B&B Bar & Billiard

B&B Bar & Billiard Bar & Billiard Billiard & Snooker Hall

သူငယ်ချင်း မိတ်ဆွေအားလုံး ဖတ်စေချင်မိ။🤎“လမ်းဆုံ”ဟိုတစ်လောက သူငယ်ချင်းတွေနဲ့အတူ ပဲခူးဘက်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ...
12/12/2024

သူငယ်ချင်း မိတ်ဆွေအားလုံး ဖတ်စေချင်မိ။🤎

“လမ်းဆုံ”

ဟိုတစ်လောက သူငယ်ချင်းတွေနဲ့အတူ ပဲခူးဘက်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုမှာ ပညာရေးနဲ့ပတ်သက်တဲ့ အလှူလေး သွားလုပ်ဖြစ်ပါတယ်။ နေ့လည် ထမင်းစားပြီးတော့ ဘုန်းဘုန်းက ကျွန်တော်တို့တွေနဲ့ စကားပြောပါတယ်။ အလှူလာလုပ်တဲ့အထဲမှာ ဘာသာခြားတွေလည်း ပါတော့ တရားဟောတာထက် ဘဝနေနည်းဘက်၊ ပရဟိတဘက်ကို ဘုန်းဘုန်းက ဦးစားပေးပြောသွားတာပါ။

အဲဒီထဲမှာ ဘုန်းဘုန်းအတွက် အင်မတန်အကျိုးရှိခဲ့၊ ကျွန်တော်တို့နားထောင်ရသူတွေအတွက်လည်း သိပ်ကိုအကျိုးရှိစေမယ့် အကြောင်းအရာလေးတစ်ခုကို ပြန်ပြောပြချင်ပါတယ်။

ဘုန်းဘုန်း ခပ်ငယ်ငယ်ဘ၀က မိသားစုတစ်စုဆီမှာ အခိုက်အတန့် တည်းခိုခဲ့ဖူးပါတယ်တဲ့။ အဲဒီမိသားစုက ပညာတတ်တွေ ဖြစ်ပြီး အင်မတန်လည်း ငြိမ်းချမ်းကြပါတယ်။ တစ်ရက်တော့ မနက်စာဘုဉ်းပေးနေတုန်း ဘုန်းဘုန်းက ဘာရယ်မဟုတ် မေးလိုက်ပါတယ်။ ဒကာမကြီးတို့မိသားစုက ဘုန်းဘုန်းကို အင်မတန်မှ ဂရုစိုက်ကြတာပဲနော်၊ ဘာလို့ပါလဲ တဲ့။ အဲဒီမှာ ပြန်ဖြေလိုက်တဲ့ အိမ်ရှင်အန်တီကြီးရဲ့ အဖြေက ဘုန်းဘုန်းတစ်ဘ၀လုံးစာအတွက် အသုံး၀င်မယ့်အတွေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဘာလဲဆိုတော့
တပည့်တော်ဟာ လူတစ်ယောက်ကို ကြည့်လိုက်ရင် ဒီလူဘာဖြစ်လာမယ်ဆိုတာ အနည်းနဲ့အများ ခန့်မှန်းနိုင်ပါတယ်။ ဘုန်းဘုန်းဆိုလည်း ခု ဘုန်းဘုန်းရဲ့ကြိုးစားအားထုတ်မှုတွေ၊ စာဖတ်အားတွေကြောင့် တစ်ချိန်မှာ ထင်ရှားလာမယ့်သူဆိုတာ တပည့်တော် သိပါတယ်။ အဲဒီအချိန်ကျ ခုလို အိမ်ကို ဆွမ်းစားပင့်ချင်လို့ ကြွပါဦးဆို ဘုန်းဘုန်းလာနိုင်တော့မယ် မဟုတ်ဘူး။ တပည့်တော်တို့ကရော အမြဲဒီမှာ ရှိနေပါဦးမလား။ တပည့်တော်တို့ဟာ ကိုယ့်လမ်းကိုယ်သွားနေကြတာပါ။ ဘုန်းဘုန်းကလည်း ဘုန်းဘုန်းလျှောက်မယ့်လမ်း၊ တပည့်တော်တို့မှာလည်း တပည့်တော်တို့လျှောက်မယ့်လမ်း ရှိပြီးသားပဲ။ အဲဒီလိုလျှောက်နေတုန်း လမ်းဆုံမှာ အခိုက်အတန့် ဆုံတွေ့ကြတာပါ။ ပြီးရင် ဘုန်းဘုန်းလည်း ကိုယ့်လမ်းကိုယ်ဆက်သွားမယ်၊ တပည့်တော်တို့လည်း ကိုယ့်လမ်းကိုယ်ဆက်သွားမှာပါပဲ။ ဒါကြောင့် ခုလို ဆုံရတုန်းမှာ တပည့်တော်လုပ်ပေးလိုက်လို့ ဘုန်းဘုန်းအဆင်ပြေသွားတာလေး ကြည့်ပြီး ပီတိဖြစ်ချင်တာပါပဲ။ တခြားအကြောင်းရင်း မရှိပါဘူးတဲ့။

