Lucky Japanese Used Cars Direct Import Sales

Lucky Japanese Used Cars Direct Import Sales Car Selling in Measot Freezone Viber +959968784204 Thai +66963264589

9.7.24 မနက်ဖြန့် လေလံကား စိတ်ဝင်စားတဲ့ဘောစိများ ကားဈေးပေးချင်ပါက တိကျမှန်ကန်စွာ ဆောက်ရွက်ပေးပါသည်။Contact - Cb & Viber 🇲...
08/07/2024

9.7.24 မနက်ဖြန့် လေလံကား စိတ်ဝင်စားတဲ့ဘောစိများ ကားဈေးပေးချင်ပါက တိကျမှန်ကန်စွာ ဆောက်ရွက်ပေးပါသည်။

Contact - Cb & Viber 🇲🇲Ph-09968784204

ထိုင်းဖုန်း-🇹🇭 0963264589

တရားမဝင်ဈေးကွက်မှာ နှလုံးတစ်ခုက ဒေါ်လာ ၁၉၀၀၀၀ နဲ့ ၂၃၀၀၀၀ ကြားရှိတယ် ။ကျောက်ကပ်တစ်ခုကို ဒေါ်လာ ၅၀၀၀ ကနေ ၁၂၀၀၀ ကြား အဆုပ်တ...
22/05/2024

တရားမဝင်ဈေးကွက်မှာ နှလုံးတစ်ခုက ဒေါ်လာ ၁၉၀၀၀၀ နဲ့ ၂၃၀၀၀၀ ကြားရှိတယ် ။ကျောက်ကပ်တစ်ခုကို ဒေါ်လာ ၅၀၀၀ ကနေ ၁၂၀၀၀ ကြား အဆုပ်တစ်ဖက်ကို ၁၅၀၀၀၀ နဲ့ ၂၉၀၀၀၀ ကြား အသည်းဆို ဒေါ်လာ ၉၉၀၀၀ နဲ့ ၁၄၅၀၀၀ ကြား မုန့်ချိုအိတ်က ၁၁၀၀၀၀ နဲ့ ၁၄၀၀၀၀ ကြား တန်ဖိုးရှိတယ် ။ ဒါ တရားမဝင်အောက်ဈေးလောကမှာ ။

တရားဝင် ဈေးကွက် ခွဲစိတ်ကုသမှုတွေက US မှာဆို ဒေါ်လာသန်းချီရှိတယ် ။

ကျန်းမာတာ ချမ်းသာတာပဲဆိုတာ အလကားပြောတာမဟုတ်ဘူး ။ ခင်ဗျားမြန်မာပြည်မှာနေနေတာ ။ တစ်သက်လုံး ရှာလို့ ဒေါ်လာ ၁ သိန်း ( လက်ရှိပေါက်ဈေး မြန်မာငွေ သိန်း ၄၀၀၀ ခန့် ) ရဖို့ဆိုတာ မလွယ်ကူဘူး ။

ဒါက အင်္ဂါအစိတ်အပိုင်းအချို့အတွက်ပဲပြောတာ ။ ခင်ဗျားရဲ့ ဦးနှောက် ၊ မျက်လုံး ၊ လျှာ ၊ အာရုံကျော ၊ အရိုးတွေ အရေပြားတွေ ၊ အကုန်လုံးကို တန်ဖိုးသင့်လိုက်ရင် ဒေါ်လာ ၂၅ သန်းလောက်ထွက်တယ်လို့ပြောတယ် ၊ လူ့ခန္တာကိုယ်တစ်ခုက အဲ့လောက်တန်ဖိုးရှိတယ် ။

ပိုက်ဆံ သိန်းတစ်သောင်းလောက်ချမ်းသာတဲ့သူဌေးတစ်ယောက် ဆေးတွေမဆင်မခြင်သောက်ပြီး သို့မဟုတ် ဆီးချိုကို သေချာမထိန်းမိလိုက်လို့ ကျောက်ကပ်ပျက်ကြည့် ၊သူချမ်းသာသမျှဟာ သူ့ဆေးဖိုးနဲ့တင် ပြန်မွဲသွားလိမ့်မယ် ၊ ကျမ်းမာတာက ချမ်းသာတာပဲ ။

ဘယ်လောက်ချမ်းသာချမ်းသာ ဘာမှမစားနိုင်ရင် ၊ အပူအအေးကို အရသာမခံစားနိုင်ရင် ဘယ်မှ မသွားနိုင်ရင် ငွေပုံပေါ်ထိုင်ပြီး ငရဲကျနေသလို ခံစားရမှာ ။

ဒီလိုပြောလို့ ချမ်းသာအောင်မလုပ်နဲ့ ကျန်းမာအောင်ပဲလုပ်လို့ ဆိုလိုတာမဟုတ်ဘူး ။ ကျန်းမာရေးဟာ ချမ်းသာဖို့ရော ချမ်းသာရင်ခံစားနိုင်ဖို့ရော ချမ်းသာပြီးမှ ကိုယ့်စည်းစိမ်တွေ မြန်မြန်‌ပြောင်မသွားစေဖို့ရော အရေးပါတယ်ဆိုတာကို သိစေချင်တာ ။

