Hotel Drift

Hotel Drift A hotel where you can feel the beautiful sunset of Myeik, city in Myanmar.

5+1 နော် 😊🌧️🌧️🌧️မိုးအေးအေးမှာ ဘီယာအေးအေးလေးနဲ့ ဘိတ်မြို့ကြီးကို အပေါ်စီးကနေ Chillချင်တဲ့ ညီကိုတွေအတွက် Hotel Drift ရဲ့ R...
07/06/2026

5+1 နော် 😊
🌧️🌧️🌧️
မိုးအေးအေးမှာ ဘီယာအေးအေးလေးနဲ့
ဘိတ်မြို့ကြီးကို အပေါ်စီးကနေ Chill
ချင်တဲ့ ညီကိုတွေအတွက် Hotel Drift ရဲ့ Rooftop Bar မှာ Heineken ပုလင်းကြီး ( ၅ ) လုံး ၀ယ်ယူတိုင်း ပုလင်းကြီး ( ၁ ) လုံး မိုးရာသီလက်ဆောင်ပေးနေပြီနော် ...🍻🍻🍻

မင်္ဂလာပါခင်ဗျာ......🙏🙏🙏ကျွန်တော်တို့ မြိတ်မြို့ရဲ့ Hotel Drift မှာချစ်ရတဲ့ ဧည့်သည်တော်ကြီးများအတွက် လာမယ့် 12. 6. 2026 ...
04/06/2026

မင်္ဂလာပါခင်ဗျာ......🙏🙏🙏
ကျွန်တော်တို့ မြိတ်မြို့ရဲ့ Hotel Drift မှာ
ချစ်ရတဲ့ ဧည့်သည်တော်ကြီးများအတွက်
လာမယ့် 12. 6. 2026 မှစ၍
မည်သည့်အခန်း အမျိုးအစားကိုမဆို
အခန်းတစ်ခန်း Booking or Walk-in ယူတိုင်းမှာ ( ၁၅,၀၀၀ ) ကျပ်ကို မိုးရာသီအထူး Promotion ပေးနေပါပြီခင်ဗျာ.....😊😊😊

ယနေ့ ကျရောက်သော "ကမ္ဘာ့ အမေများနေ့ "မှာ ကမ္ဘာပေါ်မှာရှိကြတဲ့ အမေ အယောက်စီတိုင်း ကိုယ်၏ကျမ်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းမျာ...
10/05/2026

ယနေ့ ကျရောက်သော "ကမ္ဘာ့ အမေများနေ့ "မှာ
ကမ္ဘာပေါ်မှာရှိကြတဲ့ အမေ အယောက်စီတိုင်း
ကိုယ်၏ကျမ်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့်ပြည့်စုံပြီးလျှင် သား၊သမီး၊မြေး၊တီ၊တွတ်များဖြင့်
ပျော်ရွှင်ချမ်းမြေ့ရသော ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Hotel Drift မိသားစုမှ ဆုတောင်းမေတ္တာများကို နှလုံးသားများထဲမှ လှိုက်လှိုက်လှဲလှဲ ပို့သပေးလိုက်ပါတယ်ခင်ဗျာ....🙏🙏🙏



ယနေ့ မေလ ( ၁ ) ရက်နေ့တွင်ကျရောက်သော "ကမ္ဘာ့အလုပ်သမားများနေ့"တွင် ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ဝ...
01/05/2026

ယနေ့ မေလ ( ၁ ) ရက်နေ့တွင်ကျရောက်သော "ကမ္ဘာ့အလုပ်သမားများနေ့"တွင် ကဏ္ဍအသီးသီးမှာ
တာဝန်ထမ်းဆောင်နေကြသော
ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည်စုံကြပြီးလျှင်
တနှစ်ထက်တနှစ် ပိုမိုတိုးတက်ကာ အောင်မြင်မှုအသီးအပွင့်များကို
စဉ်ဆက်မပြတ်ရရှိပါစေလို့ Hotel Drift မိသားစုမှ ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်ခင်ဗျာ
🙏🙏🙏

မြန်မာဗုဒ္ဓဘာသာတို့ရဲ့ လကဆုန်၏ နေ့ထူးနေ့မြတ်အခါသမယတွင်ဘုရားရှင်အား ရည်စူး၍ညောင်ရေသွန်းကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်...
30/04/2026