တက်လမ်းရှိသူမို့ တစ်ချိန်မှာ ကိုယ့်ကို အကျိုးပြန်ပြုအောင် လုပ်ပေးနေတာ မဟုတ်ဘူး။ အခိုက်အတန့်ဆုံတုန်းလေးမှာ သူအဆင်ပြေသွားတာကို ကြည့်ပြီး ပီတိဖြစ်ချင်တာပါ တဲ့။ အနှောင်အဖွဲ့ကင်းပြီး အေးချမ်းလိုက်တဲ့ စိတ်ထားလေးပါ။

အဲဒီအချိန်ကစပြီး ဘုန်းဘုန်းလည်း တွေ့ရ၊ကြုံရသမျှ လူတိုင်းကို လမ်းဆုံမှာ အခိုက်အတန့်ဆုံရသူလို့ သဘောထားပြီး ဒီအချိန်လေးမှာ ငါ သူ့ကို ဘယ်လိုကူညီပေးရမလဲ၊ အဆင်ပြေအောင် လုပ်ပေးရမလဲ ဆိုတာမျိုးပဲ သဘောထားမိလာခဲ့ပါတယ် တဲ့။

ပတ်၀န်းကျင်မှာလည်း ကြည့်ကြည့်ပါ။
အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတွေ ခုချိန်မှာပြန်ဆုံဖို့ တော်တော်ခက်ကုန်ပြီ။ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေဆိုလည်း အကွဲကွဲအပြားပြား။ ခု ခင်မင်နေရတဲ့ အလုပ်ကလုပ်ဖော်ကိုင်ဖက်တွေရော၊ ဒီလူတွေနဲ့လည်း ခွဲရဦးမှာပဲ။ ပညာဆက်သင်တဲ့သူက သင်မယ်၊ အလုပ်ပြောင်းတဲ့သူက ပြောင်းမယ်။ ဒါဖြင့် အိမ်က မိသားစုနဲ့ရော။ ခွဲရမှာပဲ။ သိပ်ချစ်ရတဲ့ချစ်သူတွေလည်း တစ်နေ့တော့ ခွဲခွါရမှာပဲ။ ကျွန်တော်တို့တွေဟာ ကိုယ့်လမ်းကိုယ်လျှောက်နေကြတုန်း အခိုက်အတန့်သဘော လမ်းဆုံမှာ တွေ့နေကြရတာသာ ဖြစ်ပါတယ်။ ဒါက ရွေးချယ်လို့၊ ရှောင်လွှဲလို့မရတဲ့ အမှန်တရား။

ကျွန်တော်တို့ ရွေးချယ်လို့ရတာကတော့ အဲ့ဒီလို ဆုံရတုန်းအခိုက်အတန့်မှာ ဘယ်လိုသဘောထား၊ ဘယ်လိုစိတ်ထားမျိုးတွေနဲ့ ဆက်ဆံကြမလဲ ဆိုတာပါပဲ။

