20/01/2024
ကျွန်တော်တို့ အစားအသောက်ချစ်သူတွေမှာက အထာတစ်ပေါက်ရှိတယ်ဗျာ🤔
အဲ့တာက မြီးရှည်ဆို မန်းလေးသားကမှ၊ မုန့်တီဆို အညာသူအညာသားရောင်းမှ၊ ပေါက်ဆီဆို တရုတ်ကြီးရောင်းမှ၊ ရှမ်းခေါက်ဆွဲဆို ရှမ်းကိုယ်တိုင်လုပ်ရောင်းမှ အရသာပိုရှိတယ်လို့ ခံစားရတာပဲ 🤓
သူတို့မှာက မူလအရသာလေးလည်းမပျောက်ပဲ ဘယ်မှာမှမရတဲ့ ကိုယ်ပိုင်ဖော်စပ်နည်းတွေလည်း ရှိကြတာကိုးဗျ။
ကျွန်တော်တို့ရောင်းတဲ့ ရှမ်းခေါက်ဆွဲက
လားရှိုးရပ်ကွက်(၅) မှာ နာမည်ကြီးပြီးသားမို့ တခါလောက်တော့ လာမြည်းစမ်းကြည့်စေချင်တယ်ဗျာ 🤤
ပါ၀င်ပစ္စည်းတွေ၊ အသားအနှစ်တွေကလည်း ကိုယ်တိုင်ဖော်စပ်ထားတာတွေမို့ စားကြည့် အရသာသိသွားရင် နောက်ဒီမှာပဲလာစားဖြစ်နေတော့မှာရယ်...
စျေးနှုန်းအားဖြင့်လည်း ၁၅၀၀/၂၀၀၀ ပဲမို့
ရှမ်းခေါက်ဆွဲဆို ရှမ်းမလေးချက်တာမှ စားချင်တဲ့ Foodie လေးတွေအတွက် ရွှေပြည်၀င်းမှာ မနက် ၆ နာရီကနေစပြီး နေ့လည် ၁၂ အထိ ရောင်းချပေးနေပါပြီဗျာ 💛
နံနက်ခင်းအစားအစာများ 🍜
ရှမ်းခေါက်ဆွဲ၊ ဆန်စီး၊ ဆန်ပြား၊ မြီးရှည်၊ တိုဖူးနွေး၊ ဆီချက်၊ ဖက်ထုပ်၊ အီကြာတိုဖူးနွေး
( လားရှိုးလက်ရာစစ်စစ်ပါ )
( တိုဖူးနွေးလေးကတော့ ကုန်တာမြန်တတ်လို့
စောစောလေး လာစားစေချင်ပါတယ်ဗျ )
🌄 နံနက်စာရောင်းချိန် - မနက်၆နာရီ မှ နေ့လည်၁၂နာရီ
🕕 ဆိုင်ဖွင့်ချိန် - မနက်၆နာရီ မှ ည ၈နာရီ
( Promotion လေးတွေရှိပါတယ်နော် 🤭 )
🏢 လိပ်စာ - လမ်း၈၀၊ ၁၁×၁၂ကြား၊ ရွှေပြည်၀င်းစားသောက်ဆိုင်၊ မန္တလေးမြို့
☎️ဖုန်း - 09789321039, 09988322161