ESsential Perfume Bar

ESsential Perfume Bar တစ်နေကုန် ရနံ့သင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့် ပြင်သစ်ရေမွှေးရနံ့လေးတွေပါ
ES pf

02/09/2025

Messenger အသုံးပြုရန်အဆင်မပြေဖြစ်နေတဲ့အတွက် Viber နံပါတ် 09781833200
ကို ဆက်သွယ်ပေးပါ ချစ်ကာကာတို့ရေ🙏💕

အကြောင်းအရာတော်တော်များများပါတဲ့အတွက် စာလေးနည်းနည်းရှည်ပါတယ်..    စိတ်ရှည်စွာဖတ်ပေးရင် အများကြီးသိရမှာပါ။..ရေမွှေးကို မှ...
11/05/2025

အကြောင်းအရာတော်တော်များများပါတဲ့အတွက် စာလေးနည်းနည်းရှည်ပါတယ်..
စိတ်ရှည်စွာဖတ်ပေးရင် အများကြီးသိရမှာပါ။..ရေမွှေးကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူပြီး မှန်မှန်ကန်ကန် အသုံးပြုနိုင် စေရန်အတွက်...

✤ ရေမွှေး ကို ဘယ်လိုဆွတ်ကြမလဲ •
ရေမွှေး ရဲ့ အဓိက ရနံ့ ဘယ်လိုရွေးမလဲ ✤

ရေမွှေး ပုလင်းပေါ် မှာ Eau da Parfum နှင့်
Eau de Toilette ကွာခြားချက်
.........................
ရေမွှေး ချစ်သူများ မိမိ သုံးနေ တဲ့ ရေမွှေး ကို နည်းစနစ် မှန်မှန် အသုံးပြု နေပါ သလား?

မွှေးရနံ့ ကြာရှည် မခံ လို့စိတ်ညစ် နေပါ သလား?

သင့် အကြိုက် ရေမွှေး ပုလင်း ရှိပေမယ့် အပြည့်အ၀ စိတ်ကျေနပ်မှု မရရှိသေး သူများ အတွက် ဆောင်ရန် ရှောင်ရန် များကို ဖတ်ကြည့်လိုက်ရ အောင်နော်။

1-ရေမွှေးအသုံးပြုဖို့အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးစပါပဲ။
အသားအရည်နူးညံ့ကြည်လင်နေတဲ့ အတွက် အလွယ်တကူ မွှေးရနံ့ကို စုပ်ယူနိုင် ပါတယ်။

2-သင့်စိတ်ကြိုက် ရေမွှေးပုလင်းလေးကို ဖွင့်လိုက်ပါ။လက်ညှိုးထိပ်ပေါ်သို့ ဆွတ်ဖြန်း လိုက်ပါ။ပြီးရင် လက်ညှိုးထိပ်လေးနဲ့ သွေးခုန်နှုန်းစမ်းမိတဲ့နေရာ (Pulse Area)များကို ညင်သာစွာ တို့ပေးပါ။
Pulse Area များကတော့ လက်ကောက်၀တ်၊ လည်ပင်းအဟိုက်၊ နားသယ်စပ်၊ လည်ကုတ်၊ ရင်၊တံတောင်ဆစ်၊ ဒူးခေါင်း နဲ့ ပေါင်အတွင်းနေရာများ ဖြစ်ပါတယ်။
ဒီနေရာများမှာ သွေးအသွားအလာများတဲ့ အတွက် အရေပြားကိုပူနွေးစေပြီး မွှေးရနံ့ လျင်မြန်စွာ ပျံ့နှံ့စေပါတယ်။

3-Body Spray သုံးမယ်ဆိုရင်တော့ Pulse Area များနဲ့ ၁ပေ အကွာကနေ ဖြန်း ပက်ပေးပါ။ လေထုထဲကို ၂ ချက် ၃ ချက် ဖြန်းပတ်ပေးခြင်းဖြင့်လည်း တစ်ကိုယ်လုံးကို မွှေးရနံ့သင်းပျံ့စေမှာပါ။

4-ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်များအဖို့ အဆီပြန်တဲ့အသားအရည်ရှိသူများလို တစ်နေကုန်ကြာရှည်ခံတဲ့မွှေးရနံ့ရဖို့ မသေချာပါဘူး။

အဆီပြန်တဲ့အခါ ရေမွှေးမှာပါ၀င်တဲ့အဆီနဲ့ အလွယ်တကူရောနှောသွားတဲ့အတွက် မွှေးရနံ့ကိုကြာရှည်ထိန်းသိမ်းထားနိုင်တာပါ။ဒါကိုဖြေရှင်းဖို့ကတော့ အလွယ်လေးပါ၊ Moisturizer လိုးရှင်းတစ်ခုခုကို အရင်လိမ်းပြီးမှ ရေမွှေးဆွတ်လိုက်ပါ။

5-ရေမွှေးဆွတ်လို့ ပြီးသွားပါပြီ။အ၀တ်အစားများကို ချက်ချင်းမ၀တ်လိုက်ပါနဲ့ဦး။ ခြောက်သွေ့အောင် ခဏစောင့်လိုက်ပါ။

ပွတ်တိုက်မိရင် အနံ့ပြောင်းသွားပြီး ကြာရှည်မခံတော့ပါဘူး။

6-သင်တခြားအသုံးပြုနေတဲ့ ရေချိုးဆပ်ပြာ၊လိုးရှင်း၊ခေါင်းလျှော်ရည် ၊စတာတွေရဲ့အနံ့ကိုလည်း ဂရုစိုက်ပါ။မိမိသုံးမယ့် ရေမွှေးရဲ့မွှေးရနံ့ကို ဖုံးအုပ်မသွားတဲ့ ခပ်ဆင်ဆင်ရနံ့မျိုးကို ရွေးချယ်ပါ။

“ အကောင်းဆုံးကတော့ နှစ်သက်ရာ Brand တစ်ခုခုကို Series လိုက်သုံးပါ။ ”

7-ရာသီဥတုကိုကြည့်ပါ။ ပူပြင်းတဲ့အခါမွှေးရနံ့ပိုမိုထွက်ပြီး ရာသီဥတုအေးတဲ့အခါ အကြာကြီးမခံပါဘူး။ရေမွှေးအနည်းအများကို ချိန်ညှိပြီးအသုံးပြုပါ။
...................................................................

ရေမွှေးဘယ်လိုဆွတ်ရမလဲဆိုတာ သိပြီးတဲ့အပြင် ရှောင်ရန်အချက်တွေကိုဆက်ပြီး
ကြည့်လိုက်ရအောင်!