စိတ်ဖိစီးလို့ဆိုပြီး ဒေါ်လာ ၁၅၀၀၀၀ အောက်ထစ်တန်ဖိုးရှိတဲ့ အဆုပ်ကို ဆေးလိပ်သောက်ပြီး ဖျက်ဆီးနေတာတွေ ၊ ‌ဒေါ်လာ ၁ သိန်းလောက်တန်ဖိုးရှိတဲ့ အသည်းကို အရက်နဲ့ ဖျက်ဆီးနေတာတွေ ၊ ခဏတာ အကိုက်အခဲသက်သာအောင် ဒေါ်လာ ၁ သောင်း‌လောက်တန်ဖိုးရှိတဲ့ ကျောက်ကပ်ကို အကိုက်အခဲပျောက်ဆေးသောက်ပြီး ဖျက်ဆီးနေတာတွေဟာ တကယ့်ကို နှမြောစရာကောင်းတယ် ။

တကယ်လို့ ခင်ဗျားက အရင်က နေချင်သလိုနေ စားချင်သလိုစားခဲ့မိရင်တောင် အခုကစပြီး ကိုယ့်ရဲ့ကျန်းမာခြင်းတန်ဖိုးတွေကို သိလာရင် ကျန်းမာရေးကို ဦးစားပေးတဲ့ နေထိုင်မှုကို ပြောင်းလဲဖို့ အကြံပြုတိုက်တွန်းချင်တယ် ။

လမ်းလျှောက် ၊ ရေသောက် ၊ အဟာရမျှတအောင်စား ၊ အိပ်ရေးဝဝအိပ် ၊ ပေါက်ကရတွေလျှောက်စားလျှောက်သောက်တာတွေရပ် ၊ ဒေါ်လာ ၂၅ သန်းတန်ခန္တာကိုယ်ကို ကောင်းစွာတန်ဖိုးထား ထိန်းသိမ်းလိုက်ပါ ။

Credit

Crd

▪️အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။    အမှန်တော့ကြိုက်စရာပါအင်ဂျင်ချိန်းကားကို_အများစု_ဘာလို့_စိုးရိမ်ကြောင့်က...
15/05/2024

▪️အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။ အမှန်တော့ကြိုက်စရာပါ

အင်ဂျင်ချိန်းကားကို_အများစု_ဘာလို့_စိုးရိမ်ကြောင့်ကြ_ပါသလဲ ဆွေးနွေးကြည့်ရအောင်
============================

◾ နည်းပညာအရ လက်တွေ့ကျကျပြောရရင် အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။ အမှန်တော့ကြိုက်စရာပါ ။

◾ သေသေချာချာ ထဲထဲဝင်ဝင် မသိကြလို့ပါ

◾ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လူအများစု လက်လှမ်းမှီနိုင်တဲ့ ကားအများစုဟာ 2010 အောက်ကားတွေပါ ။ ဆယ်စုနှစ်တစ်ခု‌ကျော် အသုံးပြုပြီးသားအင်ဂျင်အဟောင်းတွေအများစုဟာ ဘာမှပြန်လည်ပြုပြင်မှု မလုပ်ထားဘဲ ကောင်းမွန်တဲ့‌အနေအထားမှာ လုံးဝမရှိနိုင်ပါဘူး။

◾အင်ဂျင်တစ်လုံးမှာ ပျက်စီးတဲ့အထိ သုံးလို့ရတဲ့ အစိတ်အပိုင်းတွေပါရှိသလို မပျက်ပေမယ့် အသုံးပြုနိုင်တဲ့ သက်တမ်းပြည့်သွားပြီဆိုတာနဲ့ လဲလှယ်ပေးရမယ့်အစိတ်အပိုင်းတွေ အများကြီးပါဝင်ပါတယ်

( ဥပမာ- Connecting Bearing, Main Bearing, Piston Ring, Timing Chain Kit, Valve seat, Valve , နောက်ထပ်လဲ အများကြီးရှိပါတယ် ) အစရှိသဖြင့်ပေါ့။

▪️ ဒါပေမယ့် ဒီမှာကတော့ ဘယ်အရာဘဲ ဖြစ်ဖြစ် မပျက်မခြင်းသုံးကြပါတယ် ၊ ဘယ်တော့မှ သတ်မှတ်ချက်အတိုင်း မလဲလှယ်ကြပါဘူး။ အဆိုးဆုံးက အရည်အသွေးမပြည့်မီတဲ့ စက်ဆီ ချောဆီတွေကြောင့် အင်ဂျင်အများစု ပျက်စီးကြရပါတယ်။ ဒါကြောင့် ပျက်စီးပြီဆိုရင် ပြင်လို့ရတဲ့ အနေအထားထက် အသစ်ဝယ်တင်ကြရတဲ့ အနေအထားတွေက များပါတယ်။

▪️ ဒါကြောင့် ဆယ်စုနှစ်တစ်ခုကျော် ဖြစ်သလိုအသုံးပြုထားတဲ့ Original အင်ဂျင်နဲ့ကားထက် အင်ဂျင်အသစ်ပြောင်းတင်ပြီးသားကားက ပိုသာပိုကောင်းပါတယ်။

