Tan Ta Bar & Restaurant

Tan Ta Bar & Restaurant လာရောက်အားပေးမှု့ကို ကျေးဇူးတင်ပါသည်

ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ မြန်မာပြည်သူပြည်သား အလုပ်သမားများအားလုံး ပင်ပန်းနွမ်း...
01/05/2026

ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ
မြန်မာပြည်သူပြည်သား အလုပ်သမားများအားလုံး ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီး၊ ဘေးအန္တရာယ်ကင်းကင်းနဲ့
လုပ်ငန်းဆောင်တာများ အောင်မြင်ပါစေကြောင်း တမ်းတ မိသားစုကဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။



#တမ်းတ
#ဒလ

သင်္ကြန်ဆိုတာ နှစ်ဟောင်းက အညစ်အကြေး၊ အခက်အခဲ၊ အဆိုးမြင်မှုအားလုံးကိုဖြူစင်တဲ့ အတာရေနဲ့ ဆေးကြောသန့်စင်ပစ်တဲ့ပွဲပါ!
12/04/2026

သင်္ကြန်ဆိုတာ နှစ်ဟောင်းက အညစ်အကြေး၊ အခက်အခဲ၊ အဆိုးမြင်မှုအားလုံးကို
ဖြူစင်တဲ့ အတာရေနဲ့ ဆေးကြောသန့်စင်ပစ်တဲ့ပွဲပါ!

သင်္ကြန်ကာလအတွင်း တမ်းတ (Tan Ta) မှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့ အထူးအစီအစဉ်လေးတွေ ပြင်ဆင်ထားပါတယ...
08/04/2026

သင်္ကြန်ကာလအတွင်း တမ်းတ (Tan Ta) မှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့ အထူးအစီအစဉ်လေးတွေ ပြင်ဆင်ထားပါတယ်။
သင်္ကြန်အထူးအစီအစဉ်
• လန်းဆန်းစေမည့် အရသာ: သင်္ကြန်အငွေ့အသက်အပြည့်ရှိတဲ့ သောက်စရာမျိုးစုံနဲ့ Signature Cocktail များ။
• အရသာရှိ အစားအစာ: ဘီယာနဲ့လိုက်ဖက်မယ့် အမြည်းမျိုးစုံနဲ့ စားသောက်ဖွယ်ရာများ။
• အမှတ်တရအချိန်များ: သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စကားပြောရင်း ပျော်ရွှင်စွာ အပန်းဖြေနိုင်မယ့် ပတ်ဝန်းကျင်။
"အတာရေနဲ့အတူ အမောတွေပြေပျောက်ပြီး တမ်းတမှာ လန်းဆန်းသွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
📍 နေရာ - တမ်းတ (Tan Ta) Bar & Restaurant
📅 ရက်စွဲ - သင်္ကြန်ကာလအတွင်း

08/04/2026

📣 "တမ်းတ" ဆိုင်မှာ အလုပ်အကိုင်အခွင့်အလမ်းသစ်များ! 📣 တို့ဆိုင်လေးကို ပိုပြီး စည်ကားလာအောင် ကူညီပေးမယ့် တက်ကြွလှပတဲ့ ဝန်ထမ်းအသစ်တွေကို ဖိတ်ခေါ်နေပါတယ်! ✨
အလိုရှိသော ရာထူးများ:
• 👨‍🍳 Waiter - ၅ ယောက်
• 🍳 လက်ထောက်အကြော်ဆရာ - ၁ ယောက်
• 🔪 ဓားကိုင် - ၂ ယောက်
• 🔥 အကင်ကျွမ်းကျင် - ၁ ယောက်
• 🍹 Bar helper - ၂ ယောက်
• 💰 Cashier - ၂ ယောက်
စိတ်ဝင်စားသူများ အခုပဲ ဆက်သွယ်လိုက်ပါ!
📞 ဖုန်း/Viber: ၀၉၉၆၆၃၉၃၄၃၂

#၀၉၉၆၆၃၉၃၄၃၂

လာရောက်အားပေးမှု့ကို ကျေးဇူးတင်ပါသည်

ဝန်ထမ်းဟန်မင်းချို (ခ) အရိုး သိစေရန် နောက်ဆုံးအကြိမ် အသိပေးနှိုးဆော်ခြင်း​ကျွန်ုပ်တို့၏ တမ်းတ Tan Ta Bar & Restaurant တွ...
04/04/2026