အခွင့်သာတုန်း နှက်လိုက်မဟဲ့၊ အနိုင်ယူလိုက်မယ်ဟဲ့၊ ပါးပါးလှီးလိုက်မယ်၊ ဂျင်းထည့်လိုက်မယ်၊ အဲ့လိုလုပ်လိုက်ရတဲ့အခါမှာလည်း အောင်နိုင်သူတစ်ယောက်လို ပီတိဖြစ်နေမယ် ဆိုတာမျိုး ရွေးလို့ရသလို၊ ကြုံရတုန်းလေးမှာ ငါ သူ့ကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ်၊ စိတ်ချမ်းသာအောင် ပြောပေးလိုက်မယ် ဆိုတာကလည်း ကိုယ့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ကိုယ်က တက္ကစီသမားတစ်ယောက် ဖြစ်နေသလား။
ကိုယ့်ကားပေါ်ကို ခရီးသည်တစ်ယောက်က နှစ်ခါစီးဖြစ်တယ်ဆိုတာတောင် ခပ်ရှားရှားပါ။ ဒီတော့ သူနဲ့ကိုယ်နဲ့ လမ်းဆုံမှာ ဆုံတုန်းလေး အဆင်ပြေအောင် ကူညီပေးလိုက်ပါ။ လိပ်စာသေချာမသိဘူးဆို ကူရှာပေးလိုက်၊ တွေ့တဲ့နေရာ ချမသွားနဲ့၊ နည်းနည်းလေး ပိုမောင်းပေးရတာကို ငွေမတန်တဆ ထပ်မယူနဲ့။

ကိုယ်က ဆရာ၀န်တစ်ယောက် ဖြစ်နေသလား။
ဘယ်လူနာမှ ဆေးရုံဆေးခန်းဆိုတာကို ခဏခဏ မလာချင်ပါဘူး။ ဒီတော့ ကိုယ့်ဆေးခန်းကို ရောက်လာတဲ့ လူနာတွေကို ရောဂါသက်သာရုံတင်မကဘဲ စိတ်ကျေနပ်မှုရှိအောင် ငါ ဘယ်လိုလုပ်ပေးလိုက်မယ်၊ ဘယ်လိုဆက်ဆံပေးလိုက်မယ် ဆိုတာမျိုး တွေးကြည့်ပါ။

ကိုယ်က စျေး၀ယ်စင်တာရဲ့ အရောင်းသမားတစ်ယောက် ဖြစ်နေသလား၊၊
ကိုယ့်ဆီရောက်လာသမျှ လူအားလုံးကို စိတ်ရှည်လက်ရှည် ပြည့်ပြည့်စုံစုံ ရှင်းပြပေးပါ။ ကိုယ့်ဆီမှာ မရနိုင်တာတွေအတွက်လည်း သိသလောက် လမ်းညွှန်ပေးလိုက်ပါ။

ကိုယ်က ၀န်ဆောင်မှုပေးရသူတစ်ယောက် ဖြစ်နေသလား။
ကိုယ့်ဆီလာသမျှ Customer တိုင်းကို ကိုယ့်လိုပဲ သဘောထား၊ ကိုယ်ချင်းစာပေးပြီး အကောင်းဆုံး၀န်ဆောင်မှု ပေးလိုက်ပါ။

အဲဒီလိုသာ လူအားလုံး သဘောထားနိုင်ခဲ့ရင် ကမ္ဘာကြီး အတော်အေးချမ်းမယ်ဆိုတာမျိုးတော့ မပြောလိုပါဘူး။ ဒါပေမယ့် သေချာတာက ကိုယ့်ဘဝလေးကတော့ အင်မတန် အေးချမ်းပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်းဟာ အဓိပ္ပါယ်ရှိနေပါလိမ့်မယ်။

