30/07/2026
အားလုံးပဲ မင်္ဂလာပါခင်ဗျာ ကျတော်ကတော့
ဆွေး Bar ပိုင်ရှင် ကိုညီပါခင်ဗျာ
ယမန်နေ့က လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ အနည်းငယ်ရှင်းပြပါရစေခင်ဗျာ
ပထမဆုံးအနေဖြင့် အခင်းဖြစ်ပွါးသည့် (28.7.2026 )ခုနှစ် မနက်အစော (4:00 )မှစ၍ ဆွေး Bar ပိုင်ရှင် ကိုညီမှာ မိတ်ဆွေဆိုင်ကယ်အဖွဲ့နှင့် ကလောသို့ ဆိုင်ကယ်စီးသွားသည်ဖြစ်၍ အဆိုပါနေ့တွင် မန်းလေးမြို့၌ ပင် မရှိတော့ပါ..
အဆိုပါ ဖြစ်ရပ်ဖြစ်ပွါးသည့် အချိန် ည (9:30 )ဝန်းကျင်တွင်လဲ ဆိုင်ရှင် ကိုညီမှာ ကလောမှ Hi Bar တွင် ဆိုင်ရှင်ဦးမျိုးနှင့်တွေ့ဆုံစကားပြောကာ ကိုယ်တိုင်လဲ အနည်းငယ် မူးနေသည်ဖြစ်ပါ၍ phone လက်ခံဖြေကြားနိုင်ခြင်းပင်မရှိတော့ပါ (ဤကား အဆိုပါ ခိုက်ရန်ဖြစ်ပွါးချိန်၌ ကိုညီမသိရှိခဲ့သလို ကိုညီ၏ညွှန်ကြားမှုများ လုံးဝ မပါဝင်ကြောင်း ရှင်းပြလိုခြင်းဖြစ်ပါသည်)
အဆိုပါစာထဲတွင် ပါဝင်သကဲ့သို့ ❗️ဆိုင်ရှင်အပါအဝင် လူအယောက် ၂၀ ကျော်မှ တုတ်/ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း ❗️ ဟူသော ကိစ္စရပ်သည် မဟုတ်မှန်ခဲ့ပါ (တစ်ကယ်သာ ထိုကဲ့သို့လုပ်ဆောင်ခဲ့ပါက တစ်ဖက်မှ ခံရသူသည် ဒီထက်မက အခြေအနေဆိုးရွားနိုင်ပါသည် ဖြစ်နိုင်/မဖြစ်နိုင်စဉ်းစားပေးကြပါခင်ဗျာ )… ဖြစ်စဉ်အမှန်မှာ ဆိုင်တွင်သောက်သုံးနေသော ဧည့်သည်အချင်းချင်းစကားများရန်ဖြစ်ရာ တစ်ဖက်မှ ဘီယာခွက်များစတင်ရိုက်ခွဲ၍ အများနှင့် ၁ ယောက်ထိုးကြိတ်နေသောကြောင့် ဆိုင်ရှိဝန်ထမ်းများအပါအဝင် ဆိုင်သို့ခေတ္တလာရောက်ကြည့်ရှုပေးသည့် သူငယ်ချင်းမှ သွားရောက်ဖျန်ဖြေ တားမြစ်ခဲ့ပါသည်.. သို့သော် တစ်ဖက်မှ ဝင်ရောက်ဖျန်ဖြေပေးသည့် အဆိုပါ သူငယ်ချင်းကို ပါပြန်လည် စိန်ခေါ်ရန်စခြင်းများ/ဖုန်းဖြင့် Video ရိုက်ခြင်းများ/ ❗️T နတ်ပါသည် ထုတ်၍ ပစ် T တ်ပစ်မည်ဟု❗️ခြိမ်းခြောက် ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့် အဆိုပါသူငယ်ချင်း နှင့် ခိုက်ရန်ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည် ( အဆိုပါသူငယ်ချင်းမှာလဲ Show ပွဲတစ်ခုမှအပြန် သောက်စားထားချိန်ဖြစ်နေပါသည် ) ဆိုင်ရှိ ဝန်ထမ်းအချို့မှာ ကြားမှ ဝင်တားရင်း ဖျန်ဖြေရင်းမှ တစ်ဖက်နှင့်တစ်ဖက် ထိခိုက်မိကြခြင်းဖြစ်ပါသည်..ဝန်ထမ်းအချို့လဲ ဒဏ်ရာများရရှိကြပါသည်… ဖြစ်စဉ်ဖြစ်ပွါးချိန်တွင် ပါဝင်သော ဝန်ထမ်းများမှာလဲ အဆိုပါသူငယ်ချင်းအပါဝင်မှ ( ၄ ) ယောက်ခန့်သာဖြစ်ပါသည် ( တုတ် / ဓားများလဲ ကိုင်ဆောင်ခြင်းမရှိပါဘူးခင်ဗျာ) အနီးအနားတွင် ကောက်ရသည့် အုတ်နီခဲ တစ်ချို့သာ ပါဝင်သည်ဟု သိရှိရပါသည် / CCTV မှတ်တမ်းများလဲ Sway Tik Tok Acc တွင်ဖော်ပြပေးထားပါသည် ထိုအထဲတွင် အပြင်ဝတ်နှင့်လူတစ်ယောက်လက်ထဲကိုင်ဆောင်ထားသည်မှာလဲ **Hollow ချောင်းသာဖြစ်၍ *ဓားမဟုတ်ပါ ရဲစခန်းတွင် သက်သေ သိမ်းဆည်းထားပြီးဖြစ်ပါသည်)ထိုသူမှာလဲ ဆိုင်မှ ဝန်ထမ်းမဟုတ်ပါ ၎င်း တို့၏ လုပ်ရပ်များကို မခံမရပ်နိုင်၍ ဝင်ရောက်ပါဝင်ခဲ့သော ဧည့်သည်တစ်ဦးသာဖြစ်ပါသည် …
