KoHtin’s Liquor

KoHtin’s Liquor KEEP CALM & KEEP DRINKING!!

Boilermaker (သို့) မြန်မာအခေါ် ပေါက်စီ 🥃 ကျနော်တို့သိထားကြတဲ့ပေါက်စီဆိုတာ ဘီယာထဲမှာဝီစကီထည့်ပေါက်ပြီးသောက်တာကိုခေါ်တာဖြစ...
13/06/2025

Boilermaker (သို့) မြန်မာအခေါ် ပေါက်စီ 🥃

ကျနော်တို့သိထားကြတဲ့ပေါက်စီဆိုတာ
ဘီယာထဲမှာဝီစကီထည့်ပေါက်ပြီးသောက်တာကို
ခေါ်တာဖြစ်ပါတယ်

တကယ့် Boilermaker ဆိုတာဘာလဲ❔
-စက်မှုလုပ်ငန်းထွန်းကားခဲ့တဲ့ 19th century မှာ
အမေရိကန်နိုင်ငံကအချိန်အများကြီးမရတဲ့ Boilermaker တွေသောက်သုံးတဲ့ပုံစံကိုအစွဲပြုပြီးဆင်းသက်လာတဲ့အခေါ်အဝေါ်တခုပါ
-အလုပ်လဲပင်ပန်းနေတယ် ယမကာလေးသောက်ပြီးလဲအနားယူချင်တယ် အချိန်အားဖြင့်လဲဇိမ်ခံပြီးအကြာကြီးမသောက်နိုင်တဲ့အခါ ကိုယ်လိုချင်တဲ့အနေအထားကိုမြန်မြန်ရောက်သွားဖို့
-Whiskey တစ်ပတ်ကို shot သောက်လိုက်ပြီး
Beer ကို Chaser(အမြည်း) အနေနဲ့နောက်ကလိုက်သောက်တာမျိုးကို Boilermaker လို့ခေါ်ခြင်းဖြစ်ပါတယ်

Whiskey တစ်ပတ် Beer တစ်ခွက်ပေါ့ခင်ဗျာ
အချိန်မရလို့မြန်မြန်သောက်ပြီးကြာကြာမူးချင်တဲ့သူတွေအတွက်နည်းလမ်းကောင်းတခုပေါ့ဗျာ
ခွက်ပုန်းသောက်ရတဲ့ညီကိုတွေအတွက်လဲ နဲနဲသောက်ရုံနဲ့အိန္ဒြေမပျက်စေမယ့်အပြင်ကိုယ်လိုချင်တဲ့အနေအထားကိုရောက်မယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်🤞🏻

ဘယ် ယမကာ မဆို ဇိမ်နဲ့သောက်ရခြင်းသာအကောင်းဆုံးဖြစ်လို့ အချိန်သာကောင်းကောင်းရရင်ဇိမ်လေးနဲ့သောက်ဖို့သာအကြံပေးချင်ပါတယ်ဗျာ 🤙🏻

တန်ဆေး လွန်ကောင်း များ very good ဆိုပေသည့်
ကျန်းမာရေးအတွက်ချင့်ချိန်သောက်သုံးရင်း
အသက်၉၀ထိသောက်နိုင်ကြပါစေ 🙏🏼

ကျနော်ကိုထင်ပါ 🫡
ကောင်းသောညချမ်းလေးပိုင်ဆိုင်နိုင်ကြပါစေ✨


အရက်ကဘာအရောင်လဲ?အရက်တွေမှာဘာလို့အရောင်တွေကွဲနေတာလဲ? မင်္ဂလာပါကျနော်ကိုထင်ပါဒီနေ့မှာတော့အရက်တွေကတစ်ရောင်ထဲမရှိပဲ ဘာလို့အရ...
18/10/2023

အရက်ကဘာအရောင်လဲ?
အရက်တွေမှာဘာလို့အရောင်တွေကွဲနေတာလဲ?

မင်္ဂလာပါကျနော်ကိုထင်ပါ

ဒီနေ့မှာတော့အရက်တွေကတစ်ရောင်ထဲမရှိပဲ
ဘာလို့အရောင်တွေကွဲနေသလဲဆိုတာကိုကျနော်
သိသလောက်မျှဝေပေးချင်ပါတယ်။

ဆိုတော့
အရက်ကဘာအရောင်လဲ?
Distilling လုပ်ပြီးတဲ့အချိန်မှာအရက်ကအဖြူရောင်ပါ
ပေါင်းခံထားတဲ့အရက်တွေကို အမျိုးမျိုးသော
စည်ပိုင်းတွေထဲထည့်ပြီး Aging လုပ်ရပါတယ်။

အရက်တွေထုတ်လုပ်ရောင်းချနေကြတဲ့နေရာမှာ
အကြမ်းဖျင်းအားဖြင့် ၃ ဆင့်ရှိပါတယ်။

Stage 1 : Distillation (ပေါင်းခံခြင်း)
Stage 2 : Aging (သက်တမ်းယူခြင်း)
Stage 3 : Bottling ( ထုတ်ပိုးခြင်း )

အဖြူရောင်အရက်တွေကိုတခါတည်း
ပုလင်းထဲထည့်ပြီး စျေးကွက်ထဲရောင်းလို့မရပါဘူး
အဲ့လိုသာဆိုရင်ကျနော်တို့တွေဟာ အရက်ပျံကို
သောက်သုံးနေရသလိုပဲဖြစ်နေပါလိမ့်မယ်။

သောက်သုံးရန်အသင့်ဖြစ်နေတဲ့အရက်တွေက
ရွှေရောင်၊ပယင်းရောင်၊အညိုရောင်၊အမဲရောင်
စသဖြင့်အရောင်အမျိုးမျိုးကွဲနေကြပါတယ်။

ဘာလို့အရောင်ကွဲသွားလဲဆိုတာကတော့
ဒီ Aging ဆိုတဲ့နေရာမှာဖြစ်ကြတာပါ
Bottling မလုပ်ခင်စည်ပိုင်းတွေထဲထည့်တဲ့အချိန်မှာ
မတူညီသောစည်တွေကြောင့်သော်လည်ကောင်း
စည်တွေရဲ့သက်တမ်းကြောင့်သော်လည်ကောင်း
ဝက်သစ်ချစည်တွေရဲ့Pigments(ရောင်ခြယ်ပစ္စည်း)တွေက အရက်ထဲမှာပါလာလို့ပဲဖြစ်ပါတယ်။
အချိန်ကြာကြာပိုထားလေအရောင်ရင့်လေဖြစ်ပါတယ်။