1-ရေမွှေးကို တတ်နိုင်သမျှ အ၀တ်အစား၊ လက်၀တ်ရတနာများကို မဆွတ်ပါနဲ့။
အခန့်မသင့်ရင်…စွန်းထင်းတတ်ပါတယ်။

2-Pulse Area များကိုအကုန်လုံးရေမွှေးဆွတ်ရမယ်လို့ မဆိုလိုပါဘူး။
ရေမွှေးဆိုရင် ၃ စက် ၊ Body Spray ဆိုရင် ၅ ချက် က လုံလောက်ပါတယ်

ရေမွှေးအလွန်အကျွံအသုံးပြုတာက ရေမွှေးရဲ့ထိရောက်မှုမရှိစေတော့ပါဘူး။

3-ဆံပင်ကို ရေမွှေးမဆွတ်ပါနဲ့၊ ခေါင်းလိမ်းဆီ၊ခေါင်းလျှော်ရည်၊Conditioner၊ ဆံပင်ဆိုးဆေးတို့နဲ့ ဓာတ်ပြုနိုင်ပါတယ်။

4-နောက်ဆုံးအချက်ကတော့ ရေမွှေးတစ်မျိုးထဲကို စွဲမြဲသုံးတာထက် အခြေအနေ အချိန်အခါ နဲ့ လိုက်လျောညီထွေစွာ မိမိနှစ်သက်ရာရေမွှေး မျိုးစုံ သုံးစွဲ သင့်ပါတယ်။

ရေမွှေးနံ့ပတ်သက်ပြီး အဆင်ပြေစွာသုံးစွဲနိုင်ဖို့ အထောက်အကူဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။

===================================================

✤ ရေမွှေး ရဲ့ အဓိက ရနံ့ ဘယ်လိုရွေးမလဲ ✤

ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ကိုယ်နဲ့လိုက်ဖက်မဲ့ရေမွှေးလေးတွေ ၀ယ်ယူဖို့ ခက်ခဲကြမှာပါ. အားလုံးအတွက် ဒီ Notes လေးက အသုံး၀င်မယ်လို့ထင်ပါတယ်ရှင့်
• Research လုပ်ပါ •
------------------
ကိုယ်မ၀ယ်ခင်မှာ ဒီ ရေမွှေးအကြောင်း ဘယ်သူတွေ ဘယ်လို Recommend လုပ် ကြလဲ? Official Website မှာရော ဘယ်လိုရေးထားလဲ အရင်ဆုံး ရှာပြီး ဖတ်ကြည့်ပါ. အဆင်ပြေမယ်ဆို ရေမွှေးတွေရောင်းတဲ့ဆိုင်မှာ သွားစမ်းကြည့်ပါ. အပြင်မှာ ၀ယ်တာနဲ့ Online ကမှာတာ နဲ့ စျေးနှုန်းလည်း တစ်ခါတည်း ချိန်လို့ရသွားတာပေါ့.

• ကိုယ့်ရဲ့ Fragrance Personality ကို သိအောင်လုပ်ပါ •
-------------------------------------------------------
Fragrance Personality ဆိုတာ ရှင်းရှင်းပြောရရင် ကိုယ်ကြိုက်တဲ့ အနံ့အုပ်စုကို ပြောချင်တာပါ. ကိုယ့် Lifestyle နဲ့ ကိုယ့်အကြိုက် နဲ့ လိုက်ဖက်တဲ့ အနံ့ကို သိမှ ရေမွှေးရွေးရတာလွယ်ကူမှာပါ.

“ အဓိကအားဖြင့် ရနံ့အုပ်စု ၄ ခုရှိပါတယ်. Fresh, Floral, Woody နဲ့ Oriental
ဆိုပြီးတော့ပါ ”

Fresh :
-------
ပင်လယ်ပြင်ကို ဖြတ်ပြီးတိုက်လာတဲ့ ဆားရနံ့သင်းသင်းလေးနဲ့ရေအနံ့၊ မိုးရွာပြီးကာစ ရတဲ့ မြေသင်းနံ့၊ ရေလောင်းပြီးကာစ မြက်ပင်းလေးတွေ ရနံ့၊ လိမ္မော်သီး၊ သံပုရာသီးလို Citrus ရနံ့၊ Aquatic ဆန်ဆန် လန်းဆန်းပြီး လူငယ်ဆန်တဲ့ ရနံ့လေးတွေပါ.

Descrtipion မှာ Citrus, Green, Organic လို့ပါတတ်ပါတယ်.
( Marc Jacob Daisy, Elizebath Arden Green Tea, CK One )

Floral :
-------
ပန်းရနံ့လို့ပဲ ရှင်းရှင်းလေးပြောပါရစေ. နှင်းဆီရန့ံ့၊ စံပယ်ရနံ့၊ ချယ်ရီပန်း၊ ဆာကူရာပန်း၊ လီလီပန်း၊ etc. ပန်းပေါင်းစုံ ရနံ့လေးတွေပါ. Description မှာ ပန်းရနံ့ အမည်တွေ ပါတတ်ပါတယ်.

( Gucci Floral, DKNY Delicious, YSL Baby Doll )

Floral Scent ကို ပဲတခြား ရနံ့တွေနဲ့ ရောလိုက်ရင် အရမ်းကို စွဲမက်စရာလေး တွေပါ. Berry သီး ရနံ့လေးတွေ ရောလိုက်ရင် Fruity-Floral ရနံ့ဖြစ်တဲ့ Victoria's Secret Pure Seduction, Adidas Fruity Rhythm တို့လို Romantic ရနံ့ မျိုးလေးရပါတယ်.

နည်းနည်း အီတဲ့ Vinella, Musk ရနံ့လေးတွေ ရောလိုက်ရင် Floral-Oriental ရနံ့ဖြစ်တဲ့
( Chanel No.5, Dior J'Adore ) လို Classic ဆန်တဲ့ ရနံ့ မျိုးပါ.

Woody :
---------
ယောက်ျားဆန်တဲ့ ပြင်းရှရှ ရနံ့မျိုးပါ. ဆူးရှတဲ့ ရနံ့ ဖြစ်ပြီး လူကြားထဲမှာ ကိုယ့်ကို ထင်ပေါ်နေစေမယ့် Confidence ရှိတဲ့ ရနံ့ မျိုးပါ. Description မှာ Sandalwood, Birchwood, Cedar ဆိုတာတွေပါတတ်ပါတယ်.

( Victoria's Secret Love Bitten, Polo Club Sexy For Him )

Oriental :
----------
မုန့်ရနံ့လို့ပဲပြောပြော၊ Bold ဖြစ်တဲ့ ရနံ့လိုပဲပြောပြော Sexy ဆန်ပြီးချိုအီတဲ့ ရနံ့အုပ်စုပါ. Vanilla, Musk, Nutmeg, Coriander ဆိုတာတွေ Description မှာပါတတ်တယ်.

( Chanel Allure Sensuelle, Victoria Secret's very sexy, TBS White Musk
Libertine )

• Notes ဆိုတာဘာလဲ •
------------------------
ရေမွှေးတွေ Description ကိုကြည့်တဲ့အခါမှာ Top note, Middle note, Base note, Musk Note ဆိုပြီး ရေးထားတာတွေ့ဖူးမှာပါ. အဲဒါ ဘာကိုဆိုလိုတာလည်း ဆိုတာ သိမှ ရေမွှေးရွေးတာ အဆင်ပြေမှာပါ.