▪️ ကဲဟုတ်ပြီ အသစ်ဝယ်တင်ကြပြီဆိုပါစို့ ။ ဒီမှာပြဿနာက စပါပြီ။ ကားအမျိုးအစားတူ မော်ဒယ်တူ အင်ဂျင်ပါဝါတူ တစ်ပုံစံထဲ ရခဲ့ရင်တော့ဘာပြဿနာမှမရှိနိုင်ပေမယ့် အမျိုးအမည်တူ_ပါဝါတူ ပေမယ့် ကားအမျိုးအစားခြင်းမတူခဲ့ရင်( ဥပမာ။ ။ 1kz ဟာ prado KZJ-95 မှာလဲလာသလို Hiace အပြင် Hilux-Surf မှာလဲလာပါတယ်။) အနည်းအကျဉ်း guideတော့ ပြဿနာလေးတွေရှိတတ်ကြပါတယ်။

▪️စာရှည်သွားမှာစိုးလို့ အသေးစိတ်မပြောတော့ဘဲ တွေ့ရအများဆုံးနဲ့ အများစု ဒွိဟ သံသယ ဖြစ်နေကြ ကြောက်နေကြတဲ့ ကားနှစ်မျိုးကို ဥပမာ ထားပြီး ပြောပြပေးပါမယ်။

▪️No.1 Toyota Probox
1.3 to 1.5 ( 2nz to 1nz )

▪️ ဒီကိစ္စကတော့အများစုသိကြတဲ့ကိစ္စပါ ။ Probox မှာ 1.3 ကို 1.5 ချိန်းရင် အများစုကြောက်ကြတယ်၊ ဘာလို့ကြောက်တာလဲမေးရင် ဝါးတားတားနဲ့ သေချာ မဖြေနိုင်ကြဘူး။

▪️1. တစ်ချို့က ဂီယာဆောင့်လို့ ဂီယာချိန်းမမှန်လို့ ပြောတဲ့သူကပြောတယ်

▪️2. တစ်ချို့က အင်ဂျင်တုန်လွန်းလို့ အင်ဂျင်သံမမှန်လို့ ပြောတဲ့သူကပြောကြတယ်

▪️3. တစ်ချို့က အဲကွန်းပျောက်ပြီးဖွင့်မရဘဲ ဖြစ်ဖြစ်သွားတတ်လို့ ဆိုပြီးပြောကြတယ်

▪️4. တစ်ချို့ကလဲ ကားမခံနိုင်ဘူး ပြိုသွားလိမ့်မယ် 1.3 ကားကသံသားပါးတယ်ဆိုပြီး ဘောင်မဝင်တန်းမဝင်တဲ့ ပညာမဲ့ စကားတွေတောင်ကြားရတတ်သေးတယ်။ အဲ့လိုလူတွေ တစ်ခါတည်း မှတ်ထားပါ NCP-50 , 51, 55, 58 ကားအားလုံးရဲ့ Curb weight ဟာ 1030 kg တစ်သမတ်ထဲပါ၊ ဟိုကားက ပါးလို့ 1000 ဘဲရှိတယ် ဒီကားက ထူလို့ 1050 ရှိတယ်ဆိုပြီး လုံးဝမကွဲပါ။ ဟုတ်ပြီ ဘာတွေဘဲ ပြောပြော မသိလို့ပြောကြတာဘဲ ရှိစေတော့။

▪️ အဓိက အကြောင်းစပြောပါမယ် ။ 1.3 ကို 1.5 ချိန်းရင် ( 2nz to 1nz ) ပြဿနာ တစ်ကယ်ဘဲ ရှိသလား ?

▪️ ဟုတ်ကဲ့ပါ ။ နည်းစနစ်မမှန်တဲ့ချိန်းပုံမျိုးက ပြဿနာ တစ်ကယ်ရှိပါတယ်။ ဒါဆို နည်းစနစ်မမှန်တဲ့ချိန်းပုံကဘာလဲ ? ဘယ်လိုပြဿနာတွေ ရှိလဲ ?

▪️ နည်းစနစ်မမှန်တဲ့ချိန်းပုံဆိုတာ အင်ဂျင်ပျက်စီးတယ် ဆိုပါစို့၊ အင်ဂျင်ဘဲ ချိန်းလိုက်တယ် ကျန်တာဘာမှ မလုပ်ဘူး ဂီယာဘောက်မချိန်းဘူး ECU မချိန်းဘူး ဝါယာရိန်းမစစ်ဘူး ကုန်ကျစရိတ်သက်သာအောင်လို့

ကဲစပြီလေ ပြဿနာက 1nz နဲ့ 2nz က အင်ဂျင်ခြင်းမှမတူတာ ( တပ်ဆင်လို့ရပုံခြင်းတူတာပါ )ဂီယာဆောင့်မယ် ဂီယာချိန်းနောက်ကျမယ် အဲကွန်းပျောက်မယ် ဆီပိုစားမယ် ရံဖန်ရံခါ chack မီးလင်းမယ် ဖြစ်မှာပေါ့ ကားတစ်စီးလုံးရဲ့စနစ်ကို ထိန်းချုပ်ထားတဲ့ ECU က 2nz အတွက်ထုတ်လုပ်ထားတဲ့ ECU လေ 2nz ECU နဲ့ 1nz အင်ဂျင်ကို ထိန်းချုပ်ခိုင်းမှတော့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေရနိုင်ပါဦးမလား ? Input sensors တွေက လာတဲ့ signal အတိုင်း output ကို ပြန်ထုတ်ပေးရမှာ input တွေမှားနေမှတော့ output ကဘယ်လိုမှန်ပါဦးမလဲ ၊ စာရှည်တဲ့အတွက် အသေးစိတ်မပြောတော့ဘူး ၊ ဖြေရှင်းနည်းဘဲ ပြောမယ်။

