16/09/2025
ဘာကြောင့် page ထောင်သင့်တာလဲ?
📌page ထောင်ထားသင့်တဲ့အဓိက အကြောင်းရင်းကတော့ မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် စွမ်းအားအပြည့်အဝနဲ့အလုပ်လုပ်နိုင်တဲ့ အခမဲ့ စျေးကွက်ရှာဖွေရေးနှင့် ဖောက်သည်နဲ့တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်တဲ့ နည်းတစ်ခုဖြစ်လို့ပါပဲ။
📌ဒီနေ့မှာတော့ မင်မင်က page တစ်ခုထောင်ထားသင့်သည့် အကြောင်းရင်းတွေကို အသေးစိတ် ရှင်းပြပေးထားတာမို့ ဖတ်ကြည့်ကြပါအုံးနော်။
၁။ ယုံကြည်စိတ်ချရမှုနှင့် Professionalism ရှိစေခြင်း
ဒီခေတ်လုပ်ငန်းတစ်ခုမှာ page (သို့) Social Media Presence မရှိဘူးဆိုရင် ယုံကြည်ရမှုအားနည်းသလို မြင်ရပါတယ်။ Page တစ်ခုရှိခြင်းက မိတ်ဆွေရဲ့လုပ်ငန်းဟာ ခေတ်မီပြီး လူသိများတယ်လို့ ချက်ချင်း အသိအမှတ်ပြုစေပါတယ်။ မင်မင်အပါအဝင် ဖောက်သည်အသစ်တွေဟာ ၀ယ်ယူဖို့မဆုံးဖြတ်ခင် လိုင်းပေါ်မှာ page ရှိမရှိ အရင်ရှာလေ့ရှိပါတယ်။
၂။ ဖောက်သည်အသစ်များဆီ ရောက်ရှိနိုင်ခြင်း
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၂၀ ကျော်ဟာ Facebook ကိုအသုံးပြုနေကြပါတယ်။ ဒါက ကြီးမားတဲ့စျေးကွက်တစ်ခုပါ။ Page တစ်ခုဖွင့်ခြင်းဖြင့် ဒီလူဦးရေရဲ့ တစ်စိတ်တစ်ပိုင်းဆီကို သင့်ထုတ်ကုန်/၀န်ဆောင်မှုတွေ အခမဲ့ (သို့) ဈေးနှုန်းချိုသာစွာနဲ့ ကြော်ငြာပြီး ရောက်ရှိနိုင်ပါတယ်။
၃။ ဖောက်သည်ဟောင်းများနှင့် ဆက်သွယ်မှုကို ခိုင်မာစေခြင်း
page ဟာ ဖောက်သည်တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ သူတို့ရဲ့ မေးခွန်းတွေကို အမြန်ဖြေပေးနိုင်တယ်၊ မှတ်ချက်တွေကို ပြန်လည်တုံ့ပြန်နိုင်တယ်။ ဒီလိုလုပ်ဆောင်ခြင်းက Customer Relationship ကိုမြှင့်တင်ပေးပြီး အမြဲတမ်း ဖောက်သည်တွေကို ဖန်တီးပေးနိုင်ပါတယ်။
၄။ Brand Identity တည်ဆောက်နိုင်ခြင်း
မိတ်ဆွေရဲ့ Page မှတဆင့် လုပ်ငန်းရဲ့ Logo အမှတ်တံဆိပ်၊ ဆောင်ပုဒ်၊ စာအသုံးအနှုန်းနဲ့ အရောင်တွေကို စဉ်ဆက်မပြတ် အသုံးပြုပြီး မှတ်မိလွယ်တဲ့ Brand Identity တစ်ခုကို တည်ဆောက်နိုင်ပါတယ်။ ဖောက်သည်တွေဟာ သင့်ရဲ့ Style နဲ့ Brand Personality ကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။
၅။ ဈေးကွက်သုတေသနအခမဲ့လုပ်နိုင်ခြင်း
မိတ်ဆွေရဲ့ Page ပေါ်က Insights/Statistics တွေဟာ အကောင်းဆုံးသော သုတေသနအချက်အလက်တွေပါပဲ။
⚡ဖောက်သည်တွေက ဘယ်လို Post အမျိုးအစားကို ကြိုက်နှစ်သက်လဲ? (ဓာတ်ပုံ၊ ဗီဒီယို၊ စာသား)
⚡ဘယ်အချိန်တင်ရင် လူကြည့်များလဲ?
⚡သင့်ဖောက်သည်တွေရဲ့ အသက်အပိုင်းအခြား၊ ကျား/မ၊ တည်နေရာ စတာတွေကို သိရှိနိုင်ပါတယ်။
၆။ အခြား Marketing Channels များနှင့် ချိတ်ဆက်နိုင်ခြင်း
ကိုယ့် page ကို အခြား Instagram, WhatsApp Business App, TikTok, Website စတာတွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေကို ထည့်သွင်းပြသထားနိုင်တဲ့အတွက် ကိုယ့်ထုတ်ကုန်ကိုမှာချင်တဲ့သူတွေအတွက် လွယ်ကူလျှင်မြန်စေမှာပဲ ဖြစ်ပါတယ်။ ထို့အပြင် Messenger ကနေတဆင့် Order ယူတာ၊ ငွေချေစနစ်တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
📱Contact - 09942094647, 09425434774