Family Rooftop Bar

Directions

Family Rooftop Bar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Rooftop Bar, Bar, Hinthada.

23/10/2026

🎶✨ ဒီည The Mask Music Band နဲ့ Weekend Night! ✨🎶
ဒီ Weekend ကို သီချင်းကောင်းကောင်းတွေ၊ Live Music အရသာကောင်းကောင်းတွေနဲ့ ဖြတ်သန်းချင်တယ်ဆိုရင်

📍 Family Hotel Rooftop Bar မှာ ဆုံကြမယ်နော်! 🍻🎤
🔥 Tonight’s Live Music – The Mask Music Band

🎸 သီချင်းကောင်းများနဲ့ အပန်းဖြေမယ်

🍽️ Food & Beverage Service

🍹 Rooftop Bar & Evening Entertainment

🏨 Comfortable Hotel Rooms

💆‍♀️ Spa Service

🏊‍♂️ Swimming Pool

🎉 Event / Birthday / Anniversary / Meeting & Dining အစီအစဉ်များ
မိတ်ဆွေတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ်

စားမယ် • သောက်မယ် • နားမယ် • ပျော်မယ်

ဒီညရဲ့ Weekend Vibe ကို Family Hotel မှာ အတူတူခံစားလိုက်ပါ 💫
📞 Booking & Reservation

09 266 667 720
📍 Family Hotel Hinthada

Family Hotel – Where Every Moment Feels Like Home ❤️

အလုပ်လစ်လပ်ရာထူး - ဟိုတယ်လုံခြုံရေးဝန်ထမ်းဟိုတယ်လုံခြုံရေးဝန်ထမ်း (Hotel Security)၁ဦးအလိုရှိသည်​Family Hotel တွင် ဟိုတယ...
22/10/2026

အလုပ်လစ်လပ်ရာထူး - ဟိုတယ်လုံခြုံရေးဝန်ထမ်း
ဟိုတယ်လုံခြုံရေးဝန်ထမ်း (Hotel Security)၁ဦးအလိုရှိသည်
​Family Hotel တွင် ဟိုတယ်ဧည့်သည်များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးရန်အတွက် အရည်အချင်းပြည့်ဝသည့် (ကျား) ဝန်ထမ်း အမြန်အလိုရှိပါသည်။
​လိုအပ်သော အရည်အချင်းများ:
​အသက် (၂၅) နှစ်မှ (၄၅) နှစ်အတွင်း ဖြစ်ရမည်။
​ကျန်းမာရေးကောင်းမွန်ပြီး တာဝန်ကျေပွန်ကာ စည်းကမ်းလိုက်နာသူ ဖြစ်ရမည်။
​လုံခြုံရေးလုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဦးစားပေးမည်။
​ညဘက်အလှည့်ကျ (Night Shift) တာဝန်ထမ်းဆောင်နိုင်ရမည်။
​လုပ်ငန်းတာဝန်များ:
​ဟိုတယ်၏ ဝင်/ထွက်ပေါက်များနှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စနစ်တကျ လုံခြုံရေးယူရန်။
​ဝင်ထွက်လာသော ဧည့်သည်များနှင့် မော်တော်ယာဉ်များကို စည်းကမ်းချက်နှင့်အညီ စစ်ဆေးဧည့်ခံရန်။
​CCTV ကင်မရာများ စောင့်ကြည့်ခြင်းနှင့် မီးဘေးအန္တရာယ် အပါအဝင် အရေးပေါ်ကိစ္စများကို ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရန်။
ခံစားခွင့်များ:
အခြေခံလစာ နှင့် Service Money
နေစားငြိမ်းစီစဥ်ပေးမည်
​လိုအပ်သော စာရွက်စာတမ်းများ:
​ကိုယ်ရေးရာဇဝင် (CV)
​(၃) လအတွင်းရိုက်ထားသော ဓာတ်ပုံ (၂) ပုံ
​ပညာရေးစာရွက်စာတမ်း
​မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ
​လျှောက်ထားရန် နည်းလမ်းများ:
​လူကိုယ်တိုင်: Security Gate (ဟိုတယ်လုံခြုံရေးဂိတ်) သို့ လာရောက်လျှောက်ထားနိုင်ပါသည်။
​Online မှတဆင့်: Viber (09266667730) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
​Thank you for your time,
Family Hotel Hinthada

