19/06/2025
စနေ၊ တနင်္ဂနွေအတွက် ပွဲ ၂၀ တိတိ အော်ဒါလေး ကောက်ပါမယ်ရှင်...
ပုံ ထဲပါတဲ့ တစ်ပွဲကို ၃၀,၀၀၀ ကျပ်ပါ။
ငပလီသူကျွန်မ ကိုယ်တ်ိုင်ချက်ထားတဲ့ မွန့်ရဲ့လက်ရာ ပင်လယ်စာ ဗန်းကြီးပါရှင်။ ပါဆယ်ပို့ပေးမှာဆိုတော့ ဘူးနဲ့ ပြောင်း ထည့်ပေးရတော့ ပင်လယ်စာ ဘူးကြီးပေါ့ 😁
ဂဏန်း ၃ ကောင် ၊ ပုစွန် ၄ ကောင်၊ Brocolli ၊ အာလူး နဲ့ ပြောင်းဖူးတွေ ပါပါမယ်။ အနှစ်က အသက်ပါ။
တကယ် မွှေးပြီး အမြည်းအဖြစ် မြည်းမြည်း ၊ ထမင်းနဲ့ စားစား လိုက်နေပါရောရှင်။ ထမင်း ပူပူလေးနဲ့စားနော်။
ဝန်ထမ်းခေါ်ချက်ခိုင်းတာ မဟုတ်ဘဲ ကျွန်မကိုယ်တိုင် တယောက်တည်း ချက်ရတာမို့ ပွဲ ၂၀ စာလောက်ပဲ လက်ခံပါရစေနော်။
မှာမယ်ဆို Chatbox လေးမှာ နာမည်၊ လိပ်စာ၊ ဖုန်းလေး လာပေးပေးနော်။
ကျွန်မရဲ့ အင်းလျားရိပ်သာလမ်းထိပ်က Dear Tokyo ဂျပန်ဘုံဆိုင်လေးမှာတော့ အမြဲ သွားစားလို့ရပါမယ်ရှင်။