----------
Top note
----------
Head note လို့လည်းခေါ်ပါတယ်. ရေမွှေးကို ဖြန်းလိုက်ချိန် မှာ ရတဲ့ ရနံ့ ပါ. အဲဒီ ရနံ့ က အကြာကြီးမခံပါဘူး. Strong ဖြစ်တဲ့ ရနံ့ တွေထဲ့တာ များပါတယ်.

Citrus တို့ Ginger ရနံံ့တွေများပါတယ်. Top notes ကတော့ ရေမွှေး ၀ယ်တဲ့နေရာမှာ သိပ်အရေးမပါ ပါဘူး. အကြာကြီးခံတဲ့ ရနံ့ မဟုတ်တဲ့ အတွက်ပါ.

“ ဒါကြောင့်ရေမွှေးကို ဆိုင်မှာ စမ်းလာရင် ကဒ်ပြားလေးတွေကို လွှတ်မပစ်ပါ နဲ့
သိမ်းထားပါ ”

ဆိုင်က ထွက်ပြီး ၁နာရီအကြာမှာ ပြန်ရှုကြည့်ပါ။စမ်းပေး လိုက်ကာစ မှာ ရနံ့က အရမ်းစူးလို့ ကိုယ်မကြိုက်လောက်ဘူးလို့ ထင်ပေမယ့်Top notes ပျောက်သွားပြီး ထွက်လာတဲ့ Middle notes က ကိုယ့်အကြိုက် ဖြစ်နေနိုင်ပါတယ်.

--------------
Middle note
--------------
Heart note လို့လည်းခေါ်ပါတယ်.နှလုံးက လူ့ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး ဖြစ်သလို Heart note ကလည်း ရေမွှေးမှာ အရေးအကြီးဆုံး notes ဖြစ်ပါတယ်.

Heart notes မှာရေးထားတဲ့ ရနံ့ တွေက ကိုယ်ကြိုက်တဲ့ ရနံ့ တွေပဲဆိုရင်တော့ ဒီရေမွှေးကို စဉ်းစားသင့်ပါတယ်. ကိုယ်မကြိုက်တဲ့ ရနံ့ တွေပဲ list ထဲမှာ ရေးထားတယ် ဆိုရင်တော့ ဖယ်လိုက် ပါ.

Top note ပျောက်သွားပြီး အချိန်မှာ ထွက်လာတဲ့ ရနံ့ပါ. ရေမွှေးစွတ်ပြီး ၃၀ မိနစ်ကနေ ၁ နာရီ အတွင်းမှာ ရတဲ့ ရနံ့ ဖြစ်ပါတယ်. များသောအားဖြင့် ယဉ်တဲ့ ရနံ့ လေးတွေ ဖြစ်တတ်ပါတယ်.Levender တို့ Rose တို့လိုပေါ့.

------------
Base note
------------
Heart note နဲ့ Base note နဲ့ က ရေမွှေးတစ်ခုရဲ့ အဓိကအစိတ်အပိုင်းတွေပါ.

Base note က ကိုယ့်ခန္ဓာကိုယ်မှာ အကြာဆုံး ကျန်ခဲ့မယ့် ရနံ့ ဖြစ်ပါတယ်.

Base note ကများသောအားဖြင့် Heart note ကို ကြာရှည်ခံအောင် ပံပိုးပေးတဲ့ ရနံ့ ဖြစ်ပါတယ်. Deep ဖြစ်တဲ့ ရနံ့ လို့ဆိုကြပါတယ်.

------------------------------
Musk Note Or Animalistic
------------------------------
Musk notes ကို ရေမွှေးတော်တော်တော်များများ မှာ ပါတာ သတိထားမိမှာပါ.

Base note မှာထည့်ထားတဲ့ Molecule တွေရဲ့ အငွေ့ပြန်တဲ့နှုန်းက ကြာပါတယ်.

ထည့်ထားတဲ့ Molecule အငွေ့ပြန်တဲ့နှုန်းပေါ် မူတည်ပြီး ဒီရေမွှေးက ကိုယ်မှာစွဲတယ်
မစွဲဘူးဆိုတာ ဖြစ်တာပါ.

အဲဒါကြောင့်လည်း ရနံ့အကြာဆုံးကျန်ခဲ့တဲ့ ရနံ့ တာရှည်အခံဆုံး Notes ပါတယ်

===================================================

✤ ရေမွှေး ပုလင်းပေါ် မှာ့ Eau da Parfum နှင့် Eau de Toilette ကွာခြားချက် ✤

ရေမွှေး ဝယ်ယူတော့မယ်ဆိုရင် တစ်ခါတစ်လေ ဝေခွဲမရ ဖြစ်တတ်ပါတယ်။ မိမိဝယ်ယူမယ့် ရေမွှေး ရဲ့ ရနံ့အပြင် ဘယ်လို အမျိုးအစားလည်း ဆိုတာလည်း သိထားတာပိုကောင်းပါတယ်ရှင့်

“ အဲဒီမှာ သတိထားရမှာက Eau da Parfum နဲ့ Eau de Toilette ကွာခြားချက်ပါပဲ ”

မွှေးရနံ့ အဆီနဲ့ အရက်ပြန် ( Alcohol ) ရောနှော ပေါင်းစပ်ပြီး အဆီပါ၀င်နှုန်းပေါ် မူတည်ပြီး ရေမွှေးအမျိုးအစား ခွဲခြားထားပါတယ်…

မိမိအသုံးပြုနေတဲ့ ရေမွှေးပုလင်းကိုကြည့်လိုက်မယ်ဆိုရင် ရေမွှေးနာမည် ရဲ့ အောက်မှာ
‘ Eau de Parfum’ ‘ Eau de Toilette’ နဲ့ ‘ Eau de Cologne’ ဆိုပြီး တစ်ခုခုကို တွေ့ရပါလိမ့်မယ်..

Eau de Parfum (EdP)................................
အများဆုံးတွေ့ရမယ့် ရေမွှေးအမျိုးအစားပါ။

ဥပမာ Hugo Boss Orange for Women Eau Da Parfum က Hugo Boss Orange for Women Eau de Toilette ထက် စျေးပိုများ ပါတယ် ။

မသိတဲ့သူဆို ကွာခြားချက်ကို မသိပဲ စျေးပိုများတာကိုပဲ သတိထားမိမှာပါ။
Eau Da Parfum လို့ပြောလိုက်ရင် ရေမွှေး အဆီ (15%) ပါပါတယ်။
အချို့ Brand တွေ ဆို 20% အထိ ပါတတ်ပါတယ်။

အမျိုးသမီးသုံးရေမွှေးအများစု ဟာ Eau de Parfum များဖြစ်ပါတယ်။ ကြာရှည်ခံပြီး အများကြီး အသုံးပြုစရာ မလို ပါဘူး။ ခန္ဒာကိုယ် ကို ရေမွှေးဆွတ်ဖို့ အတွက်ပဲ အသုံးပြုသင့် ပါတယ်။

Eau de Toilette (EdT)................................
အမျိုးသားသုံးရေမွှေးအများစု ကတော့ Eau de Toilette များပါပဲ။