ဒီတခုတည်းကြောင့်လဲမဟုတ်ပြန်ပါဘူး
ချက်လုပ်တဲ့ချိန်ပါတဲ့သကာရည်(Caramel)ကြောင့်
အပူချိန်ပြောင်းလဲမှုတွေကြောင့်လဲအရောင်ပြောင်းလဲနိုင်ပါသေးတယ်။

စည်ထဲမှာ Aging လုပ်တာ
ကြာလေ ကောင်းလေ စျေးကြီးလေ ဆိုတာတော့
ကျနော်တို့အားလုံးသိပြီးသားပဲဖြစ်ပါတယ်။

မင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေ။


#အသက်၉၀အထိသောက်နိုင်ပါစေ

Brandy နဲ့ Cognac နဲ့ကဘာကွာလဲအတူတူပဲလား?ဒီတပတ်အတွက်အလှည့်ကျတာကတော့Brandy နဲ့ Cognac အကြောင်းပဲဖြစ်ပါတယ်။ မင်္ဂလာပါကျနော်...
05/10/2023

Brandy နဲ့ Cognac နဲ့ကဘာကွာလဲအတူတူပဲလား?

ဒီတပတ်အတွက်အလှည့်ကျတာကတော့
Brandy နဲ့ Cognac အကြောင်းပဲဖြစ်ပါတယ်။

မင်္ဂလာပါကျနော်ကိုထင်ပါ

Brandy ကဘာလဲ ?
Brandy ဆိုတာကအချဉ်ဖောက်ထားတဲ့အသီး
ကနေပေါင်းခံထားတဲ့အရက်ကိုBrandyလို့ခေါ်ပါတယ်
တနည်းအားဖြင့်Brandyဆိုတာအသီးနဲ့ချက်ထားတဲ့အရက်ပေါ့
အဓိကကတော့ Brandy ကိုစပျစ်သီးနဲ့ချက်ပါတယ်
ဒါပေမယ့် ပန်းသီး၊ချယ်ရီသီး၊ဆီးသီး စတဲ့
တခြားအသီးတွေနဲ့လဲချက်ကြပါတယ်
အသီးနဲ့ချက်တဲ့အရက်ဖြစ်တဲ့အတွက်
သောက်ရတဲ့အရသာကတော့
ချိုချိုလေးနဲ့ငြိမ့်ငြိမ့်လေးဖြစ်ပါတယ်။

Cognac ကဘာလဲ?
Cognac အကြောင်းမပြောခင် Cognac ဆိုတာ
အရက်နာမည်တခုတည်းသီးသန့်တော့မဟုတ်ပါဘူး
ပြင်သစ်နိုင်ငံ Cognac နယ်ကထွက်တဲ့အရက်မလို့
Cognac လို့နာမည်ပေးထားတာဖြစ်ပါတယ်
Cognac နယ်ကပဲထွက်တဲ့ White Grapes နဲ့ပဲချက်လုပ်လို့ရပြီးတော့ အချိန်ကလဲ October လကနေ March လအတွင်းချက်တဲ့အရက်မှပဲ Cognac လို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

Brandy ကလဲ အသီးနဲ့ချက်တဲ့အရက်
Cognac ကလဲ အသီးနဲ့ချက်တဲ့အရက်
ဆိုတော့ Brandy နဲ့ Cognac နဲ့ကအတူတူပါပဲ။

ဒါပေမယ့်
Cognac တိုင်းက Brandy ဖြစ်ပေမယ့်
Brandy တိုင်းကတော့ Cognac မဟုတ်ပါဘူး။

Cognac က Cognac ဖြစ်ဖို့အတွက်
Cognac နယ်မှာပဲရှိတဲ့ White Grapes ဖြစ်ရမယ်
သတ်မှတ်ထားတဲ့အချိန်အတွင်းချက်လုပ်ထားတာဖြစ်ရမယ် Cognac ပြည်နယ်မှာပဲချက်တဲ့အရက်ဖြစ်ရမယ် စတဲ့တိကျတဲ့အချက်တွေအများကြီးလိုအပ်ပါတယ်။

အချုပ်ကတော့ Cognac နဲ့ Brandy နဲ့အတူတူပဲဖြစ်ပြီးတော့ Brandy ထက်တဆင့်မြင့်သွားပြီ
Premium ဆန်သွားတဲ့အရက်က Cognac ဖြစ်ပါတယ်။

#အသက်၉၀အထိသောက်နိုင်ပါစေ

သောကြာနေ့မှာဘယ်ဆိုင်ထိုင်ရင်ကောင်းမလဲစဉ်းစားနေကြတဲ့ညီကိုတွေဘော်ဒါတွေအတွက်မန္တလေးမြို့မှာကျနော်ထိုင်ဖူးတဲ့ဆိုင်(၄၃)ဆိုင် ...
22/09/2023

သောကြာနေ့မှာဘယ်ဆိုင်ထိုင်ရင်ကောင်းမလဲစဉ်းစားနေကြတဲ့
ညီကိုတွေဘော်ဒါတွေအတွက်
မန္တလေးမြို့မှာကျနော်ထိုင်ဖူးတဲ့ဆိုင်(၄၃)ဆိုင်

မင်္ဂလာပါကျနော်ကိုထင်ပါ 😎

ကျနော်တို့မန္တလေးမှာဘီယာဆိုင်တွေBarတွေ
မရေမတွက်နိုင်အောင်ရှိပြီးတော့ဆိုင်တိုင်းကလဲ
သူ့မိတ်နဲ့သူရှိကြတယ်ဗျ

အဲ့ထဲမှာမှကျနော်နဲ့ကျနော့်ဘော်ဒါတွေထိုင်ဖူးပြီးအဆင်ပြေတဲ့ဆိုင် ၄၃ ဆိုင်ကိုရွေးထုတ်ပြီးပြောပြပေးချင်ပါတယ်

