08/08/2026
Grand Manaw Bar & Cafe မှ အသိပေးပန်ကြားအပ်ပါသည် ✨
၁၀.၈.၂၀၂၆ (တနင်္လာနေ့) တွင် ကျွန်တော်တို့ Grand Manaw Bar & Cafe ၌ Private Charter ပွဲလေး လက်ခံထားရှိပါသဖြင့် ထိုနေ့အတွက် ဝန်ဆောင်မှု အချိန်ဇယားလေးများကို အောက်ပါအတိုင်း အနည်းငယ် ပြောင်းလဲထားပါသည်ခင်ဗျာ။
☕ Cafe & Bakery Services
မနက်ပိုင်း ကော်ဖီ၊ မုန့်နှင့် သောက်စရာများကို Floor 1 တွင် ပုံမှန်ဆိုင်ဖွင့်ချိန်အတိုင်း စိတ်ကြိုက် လာရောက်သုံးဆောင်နိုင်ပါသည်။
🍳 Kitchen အစားအသောက် ဝန်ဆောင်မှု
Kitchen ကို နေ့လယ် ၁၂:၀၀ နာရီ တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။
နေ့လယ် ၁၂:၀၀ မတိုင်မီ အစားအသောက် သုံးဆောင်လိုပါက ၉.၈.၂၀၂၆ (ည ၈:၀၀ နာရီ) ထက် နောက်မကျဘဲ ကြိုတင် Reservation မှာယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကြိုတင် Reservation မပါရှိသော Walk-in ဧည့်သည်တော်များအတွက် အစားအသောက်များကို နေ့လယ် ၁:၀၀ နာရီ နောက်ပိုင်းမှသာ ပြင်ဆင်ဧည့်ခံပေးနိုင်မည်ဖြစ်ပါသည်။
🥂 The Grand Lounge (Floor 2)
နေ့လယ် ၂:၀၀ နာရီ နောက်ပိုင်းမှ စတင်၍ ဧည့်ခံပေးသွားမည် ဖြစ်ပါသည်။
ဧည့်သည်တော်များ အဆင်ပြေချောမွေ့စွာ သုံးဆောင်နိုင်ရေးအတွက် ကြိုတင် Reservation လေး ပြုလုပ်ပေးကြပါရန် လေးစားစွာဖြင့် အသိပေး ပန်ကြားအပ်ပါသည်ခင်ဗျာ 💛
📞 Reservation - 09255220055
📍 Grand Manaw Bar & Cafe