23/06/2026
(Burmese Below)
A Taste I Have Long Missed
Beneath a small shop with rusty red roof, with smoke gently rising from the kitchen and noodles sizzling away in well-seasoned wok….
To this day, I still cannot forget the taste of those fried noodles, with their delicate smoky aroma blended with the fragrance of lotus leaves.
These were the noodles I used to eat as a child while accompanying my mother to the market. Words can hardly describe just how delicious they were.
If I remember correctly, it must have been around 1983 when I first came to know that unforgettable taste.
With fond memories and deep longing for those noodles, I tried recreating them at Bamboo Hut Chiang Mai.
Yet somehow, I still feel that I haven’t quite reached the flavor that lives in my memories.
Still, I feel truly happy and grateful whenever guests who visit the shop tell me how much they enjoy them.
And to all the friends who have continuously supported us, thank you very much from the bottom of my heart.
လွမ်းမောတမ်းတခဲ့ရတဲ့ အရသာလေး
သံကြေးတက်နေတဲ့အမိုးနီနီလေးအောက်မှာ မီးခိုးတလူလူထွက်နေတဲ့ ဆိုင်လေး၊ ဆီဝနေတဲ့ အိုးကင်းလေးနဲ့ ကြော်ထားတဲ့ ခေါက်ဆွဲလေး...
မီးခိုးနံ့သင်းသင်းလေးရယ်၊ ကြာဖက်နံ့လေးရယ် ပေါင်းစပ်ထားတဲ့ အဲဒီခေါက်ဆွဲကြော်ရဲ့ အရသာကို အခုထိ မေ့မရသေးပါဘူးရှင့်။
ကျမငယ်ငယ်တုန်းက အမေနဲ့အတူ စျေးရောင်းသွားရင်း စားခဲ့ရတဲ့ ခေါက်ဆွဲကြော်လေးပါ။ ဘယ်လောက်အရသာရှိခဲ့သလဲဆိုတာ စကားလုံးနဲ့တောင် ပြောမပြတတ်လောက်အောင်ပါပဲ။
ကိုယ်စသိခဲ့တဲ့အချိန်ကတော့ ၁၉၈၃ ခုနှစ်ဝန်းကျင်လောက် ဖြစ်မယ်ထင်ပါတယ်။
တချိန်က ကိုယ်စားခဲ့ဖူးတဲ့ အဲဒီခေါက်ဆွဲကြော်ရဲ့ အရသာကို ပြန်လည်အောင်းမေ့တမ်းတရင်း Bamboo Hut , Chiang Mai မှာ ကြိုးစားပြီး ပြန်ကြော်ကြည့်ခဲ့ပါတယ်။
ဒါပေမဲ့ အမှတ်တရတွေထဲက အဲဒီအရသာကိုတော့ မမီသေးဘူးလို့ ကိုယ့်စိတ်ထဲ ခံစားရတုန်းပါပဲ။
ဆိုင်လာရောက်အားပေးတဲ့ ဧည့်သည်တိုင်းကတော့ ကြိုက်တယ်၊ အရသာရှိတယ်လို့ ပြောကြလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။
အမြဲအားပေးနေကြတဲ့ မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့်။