K K K Bar & Grill Myawaddy

K K K Bar & Grill Myawaddy KKK ,The Best Services For You ! Thanks.

19/01/2025

❤️ K*K Bar & Grill Myawaddy ❤️မှ
ဧည့်သည်တော်လူကြီးမင်းများကို
ကျေးဇူးတုန့်ပြန်ခြင်းအားဖြင့်….

ဇန်နဝါရီ (၂၀) ရက်နေ့မှ စ
ဇန်နဝါရီ (၃၁) ရက်နေ့အထိ…..

တစ်ခွက် သောက် တစ်ခွက် လက်ဆောင်ရ

တစ်နည်းအားဖြင့်

ခွက် (၂၀) သောက်လျှင် (၁၀)ခွက်ဖိုးပဲ
ကျသင့်ပေးချေရမှာ ဖြစ်ပါတယ်ခင်ဗျ…

ကြွလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ….

ချစ်ခြင်းအားဖြင့် *K

04/01/2025

လူကြီးမင်းတို့ ကြိုက်နှစ်သက်ရာဟင်းပွဲ (သို့) အကင်များကို ကျေးဇူးပြု၍ ငွေကျပ်(၅၀၀၀၀)ဖိုးသာဝယ်ယူ သုံးဆောင်ပေးခြင်းဖြင့် ကူညီပေးပါဗျ……K*K Bar & Grill မှအဝသောက် အမုန်းသောက် စနစ်ဖြင့်ဘီယာစတုဒီသာအားတည်ခင်း ဧည့်ခံပါရစေ……နေ့ရက် နှင့် အချိန်လေးက၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်ညနေ (၅) နာရီမှ (၁၀) နာရီအထိပဲဖြစ်ပါတယ်ခင်ဗျာ……

❤️ Super Friday Night ❤️ #ညီလေး_သန့်စင်_သန့်စင်  🥊 🥊 ဒုံး ဒုံး ဒုံး 🥊  🥊 #ညီလေးသန့်စင်_အနိုင်ရရှိခဲ့ပါကမှာယူ သုံးဆောင်ထာ...
27/09/2024

❤️ Super Friday Night ❤️

#ညီလေး_သန့်စင်_သန့်စင်

🥊 🥊 ဒုံး ဒုံး ဒုံး 🥊 🥊

#ညီလေးသန့်စင်_အနိုင်ရရှိခဲ့ပါက

မှာယူ သုံးဆောင်ထားခြင်း စုစုပေါင်း၏ (၂၅%) အား သက်သာစေနိုင်မည့် K*K Bar & Grill!

မင်္ဂလာပါ ချစ်ခင်လေးစားရပါသော ဧည့်သည်တော်ကြီးများခင်ဗျာ….

K*K Bar & Grill မှာ
ညီလေး သန့်စင် ရဲ့ ပွဲကို
LCD Screen အကြီးကြီးနဲ့
အားရပါးရ အတူတူ အားပေးကြဖို့……

လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပါရစေ…..

အတူတကွ ကြည့်ရှုအားပေးကြရင်း
ညီလေး သန့်စင် အနိုင်ရရှိခဲ့ပါက….

ညီလေး သန့်စင် အား
K*K Bar & Grill မိသားစုတို့မှ
ဂုဏ်ပြုသည့်အနေဖြင့်……

ဧည့်သည်တော်ကြီးများ သုံးဆောင်ထားသော ကျသင့်ငွေ စုစုပေါင်း၏ ၂၅% အား အထူး Discount အနေဖြင့် သက်သာခွင့် ခံစားရရှိမည်ဖြစ်ပါကြောင်း …..ကြိုတင် အသိပေး အကြောင်းကြားအပ်ပါသည်ခင်ဗျာ….

(မှတ်ချက်။ ။ Garden Area ရှိ LCD Display ဘက်အခြမ်းတွင် ညီလေးသန့်စင်ပွဲအား အတူတူ အားပေးကြသော ဧည့်သည်တော်ကြီးများအတွက်သည်သာ…)

❤️ K*K, The Best Services For You ! ❤️

*K

ချစ်ခြင်းအားဖြင့်အားပေးကြပါသော ……❤️ Happy Birthday ❤️ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ…..                                    ...
02/09/2024

ချစ်ခြင်းအားဖြင့်

အားပေးကြပါသော ……

❤️ Happy Birthday ❤️

ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ…..

