The Bleachers

The Bleachers Good food makes for good times. Located at the Star City Sports Complex.

၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှစ၍ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ရွှင်လန်းခြင်းတို့နဲ့ အားလုံးပြည့်စုံပါစေလိ...
08/03/2024

၂၀၂၄ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှစ၍ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ရွှင်လန်းခြင်းတို့နဲ့ အားလုံးပြည့်စုံပါစေလို့ The Bleachers မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Celebrating International Women's Day with wishes for endless joy and everlasting happiness to all.

🌾 Happy Myanmar Peasants’ Day! 🌾   ယနေ့ကျရောက်သော “တောင်သူလယ်သမားနေ့"မှစပြီး ကျေးဇူးရှင် တောင်သူလယ်သမားဦးကြီးများရဲ့ စို...
02/03/2024

🌾 Happy Myanmar Peasants’ Day! 🌾

ယနေ့ကျရောက်သော “တောင်သူလယ်သမားနေ့"မှစပြီး ကျေးဇူးရှင် တောင်သူလယ်သမားဦးကြီးများရဲ့ စိုက်ပျိုးသမျှ စိုက်ခင်းများ သီးနှံအထွက်တိုးကာ စိမ်းစိုသာယာပြီး အနာဂတ်ကမ္ဘာ ငြိမ်းချမ်းပါစေကြောင်း The Bleachers မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

On Myanmar Peasants’ Day, The Bleachers extends heartfelt wishes for bountiful harvests and serene fields tended by dedicated farmers, fostering harmony for future generations.

ချစ်ရသူနဲ့ မမေ့နိုင်ဖွယ် နေ့ထူးလေးမှာ အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်လေးကို ဖန်တီးချင်တယ်ဆိုရင်တော့ အေးချမ်းလှပတဲ့ ရှု့ မျှ...
14/02/2024

ချစ်ရသူနဲ့ မမေ့နိုင်ဖွယ် နေ့ထူးလေးမှာ အမှတ်တရအဖြစ်ဆုံး အခိုက်အတန့်လေးကို ဖန်တီးချင်တယ်ဆိုရင်တော့ အေးချမ်းလှပတဲ့ ရှု့ မျှော်ခင်းအောက် ညနေခင်းနေဝင်ချိန်ကို ငေးကြည့်ရင်း The Bleachers ရဲ့ Valentine’s Set Menu ကို နှစ်ယောက်အတူသုံးဆောင်ဖို့ အကြံပြုပါရစေ..... ❤️

European Dishes များနှင့် ရံထားတဲ့ ဒီ 3-course Set Menu လေးကို The Bleachers မှာ V-Day ၁၄ ရက်နေ့မှစလို့ ၁၆ ရက်နေ့အထိ စီစဉ်ပေးထားမှာဖြစ်ပြီး Set တစ် Set ကို ၃၀,၀၀၀ကျပ် နဲ့ ခံစားသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

For your Reservation: 09 251 384 629 ☎️

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ၂၀၂၄ တရုတ်နှစ်သစ်ကူးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုအပ်ပါတယ်။ ၂၀၂၄ တရုတ်နှစ်သစ်ကူးရဲ့ န...
10/02/2024

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ၂၀၂၄ တရုတ်နှစ်သစ်ကူးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုအပ်ပါတယ်။

၂၀၂၄ တရုတ်နှစ်သစ်ကူးရဲ့ နဂါးနှစ်မှာ ကျန်းမာခြင်း၊ ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Wishing you prosperity and good fortune in the Year of the Dragon!

May the new year bring you happiness, health, and success.