အလုပ်လစ်လပ်ရာထူး - Demi Chef (၁) ဦး​၁။ တာဝန်နှင့် ဝတ္တရားများ (Responsibilities)​သတ်မှတ်ထားသော Station အလိုက် ဟင်းလျာမျာ...
22/10/2026

အလုပ်လစ်လပ်ရာထူး - Demi Chef (၁) ဦး
​၁။ တာဝန်နှင့် ဝတ္တရားများ (Responsibilities)
​သတ်မှတ်ထားသော Station အလိုက် ဟင်းလျာများ၏ အရသာနှင့် အရည်အသွေးကို တာဝန်ယူချက်ပြုတ်ရမည်။
​Chef de Partie (CDP) ကို ကူညီပေးရမည်ဖြစ်ပြီး Commis များကို လမ်းညွှန်မှုပေးရမည်။
​မီးဖိုချောင်သုံးပစ္စည်းများနှင့် ကုန်ကြမ်းများ လေလွင့်မှုမရှိစေရန် စနစ်တကျ ကိုင်တွယ်ရမည်။
​အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး (Food Safety) နှင့် သန့်ရှင်းရေးစံနှုန်းများကို တိကျစွာ လိုက်နာရမည်။
​မီးဖိုချောင်အတွင်း လိုအပ်သော ကုန်ကြမ်းစာရင်း (Stock) များကို စနစ်တကျ စစ်ဆေးတင်ပြရမည်။
​၂။ အရည်အချင်းသတ်မှတ်ချက်များ (Requirements)
​သက်ဆိုင်ရာ ဟိုတယ် သို့မဟုတ် စားသောက်ဆိုင်လုပ်ငန်းတွင် Demi Chef သို့မဟုတ် Commis I အဆင့်ဖြင့် အနည်းဆုံး (၂) နှစ်နှင့်အထက် အတွေ့အကြုံရှိရမည်။
​မီးဖိုချောင် နည်းပညာများနှင့် ဟင်းလျာပြင်ဆင်မှုပိုင်းတွင် ကျွမ်းကျင်မှုရှိရမည်။
အလုပ်​ဖိအားအောက်တွင် အလုပ်လုပ်နိုင်ပြီး ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိရမည်။
​အသင်းအဖွဲ့ကို ဦးဆောင်နိုင်စွမ်းရှိပြီး လုပ်ငန်းအပေါ် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
​အခြေခံ ပညာရေးအဆင့် (သို့မဟုတ်) ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ သင်တန်းဆင်းလက်မှတ်ရှိသူ ဦးစားပေးမည်။
​၃။ ရရှိနိုင်မည့် ခံစားခွင့်များ (Benefits)
​လစာ: အတွေ့အကြုံပေါ်မူတည်၍ (ညှိနှိုင်း) + Service Money
​နေထိုင်ရေး: ဟိုတယ်မှ နေစရာ စီစဉ်ပေးမည်။
​အခြားခံစားခွင့်: ဟိုတယ်၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ခံစားခွင့်များ ရရှိမည်။
​📝 လိုအပ်သော စာရွက်စာတမ်းများ
​ကိုယ်ရေးရာဇ၀င် (CV)
​(၃) လအတွင်း ရိုက်ထားသော ဓာတ်ပုံ (၂) ပုံ
​ပညာရေးနှင့် လုပ်ငန်းအတွေ့အကြုံ ထောက်ခံချက်စာရွက်စာတမ်းများ
​မှတ်ပုံတင် နှင့် အိမ်ထောင်စုစာရင်း မိတ္တူ
​📩 လျှောက်ထားရန် နည်းလမ်းများ
​လူကိုယ်တိုင်: Family Hotel လုံခြုံရေးဂိတ် (Security Gate) တွင် ပေးအပ်နိုင်ပါသည်။
​Viber: 09-266667730 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
#

