09/05/2025
🚩 #အဲကွန်းတွေ မောင်းနေရင် ဂက်စ်ကပုံမှန် ၊မမောင်းပဲရပ်ထားတဲ့အခါ ဘာဖြစ်လို့ဂက်စ်ကလျော့သွားတာလဲ?
🔺ဒါကိုသိဖို့အဲကွန်းနဲ့အအေးခန်းစက်တွေ ပုံမှန်အခြေအနေမောင်းနေချိန်နဲ့ရပ်ထားချိန်မှာတွေ့ရတဲ့ ဂက်စ်ရဲ့ဖိအား (Gas Pressure)အကြောင်းစပြောရပါမယ်
အဲကွန်းNameplae ကိုကြည့်ရင် ဒီဖိအား(၄)မျိုးတွေ့ရပါမယ်
📍(၁)စက်ရုံကစမ်းသပ်ထားတဲ့ အင်ဒိုး၊အောက်ဒိုးယူနစ်ပိုက်တွေရဲ့ ဂက်ဖိအားခံနိုင်ရည်(Test Pressure)
📍(၂)အဲကွန်း၊အအေးခန်းစက်တလုံး စက်ရပ်ထားချိန်မှာရှိနေမည့် ဂက်စ်ရဲ့ဖိအား(Standing Pressure)
📍(၃)စက်မောင်းနှင်နေချိန် ကွန်ပရက်ဆာ
အ၀င်Suction pipe မှာရှိနေတဲ့ ဂက်စ်ဖိအား။(Suction pressure)
📍(၄)စက်မောင်းနှင်နေချိန် ကွန်ပရက်ဆာ အထွက် Discharge pipe မှာရှိနေတဲ့ ဂက်စ်ဖိအား။(Discharge pressure)ဆိုပြီး
လေးမျိုး တွေ့နိုင်ပါတယ်။
အဲဒီထဲကအပေါ်နှစ်မျိုးအကြောင်းပြောပါရစေ။
🔺(၁)Test pressure
Test pressure ဆိုတာက အဲဒီအင်ဒိုး၊အောက်ဒိုးယူနစ်ကို ဂက်စ်ဖိအားအများဆုံးခံနိုင်ရည်ဘယ်လောက်ထိသုံးလို့ရတယ်ဆိုတာ စမ်းသပ်မှုကနေ ရထားတဲ့ ရလာဒ်အရ
ပြောထားတာပါ။အဲကွန်းတိုင်းမှာ ရေးထားပါတယ်။
High side ဆိုတာက အောက်ဒိုးကိုပြောတာပါ။
Low Side ဆိုတာက အင်ဒိုးကိုပြောတာပါ။
သူ့ကို အင်ဒိုး အောက်ဒိုးရဲ့ အမြင့်ဆုံး ဖိအားခံနိုင်ရည်(Maximum allowable pressure)လို့လည်းရေးထား ဖော်ပြထားတတ်ပါတယ်။
အတိုကောက်Max ဆိုပြီးလည်းရေးထားတတ်ပါတယ်။
Maximum Discharge Pressure လို့လည်းဖော်ပြထားတတ်ပါတယ်။
အဲဒီဖိအားထက်ကျော်မသုံးသင့်ပါဘူး။ကေျာ်သုံးရင်
ပိုက်တွေ ခံနိုင်မှာမဟုတ်ပါဘူး။ဂက်စ်ယိုစိမ့်မှာပါ။
သူ့ကို ယူနစ်အနေနဲ့
Mega Pascal (Mpa)
Bar
Pound per Square Inches(PSI )ယူနစ်တွေနဲ့ အများဆုံးဖော်ပြတတ်ပါတယ်။
1MPa=145 PSI ရှိတယ် လို့မှတ်နိုင်ပါတယ်။
(အကြမ်းဖျဉ်း 150PSIပေါ့)
အဲကွန်းတွေရဲ့ အောက်ဒိုးယူနစ်နဲ့ အင်ဒိုးယူနစ်သုံးထားတဲ့ ပိုက်ရဲ့ အထူအပါးဖွဲ့စည့်ပုံလိုက်လို့ ခံနိုင်ဖိအားမတူတာတွေ့ရမှာပါ။အဲဒီပိုက်တွေရဲ့ အထူအပါးက စက်ရဲ့အရည်အသွေးကို ပြဌာန်းတာပါ။