09/02/2024

ယနေ့ Word Pizza Day အထိမ်းအမှတ်အနေနဲ့ The Bleachers ရဲ့ လူကြိုက်များ ရောင်းအားကောင်းခဲ့တဲ့ Pizza Week Menu ထဲမှာ နာမည်ကြီး ပီဇာများကို ဒီနေ့တစ်နေ့ထဲမှာ ပြန်လည်ရရှိနိုင်မည့် အစီအစဉ်လေး လုပ်ပေးထားပါတယ်နော်... ❤️

Special Pizza Menu for Today
------
🍕 PEPPERONI CALZONE
Pepperoni | Tomato Sauce | Tomato | Onion | Basil | Mozzarella Cheese

🍕 MUSHROOM CALZONE
Mixed Mushroom | Cheese | Onion | Sour Cream | Tomato Sauce

🍕 CHARCOAL PEPPERONI CALZONE
Pepperoni | Tomato Sauce | Tomato | Onion | Basil | Mozzarella Cheese

🍕 CHARCOAL MUSHROOM CALZONE
Mixed Mushroom | Cheese | Onion | Sour Cream | Tomato Sauce

🍕 SAUSAGE AND GRILLED VEGGIE PIZZA
Sausage | Grilled Vegetable | Cheese | Tomato Sauce

🍕 CHARCOAL TEALEAF PESTO PEPPERONI PIZZA
Pepperoni | Tomato Sauce | Tomato | Onion | Basil | Mozzarella Cheese

🍕 CHARCOAL SAUSAGE & GRILLED VEGGIE PIZZA
Pepperoni | Tomato Sauce | Tomato | Grilled Vegetable | Onion | Basil | Sausage | Mozzarella Cheese

အခုပဲ 09 251 384 629 သို့ဆက်သွယ်ပြီး StarCity ဝန်းထဲအတွင်း FREE Delivery ဖြင့် Enjoy လိုက်ပါ.... ❤️

The Bleachers နဲ့ Pizza ဆိုတာ ခွဲလို့မရတဲ့ အတွဲအစပ်တွေထဲက တစ်ခုပါ။ ဖေဖော်ဝါရီလရဲ့ ၉ရက်နေ့ဟာ 'World Pizza Day' ဖြစ်တာကြော...
08/02/2024

The Bleachers နဲ့ Pizza ဆိုတာ ခွဲလို့မရတဲ့ အတွဲအစပ်တွေထဲက တစ်ခုပါ။

ဖေဖော်ဝါရီလရဲ့ ၉ရက်နေ့ဟာ 'World Pizza Day' ဖြစ်တာကြောင့် Pizza ဘယ်ကစခဲ့တာလဲဆိုတာ နည်းနည်းလေး ဝေမျှပေးချင်ပါတယ်။

Pizza ဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက မြေထဲပင်လယ်တဝိုက် ရှေးအီဂျစ်၊ ဂရိနှင့် ရောမတို့ကြား flatbread ပေါ်မှာ topping လေးတွေ ထည့်စားတာကနေ စတင်မွေးဖွားခဲ့တာပါ။ Plankuntos လို့ ဂရိတွေက ခေါ်ကြပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း အခုဘော်ဒါတို့မှာစားနေတဲ့ ခေတ်မီ Pizza လေးတွေကတော့ ၁၈ရာစုအတွင်း Italy နိုင်ငံအနောက်ဘက်ကမ်းရိုးတန်း Naples မြို့ရဲ့ လမ်းမဆီ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ လူဦးရေထူထပ်တဲ့ Naples မြို့ ဧရိယာအတွင်း ၎င်း၏ အလုပ်သမား၊ အခြေခံလူတန်းစားများအတွက် စျေးသက်သက်သာသာ မြန်မြန်ဆန်ဆန်နဲ့ မနက်၊နေ့လည်၊ညနေမရွေး အချိန်တိုင်း၊နေရာတိုင်း လွယ်လင့်တကူ စားသောက်နိုင်ဖို့ တီထွင်ခဲ့တဲ့ အရသာရှိတဲ့အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ လမ်းဘေးဈေးသည်များမှ flatbread ပေါ်မှာ ခရမ်းချဉ်သီးဆော့စ်၊ Cheese၊ ကြက်သွန်ဖြူ၊ အသားပြားနှင့် ဟင်းသီးဟင်းရွက်တွေလို ရိုးရိုးရှင်းရှင်းပါဝင်ပစ္စည်းတွေနဲ့ပြင်ဆင်ပြီး သစ်သားထင်းမီးဖိုသေးသေးလေးတွေကို သုံးပြီး ပြုလုပ်ရောင်းချခဲ့ရာက ရေပန်းစားခဲ့တာပါ။