🌕✨ THADINGYUT EVE SPECIAL PACKAGE — COMING SOON! ✨🌕🎉 သီတင်းကျွတ်အကြိုညကို Family Hotel Hinthada နဲ့အတူ ပျော်ရွှင်စွာ ဖြတ...
19/10/2026

🌕✨ THADINGYUT EVE SPECIAL PACKAGE — COMING SOON! ✨🌕

🎉 သီတင်းကျွတ်အကြိုညကို Family Hotel Hinthada နဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ!

လာမယ့် ၂၆ ရက်နေ့ သီတင်းကျွတ်အကြိုည အတွက် မိသားစု၊ သူငယ်ချင်းများနှင့်အတူ အမှတ်တရညလေးတစ်ညကို ဖန်တီးနိုင်ဖို့ Family Hotel Hinthada မှ အထူး Special Packages များကို စီစဉ်ထားပါတယ်။ 🥂🎶

🎤 1. UNPLUGGED ENTERTAINMENT + F&B PACKAGE

တိုက်ရိုက် Unplugged Entertainment ရဲ့ သာယာတဲ့ တေးသီချင်းသံများနဲ့အတူ အစားအသောက်နှင့် အဖျော်ယမကာများကို တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ ခံစားလိုက်ပါ။

🍻 B**r & Spirits အမျိုးမျိုး
🥃 Jack Daniel’s / Jim Beam
🍺 Heineken Tower
🥃 Jägermeister
🥃 Johnnie Walker Red Label / Black Label

✨ စုစုပေါင်း F&B Package ၆ မျိုး ကို ရွေးချယ်ခံစားနိုင်မှာဖြစ်ပါတယ်။

📌 Table & Package Policy

* Table တစ်လုံးလျှင် လူ ၄ ဦးအတွက် သတ်မှတ်ထားပါသည်။
* လူ ၄ ဦးထက်ပိုပါက အပိုလူတစ်ဦးလျှင် Table Charge 10,000 ကျပ် ကျသင့်ပါမည်။
* လူ ၆ ဦးထက်ပိုပါက Package တစ်ခု ထပ်မံဝယ်ယူရန် လိုအပ်ပါသည်။

🍽️ 2. INSIDE BAR — FOOD ONLY PACKAGE

အရက်နှင့် ဘီယာမပါဝင်ဘဲ အစားအသောက်များကိုသာ သီးသန့်ရွေးချယ်ခံစားလိုသူများအတွက်လည်း အထူးစီစဉ်ပေးထားပါတယ်။

✨ Family Thadingyut Set Menu ၄ မျိုး ဖြင့် မိသားစု၊ သူငယ်ချင်းများနှင့်အတူ အရသာရှိတဲ့ အစားအသောက်များကို ပျော်ရွှင်စွာ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

📌 Package Policy

* လူ ၆ ဦးထက်ပိုပါက Package တစ်ခု ထပ်မံဝယ်ယူရန် လိုအပ်ပါသည်။

📢 STAY TUNED!

ယခုကြော်ငြာသည် သီတင်းကျွတ်အကြို Special Package များအတွက် ကြိုတင်မိတ်ဆက်ကြေညာခြင်းသာ ဖြစ်ပါတယ်။

Package တစ်ခုချင်းစီ၏ အသေးစိတ် Menu နှင့် ဈေးနှုန်းများကို မကြာမီ ထပ်မံကြေညာပေးသွားမှာဖြစ်လို့ Family Hotel Hinthada ရဲ့ Page ကို စောင့်မျှော်အားပေးကြပါဦးနော်။ 🌕✨

