Page ရဲ့အဓိကရည်ရွယ်ချက်က ကျွန်တော်လေ့လာသိရှိထားတဲ့ Informations တွေကို ပြန်လည်မျှဝေပေးချင်တာပါ။ မြန်မာမှာက သောက်တဲ့သူများသလောက် Liquor အကြောင်းသိတဲ့သူနည်းလှပါတယ်။ အဲ့တာကြောင့် Liquor နဲ့ဆိုင်တဲ့ ဗဟုသုတတွေကို sharing လုပ်ရင်း ဗဟုသုတဖလှယ်ချင်တာပါ။ ကျွန်တော့်ဘက်ကလွဲနေတာ လိုနေတာတွေများရှိရင် ပြောပြပေးနိုင်ပါတယ်။ ဒီ Page က ကိုယ်ပိုင်ထောင်ထားတဲ့ Page လေးပါ။ Sponsor ယူထားချင်း လုံးဝမရှိသလို အရက်ဘီယာလည်း မရောင်းပါဘူး။ မိမိအမြင် ဗဟုသုတတွေကို လွတ်လပ်စွာ share ဖို့သက်သက်သာဖြစ်ပါတယ်ခင်ဗျာ။ ကျေးဇူးပါခင်ဗျာ။