ကိုကြီးဆိုင်

ကိုကြီးဆိုင် ကိုကြီးရဲ့ဆာဝါ

21/06/2026

Remembrance Raymond ( 23 JUNE 2026 )

23 June နေ့ဟာ ကျွန်တော့တို့ဘဝရဲ့လေးစားတန်ဖိုးထားရတဲ့ Legend အဆိုတော် Raymond (Idiots) ဆုံးတာ ( ၅ နှစ် ) ပြည့်တဲ့ရက်လေးဖြစ်ပါတယ်ဗျာ ..
အဲ့ဒီ ရက်လေးမှာ Raymond လွမ်းဆွတ်အောက်မေ့တမ်းချင်းလေးကို ည ၇:၀၀ မှ ၈:၀၀ အတွင်းအားလုံးတူတူ ဆိုင်ရဲ့အပေါ်ထပ်လေးမှာ လွမ်းကြမယ်ဗျာ ( ပွဲလုပ်တာမျိုးလုံးဝမဟုတ်ပါဘူးဗျ )

၁) Raymond နဲ့ပတ်သတ်တဲ့အမှတ်တရ memoirs လေးတွေကြည့်ကြရမယ်ဗျာ ( No video/ No photo ) ပါဗျာ
ကြည့်းပီးလွမ်းမယ်ခံစားမယ်ဗျာ

၂) သူ့သီချင်းတွေအားလုံးတူတူဆိုကြမယ်ဗျာ

၃) ငါးနှစ်ပြည့်လွမ်းဆွတ်ခြင်းအင်္ကျီလေးပေးမယ်ဗျာ

၄) 7:00 ကနေ ၈:၀၀ အတွင်းကြိုက်သလောက်သောက်မူးဗျာ အကုန်အလကားတိုက်မယ်ဗျာ

Raymond Fan လေးတွေတနေရာထဲမှာစုပီးအားလုံးတူတူလွမ်းကြရအောင်ဗျာ 🤘

20/05/2026

၆၃ ဆိုင်လေးကို လမ်း ၆၀ - ၃၃ လမ်းမှာ ပြန်တွေ့ကြရမယ်ဗျာ ..

အရင် Vibes လေးကိုမှ ပိုပီးနူးညံ့လိုက်တယ်ဗျာ 🎶📻

ကြာလို့ မနက်ဖြန်ပဲ တွေ့လိုက်ကြမယ်ဗျာ အားလုံးကို လွမ်းနေပီဗျ

အစီအစဉ်လေးတွေ ညကျရင် ထပ်ပြောမယ်ဗျာ

ဝင်ကြေး = အခမဲ့ပါပဲဗျာ ၆၃ ကိုကြီးဆိုင်ရဲ့ Rock လေးနဲ့ပိတ်ပွဲလုပ်အပြီးမှာ REHAB ချင်လို့ ၈ ရက်နေ့မှာ Floke Rose = pGb = M...
06/05/2026

ဝင်ကြေး = အခမဲ့ပါပဲဗျာ

၆၃ ကိုကြီးဆိုင်ရဲ့
Rock လေးနဲ့ပိတ်ပွဲလုပ်အပြီးမှာ REHAB ချင်လို့ ၈ ရက်နေ့မှာ Floke Rose = pGb = Minus တို့နဲ့ ထပ်သောင်းကြမ်းပျော်ရဖို့ ထပ်လာခဲ့အုံးဗျာ
ဒီပွဲလေးပြီးရင်တော့ ဒီအဆောက်အဦးလေးကို ဖျတ်ပီဗျို့
ခင်ဗျားလေးတို့ကခုန်ရင် မပူအောင်လည်း လုပ်ထားပေးပါဗျို့
ရက်စွဲ = မေ ၈
အချိန် = ၅ နာရီစမယ်ဗျာ

မှတ်ချက် = ၈ ရက်နေ့က သောကြာနေ့ဖြစ်နေတော့ ရုံးသမားတွေ အလုပ်သွားနေရတဲ့သူတွေ နောက်ကျရင်လက်ပတ်လေးတွေ မရမှာဆိုးလို့ မနက်ဖြန် ၇ ရက်နေ့ ညနေ ၄:၀၀ ကစပီး လက်ပတ်ကြိုထုတ်ချင်တဲ့သူတွေ ဆာဝါတစ်ခွက်လာဝယ်ရင်း လက်ပတ်တစ်ခု ထုတ်ပေးပါမယ်ဗျ

ကဲဗျာ ခင်ဗျားလေးတို့ရဲ့ ဒီနေရာကျောင်းတော်ရီးကို ကျွန်တော်တို့ နှုတ်ဆက်ရတော့မယ်ဗျဒီနေရာလေးကနေ စတင်ရင်းနှီးမိတ်ဆွေသူငယ်ချင...
27/04/2026

ကဲဗျာ ခင်ဗျားလေးတို့ရဲ့ ဒီနေရာကျောင်းတော်ရီးကို ကျွန်တော်တို့ နှုတ်ဆက်ရတော့မယ်ဗျ

ဒီနေရာလေးကနေ စတင်ရင်းနှီးမိတ်ဆွေသူငယ်ချင်းတွေဖြစ်သွားတဲ့ သူတွေ ..