📌 Reservation Info

* ကြိုတင် Reservation ပြုလုပ်ရန် လိုအပ်ပါသည်။
* Reservation ပြုလုပ်လိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
* Table နှင့် Package များကို ကြိုတင် Reservation ပြုလုပ်ထားသူများအတွက်သာ အတည်ပြုပေးမည်ဖြစ်ပါသည်။
* Reservation အတည်ပြုရန်အတွက် လိုအပ်သော အချက်အလက်များကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📞 BOOKING & RESERVATION
☎️ 09 266 667 720

🌕 ဒီသီတင်းကျွတ်အကြိုညမှာ သီချင်းသံများ၊ အရသာရှိတဲ့ အစားအသောက်များနဲ့အတူ အမှတ်တရအချိန်လေးတွေကို ဖန်တီးလိုက်ကြရအောင်။ 🥂🎶

Family Hotel Hinthada — Celebrate Together, Create Memories! ❤️

06/10/2026

🎸 Hey Guys! You Know What We Are? 🎶

We Are Family.
We Are Brothers. ❤️

ဂီတသံစဉ်ကောင်းတွေနဲ့အတူ
ပျော်ရွှင်စရာညချမ်းတွေကို ဖန်တီးပေးမယ့်
We Are Brothers Music Band 🎤🎸🥁

မိတ်ဆွေတွေနဲ့အတူ Chill လုပ်ရင်း၊
သီချင်းကောင်းတွေ နားဆင်ရင်း
အမှတ်တရညချမ်းလေးတွေကို အတူတူဖန်တီးလိုက်ပါ။ ✨

Good Music • Good Vibes • Great Memories ❤️

📍 Family Hotel
🎶 Come & Enjoy the Music with Us!

🎸 Hey Guys! You Know What We Are? 🎶We Are Family.We Are Brothers. ❤️ဂီတသံစဉ်ကောင်းတွေနဲ့အတူပျော်ရွှင်စရာညချမ်းတွေကို ဖန်...
06/10/2026

🎸 Hey Guys! You Know What We Are? 🎶

We Are Family.
We Are Brothers. ❤️

ဂီတသံစဉ်ကောင်းတွေနဲ့အတူ
ပျော်ရွှင်စရာညချမ်းတွေကို ဖန်တီးပေးမယ့်
We Are Brothers Music Band 🎤🎸🥁

မိတ်ဆွေတွေနဲ့အတူ Chill လုပ်ရင်း၊
သီချင်းကောင်းတွေ နားဆင်ရင်း
အမှတ်တရညချမ်းလေးတွေကို အတူတူဖန်တီးလိုက်ပါ။ ✨

Good Music • Good Vibes • Great Memories ❤️

📍 Family Hotel
🎶 Come & Enjoy the Music with Us!

Watch, follow, and discover more trending content.

💎 Lost & Found | Honesty Mattersဧည့်သည်တစ်ဦး မေ့ကျန်ခဲ့သော Jewelry ပစ္စည်းအား Family Hotel ဝန်ထမ်းမှ ရိုးသားစွာ တွေ့ရှိအ...
30/09/2026

💎 Lost & Found | Honesty Matters

ဧည့်သည်တစ်ဦး မေ့ကျန်ခဲ့သော Jewelry ပစ္စည်းအား Family Hotel ဝန်ထမ်းမှ ရိုးသားစွာ တွေ့ရှိအပ်နှံပေးခဲ့ပြီး ဧည့်သည်ထံသို့ ပြန်လည်ပေးအပ်နိုင်ခဲ့ပါသည်။ 🤍
ဧည့်သည်များ၏ ပစ္စည်းနှင့် ယုံကြည်မှုကို တန်ဖိုးထားပြီး တာဝန်ယူဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းများအား Family Hotel မှ အထူး Appreciation ပြုအပ်ပါသည်။ 👏🏻

26/09/2026

Address

Hinthada

Website

Alerts

Be the first to know and let us send you an email when Family Rooftop Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category