▪️ အင်ဂျင်ချိန်းချင်တယ်မလား နည်းစနစ်မှန်အောင်ချိန်းပါ ငါးတစ်ပိုင်း မလုပ်နဲ့ 2nz ကနေ 1nz အင်ဂျင်ချိန်းမယ်ဆို 1nz gearbox, 1nz ECU , 1nz ကြိုးထုပ် အစုံလိုက်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းလုပ်မယ်ဆိုရင်တော့ Professional Skill လိုပါတယ် ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိဘဲရမယ် အဲ့အချိန်ကျော်လွန်လာရင် ပြဿနာတွေ စလာမယ်။ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဖားတစ်ပိုင်းနည်းစနစ်မမှန်အောင်လုပ်ထားပြီး ရလဒ်ကို အမှန်လိုချင်လို့တော့မဖြစ်နိုင်ပါဘူး။

▪️ ထပ်ပြောပါမယ် နည်းစနစ်မှန်အောင်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး။ ကြောက်စရာလဲ မလိုဘူး။ ကြောက်ရမယ့်အကြောင်းလဲ မဟုတ်ဘူး ၊ ၊ ဖြစ်နေတာက အင်ဂျင်ချိန်းခြင်းပြဿနာမဟုတ်ပါဘူး ။ မသိကြတဲ့ နားမလည်ကြတဲ့ ပြဿနာပါ၊ ယောင်ဝါးဝါးတွေက တွေ့ကရာတွေ လျှောက်ပြော ယုံတဲ့သူကလဲ ယုံ ဆိုတော့ အဲ့ဒါကမှ ပြဿနာအစစ်ပါ။

▪️ လေ့လာကြပါ ၊ ကိုယ်တိုင်မသိရင် တစ်ကယ်သိတဲ့ကြိုက်ရမယ့်အကြောင်းနားလည်တဲ့ သူကို စစ်ဆေးခိုင်းပါ၊ တိုင်ပင်ပါ ။ ငကန်းပြောတဲ့ တစ္ဆေကြီးအကြောင်း ယုံနေသမျှတော့ ယုံနေသူတိုင်း

▪️စာရှည်နေပြီ နောက်ထပ်အသုံးများကြတဲ့ ကားတစ်စီးရဲ့ ဥပမာနဲ့ အဆုံးသတ်ပါမယ်။မြင်လျှက်နဲ့ကန်းနေသူတွေပါဘဲ။

▪️ No.2 Nissan AD Van▪️


AD Van မှာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတစ်ခုရှိပါတယ် အဲ့ဒါကတော့ gearbox အမှားချိန်းတဲ့ပြဿနာပါ
▪️ နွားကြီး 1.3 လို့အသိများကြတဲ့ AD Van မှာတော့ -12DE engine နဲ့ လာပြီး 1.5 ကတော့ HR-15 DE ဖြစ်သွားပြီး 1.8 ဆိုရင်တော့ MR-18 DE ဖြစ်သွားတဲ့အတွက် Probox လို ဖားတစ်ပိုင်းငါးတစ်ပိုင်း လုပ်လို့မရပါ။

▪️ သို့သော် AD Van ခြင်းအင်ဂျင်ဂီယာမမှားနိုင်ပေမယ့် ကားခြင်းမတူရင် ဂီယာဘောက်မှာ မှားပါမယ် ။ Nissan March မှာလဲ CR-12DE အင်ဂျင်ပါ။ဒါဆိုတော့ AD Van 1.3 ကို ဂီယာဘောက်လဲမယ်ဆိုပါစို့ ၊ ဆိုင်မှာဂီယာဘောက်သွားဝယ်ပြီ၊ CR-12DE အင်ဂျင်ဘဲ ဒါပေမယ့် Nissan March ကဖြုတ်တဲ့အင်ဂျင်လား AD Van ကCRဖြုတ်တဲ့အင်ဂျင်လား ခွဲသိမှ ဂီယာဘောက်အမှန်ကိုရပါမယ် ( ရောင်းတဲ့သူအများစု မခွဲတတ်ကြပါဘူး ) ဘာကြောင့်လဲဆိုတော့ မတူတာတစ်ခုဘဲရှိပါတယ် ကျန်တာအားလုံးအတူတူပါ ။

▪️ အဲ့ဒီမတူတာက Nissan March ကဖြုတ်တဲ့ အင်ဂျင်ဂီယာဆိုရင် revolution sensor ပါပြီးတော့ AD Van ကဖြုတ်တဲ့ အတွဲမှာ Revolution sensor မပါပါဘူး။ ဒါကိုကြည့်ပြီး ခွဲရပါတယ်။ ဒီလိုဆိုတော့ Ad van မှာ March ကဖြုတ်တဲ့ CR-12DE ကိုတင်ရင် ဂီယာဘောက်မှာ sensor တစ်ခုပိုပါနေပြီး ကားရဲ့ ကြိုးထုပ်မှာ တပ်စရာ ဆော့ကဒ်မရှိဖြစ်နေပါလိမ့်မယ်။ AD Vanမှာ ပြဿနာသိပ်မရှိပေမယ့် March မှာ ad ကဖြုတ်ထားတဲ့ အတွဲကိုတင်မိရင်တော့ဂီယာဘောက်မှာ revolution sensor မပါတဲ့အတွက် ဒိုင်ခွက်မှာ RPM တက်မှာမဟုတ်ပါဘူး။