ရေမွှေး အဆီပါဝင်မှူ 10% အထိပဲပါတတ်ပါတယ်။အဆီ ပါဝင်မှု့ နှုန်း နည်းတဲ့ အတွက် ဆွတ်လိုက်တာ နဲ့ အလွယ်တကူ ရေငွေ့ပျံသွား တတ် ပါတယ်။

အဲ့တော့ Eau da Parfum လောက် ကြာကြာ အနံ့မစွဲပါဘူး။ အနံ့ကသင်းသင်းလေး နဲ့ လတ်ဆတ် ပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်တယ့် Brand အပေါ်လည်း အများကြီး မူတည် သေး ပါတယ်။

Eau da Parfum လိုအကြာကြီး မခံတဲ့အတွက် တစ်နေ့ နှစ်ကြိမ်လောက် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

ရေချိုးပြီးစ အချိန်များမှာ အသုံးပြုရင် လန်းဆန်း ကြည်လင်တဲ့ မွှေးရနံ့ကို ပေးစွမ်းမှာပါ။ မိမိအသုံးပြုနေတဲ့ လက်ကိုင်ပဝါ၊ အိပ်ယာခင်း ၊ ခေါင်းအုံးစွပ် စတာတွေကိုပါ ဆွတ်ဖြန်း ပေးနိုင်ပါတယ်။

Eau de Cologne.........................
ယနေ့ခေတ်မှာ အတော်ကို ရှားပါးသွားပါပြီ။ အရင်တုန်းက အော်ဒီကလုန်းလို့ နံမယ်ကြီး
ခဲ့တဲ့ ရေမွှေးအမျိုးအစားပါ။

ဂျာမဏီနိုင်ငံက Cologne ( ကိုလုန်း) မြို့က စတင်တီထွင်ထုတ်လုပ်ခဲ့တာပါ။

တကယ်တော့ ရေမွှေးအဆီပါ၀င်မှု အနည်းဆုံး ရေမွှေးအမျိုးအစားဖြစ်ပါတယ်။
ပြင်သစ်ဘုရင် နပိုလီယံ ကတော့ စွဲမြဲစွာသုံးစွဲခဲ့ပါတယ်။

၂နာရီ ၃နာရီသာ မွှေးရနံ့စွဲစေတဲ့ အတွက် အော်ဒီကလုန်းသုံးမယ်ဆိုရင်တော့
မကြာခဏ ရေမွှေးဆွတ်ဖို့ မမေ့ပါနဲ့။

စျေးကွက်ထဲမှာ ရရှိနိုင်တဲ့ ဒီရေမွှေးအမျိုးအစား(၃)မျိုးအပြင် အလှပြင် ပစ္စည်း ထုတ်လုပ် ရာမှာ သာ အသုံးပြုတဲ့ True Perfume ဆိုတာ ရှိပါ သေးတယ်။ စျေး အင်မတန် ကြီးပြီး ရေမွှေး အဆီ ပါ၀င်မှု 40% ခန့် ပါ၀င် ပါတယ်။

ဒါပေမယ့် ကြာရှည်မခံတဲ့အတွက် အသုံးပြုဖို့ အဆင်မပြေလှပါဘူး။

ရေမွှေးချစ်သူတို့ ရေမွှေးအနံ့ကောင်းမကောင်း ဘယ်လိုဆုံးဖြတ်ကြပါသလဲ။ ရေမွှေး Tester Paper က အနံ့ကိုရှူရှိက်လို့ပဲဖြစ်ဖြစ် .. ပုလင်းအဖုံးကိုဖွင့်လို့ အနံ့ခံလို့ပဲ ဖြစ်ဖြစ် များသောအားဖြင့် မိမိ ချက်ချင်းရရှိလိုက်တဲ့ ရနံ့ကိုသာ ကြိုက် မကြိုက် ဆုံးဖြတ် လေ့ ရှိ ပါတယ်။

ဒါဟာတကယ်တော့မှားယွင်းတဲ့ အလောတကြီး ဆုံးဖြတ်မှုပဲ ဖြစ်ပါတယ်။

ရေမွှေးရနံ့များမှာ မတူညီတဲ့ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြပါတယ်။
.............................................................................

ရေမွှေးတစ်ဗူးမှာ ရေမွှေးဆီပမာဏ 15% -25% လောက် ကို Alcohol (သို့) ရေ နဲ့ ရောစပ်ထားတဲ့ အပြင်းစား ရေမွှေးကို Parfum ခေါ်ပါတယ်။

ဒီထက် ရေမွေးဆီပမာဏပါဝင်မှု့နဲ တဲ့ ရေမွှေး အမျိုးအစား ကိုတော့ Edu Type လို့ခေါ်ပါတယ်။

Edu မှာ ကိုပဲ EF, EDT, EDPနဲ့ EDC ဆိုပြီး ထပ်ခွဲထားပါတယ်။
ဒါဆို EF, EDT,EDP & Parfum ရဲ့ ရေမွှေးဆီ ပါဝင်နှုန်းလေး ကိုကြည့်ရအောင်

Eau Fraiche ------------ (Usually 3% or less perfume oil)
Eau de cologne --EDC (2-5% perfume oil)
Eau de toilette----EDT (4-10% perfume oil)
Eau de parfum ---EDP (8-15% perfume oil)
Soie de Parfum ------- (15-18% perfume oil)
Parfum ---------------- (15-25% also sometimes referred to as Extract or
Extrait)
Perfume oil ----------- (15-30% perfume oil in an oil rather than alcohol
base)

စျေးကွက်မှာ နေ့စဉ်သုံး ရေမွှေးတွေမှာတော့ EDT & EDP ကိုအများဆုံးတွေ့ရပါတယ်။

Parfum ကို ဆွတ်ထားမယ်ဆိုရင်တော့ ၆-၈ နာရီ အနံ့ ကောင်းကောင်းစွဲနေမှာဖြစ်ပြီး
EDP အမျိုးအစားကို ဆွတ်ထားမယ်ဆိုရင် ၃-၅ နာရီ လောက် အနံ့ စွဲစေပါတယ် ။
EDT အမျိုးအစားကတော့ ၂-၄နာရီလောက် အနံ့ကောင်းကောင်း စွဲစေပါတယ်။

အားလုံး နဲ့ မတူတာကတော့ Mist ပါ။ Mist က ခန္ဓာကိုယ် အရေပြားပေါ် နဲ့ ဆံပင် တံတောင် တို့ကို ဆွတ်လို့ရပါတယ်။ ဒါပေမယ့် သူက တော့ အခြားရေမွှေးတွေလို အချိန်ကြာမြင့်စွာ မခံပါဘူး

ကဲဒီလောက်ဆို ကွာခြားချက်လေးကို သိလောက်ပြီလို့ထင်ပါတယ်။

လိုအပ်ချက်များရှိရင် နားလည်ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်
အားလုံးမှန်ကန်သော ရေမွှေးလေးတွေ ရွှေးချယ်နိုင်ပါစေ၊၊