ဝန်ထမ်းဟန်မင်းချို (ခ) အရိုး သိစေရန် နောက်ဆုံးအကြိမ် အသိပေးနှိုးဆော်ခြင်း
​ကျွန်ုပ်တို့၏ တမ်းတ Tan Ta Bar & Restaurant တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဟန်မင်းချို (ခ) အရိုး သည် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကတည်းက ခွင့်ယူသည်ဟု ဆိုကာ ဆိုင်မှ ထွက်ခွာသွားခဲ့ပြီး ယနေ့တိုင် အဆက်အသွယ်မရဘဲ ပျောက်ကွယ်နေပါသည်။
​၎င်းသည် ဆိုင်နှင့်ပတ်သက်သော ငွေကြေးပမာဏ အများအပြားကို တာဝန်ယူ ဖြေရှင်းပေးရန် ကျန်ရှိနေသူဖြစ်ပြီး ယခုကဲ့သို့ အဆက်အသွယ်ဖြတ်ကာ ရှောင်တိမ်းနေခြင်းမှာ ပြဿနာကို ဖြေရှင်းရန် ဆန္ဒမရှိကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ မိမိတို့ဘက်မှ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ငဲ့ညှာသောအားဖြင့် ယနေ့အထိ စိတ်ရှည်စွာ စောင့်ဆိုင်းပေးခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်း မရှိပါ။
​ထို့ကြောင့် ဤ Post မှတစ်ဆင့် နောက်ဆုံးသတိပေးချက် အနေဖြင့် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
​၁။ မိမိတို့ဘက်မှ လူမှုရေးအရ နောက်ထပ် (၇) ရက်တိတိ ထပ်မံစောင့်ဆိုင်းပေးပါမည်။
၂။ ၎င်း (၇) ရက်အတွင်း ဆိုင်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အဆက်အသွယ်ပြုလုပ်ပြီး ကျန်ရှိနေသည့် ငွေကြေးကိစ္စရပ်များကို လာရောက်ဖြေရှင်းရန် အကြောင်းကြားပါသည်။
၃။ သတ်မှတ်ရက် ကျော်လွန်သည်အထိ ဆက်လက်ရှောင်တိမ်းနေပါက မိမိတို့၌ ရှိထားပြီးဖြစ်သော နေရပ်လိပ်စာ အထောက်အထားများ၊ မှတ်ပုံတင်မိတ္တူများနှင့် ခိုင်လုံသော သက်သေများဖြင့် သက်ဆိုင်ရာ ရဲစခန်းနှင့် တရားဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
​မိမိတို့ဘက်မှ အစွမ်းကုန် သည်းခံစောင့်ဆိုင်းပေးခဲ့ပြီး ဖြစ်သဖြင့် ဥပဒေကြောင်းအရ အိမ်တိုင်ရာရောက် အမှုဖွင့် အရေးယူမှုများ ပြုလုပ်လာသည့်အခါမှ "မထောက်ထားဘူး" ဟု အပြစ်မမြင်စေချင်ပါ။
​မိမိကိုယ်တိုင်သော်လည်းကောင်း၊ ၎င်း၏ မိသားစုဝင်များနှင့် သိကျွမ်းသူများသော်လည်းကောင်း ဤစာကို မြင်တွေ့ပါက ပြဿနာများ ပိုမိုမကြီးထွားလာမီ အမြန်ဆုံး လာရောက်ဖြေရှင်းကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဒီနှစ်သင်္ကြန်... တမ်းတမှာ အတူတူဆုံကြမယ်! 💦🍻အပူရှိန်တွေလည်း ပြင်းနေပြီဆိုတော့ အေးမြတဲ့ ဘီယာအေးအေးလေးနဲ့ အတူတူ Chill ဖို့...
28/02/2026

ဒီနှစ်သင်္ကြန်... တမ်းတမှာ အတူတူဆုံကြမယ်! 💦🍻
အပူရှိန်တွေလည်း ပြင်းနေပြီဆိုတော့
အေးမြတဲ့ ဘီယာအေးအေးလေးနဲ့
အတူတူ Chill ဖို့ သူငယ်ချင်းတွေ၊
ညီအစ်ကိုမောင်နှမတွေ အားလုံးကို
တမ်းတ Bar & Restaurant က
ဖိတ်ခေါ်လိုက်ပါတယ်။

March လ ၁ ရက်နေ့မှ သင်္ကြန်ကာလအထိ

ပျော်ရွှင်စရာ သင်္ကြန်ကာလအတွက် ကျွန်တော်တို့ဆီမှာ အထူးအစီအစဉ်တွေ ရှိတယ်နော် -

✨ သင်္ကြန်ပရိုမိုးရှင်း အစီအစဉ်များ ✨

• ဘီယာ 1 Tower မှာယူရုံနဲ့ အရသာရှိတဲ့ ဟင်းပွဲတစ်ပွဲ လက်ဆောင် ရဦးမှာပါ။

• ပိုပြီး ပျော်ချင်တဲ့သူတွေအတွက် ဘီယာ 3 Tower ဝယ်ရင် 1 Tower အလကား (Free) ထပ်ပေးဦးမှာဆိုတော့ တန်မှတန်ပဲဗျာ!