▪️ ဒါကြောင့် အင်ဂျင်ဘဲ ချိန်းချိန်း ဂီယာဘောက်ဘဲ ချိန်းချိန်း နည်းစနစ်တစ်ကျ မှန်ကန်စွာ ချိန်းကြပါလို့ ပြောချင်ပါတယ်။

▪️ စနစ်တကျ မှန်ကန်စွာ ချိန်းထားတဲ့ ကားတစ်စီးမှာ ဘာပြဿနာ မှ မရှိပါ ခင်ဗျာ။

▪️ အင်ဂျင်ချိန်း ဂီယာဘောက်ချိန်း ကားတစ်စီးဟာ ကြောက်စရာ လုံးဝမဟုတ်ပါ။ ကြိုက်စရာသာ ဖြစ်ပါတယ် ခင်ဗျာ။

▪️ အမှန်တစ်ကယ် ကြောက်စရာကတော့ တတ်ယောင်ကား စမ်းတဝါးဝါး တွေကို ဆရာတင်ပြီး ယုံလွယ်အားကိုး မိခြင်းသာ ဖြစ်ပါကြောင်း ......
ကားအသုံးပြုသူ ယာဉ်ပိုင်ရှင်များ အတွက် မေတ္တာ ရှေ့ထားပြီး အမုန်းခံ ပြောပြလိုက်ပါရစေ။


မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။

26.3.2024 လေလံ 4️⃣4️⃣ ဂိတ် 🏞️မြန်မာပြည်နေရာအနှံ အာမခံဖြင့် ကား ပို့ဆောင်သည်🏞️🚎🚙🚗🌍ဘတ်ငွေဈေး အတက်⬆️ အကျ⬇️ ပေါ် မူတည်ပြီး ဘ...
25/03/2024

26.3.2024 လေလံ 4️⃣4️⃣ ဂိတ် 🏞️မြန်မာပြည်နေရာအနှံ အာမခံဖြင့် ကား ပို့ဆောင်သည်🏞️🚎🚙🚗

🌍ဘတ်ငွေဈေး အတက်⬆️ အကျ⬇️ ပေါ် မူတည်ပြီး ဘတ်ဈေးနှုန်း အပြောင်းအလဲရှိသည်🌍

💁‍♂️ဈေးနဲ့ပုံအစုံကို Cb 🙂တွင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်🙋‍♂️

☎️🇲🇲Ph-09968784204 🇹🇭0963264589 ☎️
🧔Email [email protected]🧔
🌆Location- Maesot.Tak.Thailand 🌆

‼️🇲🇲‼️🇹🇭‼️🇯🇵‼️🇹🇭‼️🇺🇸‼️🇹🇭‼️🇦🇪‼️🇹🇭

💥page Link -https://www.facebook.com/profile.php?id=100063713689493&mibextid=uzlsIk 💥

💥Telegram Link- https://t.me/Min00thi 💥

💥Viber Link- https://invite.viber.com/?g2=AQAZRAisDMDT%2B1JxWJwfdHWjM3SsdDXtShfEBC1uU3If8nIf9Qr8fKSgKP2tTrDw 💥

💥Line Link- https://line.me/ti/p/zcqd09ngK1 💥

💥Tiktok Link - https://www.tiktok.com/?_t=8k3ceOMDFmj&_r=1 💥

12.3.24 လေလံ 44 ဂိတ်🏞️မြန်မာပြည်နေရာအနှံ အာမခံဖြင့် ပို့ဆောင်သည်🏞️🚎🚙🚗💁‍♂️ဈေးနဲ့ပုံအစုံကို Cb 🙂တွင် အသေးစိတ် ဆက်သွယ်မေးမြ...
11/03/2024

12.3.24 လေလံ 44 ဂိတ်

🏞️မြန်မာပြည်နေရာအနှံ အာမခံဖြင့် ပို့ဆောင်သည်🏞️🚎🚙🚗

💁‍♂️ဈေးနဲ့ပုံအစုံကို Cb 🙂တွင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်🙋‍♂️

☎️🇲🇲Ph-09968784204 🇹🇭0963264589 ☎️
🧔Email [email protected]🧔
🌆Location- Maesot.Tak.Thailand 🌆

‼️🇲🇲‼️🇹🇭‼️🇲🇲‼️🇹🇭‼️🇲🇲‼️🇹🇭‼️🇲🇲‼️🇹🇭‼️🇲🇲‼️

💥page Link -https://www.facebook.com/profile.php?id=100063713689493&mibextid=uzlsIk 💥

💥Telegram Link- https://t.me/Min00thi 💥

💥Viber Link- https://invite.viber.com/?g2=AQAZRAisDMDT%2B1JxWJwfdHWjM3SsdDXtShfEBC1uU3If8nIf9Qr8fKSgKP2tTrDw 💥

