20/09/2026
သီတင်းကျွတ်မှာ Customized Packing
လိုချငိသော စျေးဝယ်များ
နားလည်အောင် ရှင်းပြရရင်….
မိမိproduct နဲ့ ကွက်တိ ကိုက်ညီသော ဘူး/ခြင်းများ
လိုချင်ရင် စောစော မှာထားပေးဖို့ လိုအပ်ပါတယ်ရှင်။
ဘာနဲ့ တူလဲ ရှင်းပြရရင် အနီးစပ်ဆုံးက
အဝတ်အစားတွေ ကိုယ်တိုင်းနဲ့အပ်တာနဲ့ တူပါတယ်
မင်္ဂလာဆောင် ဘာညာ ပွဲရှိရင် ကြိုပြီး အပ်မှရတာလေနော့်
သီတင်းကျွတ်လပြည့်နေ့ ရည်းစားနဲ့
လည်မယိဆိုရင် အနည်းဆုံးတော့ တပတ်လောက်တော့
(RTWဝတ်မယိဆိုရင်တောင်) ကြိုရှာရပါတယ်။
Admin တို့ရောင်းနေတာလေးတွေကကျ
လက်နဲ့ အသေးစိတ်ယက်လုပ်ရတဲ့ လက်မှု ပစ္စည်းတွေ ဖြစ်တာမို့
ပုံမှန်ထက် အလုပ်လုပ်တဲ့အချိန် ကြာပါတယ်ရှင်။
ပို့ရတဲ့ လမ်းခရီးကလဲ အရင်လို
မလွယ်တဲ့ အကြောင်းပြချက်လေးလဲရှိပါတယ်။
စျေးဝယ်တွေကကျ လဲ ၂၀ ရက်နေ့လောက်ရပါပြီ
ပြောထားရင် ၁၈ရက်နေ့လောက်တော့ လက်ထဲ လိုချင်ကြတာ
ပို့တဲ့သူကျလဲ ၂၀ ရက်နေ့မှ ပို့မှာ
(ကြားထဲ ကားသွားမရတဲ့ အခြေအနေဆို အချိန်ပုတ်တတ်တာ
လေးငါးရက်ခန့်ကြာတတ်ပါတယ်ရှင်)
အဲ့ကျ လိုရင်းကတော့ စောစောလေး အပ်ပေးမှ အဆင်ပြေပါတယ်ရှင်။
အရည်အတွက်က အများကြီး လိုချင်တယ်
ဆိုက်ကျလဲ Customized လိုချင်တယ်
အချိန်ကျလဲ မပေးနိုင်ဘူးဆိုရင်တော့
Admin လဲ လက်မခံရဲပါဘူး။
ယခုကာလ အခြေအနေအရပ်ရပ်ကြောင့်
လက်ခံပြီးမှ ရေကြီးလို့
မိုးရွာလို့ / တခြား ရေးပြဖို့အဆင်မပြေတဲ့ အကြောင်းပြချက်တွေကြောင့် တခါတလေ တော်တော်လေး နောက်ကျ တတ်တာမို့
အနားနီးရင် Customized order လက်မခံရဲတာ ဖြစ်ကြောင်းလေးပါရှင်🙏🏻
နှစ်တိုင်း တလအလို/တလခွဲအလိုမှာတင် အော်ဒါပြည့်အောင်
အားပေးမှုအတွက် လဲ ကျေးဇူးတင်ရှိပါတယ်ရှင်🙏🏻