လက်ဆောင်ပေးမလား?အရမ်းအဆင်ပြေတယ်!ချစ်စရာကောင်းတဲ့ packaging လေးနဲ့🥰ကိုယ်တိုင်ပဲ သုံးမလား?ကြာရှည်ခံ သင်းပျံ့တဲ့ ရနံ့လေးသုံ...
23/03/2025

လက်ဆောင်ပေးမလား?
အရမ်းအဆင်ပြေတယ်!
ချစ်စရာကောင်းတဲ့ packaging လေးနဲ့🥰
ကိုယ်တိုင်ပဲ သုံးမလား?
ကြာရှည်ခံ သင်းပျံ့တဲ့ ရနံ့လေး
သုံးဖူးသူတိုင်းကြိုက်
မွှေးရနံ့ဆို မရှိမဖြစ် ESsential ရေမွှေးလေး❤️
#



New BornNew FragranceNew Performance ❄️❄️❄️                                                    Try me!Coming Soon!!!!!!!...
24/06/2024

New Born
New Fragrance
New Performance ❄️❄️❄️
Try me!
Coming Soon!!!!!!!!!


ရေမွှေးလေးလည်းသုံးအသိပညာလည်းတိုးအောင် စာလေးအနည်းငယ်ဖတ်ကြရအောင်!စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံးသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉ...
22/02/2024

ရေမွှေးလေးလည်းသုံး
အသိပညာလည်းတိုးအောင် စာလေးအနည်းငယ်ဖတ်ကြရအောင်!

စိတ်ပညာရှင်တွေရဲ့
ခုနောက်ဆုံးသတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို
တိုင်းတာတဲ့စနစ်ဟာ

* အိုင်ကျူ (IQ)
* အီးကျူ (EQ)
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုပြီး လေးမျိုးတောင် ရှိသတဲ့။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့..
အသိဉာဏ် level က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။
သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊
အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊
ဒါပါဘဲ..
အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့..
လူအများနဲ့
မင်းရဲ့ဆက်သွယ်မှု level ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ?
မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?
တာဝန်ယူမှု တာဝန်ခံမှု ရှိလား?
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?
ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?
သူများ personalကိစ္စတွေကို..
လေးစား ထိန်းသိမ်းပြီး..
ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?
ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။
နံပါတ်(၃) SQ နဲ့ နံပါတ် (၄) AQ အကြောင်း ဆက်ရန်ရှိပါသေးသသည်။


19/12/2023

အလုပ်ကို ပျော်ရွှင်စွာ လုပ်ပါသို့သော်
မပျော်မွေ့တော့တဲ့ အလုပ်ကိုတော့ ဆက်မလုပ်ပါနှင့်!
ဘယ်သူမှကောင်းကျိုးမရှိ!
လင်းဇေ

နောက်ပြောင်တဲ့အနေနဲ့ အတန်းကျောင်းသားတစ်ယောက်ဟာ သူ့အတန်းဖော်ရဲ့ နောက်ကျောမှာ “ငါက ငတုံးပဲ” လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကိ...
14/12/2023

နောက်ပြောင်တဲ့အနေနဲ့ အတန်းကျောင်းသားတစ်ယောက်ဟာ သူ့အတန်းဖော်ရဲ့ နောက်ကျောမှာ “ငါက ငတုံးပဲ” လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကို ကပ်လိုက်တယ်။ အတန်းထဲက ကျောင်းသူကျောင်းသားတွေကိုလည်း မပြောဖို့ အမူအရာပြတယ်။ဒီလိုနဲ့ ကျောင်းသားတွေ ရယ်မောကြပါတော့တယ်။

နေ့လယ်ပိုင်း သင်္ချာအတန်းစတော့ ဆရာမက ခက်တဲ့မေးခွန်းကို ဘုတ်ပေါ်မှာ ရေးလိုက်တယ်။ ဖြေနိုင်တဲ့လူ အရှေ့ထွက်ခဲ့ဖို့ခေါ်တယ်။ စာရွက် အကပ်ခံထားရတဲ့ ကျောင်းသားကလွဲရင် ဘယ်သူမှ မဖြေနိုင်ခဲ့ဘူး။အတန်းရှေ့ကို သူထွက်တော့ ကျောကစာရွက်ကြည့်ပြီး အတန်းဖော်တွေက ရယ်ကြတာပေါ့။ ကောင်လေးက ရဲရဲဝံ့ဝံ့နဲ့ အတန်းရှေ့ထွက်ပြီး
ပုစ္ဆာကို ဖြေရှင်းလိုက်တယ်။

ဆရာမက သူ့ကျောပေါ်က စာရွက်ကို ဖယ်ပြီး အတန်းဖော်တွေကို လက်ခုပ်တီးခိုင်းတယ်။ ဆရာမက ပြောတယ်: “သားရဲ့အတန်းဖော်က သားကျောမှာ စာရွက်ကပ်ထားတာ မသိဘူးထင်တယ်”
"ကျောင်းသားက ခေါင်းညိတ်တယ်"
ဆရာမက အတန်းထဲ ထိုင်နေတဲ့ ကျောင်းသာ ကျောင်းသူတွေကိုကြည့်ပြီး ပြောလိုက်တယ် ။
"သားတို့သမီးတို့အားလုံးကို ဘဝအတွက် သင်ခန်းစာနှစ်ခုပြောရဦးမယ်"

"အရင်ဆုံး မင်းတို့ရဲ့ဘဝတစ်လျှောက်မှာ မင်းတို့ရဲ့တိုးတက်မှုကို ရပ်တန့်ဖို့အတွက် လူတွေက ရွံစရာစကားလုံးတွေ၊မခံရပ်နိုင်တဲ့ စကားလုံးတွေနဲ့ တံဆိပ်တပ်ကြလိမ့်မယ်။ဒီကျောင်းသားကသာ အတန်းဖော်က နောက်ကျောမှာ စာရွက်ကပ်ထားတာသိရင် မေးခွန်းကိုဖြေဖို့ ထလာမှာမဟုတ်ဘူး။ လူတွေပေးတဲ့ တံဆိပ်တွေကို လျစ်လျူရှုပြီး သင်ယူရမယ့် အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ပါပဲ။ ”.