1. Casper ( ၆၂ လမ်း ၁၀၁ x ၁၀၂လမ်းကြား )

ကျနော်တို့အမြဲတမ်းထိုင်နေကြထဲကတဆိုင်ဖြစ်ပြီးတော့ Service ရောစျေးနှုန်းရောသင့်တဲ့ဆိုင်လေးဗျ
Uplug လေးပါမယ် နေရာထိုင်ခင်းကောင်းမယ်
ကွင်းပြင်ဆိုတော့ ထိုင်ရတဲ့ဖီလင်ကလွတ်”လပ်”ရှိမယ်
ရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ အမြည်းကို
ခရုချက်နဲ့ကြက်တောင်ပံအစာသွပ်ကို recommend ပေးချင်ပါတယ်

2. Lin Lin ( ၁၀၅ လမ်း ၆၆ x ၆၅လမ်းကြား )

ဒါလဲဆိုင်တွေအများကြီးထဲကမှကျနော်တို့စွဲစွဲမြဲမြဲ
ထိုင်ဖြစ်တဲ့ဆိုင်လေးပဲဗျ သူလဲထိုင်ရတာလွတ်လွတ်လပ်လပ်ရှိပြီးတော့ ဆိုင်မန်နေဂျာ ဂျာကြီးကလဲပြောစရာမလိုအောင် Service ကောင်းတဲ့ဆိုင်ပဲဗျ
သူ့ဆိုင်ရဲ့ထူးခြားချက်ကတော့အကင်ဗျ ဘီယာအေးအေးလေးနဲ့အကင်နဲ့စားရတဲ့အရသာကတော့
ဘယ်ဆိုင်နဲ့မှကိုမတူတဲ့အရသာ

3. Tropical ( ၆၃ လမ်း ၃၂ x ၃၃လမ်းကြား )

ဒီဆိုင်လေးကတော့ပုံစံနဲ့အပြင်အဆင်က
မန္တလေးကတခြားဆိုင်တွေနဲ့မတူတဲ့ပုံစံလေးနဲ့
ဖွင့်ထားတဲ့ဆိုင်လေးဗျ FOC ချပေးတဲ့ငါးနီတူခြောက်နဲ့မြေပဲကြော်လေးကလဲအသက် Weekend တွေမှာဆို Uplug အစီစဉ်ရှိတယ် ဆိုင်ထဲမှာဆို
အမြဲလူငယ်ဝိုင်းတွေပဲရှိတဲ့ဆိုင်လေးလို့ပြောလို့ရတယ် သူ့ဆိုင်ရဲ့ထူးခြားချက်ကကြ Burbrit craft beer ကို မန္တလေးမှာ စည်အနေနဲ့ ရတဲ့တစ်ဆိုင်တည်းသောဆိုင် သူ့ဆိုင်ရောက်မယ်ဆိုရင်တော့ Burbrit စည်ဘီယာကိုသောက်ကိုသောက်ခဲ့ကြည့်သင့်ပါတယ်

4. Kung fu ( Mingalar Mandalay )

မန္တလေးက Ocean Super Market မှာဖွင့်ထားတဲ့
ဆိုင်လေးဖြစ်ပါတယ် သူ့ဆိုင်မှာထိုင်ရတဲ့ Vibe ကလဲ
တခြားဆိုင်တွေနဲ့မတူတဲ့ Vibe လေးတမျိုးရပြီးတော့
ရန်ကုန်မှာထိုင်ရတဲ့ Vibe လေးရမှာဖြစ်ပါတယ်
မန္တလေးမှာ Kung fu ကလဲအကင်ကောင်းလို့
နာမည်ကြီးတဲ့ဆိုင်တဆိုင်လဲဖြစ်ပါတယ်

5. Kung fu ( ၂၇လမ်း ၆၅ x ၆၆လမ်းကြား )

ဒါက Kung fu ရဲ့ပင်ရင်းဆိုင်ဖြစ်ပြီးတော့
မြို့ထဲလောက်မှာနီးနီးနားနား အကင်နဲ့ဘီယာလေး
သောက်ချင်ရင်သွားထိုင်ရမယ့်ဆိုင်လေးဖြစ်ပါတယ်
ဆိုင်ရဲ့မျက်နှာစာမှာလဲထိုင်သောက်လို့ရပြီးတော့
အထဲမှာလဲ Aircon ခန်းလေးသပ်သပ်နဲ့ထိုင်လို့
ရပါတယ်

6. ဘုံဆိုင် ( လမ်း၇၀ ၃၂ x ၃၃လမ်းကြား )

ဒီဆိုင်စဖွင့်တော့ ဆိုင်နံရံမှာ သတိမမြောရ ဆိုတဲ့
သတိပေးစာလေးနဲ့ ဝိတ်တာမမချောချောလေးတွေ
အများကြီးရှိလို့နာမည်ကြီးတဲ့ဆိုင်ဖြစ်ပါတယ်
ဒီနောက်ပိုင်း Unplug လေးလဲကောင်းတော့
သောကြာ စနေ တနင်္ဂနွေဆို ဝိုင်းအပြည့်မလို့
သွားမယ်ဆို ဘိုကင်ကြိုယူသင့်တဲ့ဆိုင်လေးပါ
ဘော်ဒါတွေနဲ့ဘီယာလေးသောက်လိုက် သီချင်းလေးလိုက်ဆိုလိုက်နဲ့ TGIF အတွက်ဆိုပျော်စရာကောင်းတဲ့ဆိုင်

7. Cheers ( ၃၂လမ်း ၆၈ x ၆၉လမ်းကြား )

ဒီဆိုင်ရဲ့ထူးခြားချက်ကကြ အပေါ်ထပ်မှာ
Uplug ကောင်းကောင်းလေးရှိမယ်
အောက်ထပ်ကအအေးခန်းမှာကြ
ဘော်ဒါတွေနဲ့ကဲလို့ရမယ့် DJ အခန်းရှိမယ်
အေးအေးဆေးဆေးလေးအပေါ်မှာ Chill မှာလား
အောက်မှာဝုန်းဒိုင်းကြဲမှာလား Vibe ၂မျိုးရမယ့်ဆိုင်
သူ့ဆိုင်ကထမင်းကြော်တွေရယ် အကင်setလေးတွေကလဲစားလို့ကောင်းပြီးအဆင်ပြေတယ်

