12/04/2026
☄️ Right D က 2007 ခုနှစ်မှစတင်၍ Music Producer အဖြစ် အသက်မွေးဝမ်းကြောင်းအနေနဲ့ လုပ်ကိုင်ခဲ့ပြီး Piano Lessons နဲ့ Music Theory ကိုလေ့လာသင်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။
2011 ခုနှစ်မှာ DJ အနေနဲ့ DJ World ထဲကို စတင်ဝင်ရောက်ခဲ့ပြီး၊ 𝟐𝟎𝟏𝟒 - 𝐆𝟔 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐏𝐚𝐧𝐝𝐞𝐥
𝟐𝟎𝟏𝟓 - 𝐒𝐢𝐠𝐧𝐚𝐭𝐮𝐫𝐞 𝐄𝐃𝐌 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥
𝟐𝟎𝟏𝟓 - 𝐓𝐢𝐭𝐚𝐧 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐏𝐚𝐧𝐝𝐞𝐥
𝟐𝟎𝟏𝟔 - 𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐓𝐢𝐭𝐚𝐧 𝐌𝐮𝐬𝐢𝐜 𝐋𝐨𝐮𝐧𝐠𝐞 (𝐑𝐞𝐬𝐢𝐝𝐞𝐧𝐭 𝐃𝐉)
𝟐𝟎𝟏𝟖 - 𝐁𝐥𝐚𝐜𝐤 𝐉𝐚𝐜𝐤 𝐖𝐚𝐭𝐞𝐫 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥
𝟐𝟎𝟏𝟖 - 𝐈𝐧𝐯𝐚𝐬𝐢𝐨𝐧 𝐌𝐮𝐬𝐢𝐜 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥
𝟐𝟎𝟏𝟗 - 𝐁𝐥𝐚𝐜𝐤 𝐉𝐚𝐜𝐤 𝐖𝐚𝐭𝐞𝐫 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥
𝟐𝟎𝟐𝟎 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐮𝐧𝐭𝐝𝐨𝐰𝐧 𝟐𝟎𝟐𝟎 တို့တွင်ပါဝင်တီးခတ်ဖျော်ဖြေပေးခဲ့ပါတယ်။
🔥 2014 ခုနှစ်မှာ BlackSheep အဖွဲ့ကို Founder အနေနဲ့စတင်ဖွဲ့စည်းခဲ့ပြီး Co-Founders နဲ့ Members များဖြစ်ကြတဲ့ SKIMM, Mike Haider, Synth, TE ZEK, Kz Beatz တို့နဲ့အတူ 2015 April မှာ Black Sheep ရဲ့ပထမဆုံး Album ဖြစ်တဲ့ "Turn Up The Bass" ကို Release လုပ်ခဲ့ပါတယ်။ 2016, 2017, 2018 တွေမှာလည်း 0.2, 0.3 နှင့် 0.4 ဆိုပြီး နှစ်စဉ် Black Sheep Album တွေကို ဆက်တိုက် release လုပ်ခဲ့ပါတယ်။
🎧 တစ်ချိန်တည်းမှာ Music Industry ထဲမှာရှိတဲ့ နိုင်ငံကျော် Artist များဖြစ်တဲ့ ဟဲလေး၊ စန္ဒီမြင့်လွင်၊ J-Me၊ X-box၊ G-fatt၊ စိုင်းစိုင်းခမ်းလှိုင်၊ မိစန္ဒီ တို့ အတွက်လည်း Hip Hop, R&B, Pop, Electronic Dance Music (EDM) စသည်ဖြင့် အဆိုတော်များစွာ သီဆိုခဲ့သော သီချင်းများအတွက် Music Producer အနေနဲ့ တီးခတ်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။
🎶 Right D ဖန်တီးပြုလုပ်ခဲ့သော လူသိများတဲ့ သီချင်းများဖြစ်တဲ့
အဆိုတော် Soe Gyi, Feat. Sai Sai Kham Hlaing သီဆိုထားတဲ့ မိုးပေါ်လေမှာဝဲ၊
Hip 2, Feat. Nine One သီဆိုထာားတဲ့ လူလည်းအရိုးဘဲရှိတော့တယ်၊
Mi Sandi, Feat. Mi Khat Tar သီဆိုထာားတဲ့ ပစ်တိုင်းထောင်၊
Sai Sai Kham Hlaing, Feat. Soe Gyi, Bunny Phyoe သီဆိုထားတဲ့ ဟိုက်ရှားပါး သီချင်းများကိုလည်း လူတိုင်းနီးပါး ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်။
🎵 Electronic Artist အနေနဲ့ Remix များဖြစ်တဲ့
Thar Dee Lu, Feat. J Me - ဂျူဒီ (Remix)၊
XBox - အိပ်မက် (Remix) ဖြင့်လည်း ပရိတ်သတ်တွေရင်ထဲရောက်အောင် ချပြနိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
🎤 Music Industry မှာ Original Mix နဲ့ Remix များ 70+ ပုဒ်ကျော်ကိုဖန်တီးခဲ့သူ ဖြစ်ပါတယ်။
လက်ရှိတွင် Music Production, DJing နှင့် Remixing အလုပ်များကို ဆက်လက်လုပ်ကိုင်နေပြီး Music Production Instructor အနေနဲ့ Music Production Class များကို သင်ကြားပေးနေပြီး Invader's DJ Lab တွင်လည်း Music Production Instructor အနေနဲ့ ဆက်လက်လုပ်ကိုင်နေပါတယ်။
✨ Right D ၏ သီချင်းများနှင့် Live Performance များကို 𝐁𝐞𝐚𝐭𝐬 𝐗 𝐒𝐩𝐥𝐚𝐬𝐡 ပွဲကြီးမှာ တမူထူးခြားသော EDM Experience ကို ခံစားလိုက်ပါ!
Ticket လက်မှတ်တွေကိုတော့ 𝐘𝐆𝐍 𝐒𝐩𝐨𝐫𝐭 𝐏𝐮𝐛 Page Messenger မှာ လာရောက် စာရင်းပေး ဝယ်ယူလို့ရသလို့
☎️ 09 968 888 669 , 09 943 386 313 , 09 957 338 975 တို့မှာ စာရင်းပေး ဝယ်ယူနိုင်ပါတယ်။
Happy Thingyan 2026! 🌊🎧🎉
🔥 🚀