မြန်မာဗုဒ္ဓဘာသာတို့ရဲ့ လကဆုန်၏ နေ့ထူးနေ့မြတ်အခါသမယတွင်
ဘုရားရှင်အား ရည်စူး၍
ညောင်ရေသွန်းကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်း—
ဤကောင်းမှုကြောင့်
မိမိနှင့် မိမိတို့ချစ်ခင်ရသော မိသားစုဝင်များ၊
မိတ်ဆွေများ အားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။
အပူဒုက္ခများ လျော့နည်းပျောက်ကင်းပြီး
အေးချမ်းသာယာသော ဘဝကို ရရှိကြပါစေ။
ကမ္ဘာပေါ်ရှိ သတ္တဝါအပေါင်းတို့လည်း
ဒုက္ခမှ လွတ်မြောက်ကာ
ငြိမ်းချမ်းခြင်းနှင့် ပြည့်စုံသောဘဝကို
ရရှိနိုင်ကြပါစေကြောင်း Hotel Drift မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

‎✅မြိတ်မြို့ရောက်ရင် အေးအေးဆေးဆေးနဲ့ Drift လုပ်ကြမလား 🌊‎‎🏞️ပင်လယ်လေညင်းလေးရှူရင်း၊ မြိတ်မြို့ရဲ့ အလှအပတွေကို အေးအေးဆေးဆေ...
23/04/2026

‎✅မြိတ်မြို့ရောက်ရင် အေးအေးဆေးဆေးနဲ့ Drift လုပ်ကြမလား 🌊

‎🏞️ပင်လယ်လေညင်းလေးရှူရင်း၊ မြိတ်မြို့ရဲ့ အလှအပတွေကို အေးအေးဆေးဆေး ခံစားချင်တယ်ဆိုရင်တော့ Hotel Drift က အကောင်းဆုံး ရွေးချယ်မှုပါပဲ။😍

‎🌊ဘယ်သွားသွား နီးနီးနားနားနဲ့ အေးချမ်းတဲ့ ခံစားမှုကို ရရှိစေမယ့်အပြင်၊ သန့်ရှင်းသပ်ရပ်တဲ့ အခန်းလေးတွေက ခရီးစဉ်ကို ပိုပြီး ပြည့်စုံစေမှာပါ။☀️

‎🏠မြိတ်မြို့ ကမ်းနားလမ်းနားမှာ ရှိတာကြောင့် လည်ပတ်ရတာလည်း တကယ်ကို အဆင်ပြေစေပါတယ်။ ရုံးပိတ်ရက်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် မြိတ်ကို လာဖြစ်ရင် Hotel Drift ကိုသာလှမ်းလာခဲ့လိုက်ပါဗျ....✈️

‎🏞️မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိတာကြောင့် အစားအသောက်ရော၊ အလည်အပတ်ရော အားလုံး Ready ပါပဲ။

‎☀️ချစ်ရတဲ့သူတွေနဲ့အတူ အမှတ်တရတွေ ဖန်တီးဖို့ Hotel Drift ကို အခုပဲ သတိရလိုက်ပါ။💕


‎📞 09-424702050
09-403784934

📍 No.31/32, Kannar Road, Kangyi Ward, Myeik.

11/04/2026

ဧပရယ်လ 11 မှ 19 ရက်နေ့အထိ
Promotion တွေပေးနေပြီနော် ❗
#မြိတ်

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးတဲ့ နှစ်သစ်ကူး အတာသင်္ကြန်အခါသမယမှာ Hotel Drift မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။မြိတ...
10/04/2026

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးတဲ့ နှစ်သစ်ကူး အတာသင်္ကြန်အခါသမယမှာ Hotel Drift မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

မြိတ်မြို့ရဲ့ လှပခမ်းနားတဲ့ နေဝင်ဆည်းဆာ ရှုခင်းနှင့်အတူ ကမ်းနားလမ်းတစ်လျှောက် သင်္ကြန်ရဲ့ အငွေ့အသက်များကို အနီးကပ်ဆုံး ခံစားလိုက်ပါ။ ပျော်ရွှင်မှုများ၊ ရယ်မောသံများနှင့် ပြည့်နှက်နေတဲ့ အချိန်လေးတွေ၊ အမှတ်တရလှလှလေးတွေကို ဖန်တီးနိုင်မှာပါ။

အေးချမ်းသာယာပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်တစ်ခုကို ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းများနှင့်အတူ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