“ဒုတိယအနေနဲ့၊ ဒီကလေးဟာ သူစတစ်ကာအကပ်ခံထားရတာကို ပြောပြမယ့် သစ္စာရှိတဲ့ သူငယ်ချင်း တစ်ယောက်မှ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဘဝမှာ သူငယ်ချင်းဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးပါဘူး။သူငယ်ချင်းတွေနဲ့ မျှဝေတဲ့ သစ္စာရှိမှုကပဲ အရေးကြီးတာပါ။ ကိုယ့်နောက်ကွယ်မှာ ကိုယ်ကို ကာကွယ်ပေးမယ့်၊ စောင့်ရှောက်ပေးမယ့်၊ စစ်မှန်တဲ့ ဂရုစိုက်မယ့် သူငယ်ချင်းတွေ မရှိရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။"

#ဟမ်စိုင်း(ဆေး-မန်း)
#ဘာသာပြန်
Author Becky Johnen


တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာနှစ်စဉ်အကောင်းဆုံးပြောင်းဖူးဆုကို အကြိမ်ကြိမ် ရရှိတဲ့ ပြောင်းဖူးစိုက်ပျိုးသူတစ်ယောက်ရှိတ...
12/12/2023

တစ်ခါတုန်းက
တိုင်းပြည်တစ်ပြည်မှာ
နှစ်စဉ်အကောင်းဆုံးပြောင်းဖူးဆုကို
အကြိမ်ကြိမ် ရရှိတဲ့
ပြောင်းဖူးစိုက်ပျိုးသူတစ်ယောက်
ရှိတယ်။

တစ်နေ့မှာတော့ ဘုရင်ကြီးက
တိုင်းပြည်ရဲ့ အကောင်းဆုံး
ပြောင်းဖူးစိုက်ပျိုးသူဆီကနေ
ပြောင်းဖူးစိုက်ပျိုးနည်းကို
လေ့လာသင်ယူဖို့
သူ့ရဲ့ လူယုံအမတ်တစ်ချို့ကို
စေလွှတ်လိုက်ပါတယ်။

ဘုရင်ရဲ့ လူယုံ အမတ်တွေဟာ
ပြောင်းဖူးစိုက်ပျိုးနည်းကို
စိတ်ဝင်တစား လေ့လာကြပါတယ်။

ဒီလို လေ့လာရင်းနဲ့ ဆုရတဲ့
ပြောင်းဖူးစိုက်ပျိုးသူဟာ
သူရဲ့အကောင်းဆုံး
ပြောင်းဖူးမျိုးတွေကို
အနီးအနားက တခြားသော ခြံတွေဆီ
လိုလိုလားလားနဲ့
အမြဲ မျှဝေပေးတတ်တယ် ဆိုတာ
သူတို့တွေ ထူးဆန်းစွာ
သိရှိလိုက်ရတယ်။

"ခင်ဗျား တော်တော် "အ"တဲ့ လူ ပဲ။

ဘာလို့ ကိုယ်ရဲ့အကောင်းဆုံး
မျိုးစေ့တွေကို ဒီလို ပေါပေါပဲပဲ
လိုက်ဝေနေရတာလဲ"

" ခင်ဗျားရဲ့ အကောင်းဆုံး
မျိုးစေ့ကိုသာ သူတို့တွေ ရသွားရင်
နောက်နှစ်မှာ ခင်ဗျားကို
ကျော်တက်သွားမှာပေါ့" လို့
ဘုရင့် အမတ်တွေထဲက
ခေါင်းဆောင်ဖြစ်သူက ပြောလိုက်တယ်။

" ဝတ်မှုန်ကူးခြင်းရဲ့ တန်ဖိုးကို
တကယ်ပဲမသိလို့မေးတာများလား
ဝန်မင်းကြီး"

" ဒီပြောင်းဖူးပင်တွေ
ရင့်မှည့်လာကြတဲ့အခါ
လေအဝှေ့တစ်ချက်မှာပဲ
ဒီအနီးအနား ဝန်းကျင်မှာ ရှိတဲ့
ခြံတွေထဲက ပြောင်းဖူးပင်တွေဟာ
တစ်ပင်နဲ့ တစ်ပင် ဝတ်မှုံကူးကြပါတယ်"

"တကယ်လို့ ကျွန်တော့်ခြံ
အနီးအနား ခြံတွေဆီက
အရည်အသွေးညံ့တဲ့ ပြောင်းဖူးတွေ
ဖူးလာခဲ့မယ် ဆိုရင်
ကျွန်တော့်ခြံက ပြောင်းဖူးတွေလဲ
အောင်မြင်ဖြစ်ထွန်းလာစရာ
အကြောင်းမရှိပါဘူး"

"ကိုယ့်ခြံထဲက ပြောင်းဖူးတွေကို
အောင်မြင်ဖြစ်ထွန်းစေချင်တယ်ဆိုရင်
ကိုယ့်ခြံ အနီးအနားက
ပြောင်းဖူးပင်တွေကိုပါ
မြှင့်တင်ပျိုးထောင်မှ ရပါလိမ့်မယ်"လို့
ရိုးရှင်းစွာ အဖြေပေးလိုက်တော့
အမတ်တွေဟာ သူတို့ရဲ့ သေးသိမ်တဲ့
စိတ်တွေကို ပြန်မြင်မိပြီး
တော်တော်လေး အရှက်ရသွားကြသတဲ့။

"ကျွန်တော်တို့ လူ့ဘဝမှာလဲ
ဒီလိုပဲ မဟုတ်လား"

"ကျွန်တော်တို့ ငြိမ်းချမ်းပျော်ရွှင်စွာ
နေထိုင်ချင်တယ်ဆိုရင်
ကျွန်တော်တို့ပတ်ဝန်းကျင်ကိုလဲ
ငြိမ်းချမ်း ပျော်ရွှင်ခွင့် ရရှိဖို့
ဖန်တီးပေးတတ်ရမှ ရပါမယ်"

"ကိုယ်က အဆင့်မြင့်မြင့် တန်ဖိုးရှိရှိ
ရှင်သန်နေထိုင်ချင်တယ်ဆိုရင်
ကိုယ့် လူမှုပတ်ဝန်းကျင်က
လူတွေကိုလဲ တန်ဖိုးထားပြီး
လက်တွဲခေါ် ကူညီ မြှင့်တင်ပေးဖို့
လိုအပ်ပါတယ်"

" တကယ်တော့ ဘဝရဲ့တန်ဖိုး၊
ကိုယ့်ရဲ့ တကယ့် တန်ဖိုး ဆိုတာ
ကိုယ့်အတ္တတစ်ခုတည်း
အရင်းတည်ပြီး
ကိုယ့်အကျိုး၊ကိုယ့်စီးပွား၊
ကိုယ့်ပညာကိုပဲ ဆင့်ကာ ဆင့်ကာ
တည်ဆောက်ရုံနဲ့ မရနိုင်ပါဘူး။

ဒီလို အတွေးအမြင်နဲ့
ကိုယ့်အတွက် ကိုယ်သာ လုပ်ပြီး
ပေးဆပ်မျှဝေမှု မရှိတဲ့ လူကို
ဘယ်သူကမှ လေးစားအားကျ
တန်ဖိုးထားလာမှာ မဟုတ်ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်ကို လှပအောင်
တန်ဖိုးရှိအောင် ခြယ်သခြင်းက
ကိုယ်ရဲ့ အရည်အသွေးကို
ပိုမိုတောက်ပြောင်စေတယ်။

ဒါကပဲကိုယ့်ရဲ့ တန်ဖိုး
တစ်စိတ်တစ်ပိုင်း ဖြစ်လို့နေပါတယ်။

" သင့်အနေနဲ့ အကောင်းဆုံး
ပြောင်းဖူးကို လိုချင်သလား"