8. Chi Lin ( ၆၆လမ်း ၃၂ x ၃၃လမ်းကြား )

မန္တလေးမြို့မှာ အကျယ်ဆုံးဘီယာဆိုင်လို့တောင်ပြောလို့ရတယ် ကွင်းပြင်အကျယ်ကြီးမှာဘီယာဆိုင်ဖွင့်ထားတာ အပြင်မှာထိုင်ချင်ရင်လဲရတယ် ပူလို့အထဲမှာဆိုလဲ Aircon လေးနဲ့အေးဆေးဖြစ်မယ် အကင်ကလဲ
တဆိုင်တမျိုးကောင်းကြတာကိုမှသူ့ဆိုင်ကလဲတမျိုးကောင်းတာပဲ Recommend ပေးချင်တာကတော့ သူ့ဆိုင်က ဝက်ဦးနှောက်လေး လူနဲနဲထိုင်ထိုင်များများထိုင်ထိုင် နေရာအကျယ်ကြီးကြိုက်သလိုထိုင်လို့ရတယ်

9. Lucky Man ( ၆၈လမ်း ၁၀၉ x ၁၁၀လမ်းကြား )

မြို့ထဲကဆိုင်လေးတွေပြီးတော့မြို့သစ်ထဲဘက်
ပြန်သွားကြမယ် ဒီဆိုင်ကဘာထူးခြားလဲဆိုရင်
ဘီယာဆိုင်ပေမယ့် ကောင်ညှင်းပေါင်းရတဲ့ဆိုင်
သူ့ဆိုင် ဝက်ဂုတ်သားကင်နဲ့ကောက်ညှင်းပေါင်း
စားရတာလေးက Signature တခြားဆိုင်တွေလို
အကင်နဲ့ဘီယာမဟုတ်ပဲအမြည်းက Foc ဟင်းရည်လေးချပေးတယ် ကျန်တာတော့ဟင်းပွဲလေးတွေမှာရတာပေါ့
မသောက်ခင် One portion လေးတွေစားချင်ရင်လဲရမယ် ဆိုင်ရဲ့အသက်ကတော့ သူတို့ရောင်းတဲ့မြေပဲအစပ်ကြော် ဘီယာလေးနဲ့ဆိုရှယ်ပဲ

10. မွှေးမွှေးလေး ( ၄၁ လမ်း ၆၅ x ၆၆လမ်းကြား )

နာမည်ကလဲဆန်းတယ်ဒီဆိုင်လေးကတော့
မန္တလေးမြို့မှာ Chinese တွေလဲများတာဆိုတော့
သာကောတွေဖွင့်ထားတဲ့ဆိုင်လို့ထင်တယ်
Chinese ကောင်မလေးချောချောလေးတွေလဲ
အမြဲလာထိုင်ကြတဲ့ဆိုင်(သူတို့ကောင်လေးတွေနဲ့ပေါ့🤣) အတွင်းရောအပြင်ရောမှာဝိုင်းတွေရှိပြီးတော့ ဓာတ်ပုံရိုက်လို့လဲကောင်းတယ် သူ့ဆိုင်က
အမဲခြောက်ကြော်ကတော့ ဘယ်ဆိုင်နဲ့မှမတူပဲစားလို့ကောင်းတယ် ရောက်ရင် Try ကြည့်ပါ

11. Dads ( လမ်း၆၀ ၁၀၄ x ၁၀၅ ကြား )

မန္တလေးရဲ့ Legendary ဘီယာဆိုင်လို့လဲပြောလို့ရတယ် Foc ချပေးတဲ့အမဲဟင်းရည်ကြောင့်လဲနာမည်ကြီးတယ် အကင်ကလဲသူ့ဆိုင်ကသူ့အရသာနဲ့သူကောင်းတယ်ပေါ့ မန္တလေးမှာတော့ဆိုင်ခွဲအများကြီးရှိတယ်
သူ့နေရာနဲ့သူထိုင်လို့ကောင်းပြီးတော့ လူကလဲအမြဲအပြည့် သူ့ဆိုင်သွားထိုင်ရင်တော့အမြည်းများများစားစားမှာစရာမလိုပဲ ဟင်းရည်နဲ့တင်မြည်းလို့ရပြီ
ကျနော်ထိုင်ဖူးတာကတော့ လမ်း၆၀ ကဆိုင်ရယ်
၄၂ လမ်း ၆၄ x ၆၅ ကြားက ဆိုင်ရယ် ၂ဆိုင်လုံးအဆင်ပြေတယ်

12. The Container ( ၃၂A ၆၇ x ၆၈ လမ်းကြား )

ဒီဆိုင်လဲဖွင့်ထားတာမကြာသေးတဲ့ထဲပါတယ်
အရင်ပင်ရင်းဆိုင်ကတော့ Container 65 ပေါ့
ဒီနောက်ပိုင်းကြမြို့ထဲဘက်မှာဆိုင်ခွဲဖွင့်လိုက်တာ
ညဆို Unplug လေးလဲရှိမယ် နေရာထိုင်ခင်းကျယ်ပြီး
ထိုင်ရတာလဲအဆင်ပြေတဲ့ဆိုင်လေးဖြစ်တယ်

13. Container 65 ( ၆၅လမ်း ၂၂ x ၂၃ လမ်းကြား )

ဒီဆိုင်လဲအကျယ်ကြီးပဲ ဖွင့်ခါစတုန်းကတော့ လူလဲစည်တယ် ထိုင်လို့လဲကောင်းတယ်ပေါ့ ဒီနောက်ပိုင်းကြကျနော်တို့နဲ့လဲဝေးတာတကြောင်းဆိုတော့သိပ်မထိုင်ဖြစ်တော့ပေမယ့် သူ့မိတ်သူကတော့အမြဲတမ်းရှိတယ် အဲ့ဆိုင်ဘက်ကတော့လမ်းကြားထဲလဲဖြစ်တော့ တိတ်တိတ်ဆိတ်နဲ့ထိုင်ရတာလဲအဆင်ပြေတယ်