စက်တွေမှာ အမှန်အကန်ဖော်ပြထားတဲ့ ခံနိုင်ရည်ဖိအားကိုကြည့်ပြီး စက်ရဲ့ အရည်သွေး ပိုက်အထူအပါးကိုခန့်မှန်းလို့ရပါတယ်။များလေကောင်းလေပါ။
အဲဒီခံနိုင်ရည်ဟာ အဲကွန်း၊အအေးခန်းရဲ့ သုံးစွဲမည့်ဂက်စ်ရဲ့အမျိုးအစားပေါ် မူတည်ပါတယ်။
R-410A ၊ R-32 ၊ R-744 အစရှိတဲ့သုံးမည့်ဂက်စ်တွေသုံးတဲ့စက်တွေဟာ ဂက်စ်တွေရဲ့သိပ်သည်းဆများတဲ့အတွက် Test Pressureများမှရမှာပါ။
(ဒီဂက်စ်တွေသုံးတဲ့ စက်တွေမှာဆိုရင် အောက်ဒိုးကွိုင်ကို
4.2 MPa (PSI 600)ခံနိုင်ရည်ရှိတဲ့ထိထားတတ်ကြပါတယ်။အင်ဒိုးကွိုင်ကိုတော့ 2.5MPa (360 PSI)ထိထားတတ်ကြပါတယ်)
R-22, R-134a , R-407C ,R-404A အစရှိတဲ့ ဂက်စ်တွေသုံးတဲ့ စက်တွေဟာ Test Pressure နည်းလေ့ရှိပါတယ်။
(ဒီဂက်စ်တွေသုံးတဲ့ အများစုစက်တွေမှာဆိုရင် အောက်ဒိုးကွိုင်ကို3 MPa (PSI 450)ခံနိုင်ရည်ရှိတဲ့ထိ အမြင့်ဆုံးထားတတ်ကြပါတယ်။
အင်ဒိုးကွိုင်ကိုတော့ 2MPa (300 PSI)ထိအမြင့်ဆုံးရှိတတ်ကြပါတယ်။တချို့တရုပ်အဲကွန်းများက 0.8MPa သာရှိပါတယ်။ PSI နဲ့ဆို 120PSI အောက်ပဲရှိပါတယ်။
ပိုက်ပါးလို့ပါ။
🔺(၂)Standing Pressure
သူကတော့ စက်ရပ်နေချိန်မှာရှိနေမည့် ဂက်စ်ရဲ့ဖိအားကိုပြောတာပါ။ဒီဖိအားကတော့ ပတ်၀န်းကျင်အပူချိန်လိုက်ပြီး ပြောင်းနေတတ်ပါတယ်။ ပတ်၀န်းကျင်အပူချိန် မြင့်ရင်မြင့်တဲ့အလျောက် အနည်းအကျဉ်းလိုက်ပြောင်းနိုင်ပါတယ်။ အပူချိန်ကို အသေထားရင် ဂက်စ်အမျိုးအစားတခုခြင်းဆီမှာ Standing Pressure တွေက မတူပါဘူး။
လက်တွေ့တိုင်းတာမှုများအရ အိမ်သုံးအဲကွန်းအများစုမှာ
ဂက်စ်ဆိုရင် ပတ်၀န်းကျင် အပူချိန် 35'C ထိကတော့
📍R-22ဆိုရင်
(140PSI ကနေ 160PSI)ကြားမကျော်ကြပါဘူး။
📍R-134Aဆိုရင်
(85PSI ကနေ 98PSI)ကြားမကျော်ကြပါဘူး။
📍R-410A,R-32ဆိုရင်
(240PSI ကနေ 260PSI)ကြားမကျော်ကြပါဘူး။
အဲဒီ Standing Pressure ဟာစက်မောင်းနေချိန် အင်ဒိုးယူနစ်မှာရှိနေတဲ့ ဂက်စ်ရဲ့ဖိအား(Suction pressure)ထက်နှစ်ဆ၀န်းကျင်ရှိပါတယ်။
(PT chart မှာကြည့်ရင်တော့ မြေပြန်ဒေသဆိုရင် 28.5'C လောက်နဲ့ ပျမ်းမျှကြည့်ရင်ရတတ်ပါတယ်)