💥Line Link- https://line.me/ti/p/zcqd09ngK1 💥

💥Tiktok Link - https://www.tiktok.com/?_t=8k3ceOMDFmj&_r=1 💥

11.3.24 လေလံ 92 ဂိတ်🏞️မြန်မာပြည်နေရာအနှံ အာမခံဖြင့် ပို့ဆောင်သည်🏞️🚎🚙🚗💁‍♂️ဈေးနဲ့ပုံအစုံကို Cb 🙂တွင် အသေးစိတ် ဆက်သွယ်မေးမြ...
10/03/2024

11.3.24 လေလံ 92 ဂိတ်

🏞️မြန်မာပြည်နေရာအနှံ အာမခံဖြင့် ပို့ဆောင်သည်🏞️🚎🚙🚗

💁‍♂️ဈေးနဲ့ပုံအစုံကို Cb 🙂တွင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်🙋‍♂️

☎️🇲🇲Ph-09968784204 🇹🇭0963264589 ☎️
🧔Email [email protected]🧔
🌆Location- Maesot.Tak.Thailand 🌆

‼️🇲🇲‼️🇹🇭‼️🇲🇲‼️🇹🇭‼️🇲🇲‼️🇹🇭‼️🇲🇲‼️🇹🇭‼️🇲🇲‼️

💥page Link -https://www.facebook.com/profile.php?id=100063713689493&mibextid=uzlsIk 💥

💥Telegram Link- https://t.me/Min00thi 💥

💥Viber Link- https://invite.viber.com/?g2=AQAZRAisDMDT%2B1JxWJwfdHWjM3SsdDXtShfEBC1uU3If8nIf9Qr8fKSgKP2tTrDw 💥

💥Line Link- https://line.me/ti/p/zcqd09ngK1 💥

💥Tiktok Link - https://www.tiktok.com/?_t=8k3ceOMDFmj&_r=1 💥

24.2.24 လေလံ 44Gate လေလံနှိပ်မယ်ဆို စရံငွေ ဘတ်၁၀၀၀၀ ထည့်ပေးပါ။မြန်မာပြည်နေရာအနှံ အာမခံဖြင့်ပို့ဆောင်သည်။ဘတ်ငွေဈေးအတက်အကျ...
23/02/2024

24.2.24 လေလံ 44Gate လေလံနှိပ်မယ်ဆို စရံငွေ ဘတ်၁၀၀၀၀ ထည့်ပေးပါ။

မြန်မာပြည်နေရာအနှံ အာမခံဖြင့်ပို့ဆောင်သည်။

ဘတ်ငွေဈေးအတက်အကျပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိသည်။

ဈေးနဲ့ပုံအစုံကို Cbတွင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Contact -🇲🇲Ph-09968784204 🇹🇭Ph-0963264589
Email [email protected]
Location- Maesot.Tak.Thailand

page Link -https://www.facebook.com/profile.php?id=100063713689493&mibextid=uzlsIk

Telegram Link- https://t.me/Min00thi

Viber Link- https://invite.viber.com/?g2=AQAZRAisDMDT%2B1JxWJwfdHWjM3SsdDXtShfEBC1uU3If8nIf9Qr8fKSgKP2tTrDw

Line Link- https://line.me/ti/p/zcqd09ngK1

Tiktok Link - https://www.tiktok.com/?_t=8k3ceOMDFmj&_r=1

အလန်းလေး တစ်စီးရှိမယ် ဘောစိတို့ကားအတွင်းအပြင် အလွန်သန့်ပါတယ် ။ Engine / Gear / အောက်ပိုင်းရှယ်ဖြစ်ရမည် ။ကားတစ်ပြားဖိုး ထ...
21/02/2024

အလန်းလေး တစ်စီးရှိမယ် ဘောစိတို့

ကားအတွင်းအပြင် အလွန်သန့်ပါတယ် ။

Engine / Gear / အောက်ပိုင်းရှယ်ဖြစ်ရမည် ။

ကားတစ်ပြားဖိုး ထက်ထည့်စရာမလိုပါ

ပိုက်ဆံအကျေချေမှ ကားပို့ဆောင်ပေးသည် အလိမ်ခံရလို့ ပိုက်ဆံမစိုက်ပေးပါ

လေလံနှိပ်မယ်ဆို စရံငွေ ဘတ်၁၀၀၀၀ ထည့်ပေးပါ။

မြန်မာပြည်နေရာအနှံ အာမခံဖြင့်ပို့ဆောင်သည်။

ဘတ်ငွေဈေးအတက်အကျပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိသည်။

ဈေးနဲ့ပုံအစုံကို Cbတွင် အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Contact -🇲🇲Ph-09968784204 🇹🇭Ph-0963264589
Email [email protected]
Location- Maesot.Tak.Thailand

page Link -https://www.facebook.com/profile.php?id=100063713689493&mibextid=uzlsIk

Telegram Link- https://t.me/Min00thi

Viber Link- https://invite.viber.com/?g2=AQAZRAisDMDT%2B1JxWJwfdHWjM3SsdDXtShfEBC1uU3If8nIf9Qr8fKSgKP2tTrDw