14. J&J ( ၇၄ လမ်း ၃၂ x ၃၃ လမ်းကြား )

မန္တလေးမြို့မှာ စည်ဘီယာ ဂေါက်အများဆုံးရှိတယ်တဲ့ဆိုင်လို့ပြောလို့ရတယ် သူ့ဆိုင်မှာစည်ဘီယာမျိုးစုံကိုရတယ် Lager လား Stout လား ကြိုက်တာကိုကြိုက်သလိုရွေးသောက်စရာအမယ်များတယ်
အကင်တို့အမြည်းတို့ကတော့အရသာကပုံမှန်လောက်ပဲသွားတယ် နေရာထိုင်ခင်းကျယ်တယ်
အတွင်းအပြင် ထိုင်စရာ ၂နေရာရှိတယ်

15. Gravity ( ၆၅ လမ်း ၃၄ x ၃၅ ကြား )

ဒါလဲနာမည်ကြီးဆိုင်ပါပဲ
အကင်နဲ့ဘီယာကတခြားပုံမှန်ဆိုင်မှာ
ရသလိုပဲရပါတယ် ထူးခြားတာကကြ
ဆိုင်က Unplug ကတော်တော်ကောင်းတာပါ
TGIF တို့ဘော်ဒါတွေဆုံတဲ့ညတို့ဆိုအဖွဲ့လိုက်
သီချင်း​လေးနဲ့ Chill ရုံပဲ

16. မဟာမြိုင် ( Budget Container )
( ၄၃ လမ်း ၆၆ x ၆၇ ကြား )

ဒီဆိုင်လေးကတော့ဖွင့်တာမကြာသေးတဲ့
ဆိုင်အသစ်လေးဖြစ်ပါတယ်
ဒီဆိုင်မှာထူးခြားတာက Cocktail အစုံကို
စျေးနှုန်းသက်သက်သာသာလေးနဲ့သောက်လို့ရတာပဲဖြစ်ပါတယ် အကင်လေးတွေကလဲပေါ့ပေါ့ပါးပါးနဲ့
အရသာရှိရှိလေးဆို​တော့ထိုင်ရသောက်ရတာလဲ
အဆင်ပြေပါတယ်လူငယ်တွေလာကြတာလဲများတယ်

17. Zulu ( ၆၅ လမ်း 104 x 105 ကြား )

ဒါလဲဒီနောက်ပိုင်းမှဖွင့်တဲ့ဆိုင်လေးပါပဲ
Car parking ကောင်းကောင်းလေးလဲရှိမယ်
နေရာထိုင်ခင်းလဲကျယ်ကျယ်ပြန့်ပြန့်နဲ့
အတွင်းရောအပြင်ရောထိုင်လို့ရမယ်ဗျာ
ဟင်းပွဲလေးတွေကလဲကောင်းပါတယ်
စျေးကလဲသူ့အနေထားလေးနဲ့သူမဆိုးဘူးလို့ပြောလို့ရတယ်

18. စပ်စပ်လေး ( ၆၅ လမ်း 105 x 106 ကြား )

အပေါ်ကဆိုင်နားလေးကဆိုင်ပါပဲ
အကင်လေးတွေကောင်းတယ်
တရုတ်ဆန်တဲ့အရသာလေးခံစားရတယ်အကင်က
ဘီယာကလဲအေးတော့ ဘီယာအေးအေးလေးနဲ့
အကင်ကောင်းကောင်းနဲ့စားချင်ရင်ဒီဆိုင်လဲသွားလို့ရပါတယ်

19. Everyday ( ၃၃လမ်း ၇၃လမ်း ထောင့် )

သံပြားအကင်ကောင်းကောင်းလေးရတဲ့ဆိုင်ပါ
အကင်လေးတွေကလဲစျေးတန်းသင့်တယ်
စည်ဘီယာကတော့ Tuborg တမျိုးပဲရပါတယ်
Soju လဲရတော့ Soju လေးနဲ့အကင်လေးနဲ့လဲစားလို့ရ
နေရာကလဲ ၇၃ လမ်းပေါ်ဖြစ်တဲ့အတွက်
မြို့ထဲဆိုတော့ သွားရလာရလဲလွယ်ကူပါတယ်

20. Hot Hot ( ၃၂လမ်း ၆၆ လမ်းထောင့် )

ဒီဆိုင်လေးကကြမာလာရှမ်းကောကောင်းကောင်းရတဲ့
ဘီယာဆိုင်လေးဖြစ်ပါတယ် ဘီယာအနေနဲ့က Carlsberg စည်ဘီယာရတယ် တခြားအကင်တွေလဲရပါသေးတယ် မာလာရှမ်းကောကတော့ Signature ပေါ့ ဘီယာအေးအေးလေးရယ် မာလာရှမ်းကောရယ်စားချင်ရင်တော့ ဒီဆိုင်လေးကိုသွားလိုက်ပါ

နောက်ထပ်ဆိုင်လေးတွေကိုတော့
နာမည်နဲ့လိပ်စာလေးပဲဖော်ပြပေးလိုက်မယ်
အကုန်လုံးကလဲထိုင်လို့အဆင်ပြေတဲ့ဆိုင်လေးတွေပဲဆိုတော့ နီးစပ်ရာဆိုင်လေးတွေရွေးပြီးထိုင်ကြဗျာ

21. Container 65 ( ၆၅လမ်း ၂၂ x ၂၃ ကြား )
22. Wild Man ( လမ်း၆၀ ၁၀၇ လမ်းထောင့် )
23. Jack Sparrow ( ၂၆လမ်း ၅၅ x ၅၆ ကြား )
24. 1122 ( ၁၀၇လမ်း ၆၂ x ၆၃ ကြား )
25. Eastern Garden ( ၅၈လမ်း ၂၀ x ၂၂ ကြား )
26. Classic ( ၅၈လမ်း ၂၂ x ၂၃ ကြား )
27. Zen ( ၆၈လမ်း ၁၀၇ x ၁၀၈ ကြား )
28. Hot la la ( ၆၃လမ်း ၃၈လမ်းထောင့် )
29. The Prime ( ၃၁လမ်း ၆၅ x ၆၆ ကြား )
30. Joy ( ၂၇လမ်း ၆၉ x ၇၀ ကြား )

