28/11/2019
#
အမျိုးသားများအတွက် အလုပ်မရှုပ်စေတဲ့ Detox water ပြုလုပ်နည်း
ဒီတစ်ခေါက်မှာတော့ ကိုယ့်ကျန်းမာရေးကိုလည်းဂရိုစိုက်ချင်တယ်၊ အချိန်ယူပြီးပြင်ဆင်ရတာမျိုးကိုမကြိုက်တဲ့အမျိုးသားတွေအတွက် အလွယ်တကူပြုလုပ်လို့ရတဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ detox waterပြုလုပ်နည်းလေးကို ပြောပြပါမယ်နော်။
ပါဝင်ပစ္စည်းတွေက
⏩လီမွန်သီး (2)လုံး
⏩သခွားသီး တစ်ဝက်
⏩ပူစီနံရွက် (10-12)ရွက် ခန့်
⏩ရေ (3)လီတာဖြစ်ပါတယ်။
ပြုလုပ်နည်းကတော့
ပါဝင်ပစ္စည်းအားလုံးကို ရောပြီး ခရားအိုးကြီးထဲထည့်ကာ ရေခဲသေတ္တာ ထဲကိုတစ်ညခန့် အအေးခံထားပေးရပါမယ်။
မနက်ရောက်ရင်တော့ စိမ်ထားတဲ့ detox waterကိုအဆင်သင့်သောက်သုံးရုံပါပဲ။
Cucumber, lemon detox waterရဲ့ကောင်းကျိုးတွေကတော့
👉ရေဓာတ်ကိုဖြည့်စည်းပေးပြီးလန်းဆန်းစေခြင်း
👉အစာချေစနစ်ပိုမိုကောင်းမွန်စေခြင်း
👉 ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖြေပေးခြင်း
👉ကိုယ်ခန္ဓာစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း တို့ဖြစ်ပါတယ်။
တစ်ခုသတိထားရမှာက အိပ်ယာထထချင်း အေးနေတဲ့ရေကိုသောက်တာက အစာချေစနစ်အတွက်မကောင်းတဲ့အတွက် အေးနေတဲ့ detox waterကို အခန်းအပူချိန်နဲ့ညီအောင် ခွက်ထဲမှာခနထည့်ထားပြီးမှသောက်တာဖြစ်ဖြစ် ရေနွေးနည်းနည်းရောပြီး သောက်ရင်ပိုကကောင်းပါတယ်။
credit to avogel.co.uk
-----------------------
အမ်ိဳးသားမ်ားအတြက္ အလုပ္မရႈပ္ေစတဲ့ Detox water ျပဳလုပ္နည္း
ဒီတစ္ေခါက္မွာေတာ့ ကိုယ့္က်န္းမာေရးကိုလည္းဂ႐ိုစိုက္ခ်င္တယ္၊ အခ်ိန္ယူၿပီးျပင္ဆင္ရတာမ်ိဳးကိုမႀကိဳက္တဲ့အမ်ိဳးသားေတြအတြက္ အလြယ္တကူျပဳလုပ္လို႔ရတဲ့ က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ detox waterျပဳလုပ္နည္းေလးကို ေျပာျပပါမယ္ေနာ္။
ပါဝင္ပစၥည္းေတြက
⏩လီမြန္သီး (2)လုံး
⏩သခြားသီး တစ္ဝက္
⏩ပူစီနံ႐ြက္ (10-12)႐ြက္ ခန္႔
⏩ေရ (3)လီတာျဖစ္ပါတယ္။
ျပဳလုပ္နည္းကေတာ့
ပါဝင္ပစၥည္းအားလုံးကို ေရာၿပီး ခရားအိုးႀကီးထဲထည့္ကာ ေရခဲေသတၱာ ထဲကိုတစ္ညခန္႔ အေအးခံထားေပးရပါမယ္။
မနက္ေရာက္ရင္ေတာ့ စိမ္ထားတဲ့ detox waterကိုအဆင္သင့္ေသာက္သုံး႐ုံပါပဲ။
Cucumber, lemon detox waterရဲ႕ေကာင္းက်ိဳးေတြကေတာ့
👉ေရဓာတ္ကိုျဖည့္စည္းေပးၿပီးလန္းဆန္းေစျခင္း
👉အစာေခ်စနစ္ပိုမိုေကာင္းမြန္ေစျခင္း
👉 ခႏၶာကိုယ္တြင္းအဆိပ္အေတာက္ေျဖေပးျခင္း
👉ကိုယ္ခႏၶာစြမ္းေဆာင္ရည္ျမႇင့္တင္ေပးျခင္း တို႔ျဖစ္ပါတယ္။
တစ္ခုသတိထားရမွာက အိပ္ယာထထခ်င္း ေအးေနတဲ့ေရကိုေသာက္တာက အစာေခ်စနစ္အတြက္မေကာင္းတဲ့အတြက္ ေအးေနတဲ့ detox waterကို အခန္းအပူခ်ိန္နဲ႔ညီေအာင္ ခြက္ထဲမွာခနထည့္ထားၿပီးမွေသာက္တာျဖစ္ျဖစ္ ေရေႏြးနည္းနည္းေရာၿပီး ေသာက္ရင္ပိုကေကာင္းပါတယ္။
credit to avogel.co.uk
------------------
Simple detox water for men
____________________________
For today, we are going to present about derox water which is very easy to make especially for men who want to take care of their health but doen't want many stuff.
The ingredients are
⏩ (2)lemons
⏩ (½)cucumber
⏩ (10-12)mint leaves
⏩ (3)liters water
To make lemon,cucumber.,mint detox water
- add all the ingredients into a large jar
- allow to steep overnight in the fridge to release all the flavours and in the morning, it's ready to drink.
The cucumber, lemond,mint detox water is indeed a
👉 hydrating and refreshing
👉 improve digestive health
👉 natural detoxifier
👉 immune boosting
One important tip is that chilled water can be a bit of a shock to your digestive system especially if you are drinking it first in the morning.A good tip for this drink is once it has steeped overnight in the fridge, pour it into a glass or water bottle and wait it reach room temperature before drinking, or add a little hot water.
Credit to avogel.co.uk