ငါ အဲဒီတုန်းက သူ့ကို ဒီလိုပြောခဲ့မိလိုက်တယ်၊ လုပ်ခဲ့မိလိုက်တယ်၊ ကျေးဇူးတင်စကားလေးတောင် မပြောလိုက်ရဘူး၊ ဒါလေးတွေ မလုပ်ပေးလိုက်ရဘူး စသဖြင့် နောင်တရမနေချင်ဘူးဆိုရင် ဒီနေ့ကစပြီး လမ်းဆုံမှာ ဆုံတွေ့ရသမျှလူတိုင်းကို အကောင်းဆုံး ဆက်ဆံပေးလိုက်ပါ။

တကယ်တော့ အောင်မြင်တဲ့ဘ၀ဆိုတာ နောင်တရစရာ မရှိတဲ့ဘ၀ကို ခေါ်တာပါ။

ေါက်တာဖြိုးသီဟ

၁၄.၁၁.၂၀၁၆

B & B ( Bar & Billiard )
1119 , ဘုရင့်နောင်လမ်းမကြီး ၄၀ရပ်ကွက် မဒဂုံ ၊
၀၉၉၆၅၄၂ ၈၉၇၉
၀၉ ၇ ၅၆၇၈၉ ၈၈၂

Ready for 🥃🎱🥃🎱🥃🎱B & B ( Bar & Billiard )1119 , ဘုရင့်နောင်လမ်းမကြီး ၄၀ရပ်ကွက် မဒဂုံ ၊၀၉ ၉၆၅၄၂ ၈၉၇၉၀၉ ၇ ၅၆၇၈၉ ၈၈၂Ooredoo
12/12/2024

Ready for 🥃🎱🥃🎱🥃🎱

B & B ( Bar & Billiard )
1119 , ဘုရင့်နောင်လမ်းမကြီး ၄၀ရပ်ကွက် မဒဂုံ ၊
၀၉ ၉၆၅၄၂ ၈၉၇၉
၀၉ ၇ ၅၆၇၈၉ ၈၈၂

Ooredoo

Billiards and Babies 😛😛😛🥃🥃🥃 🎱🎱🎱
09/12/2024

Billiards and Babies 😛😛😛
🥃🥃🥃 🎱🎱🎱

ငါတို့ကို ဘုရားခွင့်လွှတ်မှာပါလာ . . . ညီလေး ဒီမှာထိုင်စိတ်ပျော်အောင် မဟုတ်ဘူးအိပ်ပျော်အောင် သောက်တာ။ပထမ တစ်ခွက်ကို ရေမရ...
09/08/2024

ငါတို့ကို ဘုရားခွင့်လွှတ်မှာပါ

လာ . . . ညီလေး ဒီမှာထိုင်
စိတ်ပျော်အောင် မဟုတ်ဘူး
အိပ်ပျော်အောင် သောက်တာ။

ပထမ တစ်ခွက်ကို ရေမရောပဲ
ခပ်မြန်မြန်လေးသောက်
ပြီးမှရေလေးနည်းနည်းခံ၊
အမြည်းလေး နည်းနည်းစား၊

နည်းနည်း ရှိန်းတက်လာရင်
ဒုတိယတစ်ခွက်ကို သောက်
မပျော်ရတဲ့အကြောင်းတရားတွေကို
အော်ပြီး . . . .ဆဲလိုက်။
အသဲနုရင် ငိုချလိုက် ညီလေး၊
ဘဝကြီးက. ဒီလိုပဲကွ။

ကြိုက်တက်ရင် ဖက်ကြမ်းလေး . . ဖွာဦး၊
ရမ် နဲ့ အလိုက်ဖက်ဆုံးက ဖက်ကြမ်းကွ။

ညနက်သန်းခေါင်ထိ အိပ်မရပဲ
တွေးနေတဲ့ အတွေးတွေ ရပ်တန့်သွားဖို့
ဒီကောင်က ကူညီလိမ့်မယ်၊
မွန်းကြပ်နေတဲ့အကြောင်းကို
တစ်ညတာ မေ့သွားစေတယ်။