ဘီယာဆိုင်ကောင်းကောင်းလေးတွေပြီးတော့
Bar ကောင်းကောင်းလေးတွေကိုလဲညွှန်းပေးချင်ပါတယ်

31. The Rock Bar ( ၃၃လမ်း ၇၇ x ၇၈ ကြား )
32. Starry Bar ( လမ်း၆၀ ၁၀၂ x ၁၀၃ ကြား )
33. Brolly Sky Bar ( ၂၂လမ်း ၆၅ x ၆၆ ကြား )
34. Panda Bar ( သိပ်ပံလမျး ၅၅ x ၅၆ ကွား )
35. Mono Club ( လမ်း၆၀ ၁၀၃ x ၁၀၄ ကြား )
36. The Myst Bar ( ၂၇လမ်း ၆၃ x ၆၄ ကြား )
37. Sport Bar ( လမ်း၃၀ ၅၄လမ်း ထောင့် )
38. Space Bar ( ၆၂လမ်း ၃၅ x ၃၆ ကြား )
39. GoGo Bar ( ၆၈လမ်း ၃၂Aလမ်းထောင့် )
40. Jupiter Bar ( ၆၆လမ်း ၃၄ x ၃၅ ကြား )
41. Tattoo Bar ( လမ်း၆၀ ၁၀၈ x ၁၀၉ ကြား )
42. Old Version ( ၅၃လမ်း ၂၆လမ်းထောင့် )
43. Cowboy Live Music ( ၇၇ လမ်း ၃၃ x ၃၄ ကြား )

သာယာသောညလေးပိုင်ဆိုင်နိုင်ကြပါစေညီကိုတို့
Goodnight ပါ Cheers


#အသက်၉၀အထိသောက်နိုင်ပါစေ

  ဒီစာလုံးလေးတွေကဘာတွေလဲ?ကျနော်တို့နဲ့မစိမ်းတဲ့စာလုံးလေးတွေပါဒါပေမယ့်ဒီစာလုံးလေးတွေကဘာကိုဆိုလိုတာလဲ?သိတဲ့သူတွေလဲအများကြီ...
13/09/2023



ဒီစာလုံးလေးတွေကဘာတွေလဲ?
ကျနော်တို့နဲ့မစိမ်းတဲ့စာလုံးလေးတွေပါ
ဒါပေမယ့်ဒီစာလုံးလေးတွေကဘာကိုဆိုလိုတာလဲ?

သိတဲ့သူတွေလဲအများကြီးရှိမှာပါ
မသိသေးတဲ့သူတွေလဲရှိမယ်ထင်လို့
ကျနော်သိသလောက်ပြောပြပေးမယ်

မင်္ဂလာပါကျနော်ကိုထင်ပါ🙋🏽‍♂️

VS,VSOP,XO ဆိုတာက ပြင်သစ်နိုင်ငံထုတ်အရက် Cognac တွေရဲ့သတ်မှတ်ချက်တွေပါ။

VS ဆိုတာက ( Very Special )
Cognac ကောင်းကောင်းတစ်လုံးအတွက်
ဝက်သစ်ချစည်ထဲမှာအနဲဆုံးသက်တမ်း၂နှစ်ထားပြီးမှ bottling လုပ်ထားတယ်လို့ဆိုလိုပါတယ်။

VSOP ဆိုတာက ( Very Superior Old Pale )
Cognac တစ်လုံးကို VSOP ဆိုပြီး Label တပ်လို့ရဖို့
အတွက်က ဝက်သစ်ချစည်ထဲမှာအနဲဆုံးသက်တမ်း
၄နှစ်နဲ့အထက်ရှိမှရပါမယ်။

XO ဆိုတာကကြ ( Extra Old )
XO က Cognac ထဲမှာ
အမိုက်ဆုံးအဂေါ်ဆုံးစျေးအကြီးဆုံး Level ပါ
ဝက်သစ်ချစည်ထဲမှာ အနဲဆုံး၆နှစ်ကနေ၁၀နှစ်ထိ
ထားပြီးမှသာ XO ဆိုတဲ့အကောင်းဆုံး Cognac တလုံးရမှာဖြစ်ပါတယ်။

VS_VSOP_XO ဒီ Term တွေကို Brandy မှာလဲ
အသုံးပြုပါသေးတယ်

Cognac နဲ့ Brandy နဲ့ကတော့အတူတူပါပဲ
ဒါပေမယ့်တူလဲမတူပါဘူး ဘာကွာလဲဆိုတာကိုလဲ
ထပ်ပြီးပြောပြပေးပါဦးမယ်

အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေ


#အသက်၉၀အထိသောက်နိုင်ပါစေ

  ( ဂန္တဝင် Whiskey )မင်္ဂလာပါကျနော်ကိုထင်ပါ🙋🏽‍♂️ ဒီနေ့တော့ညီကိုတွေအကုန်လုံးကိုJohnnie Walkerအကြောင်းကျနော်သိသလောက်လေးပြ...
06/09/2023

( ဂန္တဝင် Whiskey )