၁၈၈၉ ခုနှစ်မှာ အီတလီဘုရင် Umberto နှင့် မိဖုရား Margherita တို့ဟာ Naples မြို့ကို သွားရောက်လည်ပတ်တဲ့အခါ Pizzeria Brandi ဆိုင်မှ Chef Raffaele Esposito ရဲ့ ပီဇာမျိုးစုံကို မြည်းစမ်းခဲ့ကြပါတယ်။ ဒဏ္ဍာရီအရတော့ ဘုရင်နဲ့မိဖုရားတို့ဟာ သူတို့ရဲ့ နေ့စဥ် သုံးဆောင်နေကျ high class အစားအစာတွေကို ငြီးငွေ့ပြီး အသစ်အဆန်းတွေကို လိုချင်ကြတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ Italyရဲ့အလံအရောင်တွေဖြစ်တဲ့ အနီ၊အဖြူနဲ့ အစိမ်းတို့ကို ကိုယ်စားပြုတဲ့ ခရမ်းချဉ်သီး (အနီ)၊ white cheese (အဖြူ)၊ green basil (အစိမ်း) တို့ပါဝင်တဲ့ Pizza Mozzarella ကို တွေ့ရှိပြီး အကြိုက်တွေ့ခဲ့တာပါ။ မိဖုရားက သူအကြိုက်ဆုံး Pizza အတွက် Pizza Margherita ဆိုပြီး နာမည်အသစ်ပေးခဲ့ပါသေးတယ်။

Pizza ဟာ အလုပ်သမား၊ အခြေခံလူတန်းစားများ စားသုံးခဲ့ကြရာက အစပြုခဲ့ပေမယ့် အခုတော့ အဆင့်မြင့်စားသောက်ဆိုင်နဲ့ cafe shop တွေမှာပါ ရောင်းချနေတဲ့အထိ လူကြိုက်များလာခဲ့ပါတယ်။

မနက်ဖြန် 'World Pizza Day' ကိုဂုဏ်ပြုတဲ့ အနေနဲ့ The Bleachers မှာ ဘယ်လို စပယ်ရှယ် ပီဇာတွေရှိနေမလဲဆိုတာ...

စောင့်ကြည့်လိုက်ပါဦးနော် 😉

31/01/2024

The Bleachers ရဲ့ အသစ်စက်စက် Weekly Special လေးလာပါပြီနော်... ❤️

ဖေဖော်ဝါရီလအစမှာ ကာလာစုံ Mexico ရဲ့ ရောင်စုံလမ်းမကြီးထဲကို အရောက်ပို့ပေးမယ့် Mexican Week လေးဖြစ်ပြီး Mexican Food တွေကို တစ်ဝကြီး ဘာစားစား တစ်ခုကို ၁၄,၅၀၀ ကျပ်တည်းနဲ့ သုံးဆောင်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခုပါ။

Beef Enchiladas နဲ့ Chicken Quesadillas လိုမျိုး The Bleachers ရဲ့ နာမည်ကြီး Item တွေ ပြန်ပါလာမယ့် ဒီ Mexican Week ကတော့ လက်မလွှတ်သင့်တဲ့ Special Week ဖြစ်ပြီး ၁ရက်နေ့မှ ၇ရက်နေ့အထိ The Bleachers မှာ အချိန်မရွေး လာရောက်သုံးဆောင်ဖို့ ဖိတ်ပါရစေနော်။

Menu
----------
🪇 Mexican Chicken Tortilla Wraps
Tortilla Bread | Mozzarella Cheese | Capsicum | Onion

🪇 Beef Burrito
Minced Beef | Tomato Sauce | Cooked Rice | Lettuce | Kidney Beans | Corn | Cheese

🪇 Chicken Quesadillas
Chicken | Avocado Guacamoles | Mozzarella Cheese | Tomato Salsa