အင်ဒိုးယူနစ်ထဲရဲ့ အ၀င်အထွက်ပိုက်ေတွ( Low pressure Liquid and Suction Pipe)တွေနဲ့ သူတို့ကို ဂျွှိုင်း ထားတဲ့ ဖလဲနပ် တွေဟာ စက်မောင်းနေချိန် ဂက်စဖိအား(Suction pressure)ကို ခံနိုင်ပေမယ့် ၊ စက်ရပ်ထားချိန်မှာရှိတဲ့ ဂက်စ်ဖိအားStanding pressurကို ခံနိုင်ရည်မရှိပဲ ဂက်စ်တွေဟာ တဖြည့်ဖြည်းယိုစိမ့်တတ်ပါတယ်။
⛔အဲဒီအခါအဲကွန်းဟာ စက်မောင်းချိန် မယိုပေမယ့် ရပ်တဲ့အချိန်မှာ ပိုက်ကနေ ဂက်စ်ယိုစိမ့်ပြီး ကုန်ခမ်းသွားနိုင်ပါတယ်။
⛔⛔⛔စက်မောင်းချိန်မှာ ဂက်စ်အပေါက်လိုက်စမ်းရင်တွေ့မှာမဟုတ်ပဲ စက်ကိုရပ်တပ်ပြီး Standing pressure
ရနေချိန်အပေါက်ရှာမှသာ ယိုစိမ့်မှု ကို တွေ့ရတတ်ပါတယ်။ ဘာဖြစ်လို့လည်ဆိုရင် အဲကွန်းအင်ဒိုးယူနစ်ဟာ မောင်းနေချိန်မှာရှိတဲ့ဂက်စ်ဖိအားကို ခံနိုင်ပေမယ် စက်ရပ်နေချိန်မှာရှိတဲ့ ဂက်စ်ရဲ့ Standing Pressure ကို ပိုက်တွေ ကြေး၀ရိန်အဆက်တွေ၊ ပိုက်ဂျွိုင်းတွေက မခံနိုင်တာကြောင့်ပါ။ Standing pressure ဟာ အဲကွန်းအင်ဒိုးမှာဆိုရင် အဲကွန်းမောင်းနေချိန်ထက် ဖိအားနှစ်ဆလောက်များလို့ပါ⛔⛔
ဒါကိုသတိထားဖို့ပါ။ တချို့က စက်မောင်းချိန် အပေါက်စမ်းပြီး အပေါက်ရှာမရဖြစ်တတ်တာ ခဏခဏကြုံနေကြားနေရလို့ပါ။
ဂက်စ်ယိုတာစမ်းတဲ့အခါ ပိုက်ဆက်ဖလဲဂျွိုင်းတွေ၊
ပိုက်ချင်းထိနိုင်တဲ့နေရာတွေ၊ပိုက်နဲ့ ဖရိမ်ထိတဲ့နေရာတွေ၊
အကွေးတွေ၊လိုအပ်ရင် ကွန်ပရက်ဆာ ဘော်ဒီကိုပါ အပေါက်ရှာသင့်ရင်ရှာပေးရပါတယ်။
အင်ဒိုးယူနစ်တွေမှာတော့ ဂက်စ်ဖိအား 150PSIကျော်မှ တချို့အပေါက်တွေက စိမ့်တတ်လို့ ဖိအားနည်းနည်းလေးပိုထည့်လို့ ဖြုတ်ထုတ်ပြီးယိုစိမ့်မှုကိုရှာသင့်ပါတယ်။
တချို့က ပြောကြတယ် တခါသုံးပါကင်ပိတ်ဂက်စ်ဘူးတွေမှာ ဂက်စ်က ဘာလို့လျော့တာလဲတဲ့?
သူ့မှာ ရေထဲနှစ်ရင်တောင် လေပူပေါင်ူမထနိုင်တဲ့ အပေါက်အရွယ်တွေ ရှိနေလို့ပါ။ဒါကို Micro leaks လို့ပညာရပ်မှာခေါ်ပါတယ်။ စက်ရုံကနေ ရောင်းတဲ့နေရာထိ နှစ်ပေါက် လာတဲ့အခါ တဖြည်းဖြည်းလျော့ရင် ဂက်စ်ဘူးထဲက ဂက်စ်က ကုန်သွားတဲ့သဘောပါအပေါက်မရှိပဲ ကုန်သွားတယ်မရှိပါဘူး။
အဲကွန်းလို စက်ရဲ့အထဲထဲမှာ ဂက်စ်နဲ့ဓာတ်ပြုစရာ ပစ္စည်း ဉပမာ ကွန်ပရက်ဆာဆီလိုမျိုးဟာ ရေငွေ့ဘာညာစသည်နဲ့ ဓာတ်ပြုရင်တော့ မူလရှိနေတဲ့ဂက်စ်ဟာ ပမာဏလျော့သွားတာ ကုန်သွားတာဖြစ် ကောင်းဖြစ်နိုင်ပါမယ်။
#ကိုနန္ဒမိုး