မင်္ဂလာပါကျနော်ကိုထင်ပါ🙋🏽‍♂️

ဒီနေ့တော့ညီကိုတွေအကုန်လုံးကိုJohnnie Walkerအကြောင်းကျနော်သိသလောက်လေးပြောပြပေးမယ်ဗျာ
ကျွန်တော်တို့ရဲ့ ဂျော်နီလမ်းလျှောက်ကြီးက Scotch whisky brandတမျိုးပါ ပထမမူလအစကတော့ စကော်တလန် Burgh of Kilmarnock ရဲ့ အရှေ့ Ayrshire မှာစတင်ရောင်းချခဲ့တာပါ
John က၁၈၀၅ခုနှစ်မှာမွေးဖွားခဲ့ပါတယ် သူ့အသက် ၁၄ နှစ်ကျတော့ အဖေဆုံးသွားပြီး John’ အဖေဆုံးတဲ့ချိန်မှာသူ့မိသားစုဟာသူ့တို့လယ်ယာမြေတွေကိုရောင်းချပြီး ရတဲ့ငွေ ပေါင်၄၁၇ နဲ့ ယမကာရောင်းတဲ့လုပ်ငန်းကိုစတင်ခဲ့ပါတယ် ပထမဆုံးစတင်ဖြန့်ဖြူးရောင်းချခဲ့တဲ့ခုနှစ်ကတော့၁၈၂၀ခုနှစ်မှာဖြစ်ပါတယ် အဲ့အချိန်မှာသူ့အသက်က၁၅နှစ်ပဲရှိပါသေးတယ် ပထမစစချင်းမှာသူဟာကုန်ခြောက်တွေဝိုင်တွေယာမကာအစုံရောင်းချခဲ့ပါတယ် ဒါပေမယ့် နောက်ပိုင်းမှာသူက Whiskey တမျိုးထဲကိုပဲသီးသန့်ရောင်းချခဲ့ပါတယ် စစရောင်းချချင်းတုန်းက Walker’s Kilmarnock Whiskey ဆိုတဲ့နာမည်နဲ့ရောင်းချခဲ့တာပါ နောက်ပိုင်းမှသာ ကျွန်တော်တို့သိတဲ့ Johnnie Walkerဆိုပီးဖြစ်လာခဲ့တာပါ ၁၈၀၀​ကျော်ကနေစတင်လာခဲ့တဲ့ဂျော်နီလမ်းလျှောက်ကြီးဟာအခုဆိုရောင်းချလာခဲ့တာနှစ်ပေါင်း ၂၀၀ ကျော်လာခဲ့ပါပြီ အခုဆိုရင်တစ်ကမ္ဘာလုံးမှာဂျော်နီလမ်းလျှောက်ကိုမသိတဲ့သူမရှိအောင်ကိုအောင်မြင်နေတာပါ ၂၀၁၆မှာဆိုရင် တနှစ်အတွင်းရောင်းရတဲ့ ပုလင်းပေါင်းက ၂၂၃သန်းကျော်ထိကိုရှိနေခဲ့ပါတယ်

-ထပ်ဆောင်းအနေနဲ့ Scotch Whiskey ကဘာလဲ

နာမည်အတိုင်း Scotland မှာပဲ ထုတ်လုပ်ပြီး သူရဲ့ထူးခြားချက်ကတော့ ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ထုတ်လုပ်ခြင်းကြောင့်ပဲ နာမည်ကြီးပါတယ်။ မုယော,ပြောင်း နဲ့ ဂျုံစေ့ကို အကောင်းဆုံးအရည်အသွေးရွေးထုတ်ပြီး စံချိန်စံညွှန်းနဲ့အညီတွေအတိုင်းပဲ ချက်လုပ်ရပြီးတော့ ဝက်သစ်ချစည်တွေထဲမှာ အနည်းဆုံး (၃)နှစ်ထားပြီးမှ bottling လုပ်ပါတယ်(ဒီထက် သက်တမ်းကြာအောင်လည်း တချို့အမျိုးအစားတွေမှာ ထားကြတယ်)။
ညစာစားပွဲတွေမှာ အထိမ်းအမှတ်အဖြစ် သောက်သုံးကြတဲ့အကောင်းဆုံး Whiskey အမျိုးအစားလဲဖြစ်ပါတယ်။


#အသက်၉၀အထိသောက်နိုင်ပါစေ

 #ကျန်းမာစွာဖြင့်အရက်သောက်ခြင်း🥃အရက်ကြိုက်နှစ်သက်သူအားလုံးမင်္ဂလာပါကျနော်ကိုထင်ပါ😎အရက်ဟာလူတွေအတွက်ဆိုးကျိုးတွေပဲဖြစ်စေတာ...
30/08/2023

#ကျန်းမာစွာဖြင့်အရက်သောက်ခြင်း🥃

အရက်ကြိုက်နှစ်သက်သူအားလုံးမင်္ဂလာပါ
ကျနော်ကိုထင်ပါ😎

အရက်ဟာလူတွေအတွက်
ဆိုးကျိုးတွေပဲဖြစ်စေတာလား?

အရက်ကိုလူတွေအမြင်မှာမူးယစ်စေတဲ့အရည်ဆိုပြီး
သတ်မှတ်ထားတာတော့မဆန်းပေမယ့်
တကယ်တော့အရက်ကလူကိုတော်တော်များများအထောက်အကူပြုနေပါတယ်ဗျ

အရက်သောက်ရတာကြိုက်တဲ့ညီကိုတို့အတွက်
အရက်ကလူအပေါ်ဘာတွေကောင်းကျိုးပြုလဲဆိုတာကို
လုပ်ကြံဖန်တီးတာမဟုတ်ပဲလေ့လာကြည့်ပြီး
လေ့လာထားတဲ့သူတွေပြောထားသလောက်ကို
ကျနော် share ပေးချင်ပါတယ်ဗျ

ပထမအချက်ကတော့အကုန်လုံးသိတဲ့
Stress တွေကို release ဖြစ်စေတာ
အရက်နဲ့ပက်သက်ပြီးလေ့လာချက်တွေမှာ
တစ်ပတ်မှာတစ်ရက်အရက် 7 pegs သောက်ခြင်းက
ခန္ဓာကိုယ်အတွက်အကောင်းဆုံးဖြစ်ပြီးတော့စိတ်ပင်ပန်းတာအတွက်ရောလူပင်ပန်းတာအတွက်ပါအထောက်ကူဖြစ်တယ်လို့ပြောထားတယ်

နောက်ထပ်ဘာတွေဆက်ပြီးအကျိုးပြုနေသေးလဲဆိုတာကျနော်ဆက်ပြောပြမယ်

#နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများ

အပေါ်ကပြောခဲ့သလိုအရက်ကိုသတ်မှတ်ထားတဲ့အတိုင်းသောက်ခြင်းအားဖြင့် ကျနော်တို့ခန္ဓာကိုယ်မှာ
နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေကိုလျှော့ချပေးဖို့
Lipoprotein လို့ခေါ်တဲ့ ကောင်းကျိုးပေးတဲ့
Cholesterol ရတယ်ဗျ

#သွေးလည်ပတ်မှုကောင်းခြင်း

အရက်သောက်ခြင်းကြောင့်ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကောင်းပြီး သွေးကြောထဲမှာသွေးခဲခြင်းလျှော့ချပေးတယ်