**(အဆိုပါ ဖြစ်စဉ်ဖြစ်ပွါးခြင်းနှင့် တစ်ထပ်ထဲဆိုသလို သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ဝင်များ/ ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှ ချက်ခြင်းဆိုသလိုရောက်ရှိလာကာ တရားဥပဒေအရ လိုအပ်သောအရေးယူဆောင်ရွက်မှုများ **ချက်ခြင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်….) ဆိုင်ရှင် ကိုညီမှာ ဖြစ်စဉ်ကိုသိသိချင်း ကလောမြို့မှ မန်းလေးမြို့သို့ ဆင်းလာကာ သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် တရားဥပဒေအရ အရေးယူမှုများအား ခံယူခြင်း …သက်ဆိုင်ရာ မိသားစုဝင်များအား ကိုယ်တိုင်တွေ့ဆူံ၍အနူးအညွတ်ဝန်ချတောင်းပန်ခြင်း.. နစ်နာသူများအား ဆေးဖိုးဝါးခကုန်ကျစရိတ်များပေးအပ်ခြင်း..ဖြစ်စဉ်တွင်ပါဝင်သော ဝန်ထမ်းများအား ပြင်းထန်သော အရေးယူအပြစ်ပေးမှုများအားလုပ်ဆောင်ခြင်း များပြုလုပ်ခဲ့ပြီးဖြစ်၍ ၂ ဦး ၂ ဖက်ပြေလည်မှုများ ရရှိသွားခဲ့ပြီးဖြစ်ပါသည်
( တစ်ဖက်မှလဲ ဒေါသအလျောက်ရေးတင်မိခြင်းဖြစ်၍ post အားပြန်လည်ဖျက်သိမ်းပေးပါမည်ဟု ကတိခံခဲ့ပါသည် သို့သော် ကတိအတိုင်း မဖျက်သိမ်းပေးပဲ ခန “only me “လိုက်ကာ ပိုက်ဆံ သိန်း “၁၀၀“အား လက်ခံ ရရှိပြီးချိန်တွင် အဆိုပါ post အား ပြန်လည် “public “တင်ကာ ဆိုင်၏ image ကျအောင် မဟုတ်မမှန်စာသားများရေးသားကာ စွပ်စွဲပြောဆိုခဲ့ပါသည်…ရှေ့နေနှင့်လိမ်လည်စာချုပ်ချုပ်သည်ဆိုသော အချက်မှာလဲ မမှန်ကန်ပါ … ကျေအေးလက်မှတ်ထိုးသည့်နေရာမှာလဲ စခန်းမှုးရှေ့တွင်ဖြစ်၍ လျော်ကြေး စာချုပ်ချုပ်ဆိုသည့်နေရာမှာလဲ ရဲစခန်းတွင်ပင်ဖြစ်ပါသည် ရှေ့နေမှာလဲ သူတို့ဘက်မှ ခေါ်ခိုင်းသည့် တရားဝင်လိုင်စင်ရ ရှေ့နေအစစ်အမှန်ဖြစ်ပါသည်….မိမိမှ ကျန်ငွေအား ခက်ခဲနေသောကြောင့် ရက်ပိုင်းထပ်မံစောင့်ဆိုင်းပေးပါရန် ph ဆက်တောင်းပန်ခဲ့သော်လဲ လက်မခံခဲ့ပဲ ယခုကဲ့သို့ online ပေါ်တွင် မဟုတ်မမှန်စာသားများဖြင့် လူအများအထင်မှားအမြင်မှားဖြစ်အောင် post များတင်နေခြင်းဖြစ်ပါသည်….အဆိုပါစာထဲတွင်ရေးထားသကဲ့သို့ ဆိုင်ရှင်မှ ဦးဆောင်လုပ်ဆောင်ခဲ့ခြင်းများ လုံးဝ မရှိပါခင်ဗျာ … ကျေးဇူးရှင် Customer များပေါ်တွင်ထိုကဲ့သို့ သောစိတ်ထားမျိုး မြူတစ်မှုံတောင် မွေးမြူခဲ့ ခြင်းမရှိပါခင်ဗျာ …ယခုဖြစ်ရပ်တွင်လဲ မိမိမရှိချိန် မိမိ၏ အုပ်ထိန်းမှု မရှိချိန်တွင် ဖြစ်ပွါးသွား၍ Customer များအနေဖြင့် စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်ပွါးခဲ့ရပါက ကျတော်ကိုညီအပါအဝင် ဆိုင်ဝန်ထမ်းများမှ အနူးအညွတ်ဝန်ချတောင်းပန်ပါကြောင်း နှင့် နောင်နောင် ထိုကဲ့သို့ဖြစ်ရပ်မျိုးထပ်မံမဖြစ်ပွါးအောင် ပိုမိုဂရုစိုက်အလေးထားသွားပါမည့် အကြောင်း ချစ်လှစွာသော ချစ်ဖရန့် Customer များအား အသိပေးအပ်ပါသည်ခင်ဗျာ 🤗