*K

16/08/2024

Bar Manager တစ်ဦး ဖိတ်ခေါ်လိုပါသည်။
Waitress (၁၀)ဦး (၂၅၀၀၀၀) ကျပ်

Bar Manager တစ်ဦးအနေဖြင့်
Bar နှင့် ဝန်ထမ်းများ၏နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ဧည့်သည်တော်များ၏ လိုအပ်ချက်များကို ကြီးကြပ် စီစဉ်ညွှန်ကြားပေးနိုင်ရပါမည်။

လိုအပ်သောအရည်အချင်း

- မိမိကိုယ်ကို စိတ်အားထက်သန်ပြီး Organizational Skills အထူးကောင်းမွန်ရပါမည်။

- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ၃ နှစ်ရှိရပါမည်။

-Software System ကျွမ်းကျင်ရပါမည်။

-Communication စွမ်းရည်ကောင်းမွန်ရပါမည်။

- ဧည့်သည်ဝန်ဆောင်မှု ကျွမ်းကျင်ရပါမည်။

-စိတ်အားထက်သန်မှုနှင့် အသွင်အပြင်တွင် ဝန်ထမ်းများ၏ စံနမူနာဖြစ်ရပါမည်၊၊

ပြည့်စုံပါက မိမိနှင့် ထိုက်လျော်သော လစာ နှုန်းထား တောင်းခံနိုင်ပါသည်။ မည်သို့ မည်မျှ သတ်မှတ်ထားခြင်း မရှိပါ။

ဆက်သွယ်ရန်။ CV Form ၊ လိုင်စင်ဓါတ်ပုံ (၁) ပုံနှင့်တကွ
K*K Bar & Grill
အမှတ်(၁) အာရှလမ်းမကြီး
ဂရိတ်ဝမ်းဟိုတယ်အနီး၊ မြဝတီမြို့သို့ လာရောက်​လျှောက်ထားနိုင်သလို….

Email - [email protected]
Viber - 09678099956 ထံသို့ ပေးပို့လျှောက်ထားနိုင်ပါတယ်ခင်ဗျာ…..

(ကျော်ခင်ကို)

🙏🙏🙏အရဟံ သိဒ္ဓိ ဘဂဝါ အောင်🙏🙏🙏မင်္ဂလာပါခင်ဗျာ….K*K Bar & Grill မိသားစုမှ သတင်းကောင်းလေး တစ်ခုအား အသိပေး ပြောကြားပါရစေခင်ဗျ...
22/07/2024

🙏🙏🙏အရဟံ သိဒ္ဓိ ဘဂဝါ အောင်🙏🙏🙏

မင်္ဂလာပါခင်ဗျာ….
K*K Bar & Grill မိသားစုမှ
သတင်းကောင်းလေး တစ်ခုအား
အသိပေး ပြောကြားပါရစေခင်ဗျာ…..

ကရင်ပြည်နယ် မြဝတီမြို့ရှိ
ပရဟိတအသင်း/အဖွဲ့များနှင့်
အလှူဒါနပြုလုပ်လိုကြပါသော
မိတ်ဆွေ သူငယ်ချင်းများ အစ်ကို အစ်မများခင်ဗျာ…

မြဝတီမြို့နယ်အတွင်း
အခက်အခဲဖြစ်နေသော လူပုဂ္ဂိုလ်များ၊
ချို့တဲ့နွမ်းပါးနေသော လူပုဂ္ဂိုလ်များ၊
ဘေး အမျိုးမျိုးကြောင့် ဒုက္ခရောက်ရှိနေသော လူပုဂ္ဂိုလ်များအား အစားအစာ ဝေငှလှူဒါန်းသောအခါများတွင်
မိမိတို့ K*K Bar & Grill မိသားစုတို့မှလည်း
တတ်နိုင်သည့်ဘက်မှ ကုသိုလ်ပါဝင်လိုသောအားဖြင့်…

ကြက်သားထမင်းကြော် တစ်ပွဲလျှင် (၈၀၀၀) ကျပ် အစား (၅၀၀၀) ကျပ်
ကြက်သားခေါက်ဆွဲကြော် တစ်ပွဲလျှင် (၇၀၀၀) ကျပ် အစား (၄၀၀၀) ကျပ်
ကြက်သားကြာဇံကြော် တစ်ပွဲလျှင် (၇၀၀၀) ကျပ် အစား (၄၀၀၀) ကျပ် အစရှိသည့် အထူးနှုန်းထားများဖြင့် …..

ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၂)ရက် တနင်္လာနေ့မှ အစ
K*K Bar & Grill ဆိုင်လေး တည်တံ့ဖွင့်လှစ်နေသည့် အချိန်အတိုင်းအတာအထိ အမြဲတစေ ကုသိုလ်ပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း
ရိုသေလေးစားစွာဖြင့် အသိပေး
အကြောင်းကြားအပ်ပါရစေခင်ဗျာ…….🙏🙏🙏

K*K Bar & Grill မိသားစု
အမှတ်(၁) အာရှလမ်းမကြီး
ဂရိတ်ဝမ်းဟိုတယ်အနီး၊ မြဝတီမြို့
ကရင်ပြည်နယ်။
09 75536 8055 / 09 44999 8055

မင်္ဂလာပါခင်ဗျာ….ကျနော်တို့၏ K*K Bar & Grill ဆိုင်တစ်လပြည့် အစီအစဉ်ဖြင့်ပြုလုပ်ထားပါသော Lady Night၁၀.၂.၂၄ မှ ၁၀.၄.၂၄ အထိ...
16/02/2024

မင်္ဂလာပါခင်ဗျာ….

