26/01/2026
ပစ္စည်းတူလာတဲ့အခါ ဈေးနှုန်းက ပြိုင်ဘက်
အတွေ့အကြုံကောင်းလာတဲ့အခါ
စိတ်ကျေနပ်မှုက အနိုင်ရတဲ့လက်နက်တခုပါ
ဈေးပေါတာက လူကို တစ်ခါခေါ်နိုင်တယ်
ဝန်ဆောင်မှုကောင်းတာက လူကို
အမြဲပြန်လာစေတယ်
ဒါပေမယ့်…
ဈေးပေါတာကို ရွေးတဲ့ client ရှိတယ်ဆိုရင်လည်း
အပြစ်မပြောပါဘူး 🙂
ဘာလို့လဲဆိုတော့
စီးပွားရေးမှာရောင်းသူမှာ “မူလတန်ဖိုး” ရှိသလို
ဝယ်သူမှာလည်း “မူလရွေးချယ်ခွင့်” ရှိတယ်
သူ့ဘတ်ဂျက်နဲ့သူ
သူ့လိုအပ်ချက်နဲ့သူ
သူ့အကြိုက်နဲ့သူပါ 💯💯💯
ကိုယ့်တာဝန်က
client ကို အတင်းမဆွဲရပါဘူး
ကိုယ့်တန်ဖိုးကိုသာမြှင့်ပေးနေရုံပါပဲ 💯💯💯
ကိုယ့်တန်ဖိုးကိုမြင်တဲ့သူက
ကိုယ့်ကို အလိုလိုရှာလာလိမ့်မယ်
လာရှာတဲ့သူက
ကိုယ့်တန်ဖိုးကို သိလို့လာတာပါ 💯💯💯
ဒါပေမယ့်…
တချို့လူတွေရှိတယ်
တန်ဖိုးကို မမြင်ဘဲ
ဈေးပဲမြင်တတ်ကြတယ် 👀💸
ပိုဆိုးတာက
ကိုယ့်တန်ဖိုးကို နှိမ့်ချပြီး
မလေးစားဘဲ ဆက်ဆံတာကို
“client” ဆိုပြီး လက်ခံရမယ့်ခေတ်
မဟုတ်တော့ပါဘူး
Client ဆိုတာ
ပိုက်ဆံပေးတဲ့လူတစ်ယောက်တည်း မဟုတ်ဘူး
ကိုယ့်အလုပ်ကို လေးစားတဲ့သူ
ကိုယ့်အချိန်ကို တန်ဖိုးထားတဲ့သူ
ကိုယ့်ကြိုးစားအားထုတ်မှုကို နားလည်တဲ့သူပါ
တန်ဖိုးမမြင်တဲ့သူကို ဆုံးရှုံးရတာ
အရှုံးမဟုတ်ပါဘူး
ကိုယ့်ကိုယ်ကို ကာကွယ်လိုက်တာပါ🦾🦾🦾
ကိုယ့်တန်ဖိုးကို သိပါ
ကိုယ့်စံနှုန်းကို ထိန်းပါ
တန်ဖိုးကို သိတဲ့ client တွေက
နောက်ဆုံးမှာ ကိုယ့်ကိုပဲ ရွေးလာပါလိမ့်မယ်
တန်ဖိုးကို သိတဲ့ client တွေအတွက်ပဲ
ကိုယ့်အချိန်ကို သုံးပါ 🤝🤝🤝
💫တန်ဖိုးကို သိတဲ့သူနဲ့သာ လမ်းရှည်လျှောက်မယ်💫
အချိန်နဲ့ကြိုးစားမှုကို နားလည်ပေးမယ်ဆိုရင်ပဲ အောင်မြင်မှု အတူတူရနိုင်မယ်🦾🦾🦾
တန်ဖိုးမသိတဲ့သူနဲ့တော့ အချိန်ကုန်
စိတ်ဖိစီးမှုပေါင်းစပ်ရမယ်
ကိုယ့်စံနှုန်းကိုလေးစားပြီး
အတူတူရှေ့ဆက်လျှောက်နိုင်မယ့်သူတွေနဲ့ပဲလိုက်မယ်😇
Crd #မူရင်းပိုင်ရှင်အားလေးစားစွာCrdပေးပါတယ်