"အကောင်းဆုံး ပြောင်းဖူးအတွက်ဆို
အကောင်းဆုံး ပတ်ဝန်းကျင်ကိုပါ
ဖန်တီးမှပဲ ရပါလိမ့်မယ်"



ကောင်းသောပြောင်းလဲခြင်းရဲ့ အနှစ်သာရကို ရရှိခံစားခွင့် ကံ မပါလာသော လူတို့မည်သည် ကိုယ့်ရဲ့ ``အတ္တ''   ``မာန်မာန'' တို့ဖြင့...
07/11/2023

ကောင်းသောပြောင်းလဲခြင်းရဲ့ အနှစ်သာရကို ရရှိခံစားခွင့် ကံ မပါလာသော လူတို့မည်သည် ကိုယ့်ရဲ့ ``အတ္တ'' ``မာန်မာန'' တို့ဖြင့်သာ တူယှဉ်တွဲကာ အချိန်ကုန်လွန်သွားတတ်ကြသည်။
ကျန်ရှိနေတဲ့ လူဘဝ တစ်သက်တာလေးမှာ ကိုယ့်အတွက် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ လူတွေအတွက် ပျော်ရွှင်ချမ်းမြေ့စေဖို့ ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့အရာ တွေကို ဦးစွာပြောင်းလဲ ပစ်ဖို့ လိုပါတယ်......
ကိုယ်ကစ ပြောင်းလဲပါ။
ကိုယ်ရဲ့ အတွေး အမြင်ဆိုးတွေ မပြောင်းလဲသေးသ၍ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ပြောင်းလဲသွားတာကို သင်သိရှိခံစားရလမ့်မည် မဟုတ်ပေ။
ကိုယ်တပ်ဆင်ထားတဲ့ မျက်မှန် အရောင်အတိုင်းသာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို မြင်ရပါလိမ့်မယ်။
ကိုယ့်ရဲ့ အတ္တ မာန်မာန မျက်မှန်ကို တပ်ဆင်ပြီး ကြည့်နေသမျှ ကမ္ဘာကြီးက အကျည်းတန်နေမှာပါပဲ!!!
Zay

07/11/2023

ကောင်းသောပြောင်းလဲခြင်းရဲ့ အနှစ်သာရကို ရရှိခံစားခွင့် ကံ မပါလာသော လူတို့မည်သည် ကိုယ့်ရဲ့ ``အတ္တ'' ``မာန်မာန'' တို့ဖြင့်သာ တူယှဉ်တွဲကာ အချိန်ကုန်လွန်သွားတတ်ကြသည်။
လင်းဇေ

ရနံ့သစ် ရေမွှေးလေး စတင်မိတ်ဆက်လိုက်တာနှင့် အဆွဲခံနေရပါသော........ ESsential ORIGINS✨✨✨⭐⭐⭐Packaging ဒီဇိုင်းကလည်း လုံးဝ အ...
09/08/2023

ရနံ့သစ် ရေမွှေးလေး စတင်မိတ်ဆက်လိုက်တာနှင့် အဆွဲခံနေရပါသော........
ESsential ORIGINS✨✨✨⭐⭐⭐

Packaging ဒီဇိုင်းကလည်း လုံးဝ အသန့် အလွင့်!!!💎💎💎💎💎

ရနံ့ သင်းပျံ့စွဲအား???
အနည်းဆုံး နောက်တစ်နေ့အထိ သင်းနေလို့ ကောင်းတုန်း🤩😍❤️

သူ့ရဲ့ ရနံ့လေးကလေ!!!
ဘယ်လိုပြောရမလဲဆိုတော့?????🤔🤔🤔🤔🤔

ကဲ!!!!အခု
သိချင်နေပြီ မဟုတ်လား😁😁😁
လာခဲ့လိုက်တော့🤗
စမ်းပြီးသုံးလို့ရအောင် 18ml လေးလည်း ထုတ်ပေးထားတယ်နော!

ကိုယ်တိုင်လည်း ရနံ့လေးတွေကို test လာလုပ်လို့ရတယ်။
စိတ်ကြိုက်သာ စမ်း!

ငွေလုံးဝ မပေးရဘူး🤝🤝🤝ကဲ!!!
ရေမွှေးချစ်သူတို့ရေ!!!!
လာရောက်စမ်းသပ် အားပေးလိုက်တော့နော်!




အနောက်နိုင်ငံတွေကFacebook ကို တီထွင်ပေးလိုက်တယ်ဖုန်းဆိုတာကို တီထွင်ပေးလိုက်တယ်…ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိစာအုပ်ဆိုင်တွ...
27/07/2023

အနောက်နိုင်ငံတွေက
Facebook ကို တီထွင်ပေးလိုက်တယ်
ဖုန်းဆိုတာကို တီထွင်ပေးလိုက်တယ်…

ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိ
စာအုပ်ဆိုင်တွေ ရောင်းကောင်းတုန်းပဲ
စာအုပ်စာပေကို ဖတ်ကောင်းတုန်းပဲ
စာအုပ်တိုက်တွေ အလုပ်ဖြစ်တုန်းပဲ
စာရေးဆရာတွေ အောင်မြင်တုန်းပဲ…

မြန်မာနိုင်ငံမှာတော့
စာအုပ်ဆိုင်ဆိုတာ…
အငြိမ်းစားနဲ့ နိုင်ငံခြားသားတွေပဲ လာကြတယ်၊
စာကြည့်တိုက်ဆိုတာ…
သရဲခြောက်မှာတောင် ကြောက်ရတယ်၊
ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးတွေ
ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တယ်။
အလုပ်မဖြစ်တော့
အလုပ်ဖြစ်တဲ့ စီးပွားပြောင်းရတယ်။
အခု အများဆုံး ဆိုင်တွေဟာ
ဟန်းဆက်နဲ့ ဟန်းဆက်ပြုပြင်ရေးဆိုင်တွေပဲ။
စာပေထုတ်ဝေရေးတွေ တွက်ခြေမကိုက်လို့
ပိတ်သိမ်းကုန်ကြတယ်။
စာရေးဆရာတွေမှာ နာမည်သာရှိတယ်၊
ချမ်းသာဖို့ဝေးစွ ချောင်လည်ဖို့တောင် အနိုင်နိုင်…

စကားမစပ် ဟိုတနေ့က မိမိထုတ်ဝေထားသော စာအုပ်
မည်မျှ ရောင်းထွက်သလဲ သွားမေးကြည့်ရာ
“သုံးနှစ်ပြည့်တော့မယ် အုပ်ရေ ငါးရာ
ခန့်ပင် ကောင်းကောင်း ရောင်းမထွက်ဘူး”
မိမိကတော့ facebook မှာ နာမည်ရတာနဲ့
ထုတ်ဝေကြည့်တာပါ။

တချို့သော လူငယ်ဆိုသူတွေကို ကြည့်လိုက်ပါ၊
တစ်နေ့တစ်နေ့ ဖုန်းကို လက်ညှိုးနဲ့ ပွတ်လိုက်
လက်မနဲ့ ဖိလိုက်၊ ပွတ်ဆွဲလိုက်၊ နှိပ်ထည့်လိုက်။
ဒါက ဘယ်အထိ မှတ်လဲ?