ဒီမှာညီလေး . . . .
ရမ် ဆိုတာ ကြံ ကချက်တာ
ဘရန်ဒီ ဆိုတာ စပျစ်သီးက ချက်တာ
ဝီစကီ ဆိုတာ ဂျုံက ချက်တာ
အကုန်သားသတ်လွတ်တယ် . . .
မင်းဒီမှာ ထိုင်သောက်နေတာ
ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူး
စိတ်သန့်သန့်သာသောက်..။

ညဆို ပဌာန်းရွတ်ပြီး
မနက်ဆို တဖက်သားကို
ယုတ်မာဖို့တွေးတဲ့
လူတန်းစားတွေထက်တော့
ငါတို့က. . .အပုံကြီးသာတယ် . . .။

မင်း စိတ်လေး ငြိမ်သက်လာပီဆိုရင်
တတိယ တစ်ခွက်ကိုသောက်
မပြုံးတာကြာနေတဲ့ မင်းက
ပြန်ပြီး ပြုံးချင်လာမယ်
လောကကြီးကို ချစ်တက်လာမယ်။
နေထိုင်ရပ်တည် မှုမှာ မင်းပျော်ရွှင်လာမယ်။

အချိန်ကြာလာရင်
ခပ်ဝေးဝေးက ငါ့ညီကို နာကျင်စေတဲ့
မသေမချာ ရည်မှန်းချက်တွေကို မေ့ပြီး
ညနေ စောင်းဖို့ပဲ စိတ်လောနေတော့မယ်။
အသက်ရှင် ရပ်တည်မှုမှာ
ရည်မှန်းချက်လေး ရှိလာတာပေါ့ . .။

ဒီမှာ . .ညီလေး . . . .
ငါတို့က . Sucide လုပ်ဖို့ အထိမပျော့ညံ့ဘူး။
ငါတို့က သူတော်ကောင်း ယောင်မဆောင်ဘူး
ငါတို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး
ငါတို့က စိတ်ပျော်ဖို့မဟုတ်ဘူး
အိပ်ပျော်ဖို့လေးပဲ.သောက်နေကြတာ . . . .။

ဒီတစ်ညသာ မနေ့ကညထက်
စောပြီး အိပ်ပျော်ခဲ့ရင်
မနက်ဖြန် . .မနက်ဟာ နတ်ပြည်ပဲ ဖြစ်ဖြစ်. . .၊
ငရဲ ပဲဖြစ်ဖြစ်ပေါ့ . . . .

#ဇွဲပြည့်ကိုကို

B & B ( Bar & Billiards ) မှာ စိတ်အမောလေးတွေ တတ်နိုင်သလောက် ဖြေဖျောက်ကြည့်ကြရအောင်လေ .

16/05/2024

Job Opportunity

မန်နေဂျာ ကျား/မ - ၁ ဦး

-လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ရမည်
- customer service ကောင်းရမည်
- Team တစ်ခုလုံးကိုteamwork စိတ်ဖြင့် ဦးဆောင်နိုင်ရမည် ၊
- တက်ကြွ၍ ကြိုးစားလိုစိတ်ရှိရမည် ။

အခြေခံလစာ - ၄+++++
Service money
Incentive
Food and accommodation provided

လုံခြုံရေး ဝန်ထမ်း ကျား ၁ ဦး

ဆက်သွယ်ရန် - 09 4314 1985, 09254253596

ကြာတပတေးကနေ တနင်္ဂနွေ နေ့ 8.2.2024 to 11.2.2024  ထိ Tiger ဘီယာ 4+1 B&B မှာ ရှိပါတယ်ဗျို့.....🍺🍺🍺🍺+🍺📣📣📣📣📣📣📣
08/02/2024

ကြာတပတေးကနေ တနင်္ဂနွေ နေ့
8.2.2024 to 11.2.2024 ထိ Tiger ဘီယာ
4+1 B&B မှာ ရှိပါတယ်ဗျို့.....🍺🍺🍺🍺+🍺📣📣📣📣📣📣📣

B&B ရဲ့ Air con အခန်းမှာမွေးနေ့ ပါတီ လဲလုပ်လို့ရပါတယ်ဗျို့......HAPPY BIRTHDAY ပါ ကာကာ....🥰🥰🥰
14/01/2024

B&B ရဲ့ Air con အခန်းမှာမွေးနေ့ ပါတီ လဲလုပ်လို့ရပါတယ်ဗျို့......