ဒီနေရာလေးကနေ ဖူးစာပါပီး မင်္ဂလာတွေဆောင်ပီး ကလေးလေးတွေတောင် မွေးဖွားဖြစ်တည်သွားကြတဲ့သူတွေ ..

ဒီနေရာလေးကနေပဲ အသဲတွေကွဲသွားကြသူတွေ ..

ဒီနေရာလေးကိုရောက်ဖူးချင်ခဲ့ပီးမရောက်ဖြစ်တဲ့သူတွေရော ..

အားလုံးအာားလုံးသော ဒီနေရာလေးကို ချစ်ကြတဲ့သူတွေအကုန် " ၃၀ ရက်" နေ့ " ပိတ်ပွဲ " လေးမှာ

ဒီနေရာလေးကိုနှုတ်ဆက်ရင်း

ဒီနေရာလေးမှာ Reason Band - အောင်လ နဲ့အတူ မန်းလေးသားတွေဖြစ်တဲ့ Industry One ရယ် ခင်ဗျားလေးတို့ရယ် ကိုကြီးဆိုင်အဖွဲ့သားတွေရယ်

အားလုံးအတူတူဆုံကြမယ်ဗျာ

ရက်စွဲ - ဧပရယ်လ ၃၀ ရက်နေ့
အချိန် - ညနေ ၅:၀၀ နာရီ
နေရာ - ကိုကြီးဆိုင် ၆၃ လမ်း ၃၂-၃၃ ကြား

ဝင်ကြေးအခမဲ့

ဒီနေရာလေးနဲ့ပတ်သတ်ပီး အမှတ်တရတွေရှိဖူးရင်လည်း သတိတရရေးသွားကြပါအုံးဗျာ

မနက်ဖြန် ၂၅ ရက်နေ့မှာ ကိုကြီးဆိုင် - ၁၀၇ လမ်းဆိုင်လေး ညနေ ၃:၀၀ မှာစဖွင့်ပါမယ်ဗျာ  ကိုကြီးရဲ့ထုံးစံအတိုင်းအစဉ်အလာမပြတ် မန...
24/04/2026

မနက်ဖြန် ၂၅ ရက်နေ့မှာ ကိုကြီးဆိုင် - ၁၀၇ လမ်းဆိုင်လေး ညနေ ၃:၀၀ မှာစဖွင့်ပါမယ်ဗျာ

ကိုကြီးရဲ့ထုံးစံအတိုင်းအစဉ်အလာမပြတ် မန်းလေးက မင်းသားကြီးတွေဖြစ်တဲ့ Industry One လည်းပါဝင်ပီးရှိနေမှာမလို့

ညီကိုမောင်နှမတွေ ၁၀၇ လမ်းဆိုင်လေးမှာ လာကဲ လာသောက် လာပျော် ကြပါအုံးလို့ ဖိတ်လိုက်ပါတယ်ဗျ

( ဆာဝါဘူးဖေး လည်းမပါမဖြစ်လုပ်ပေးထားပါတယ်ဗျာ )

ဆိုင်ကယ်သော့လေး ပျောက်တဲ့သူ ရှိပါသလား ဗျဒီကောင်လေးကို ကိုကြီးသိမ်းထားပေးပါတယ်ဗျာ
18/04/2026

ဆိုင်ကယ်သော့လေး ပျောက်တဲ့သူ ရှိပါသလား ဗျ
ဒီကောင်လေးကို ကိုကြီးသိမ်းထားပေးပါတယ်ဗျာ

မဟာသင်္ကြန်ပုံရိပ်များ ကိုကြီးကို တိုးကြိတ်ပီးချစ်ကြသော ညီလေးညီမလေးတွေ အားလုံးကို ကိုကြီးဆိုင်မိသားစုမှ ကျေးဇူးပါဗျာ ဒီန...
17/04/2026

မဟာသင်္ကြန်ပုံရိပ်များ

ကိုကြီးကို တိုးကြိတ်ပီးချစ်ကြသော ညီလေးညီမလေးတွေ အားလုံးကို ကိုကြီးဆိုင်မိသားစုမှ ကျေးဇူးပါဗျာ

ဒီနှစ်မဟာသင်္ကြန်ကတော့ လှူလည်းလှူ ပျော်လည်းပျော်ရပါတယ်ဗျာ

မြန်မာနှစ်သစ်မှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေဗျာ
17/04/2026

မြန်မာနှစ်သစ်မှာ ခုနှစ်ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေဗျာ

12/04/2026

ကိုကြီးဆိုင်သင်္ကြန် စတုဒီတာ

အကြိုနေ့ - ကြာဇံဟင်းခါး
အကျနေ့ - ကြာဇံကြော်
အကြတ်နေ့ - ထမင်း+ကြက်ကာလသား
အတက်နေ့ - မုန့်လက်ဆောင်း
နှစ်ဆန်းတစ်ရက်နေ့ - ကြာဇံဟင်းခါး

ခုနှစ်ရက်သားသမီး မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါတယ်ဗျ

Address

63 Street , Bet 32-33 St:
Mandalay
05011

Telephone

+959250787212

Website

Alerts

Be the first to know and let us send you an email when ကိုကြီးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to ကိုကြီးဆိုင်:

Shortcuts

Share

Category