#မြိတ်မြို့ #သင်္ကြန် #နှစ်သစ်ကူး

08/04/2026

🎉 မြန်မာ့နှစ်သစ် သင်္ကြန်အခါသမယမှာ မင်္ဂလာရှိကြပါစေခင်ဗျာ 🎉

နှစ်သစ်ကာလတွင် ကျွန်တော်တို့ Hotel Drift မိသားစုမှ ဧည့်သည်တော်များအားလုံးကို
ကျန်းမာချမ်းသာပြီး စိတ်ချမ်းမြေ့သာယာမှုများ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သင်္ကြန်ရေများနှင့်အတူ နှစ်ဟောင်းမှ အညစ်အကြေးဟောင်းများကို ဆေးကြောပယ်ရှားပြီး
ပျော်ရွှင်မှု၊ အောင်မြင်မှု၊ ကံကောင်းခြင်းများနှင့် ပြည့်စုံသော နှစ်သစ်တစ်နှစ် ဖြစ်ပါစေ 🙏🙏🙏

မြန်မာ့ရိုးရာသင်္ကြန်အကများနှင့်အတူ
ပျော်ရွှင်စရာ သင်္ကြန်အခါသမယကို ကျွန်တော်တို့ Hotel Drift #မြိတ် မှ #ဝန်ထမ်းညီအကိုမောင်နှမများနှင့်အတူ ကြိုဆိုဖြတ်သန်းလိုက်ကြရအောင်လားခင်ဗျာ... 💦🌼

‎🥩 Western Style Steak ကိုမှ ထူးခြားတဲ့အသွင်အပြင်နဲ့ အရသာကို ရှာဖွေနေသူတွေအတွက် ဈေးနှုန်းသင့်တင့်ပြီး Quality အသားပေးထား...
01/04/2026

‎🥩 Western Style Steak ကိုမှ ထူးခြားတဲ့အသွင်အပြင်နဲ့ အရသာကို ရှာဖွေနေသူတွေအတွက် ဈေးနှုန်းသင့်တင့်ပြီး Quality အသားပေးထားတဲ့ Special Steak Menu (၃) မျိုးကို မိတ်ဆက်ပေးပါရစေ....‼️

‎🐷 Sticky Pork Ribs with BBQ Sauce
‎နူးအိနေတဲ့ ဝက်နံရိုးအသားကိုမှ အချိုအစပ်အရသာ မျှတတဲ့ Signature BBQ Sauce နဲ့ တည်ခင်းထားတာပါ။ BBQ ရဲ့ မွှေးရနံ့နဲ့အတူ အသားထဲအထိ စိမ့်ဝင်နေတဲ့ အရသာက Steak ချစ်သူတွေအကြိုက် တွေ့စေမှာ အသေအချာပါပဲ။

‎🐄 Beef Steak with Curried Potatoes & Beef Jus
‎အမဲသား Steak ကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြစ်ပါတယ်။ အရည်အသွေးမြင့် အမဲသားကို အပူချိန်ကွက်တိ ကင်ထားပြီး၊ ဆန်းသစ်တဲ့ Curry Potato၊ အသားရဲ့ အရသာအစစ်ကို ပေါ်လွင်စေမယ့် Beef Juice တို့နဲ့ တွဲဖက်ပေးထားပါတယ်။ အနောက်တိုင်းနဲ့ အရှေ့တိုင်း အရသာပေါင်းစပ်မှု (Fusion) ကို အကောင်းဆုံး ခံစားရမှာပါ။

‎🐟Pan-Fried Fish Fillet with Asian Spice Sauce
‎Weight ထိန်းချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ ငါးအသားလွှာကို အပေါ်ယံလေး ကြွပ်ရွနေအောင် Pan Fried လုပ်ထားပြီး၊ အနံ့အရသာ ပြည့်စုံတဲ့ Asian Spice Sauce နဲ့ အချောသတ်ထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အရသာရှိလှတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

‎✨Premium ဆန်တဲ့ Steak အရသာကို ၂ သောင်းဝန်းကျင်နဲ့တင် သုံးဆောင်နိုင်သလို Western Technique ကိုမှ Asian Palate နဲ့ ကိုက်ညီအောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။✅

‎‼️ နေ့စဉ် လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းများကိုသာ အသုံးပြုထားတာ‌ဖြစ်တဲ့အတွက် ညနေစာအတွက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆုံကြရင်ပဲဖြစ်ဖြစ် အရသာထူးကဲတဲ့ ဒီ Menu (၃) မျိုးကို လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။😍

‎☎☎☎
‎09-424702050
‎09-403784934

‎📌📌📌
‎No.31/32, Strand Road, Myeik City, Tanintharyi Region.

Address

No. 31/32, Strand Road
Myeik
14051

Alerts

Be the first to know and let us send you an email when Hotel Drift posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Hotel Drift:

Share