Line Link- https://line.me/ti/p/zcqd09ngK1

Tiktok Link - https://www.tiktok.com/?_t=8k3ceOMDFmj&_r=1

ကမ်းပြီးကို ဈေးလှလှလေးနဲ့ပေးမယ် ပုံအစုံခနနေလာမယ်
20/02/2024

ကမ်းပြီးကို ဈေးလှလှလေးနဲ့ပေးမယ် ပုံအစုံခနနေလာမယ်

ကမ္ဘာပေါ်မှာ အကောင်းဆုံးကားများသည် ပွဲစားလက်ထဲက ကားဖြစ်ပြီး အညံဆုံးကားများသည် ကိုယ်ရောင်းချင်သော ကားများဖြစ်သည်
20/02/2024

ကမ္ဘာပေါ်မှာ အကောင်းဆုံးကားများသည် ပွဲစားလက်ထဲက ကားဖြစ်ပြီး အညံဆုံးကားများသည် ကိုယ်ရောင်းချင်သော ကားများဖြစ်သည်

ကားစီးသူတိုင်း မသိမဖြစ် နံပါတ်တစ် အောက်ပိုင်းပြစ်ချက် ၊ ဘယ်ဆွဲညာဆွဲ ကားကွေ့ရင်တစ်ဒုတ် တိုက်ရော့မိန်းလုံး ပြစ်ချက် ++++++...
20/02/2024

ကားစီးသူတိုင်း မသိမဖြစ် နံပါတ်တစ် အောက်ပိုင်းပြစ်ချက် ၊ ဘယ်ဆွဲညာဆွဲ ကားကွေ့ရင်တစ်ဒုတ် တိုက်ရော့မိန်းလုံး ပြစ်ချက်
++++++++++++++++++++++++++++++++
မဂ်လာပါ စက်ဆရာညီကိုများခင်ဗျ 🙏

ကားဆရာ နဲ့ ကားအောက်ပိုင်းဆိုတာ ခွဲခြားထားလို့မရပါဘူး။ ကားတစ်စီး အောက်ပိုင်းမကောင်းပါက ဘယ်လိုဖြစ်နိုင်သလဲဆိုရင် ထင်ရှားတဲ့ ဥပမာ တစ်ခုက " လူမှာလေဖြတ်နေသလိုပါဘဲ " ကားမှာလဲ အဲ့လိုပါဘဲ လုံးဝ မောင်းရတာ အဆင်မပြေတော့ဘူး ကျန်တဲ့ အစိတ်အပိုင်းတွေကောင်းပေမဲ့လည်း ၊ ဒါ့ကြောင့် ကျနော့်ညီကိုတွေအတွက် သိသလောက်ပြောရရင် ကိုရီးယား ၊ ဂျပန်တို့ ၊ စင်ကာပူတို့ ၊ အနောက်နိုင်ငံတွေမှာ အောက်ပိုင်းလုပ်တဲ့ ဝပ်ရှော့တွေက ပိုပြီးအလုပ်ဖြစ်တယ်။ အလုပ်ရဖို့ လွယ်ကူတယ် ၊ လုပ်ရတာလဲ အခက်အခဲမရှိ ၊ အလုပ်လဲ ပိုလုပ်ရတယ်။ သူတို့နိုင်ငံတွေမှာ အင်ဂျင်တွေ ၊ ဂီယာဘောက်တွေက မပြင်ဘဲ အလုံးချိန်း ကြတာများပါတယ်။ ဒါ့ကြောင့် ကျနော် အကြံပေးချင်တာက ကားပိုင်း (Automotive field) နဲ့ အလုပ်သွားလုပ်မဲ့ ညီကိုတွေ အဓိအားဖြင့် ကားအောက်ပိုင်းကို ကျွမ်းကျင်အောင်လေ့လာထားပါက အလုပ်ရဖို့ လွယ်ကူပါတယ်။ တခြားသော ဝါယာရိန်း ၊ ကွန်ထရိုးပိုင်းတွေမှာ သူနိုင်ငံသားတွေကိုဘဲ သုံးတာများကြတာက တကြောင်း ၊ ဘာသာစကားအခက်အခဲက တစ်ကြောင်း ( ဥပမာ အင်ဂျင်ကို ဂျပန်လို့ ဘယ်လိုပြောမလဲ ၊ ဆင်ဆာကို ဂျပန်လိုဘယ်လိုပြောမလဲ ၊ နှုတ်ခမ်းမွှေးတန်း (stabilizer) ကိုဂျပန်လို ဘယ်လိုပြောမလဲ) စသဖြင့်။ ကျနော် အခုဒီပို့စ်မှာ မျှဝေချင်တဲ့ အကြောင်းအရာလေးက မြန်မာအခေါ် (တိုက်ရော့နဲ့မိန်းလုံး) ဘယ်လောက်အရေးကြီးလဲ အဲ့ကောင်လေးတွေ မကောင်းရင် ကားမှာဘယ်လိုပြစ်ချက်လေးတွေ ကြုံတွေ့ရနိုင်လဲဆိုတာ မျှဝေချင်ပါတယ်။ အကျိုးရှိတယ်ဆိုရင် ပို့စ် like & share လုပ်ပေးသွားပါအုံးခင်ဗျ။