HAPPY BIRTHDAY ပါ ကာကာ....🥰🥰🥰

B&B .မှာ 2024   New Year ကို ကြိုဖို့Tiger Beer 4 + 1 Promotion ရှိပါတယ်ဗျို့...... 31.12.2023 ဒီနေ့ တရက်ထဲသာ!!!!
31/12/2023

B&B .မှာ 2024 New Year ကို ကြိုဖို့

Tiger Beer 4 + 1 Promotion ရှိပါတယ်ဗျို့......

31.12.2023 ဒီနေ့ တရက်ထဲသာ!!!!

Merry Christmas & Happy New year Promotion!!!!!!1.ဝက် သုံးထပ်သားကင်2.ဂျပန် တို့ဟူးကြော်3.ကြက်တောင်ပံကြွပ်ကြော်4.ခရမ်းသီး...
25/12/2023

Merry Christmas & Happy New year Promotion!!!!!!

1.ဝက် သုံးထပ်သားကင်
2.ဂျပန် တို့ဟူးကြော်
3.ကြက်တောင်ပံကြွပ်ကြော်
4.ခရမ်းသီးမီးဖုတ် သုပ်
5.လက်ဖက် ပုစွန်ခြောက်ထောင်း

ကဲ......ကာကာတို့ အဲ့ဒီ့ Set လေးရဲ့ဈေးနှုန်းဘယ်လောက်မှန်းပါသလဲ......🥰🥰🥰🥰🥰

B&B promotion ဈေးလေးကတော့.....

12000 kyats ထဲ

နဲ့ ကာကာတွေနဲ့ ဆိုင်မှာတွေ့ကြမယ်နော်....🥰🥰🥰🥰🥰🥰🥰🥰🥰

B&B Bar & Billiard

Hello Merry Christmas......B&B မှာ Welcome drink စနေပါပြီနော်.....👏👏👏👏👏
22/12/2023

Hello Merry Christmas......

B&B မှာ Welcome drink စနေပါပြီနော်.....
👏👏👏👏👏

စည် ပြတ်နေတယ်ဆို........?မပူပါနဲ့  B&B မှာ 4 + 1 ရှိပါသေးတယ်.....Let's go TGIF......
08/12/2023

စည် ပြတ်နေတယ်ဆို........?

မပူပါနဲ့ B&B မှာ 4 + 1 ရှိပါသေးတယ်.....

Let's go TGIF......

B & B မှာ အေးဆေးစကားလေးပြောရင်း ဘိလိယက်လေးလည်းထိုးရင်း weekend လေးမှာ နားအေးပါးအေး chill လိုက်ရအောင် ။ ပြီးတော့ တိုက်ဂါး...
25/11/2023

B & B မှာ အေးဆေးစကားလေးပြောရင်း ဘိလိယက်လေးလည်းထိုးရင်း weekend လေးမှာ နားအေးပါးအေး chill လိုက်ရအောင် ။ ပြီးတော့ တိုက်ဂါးစည်ဘီယာ အေးအေးလေးကလည်း 4 + 1 လေးခွက်သောက် တစ်ခွက် free promotion လေးလည်း ရှိသေးတယ်ဆိုတော့
🥰🥰🥰

Address

No. 1119, Ba Yint Naing Road ( ကျောင်းလမ်း ) , 40 Ward , North Dagon
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959756789882

Website

Alerts

Be the first to know and let us send you an email when B&B Bar & Billiard posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to B&B Bar & Billiard:

Share

Category