ကျနော်တို့၏ K*K Bar & Grill
ဆိုင်တစ်လပြည့် အစီအစဉ်ဖြင့်
ပြုလုပ်ထားပါသော Lady Night
၁၀.၂.၂၄ မှ ၁၀.၄.၂၄ အထိ
အပတ်စဉ် သောကြာနေ့များတွင်
အမျိုးသမီးဧည့်သည်တော်များအား
Cocktail တစ်ခွက်စီဖြင့်
ဧည့်ခံမည့် အစီအစဉ်အား
Bartender များ
လစ်လပ်ရာထူးများဖြစ်သွားပါသဖြင့်
ထို အစီအစဉ်အား ယာယီဆိုင်းငံ့ခွင့် ပြုနိုင်ပါရန်
အသိပေး အကြောင်းကြားအပ်ပါသည်ခင်ဗျာ….
အမြန်ဆုံး ပေးအပ်နိုင်ရန်အတွက်လည်း
ကြိုးစားဆောင်ရွက်ပေးပါ့မယ်ခင်ဗျာ…..

တင်္နလာနေ့ရက်တိုင်းတွင်
ပြုလုပ်ထားပါသော Gentlemen Night
မိမိစိတ်ကြိုက်ဘီယာများ
One Cup Free အစီအစဉ်လေးကတော့
(၂) လတိတိတိုင်တိုင်
ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ…

ဝန်ထမ်းအခက်အခဲများကြောင့်
ယခုလိုဆောင်ရွက်လိုက်ရသည်ကို
နားလည်ခွင့်လွှတ် သီးခံပေးနိုင်ကြပါစေရန်
လေးစားချစ်ခင်စွာဖြင့် ကြိုတင်အသိပေး
ပန်ကြားအပ်ပါသည်ခင်ဗျာ….🙏🙏🙏

မင်္ဂလာပါခင်ဗျာ….K*K Bar & Grill ဆိုင်လေးစတင်ဖွင့်လှစ်ခဲ့ခြင်း(၁)လပြည့် အထိမ်းအမှတ်အနေနှင့်ဧည့်သည်တော်ကြီးများကိုကျေးဇူး...
03/02/2024

မင်္ဂလာပါခင်ဗျာ….

K*K Bar & Grill ဆိုင်လေး
စတင်ဖွင့်လှစ်ခဲ့ခြင်း
(၁)လပြည့် အထိမ်းအမှတ်အနေနှင့်
ဧည့်သည်တော်ကြီးများကို
ကျေးဇူးတုံ့ပြန်သောအားဖြင့်…..

(၁၀-၂-၂၄ မှ (၁၀-၄-၂၄) အတွင်း
အပါတ်စဉ် တနင်္လာနေ့ရက်များအား
Gentlemen နေ့အဖြစ် သတ်မှတ်ပြီး
ဘီယာကြိုက်နှစ်သက်ပါသော
အမျိုးသားများအား
တစ်ဦးလျှင် စည်ဘီယာတစ်ခွက်
မေတ္တာလက်ဆောင်အဖြစ်
ပေးအပ်ပါရစေခင်ဗျာ…..
Tiger , ABC , Heineken စျေးနှုန်းများကတော့
ProMotion စျေးနှုန်းများ မဟုတ်ပဲ
အမြဲရောင်းချပေးမည့်
စျေးနှုန်းများ ဖြစ်ပါတယ်ခင်ဗျာ…..

အမျိုးသမီးများအတွက်ကတော့
အပါတ်စဉ် သောကြာနေ့ရက်များအား
မိမိကြိုက်နှစ်သက်သည့်
မည်သည့် Cocktail အမျိုးအစားမဆို
တစ်ဦးလျှင် တစ်ခွက်
မေတ္တာလက်ဆောင်အဖြစ်
ပေးအပ်သွားမည်ဖြစ်ပါကြောင်း
ချစ်ခင်လေးစားစွာဖြင့်
ကြိုတင်အသိပေး
အကြောင်းကြားအပ်ပါသည်ခင်ဗျ…….