#ခန္ဓာကိုယ်မှအဆီပိုများကိုဖယ်ထုတ်ပေးခြင်း

အရက်ကိုသတ်မှတ်ထားတဲ့နှုန်းအတိုင်းသောက်ခြင်းကခန္ဓာကိုယ်မှာရှိနေတဲ့မလိုအပ်တဲ့မကောင်းတဲ့အဆီတွေကိုလောင်ကျွမ်းသွားစေပါတယ်

#လူမှုဆက်ဆံရေးကိုတိုးတက်စေခြင်း

အရက်သောက်ခြင်းကလူမှုဆက်ဆံရေးမှာလဲ
အထောက်အကူပြုရုံသာမကစိတ်ကျန်းမာရေးအတွက်လဲသိသိသာသာကောင်းမွန်စေပါတယ်တဲ့ဗျ

——————————————————————————

အပေါင်းအသင်းတွေနဲ့ပျော်လို့
အလွန်အကျွံသောက်မိကြတာလဲရှိတာပေါ့ဗျာ

သို့သော်ငြား
အမြဲတမ်းအလွန်အကျွံဖြစ်တာမဟုတ်ပဲ
ကိုယ့်အတွက်သတ်မှတ်ထားတဲ့ Limit လေးအတိုင်းပဲသောက်မယ်ဆိုတကယ်ကျန်းမာရေးအတွက်
အထောက်အကူဖြစ်စေတဲ့ဆေးပါပဲဗျ

ဘဝတလျှောက်လုံးကျန်းကျန်းမာမာနဲ့သောက်သွားချင်တယ်ဆိုရင်တော့Limitလေးတခုထားပြီးသောက်သုံးကြဖို့အကြံပေးလိုပါတယ်ဗျာ

အရက်နဲ့ပက်သက်တဲ့အကြောင်းလေးတွေလဲထပ်တင်ပေးပါဦးမယ်ဗျ အားလုံးပဲ Goodnight ပါ

#အသက်၉၀အထိသောက်နိုင်ပါစေ

အီးပါတဲ့ဝီစကီ နဲ့ အီးမပါတဲ့ဝီစကီ🥃 အီးပါတာနဲ့အီးမပါတာနဲ့ဘာကွာလဲသိကြလားဗျ မင်္ဂလာပါကျနော်ကိုထင်ပါ 😜သိပြီးသားသူတွေလဲရှိကြမှ...
23/08/2023

အီးပါတဲ့ဝီစကီ နဲ့ အီးမပါတဲ့ဝီစကီ🥃

အီးပါတာနဲ့အီးမပါတာနဲ့ဘာကွာလဲသိကြလားဗျ

မင်္ဂလာပါကျနော်ကိုထင်ပါ 😜

သိပြီးသားသူတွေလဲရှိကြမှာပါ
မသိသေးတဲ့သူတွေလဲရှိလောက်မယ်ထင်လို့
ဘာကွာလဲ ကိုထင်ပြောပြမယ် 🤫

နိုင်ငံအရပ်ရပ်ကသူ့ Tradition နဲ့သူ
ဝီစကီအမျိုးအစားတွေအများကြီးထုတ်လုပ်သောက်သုံးကြတယ် 🥃

ဘာတွေလဲဆိုတော့အကြမ်းဖျင်း
Scotch whisky, ( Eg. Blue Label , Chivas )
Tennessee whiskey, ( Eg. Jack Daniel’s )
Japanese whisky, ( Eg. Yamazaki )
Bourbon whiskey, ( Eg. Jim Beam )
Irish whiskey, ( Eg. Jameson )
စသဖြင့်အမျိုးပေါင်းအများကြီးပေါ့

သတိထားမိမလားမသိဘူးအပေါ်ကဝီစကီထဲမှာ
E ပါတာနဲ့ E မပါနဲ့တာနဲ့ကွဲနေတာကို

အမေရိကန် နဲ့ အိုင်ယာလန် ကထုတ်တဲ့ဝီစကီတွေ
ဆိုရင် Whiskey နဲ့စာလုံးပေါင်းပြီးတော့

စကော့တလန်, ဂျပန် နဲ့ ကနေဒါ ကထုတ်တဲ့
ဝီစကီတွေဆိုရင် Whisky နဲ့ E မပါပဲစာလုံး
ပေါင်းပါတယ်

ဆိုတော့ညီကိုတို့အရက်သောက်မယ်ဆို
ပုလင်းကိုကြည့်လိုက်တာနဲ့ဘယ်နိုင်ငံဝီစကီ
လဲဆိုတာကိုအကြမ်းဖျင်းသိနိုင်ပြီးတော့
မသိသေးတဲ့ဘော်ဒါတွေကိုလဲပြောပြပြီး
အရက်ကိုအထာကျကျသောက်နိုင်မှာဖြစ်ပါတယ် 👍

အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ညီကိုတို့အတွက်တခုခုရလောက်မယ်လို့လဲ
မျှော်လင့်ပါတယ််


#အသက်၉၀အထိသောက်နိုင်ပါစေ

Liquor taste a lil better when your life a lil fu**ed up ခုလိုသောကြာနေ့မှာ Whiskey တခွက် စီးကရက်လေးတလိပ်လောက်နဲ့ဖြတ်သန်း...
18/08/2023

Liquor taste a lil better when your life a lil fu**ed up

ခုလိုသောကြာနေ့မှာ Whiskey တခွက်
စီးကရက်လေးတလိပ်လောက်နဲ့ဖြတ်သန်းရရင်
သိပ်လိုက်ဖက်မှာညီကိုတို့

Whiskey ကခါးတယ်ဆိုပေမယ့်
ဘဝရဲ့ခါးတဲ့အရသာကိုတော့မှီမှာမဟုတ်ဘူး

သောကြာညနေခင်းလေးကို Whiskey လေးနဲ့ဖြတ်သန်းချင်ရင်ကိုထင့်ကိုဟယ်လိုလိုက်နော်

📱- 09978797182
Whiskey အပြင်တခြား Liqour တွေလဲရပါတယ်

#အသက်၉၀အထိသောက်နိုင်ပါစေ

Address

Mandalay

Telephone

+959978797182

Website

Alerts

Be the first to know and let us send you an email when KoHtin’s Liquor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category