တိုက်ရော့ မိန်းလုံး (Tie rod & Tie rod end) ဆိုတာ ပြောရရင် အတွဲလိုက်ပါဘဲ။ မြန်မာတွေက စကားလုံးတွေကို တီထွင်တဲ့အခါမှာ အတော်လေး ဉာဏ်ရည်ဉာဏ်သွေး ထူးချွန်ပြောင်မြောက်တဲ့လူမျိုးဗျ။ ကိုယ့်လူမျိုးမို့လို့ ကိုယ်ပြောတာမဟုတ်ဘူး။ တိုက်ရော့ (ချည်နှောင်+ချောင်း/တံ) တစ်ခုနဲ့တစ်ခု တွဲဆက်ပြီး ဆွဲချုပ်ထားသော ချုပ်တန်းစသဖြင့် စကားအရှည်ကြီး မရေးတော့ဘဲ တိုက်ရော့လို့ရေးလိုက်ရင် အော်ကားအောက်ပိုင်းက ပစ္စည်းလေးဘဲလို့ မျက်စိထဲ တန်းမြင်တော့တာပါဘဲ။ စင်စစ် တိုက်ရော့ဆိုတာ အဂ်လိပ်စကားလုံးဗျ။ မြန်မာစကားလုံးကို မဟုတ်ဘူး။ နောက်ပြီး မိန်းလုံး ၊ မိန်းလုံးဆိုတာ တိုက်ရော့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး tie rod end လို့လည်း ခေါ်ပါတယ်။ အဲ့ဒီမှာ ၎င်း tie rod end ရဲ့ပုံစံက လုံးလုံးလေး မသိရင် ဗူးသီးနုနုလေးလိုလို ဂေါ်တဂါးသီးနုနုလေးလို ပုံစံနဲ့ အတော်လဲအရေးကြီးသမို့ မိန်းလုံးလို့ ခေါ်လိုက်တာပါဗျ။ ဒါ့ကြောင့် မဂ္ဂင်းနစ်ဘာသာရပ်ဟာ မြန်မာ + အဂ်လိပ် + မဂ္ဂင်းနစ် (စက်ဆရာဘာသာစကား) စသဖြင့် ဘာသာစကား ၃ မျိုးနဲ့ လေ့လာရမယ် ၊ လေ့လာနိုင်ရင် ပိုကောင်းတယ်။ Tie rod (တိုက်ရော့) မှာ inner နဲ့ outer tie rod ၂ မျိုးရှိတယ်။ Tie rod ဟာ Tie rod end (မိန်းလုံး) ကို ချိတ်ဆက်ထားပြီး မိန်းလုံးနဲ့ steering knuckle (စတီယာရင်တန်း) နဲ့ ချိတ်ဆက်ထားတယ်။ ဒါ့ကြောင့် ကားကွေ့လိုက်ရင် ကားအောက်ပိုင်းက တဒုတ်ဒုတ်နဲ့ အသံကြားနေရမယ် ၊ အဖြောင်းတိုင်းပုံမှန်မောင်းနေရင် ထိုအသံမကြားရဘူး။ ကွေ့လိုက်တော့မှာ ဘီးနားလောက်က ထုရိုက်သံလိုက် အသံမျိုးထွက်နေတာပါ။ အဓိက တိုက်ရော့တွေ ဆွဲမချုပ်နိုင်တော့ဘူး မိန်းလုံးတွေ ပျက်စီးနေပြီဆိုတဲ့ သဘောပါဘဲ။ ဒါ့အပြင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေစဥ် ဘရိတ်ဆောင့်အုပ်တာမျိုးဆိုရင် ကားက ဘယ်ညာ တစ်ဖတ်ဖတ်ကို ဆွဲနေတဲ့ ပြဿနာဖြစ်ပါတယ်။ ထိုဖြစ်ရပ်မျိုးကြုံရပါက ကားတာယာတွေ ဘက်မညီဘဲ စားသွားနိုင်ပါတယ်။ ကားအောက်ပိုင်းမှာ တိုက်ရော့ မိန်းလုံးက မကြာမကြာ လဲလှယ်ရတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ အောက်ပိုင်းစစ်ရင် ထိုအစိတ်အပိုင်းတွေကိုလဲ မဖြစ်မနေစစ်ရပါတယ်။ အရေးလဲကြီးသလို ကား safety အတွက်လဲ အရေးပါတဲ့ အစိတ်အပိုင်းတွေမို့ မဂ္ဂင်းနစ်တွေရဲ့ ပါးစပ်ဖျားမှာလဲ ထိုစကားလုံးတွေက မကြာကြာကြားနေရပါတယ်။ ဆရာကား " တိုက်ရော့နဲ့မိန်းလုံး တွေသိပ်မကောင်းတော့ဘူးနော် ၊ မကြာခင်လဲရတော့မယ်ဗျ "

ဘဝတူ စက်ဆရာတွေ ဘေးကင်းကြပါစေ။

#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ဒေါ်လာကြောင့်နိင်ငံခြားစက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းဈေးနူန်းအသက်သာဆုံးနဲ့လက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ် (အသစ်ထွက်)
13000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားဝါယာရိန်း&ECUစာအုပ်
10000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
12000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်
12000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
12000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lucky Japanese Used Cars Direct Import Sales posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share