❤️ K*K, The Best Services For You ❤️

K*K Bar & Grill
အမှတ်(၁) အာရှလမ်းမကြီး
ဂရိတ်ဝမ်းဟိုတယ်အနီး၊ အမှတ်(၄)ရပ်ကွက်
မြဝတီမြို့၊ ကရင်ပြည်နယ်။
09 44 999 8055

22/01/2024

ချစ်ခင်လေးစားရပါသော
ဧည့်သည်တော်ကြီးလူကြီးမင်းများခင်ဗျာ….

မြဝတီ မမဆောင်းသည်
ယခင်နှစ်များစွာနှင့် မတူ
(၂၁-၁-၂၀၂၄) ညဦးပိုင်းမှ စတင်၍
အအေးဓာတ် ပိုကဲလာပီဖြစ်ပါသဖြင့်
ပြင်ပသို့ ထွက်ခွါရာအချိန်များတွင်
အနွေးထည် ထူထူလေးများ
ဝတ်ဆင်ပြီး (သို့) ယူဆောင်ပြီးမှသာလျှင်
သွားလာကြပါရန်….

K*K Bar & Grill မိသားစုမှ
ချစ်ခင်လေးစားစွာဖြင့်
အသိပေး နိုးဆော်အပ်ပါသည်ခင်ဗျာ…..

ကျန်းမာ ချမ်းသာကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလျှက်….

K*K Bar & Grill မိသားစု
အမှတ်(၁) အာရှလမ်းမကြီး
ဂရိတ်ဝမ်းဟိုတယ်အနီး၊ အမှတ်(၄)ရပ်ကွက်
မြဝတီမြို့၊ ကရင်ပြည်နယ်။
09 44 999 8055

ချစ်ခင်လေးစားရပါသောမိတ်ဆွေ သူငယ်ချင်းများဧည့်သည်တော်ကြီးများခင်ဗျာ…K*K Bar & Grill မှTiger , Heineken , ABC အစရှိတဲ့စည်ဘ...
16/01/2024

ချစ်ခင်လေးစားရပါသော
မိတ်ဆွေ သူငယ်ချင်းများ
ဧည့်သည်တော်ကြီးများခင်ဗျာ…

K*K Bar & Grill မှ
Tiger , Heineken , ABC အစရှိတဲ့
စည်ဘီယာတွေ နဲ့ ပက်သက်ပြီး
ဝန်ဆောင်မှု တစ်ခု ပေးပါရစေခင်ဗျ….

မြဝတီမြို့မှာ ပစ္စည်းပြတ်လပ်ခဲ့ပါက
ဘားအံမှ သယ်ယူ ရောင်းချပေးပါ့မယ်ခင်ဗျ…..

ဘားအံမှ ပစ္စည်းပြတ်လပ်ခဲ့ပါက
ရန်ကုန် မန်းလေးဘက်မှ
သယ်ယူရောင်းချပေးပါ့မယ်ခင်ဗျာ….

K*K Bar & Grill မှ
ဧည့်သည်တော်ကြီးများ
အဆင်ပြေနိုင်စေရန်အတွက်
မိမိစရိတ်နှင့် မိမိ
သယ်ယူပို့ဆောင်ပြီး
ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ….

မြဝတီမြို့ ကုန်စည် စီးဆင်းမှု
လုံးဝ လုံးဝ ရပ်တန့်သွားခြင်းမှ လွဲ၍
ကျန်မည်သည့်အချိန်ဖြစ်ဖြစ်
K*K Bar & Grill ဆိုင်တွင်
စည်ဘီယာ ပြတ်လပ်သွားခြင်း
မရှိစေရပါခင်ဗျာ……

#တာဝန်အပြည့်_ယူပေးပါ့မယ်ခင်ဗျ

K*K Bar & Grill မှာ
သောက်သုံးနေရင်း
စည်ဘီယာ ကုန်သွားခဲ့သည် ရှိသော်
စားသောက်ထားခြင်းမှန်သမျှအား
တစ်ကျပ် တစ်ပြားမှ
ငွေပေးချေရန် မလိုအပ်ပါကြောင်း
မေတ္တာ စေတနာများစွာဖြင့်
အသိပေးလိုက်ပါရစေခင်ဗျာ…….

စည်ဘီယာစျေးနှုန်းတွေကတော့

Tiger -2500
ABC -2800
Heineken -3500 ဖြစ်ပါတယ်ဗျ….

ကျေးဇူးပါဗျ….

❤️ K*K, The Best Services For You! ❤️



K*K Bar & Grill
အမှတ်(၁) အာရှလမ်းမကြီး
ဂရိတ်ဝမ်းဟိုတယ်အနီး
အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့။
09 44 999 8055

Address

No (1) Asia Main Road, Block (4), Near The Grade One Hotel
Myawadi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when K K K Bar & Grill Myawaddy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category