🪇 Chicken Tacos
Grilled Chicken | Avocado Guacamoles | Lettuce | Onion | Tomato Salsa | Sour Cream

🪇 Mexican Chicken Rice Bowl
Grilled Chicken | Kidney Beans | Corn| Tomato Sauce | Capsicum | Lettuce

🪇 Nacho Chips
Serve with Cheese Sauce

🪇 Beef Enchiladas
Beef | Capsicum| Mozzarella Cheese| Tomato Sauce | Sour Cream

🪇 Crispy Pork Belly Chicharron
Serve with Avocado Guacamoles

---------------
FREE Delivery within StarCity
Order Now >> 09 251 384 629

တစ်ခဲနက် အားပေးကြသော မိတ်ဆွေများကြောင့် ရောင်းအားများ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့တဲ့ Pizza week လေးမှ ကျေးဇူးတင်ကြောင...
29/01/2024

တစ်ခဲနက် အားပေးကြသော မိတ်ဆွေများကြောင့် ရောင်းအားများ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့တဲ့ Pizza week လေးမှ ကျေးဇူးတင်ကြောင်း ပြောပါရစေ...❤️

1st February မှာ Weekly Special အသစ်လေးက ဘာဖြစ်မလဲ..... စောင့်မျှော်နေပေးပါအုန်းနော်။

Time to turn up the Friday vibes, and you know what that means! 😎 ဒီညနေ The Bleachers မှာ The Pandas တို့ရှိနေမယ်။ဝိုင်း...
26/01/2024

Time to turn up the Friday vibes, and you know what that means! 😎

ဒီညနေ The Bleachers မှာ The Pandas တို့ရှိနေမယ်။

ဝိုင်းနေရာကောင်းကောင်း ကြိုယူထားဖို့ 👇
RSVP: 09 251 384 629

Let's sing along together!

ကြားလိုက်တာနဲ့ Craving ဖြစ်သွားမယ့် Pizza Week 😋The Bleachers ရဲ့ အချစ်တော်တွေ အသစ်အဆန်းတွေကို အမြဲခံစားနိုင်ဖို့ ဝါရင့်...
23/01/2024

ကြားလိုက်တာနဲ့ Craving ဖြစ်သွားမယ့် Pizza Week 😋

The Bleachers ရဲ့ အချစ်တော်တွေ အသစ်အဆန်းတွေကို အမြဲခံစားနိုင်ဖို့ ဝါရင့်စာဖိုမှူးကြီးရဲ့ ပီဇာလက်ရာဆန်းတွေကို ဒီတစ်ပတ် မိတ်ဆက်ပေးလိုက်ပြန်ပါပြီ။ 🤩

ပီဇာဆို အချပ်လိုက်ကြီးကိုပဲ အမြဲစားနေရတာ ရိုးတယ်ဟုတ်... Calzone လိုမျိုး ခေါက်ပီဇာလေးသာ စားရမယ်ဆို ဘယ်လို Experience ဖြစ်မလဲ..? ဒါဆိုရင်တော့ ဒီ Pizza Week ကို Join ကြည့်လိုက်ပါနော်။ 😍

ရောင်းနေကျ ဆိုင်ရဲ့ Menu ထဲကနဲ့ လုံးဝမတူတဲ့ Pizza အသစ် ၇ မျိုးကို ဒီနေ့ ၂၃ ရက်ကနေ ၂၈ ရက်အတွင်း The Bleachers မှာ တစ်ခုကို ၁၉,၀၀၀ ကျပ်နဲ့ လာရောက်သုံးဆောင်ခံစားလိုက်ပါ....။ 😋

** Menu အသေးစိတ်ကို Comment မှာ ဝင်ကြည့်ပေးပါနော်။ **

FREE Delivery within StarCity
☎️ Order Now >> 09 251 384 629

မနက်ဖြန် Private Event လေးရှိလို့  ဆိုင်တစ်ရက်ပိတ်ပါမယ် ဘော်ဒါတို့ရေ... The Bleachers will be closed tomorrow, Saturday ...
19/01/2024

မနက်ဖြန် Private Event လေးရှိလို့ ဆိုင်တစ်ရက်ပိတ်ပါမယ် ဘော်ဒါတို့ရေ...