အလုပ်ထဲမှာလည်း ဒါပဲ…
စာသင်ခန်းထဲလည်း ဒါပဲ…
ဘတ်စ်ကားပေါ်လည်း ဒါပဲ…
အိပ်ယာပေါ်လည်း ဒါပဲ…
အိမ်သာထဲမှာလည်း ဒါပဲ…
မိုးလင်းလည်း ဒါပဲ… မိုးချုပ်လည်း ဒါပဲ…
လမ်းသွားရင်းလည်းဒါပဲ---
ရထားပေါ်မှာလည်း ဒါပဲ

အဆိုးဆုံးက
မိတ်ဆွေတွေ ဆွေမျိုးတွေ
လုပ်ဖော်ကိုင်ဖက်တွေ ဝေးကွာနေရာကနေ
ခေတ္တပြန်ဆုံခွင့်ရချိန်မှာတောင်
စကားဖောင်ဖွဲ့ မပြောအားဘူး၊
မပြောဖြစ်ဘူး၊ ပွတ်နေတာပဲ။

အတိုင်းအဆ မရှိ
သတ်မှတ်ချက် မရှိ
ကန့်သတ်ချက် မရှိ
ဒါပဲ လုပ်နေကြတော့တာ...

ဒါကြီးကြည့်ပြီး ပြုံးလိုက်
ဒါကြီးကြည့်ပြီး ရယ်လိုက်
မဲ့လိုက်၊ ဆဲလိုက်…
ဟင်ကနဲ ဖြစ်သွားလိုက်
ဟာကနဲ ဖြစ်သွားလိုက်
ဘုရားတလိုက် နဖူးရိုက်လိုက်နဲ့...

online သုံးပြီး စာဖတ်တယ်၊
အကျိုးရှိတာ လေ့လာတယ်ဆိုသူတွေက
တော်တော့ကို ရှားလာပါတယ်...

မနက်က ကြည့်ရတဲ့ ဗီဒီယိုလေးအကြောင်းကို
သွားသတိရမိတယ်။ အင်တာဗျူးခံရတာတဲ့။
အူကြောင်ကြောင်နဲ့ ဘာမှ မသိကြဘူး။
ဘယ်သိမလဲ စာမှ မဖတ်ကြတော့တာ။

မြန်မာသက္ကရာဇ် မသိ
မြန်မာ ဒုသမ္မတ မသိ
မြန်မာ့လူဦးရေ မသိ
ဒီလောက် အခြေခံတောင် မသိမှတော့
သေချာတယ်…

သိပ္ပံမောင်ဝ မသိ
မင်းသုဝဏ် မသိ
ရွှေဥဒေါင်း မသိ
တက္ကသိုလ်ဘုန်းနိုင် မသိ
မြသန်းတင့် မသိ
ဇော်ဂျီ မသိ
ချစ်ဦးညို မသိ
အောင်သင်း မသိ
ဦးရွှေအောင် မသိ
မင်းလူ မသိ
နီကိုရဲ မသိ
အီကြာကွေး မသိ
ဆင်ဖြူကျွန်း အောင်သိန်း မသိ...

အမေရိကန်ပြည်တွင်းစစ် မသိ
စစ်အေးတိုက်ပွဲ မသိ
အာရပ်နွေဦး မသိ
ပင်လယ်ကွေ့စစ်ပွဲ မသိ
ကိုရီးယားကျွန်းဆွယ်စစ်ပွဲ မသိ
အာရပ်-အစ္စရေး စစ်ပွဲ မသိ…
အရှေ့အလယ်ပိုင်း ပဋိပက္ခ မသိ
ဂျေရုဆလင် မသိ…

ငါးရာ့ငါးဆယ် မသိ
သုံးဆယ့်ရှစ်ဖြာ မသိ
မဟာဗုဒ္ဓဝင် မသိ
ဇာတ်ကြီးဆယ်ဘွဲ့ မသိ…
ကထိန်အကြောင်း မသိ

ASEAN မသိ
UNDP မသိ
UNICEF မသိ
NATO မသိ
OPEC မသိ
G 20 မသိ...

ဘယ်သိမလဲ… စာမှမဖတ်ကြတော့တာ…
ပြောပြန်ရင်လည်း ပြောတဲ့သူ အလွန်
ဉာဏ်ပညာနဲ့ နှလုံးသားစွမ်းရည်ဆိုတာ
တက္ကသိုလ်တက်ရုံ ဘွဲ့ရရုံ
တစ်နှစ် တစ်တန်းအောင်ရုံနဲ့ မရဘူးကွ၊
စာအုပ်စာပေပါ ဖတ်မှရတာ...

ဒါကို ထထကြွားချင်သေးတယ်။
ကျွန်တော်က ဘာနဲ့ ဘွဲ့ထားတာတွေ
ကျွန်မက ဘာနဲ့ဘွဲ့ယူထားတာတွေပေါ့လေ…

ဘွဲ့ရထားတဲ့ သူတစ်ယောက်က
ရှေ့ကလည်း မဖြစ်
နောက်ကလည်း မဖြစ်
လက်တွဲခေါ်လည်း အဆင်မပြေ။

မှတ်ထား…
မနေ့က ဘွဲ့ရတယ်
ဒီနေ့ စာဆက်ပြီး မလေ့လာရင်
စာပေဗဟုသုတ မရှာဖွေ မဖတ်ရှုရင်
မနက်ဖြန်ကစပြီး သင်ဟာ…
စာမတတ်သူပဲ ဆိုတာကိုလေ…

ဟိုဟာ မေးလည်း မသိ
ဒီဟာ မေးလည်း မသိဆိုမှတော့
သေချာတယ်…သူတို့ဟာ
မှန်သလား မှားသလား မသိ
တရားသလား မတရားသလား မသိ
သာသလား နာသလား မသိ
ထူသလား ပါးသလား မသိ
ချိုသလား ခါးသလား မသိ
သင့်သလား မသင့်သလား မသိ
တော်သလား ညံ့သလား မသိ
အဓိကလား သာမညလား မသိ
လုပ်သင့်သလား မလုပ်သင့်ဘူးလား မသိ
ကျေးဇူးရှင်လား ဘာလားလဲ မသိ
လေးစားသင့်သူလား ဘာလားလဲ မသိ
ဘာဆိုဘာမှ မသိ…

အင်းးး…
ဒီလောက်တောင် မသိမှတော့
ဒီမိုး ဒီလေ ဒီလူတွေနဲ့
ဒီခရီးကို ဘယ်လိုလုပ်ပြီး ဆက်ကြမလဲဆိုတာ
ကိုယ်တွေလည်း မသိတော့ဘူး.....

Credit မူရင်း


Address

Thingangyun

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959797314133

Website

Alerts

Be the first to know and let us send you an email when ESsential Perfume Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to ESsential Perfume Bar:

Share