The Bleachers will be closed tomorrow, Saturday January 20th due to a private event.
We'll be open again on Sunday.

Week of Pila ဆိုတဲ့ Pila ကျွန်းရဲ့ တန်ဖိုးကြီး သဘာဝ သယံဇာတများနှင့် ချက်ပြုတ်ထားတဲ့ ဟင်းလျာများကို တင်ဆက်တဲ့ အစီအစဥ်မှာ ...
15/01/2024

Week of Pila ဆိုတဲ့ Pila ကျွန်းရဲ့ တန်ဖိုးကြီး သဘာဝ သယံဇာတများနှင့် ချက်ပြုတ်ထားတဲ့ ဟင်းလျာများကို တင်ဆက်တဲ့ အစီအစဥ်မှာ ပါဝင်တဲ့ Governor's Residence၊ Awei Metta ရဲ့ Zest၊ Horizons၊ Bleachers နှင့် Atlas Rooftop Bar & Lounge တို့မှာ သွားရောက်သုံး‌ဆောင်ရင်း Week of Pila ရဲ့ stamp card မှာ တံဆိပ်တုံးလေးတွေစုပြီး Governor's Residence သို့မဟုတ် Awei Metta ရဲ့ Staycation ကို ရယူနိုင်မည့် အခွင့်အရေးရှိကြောင်းကို သတင်းကောင်းပါးအပ်ပါတယ်။

တံဆိပ်တုံး ၄ ခု ပြည့်ရင် Awei Pila phone stand လေးရရှိမှာဖြစ်ပြီး တံဆိပ်တုံး ၅ ခု ပြည့်တာနဲ့ Governor's Residence သို့မဟုတ် Awei Metta မှာတည်းခိုခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။
Week of Pila ရဲ့ Stamp Card အစီအစဥ်လေးကို ယခုမှ ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ ပါဝင်နိုင်မှာဖြစ်ပါတယ်။

Week of Pila ရဲ့ အထူးဟင်းလျာများကို Governor's Residence၊ Awei Metta ရဲ့ Zest၊ Horizons၊ The Bleachers နှင့် Atlas Rooftop Bar & Lounge တို့မှာ သုံးဆောင်ခဲ့တဲ့ ခရီးစဥ်လေးကို မှတ်တမ်းတင်လိုက်ပါ။

Week of Pila ရဲ့ အထူးဟင်းလျာများကို သုံး‌ဆောင်ဖို့ booking တင်လိုပါက -
09 793 321 533
09 799 829 958

Collect your Taste of Pila Stamps!

Embark on a gastronomic journey like never before with Week of Pila at Governor's Residence, Awei Metta's Zest, Horizons, The Bleachers, Atlas Rooftop Bar & Lounge!

Indulge your taste buds, and collect stamps to win a custom Awei Pila Phone Stand and Staycations at Governor's Residence (or) Awei Metta.

Collect 4 stamps and get Awei Pila's Phone stand.

Collect 5 stamps and get a free staycation at Governor's Residence or Awei Metta!

For every delightful dining experience, receive a stamp at the end of your meal at each Restaurant for the Week of Pila.

This gastronomic adventure awaits you from now till January 18th, 2024.

Get ready to create memories that blend the joy of exquisite dining with a dream getaway with Governor's Residence, and Awei Metta.

Message or Call us now at :
09 793 321 533
09 799 829 958

Address

Star City, Kyaik Khauk Pagoda Road, Thanlyin Township
Yangon

Opening Hours

Monday 11:00 - 22:00
Tuesday 11:00 - 22:00
Wednesday 11:00 - 22:00
Thursday 11:00 - 22:00
Friday 11:00 - 22:00
Saturday 11:00 - 22:00
Sunday 11:00 - 22:00

Telephone

+959251384629

Alerts

Be the first to know and let us send you an email when The Bleachers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to The Bleachers:

Share

Category