ဆုံသူဆုံ၊ ဝေးသူဝေးပေမဲ့... ဒီသင်္ကြန်မှာတော့ အမှတ်တရတွေ ဖန်တီးဖို့ တမ်းတကို မြန်မြန်လှမ်းခဲ့ကြဖို့ မမေ့နဲ့ဦးနော်။ 😉

ဘယ်လာရမလဲ သိတယ် နော်…။

📍 လိပ်စာ
ဗိုလ်တေဇလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ဒလမြို့နယ်၊ ရန်ကုန်။
📞 ဖုန်း: ၀၉ ၇၇၈ ၂၉၉ ၅၀၀
⏰ ဖွင့်ချိန်: နံနက် ၉:၀၀ မှ ည ၁၀:၀၀ အထိ

08/02/2026
"တမ်းတ" ရတာ လွယ်ကူသွားပြီနော်... မြစ်ကြီးခြားလို့ ဝေးနေရတဲ့ အချိန်တွေ ကုန်ဆုံးသွားပြီ...စောင့်နေမြဲပါ မြစ်တွေဖြောင့်မှ က...
06/02/2026

"တမ်းတ" ရတာ လွယ်ကူသွားပြီနော်...
မြစ်ကြီးခြားလို့ ဝေးနေရတဲ့ အချိန်တွေ ကုန်ဆုံးသွားပြီ...

စောင့်နေမြဲပါ
မြစ်တွေဖြောင့်မှ ကိုယ့်ထံရောက်လည်း
ရတယ်။

ရန်ကုန်-ဒလ တံတားသစ်ကြီးနဲ့ ပိုနီးစပ်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ "တမ်းတ" ဆိုင်မှာ ၇ ရက်နေ့ကနေ ချစ်သူများနေ့အထိ Promotion တွေ အလန်းစား ချပေးထားပါတယ်။

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ Special One နဲ့ပဲဖြစ်ဖြစ် ဖေဖော်ဝါရီ (၇) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် -

✅ Tiger 4+1
✅ Chang 3+1

တံတားပေါ်ကနေ လေညင်းခံပြီးတာနဲ့ "တမ်းတ" ဆိုင်မှာ Promotion တွေနဲ့ အတူတူ အချစ်တွေကို အဆုံးထိ သက်သေထူလိုက်ရအောင်။

အကွာအဝေးက မဝေးတော့သလို၊ အချစ်တွေလည်း မဝေးရအောင် တမ်းတမှာ ဆုံကြစို့။ ❤️🍻

ဘယ်လာရမလဲ သိတယ် နော်…။
ဆိုင် -၁
📍 လိပ်စာ
ဗိုလ်တေဇလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ဒလမြို့နယ်၊ ရန်ကုန်။
📞 ဖုန်း: ၀၉ ၇၇၈ ၂၉၉ ၅၀၀
⏰ ဖွင့်ချိန်: နံနက် ၉:၀၀ မှ ည ၁၀:၀၀ အထိ

တံတားကြီး အရမ်းလှနေတော့ မနေနိုင် မထိုင် စာသားလေး စဉ်းစားမိတယ်…။မြစ်ပြင်ကျယ်နဲ့ တံတားအလှငါတို့ဆိုင်က View က ရှယ်ဗျ၊မီးရော...
05/02/2026

တံတားကြီး အရမ်းလှနေတော့
မနေနိုင် မထိုင် စာသားလေး စဉ်းစားမိတယ်…။

မြစ်ပြင်ကျယ်နဲ့ တံတားအလှ
ငါတို့ဆိုင်က View က ရှယ်ဗျ၊
မီးရောင်စုံအောက်မှာ Chill ဖို့အကောင်းဆုံး
တစ်ခွက်လောက်တော့ လာမြည်းစမ်းဦး။

#ဒလ
#ဒလတံတား
#တွံ့တေး

03/01/2026

ဆိုင်သစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ

ကျွန်တော် ကျွန်မတို့၏
ရပ်နီးရပ်ဝေးမှ မိတ်ဆွေ အပေါင်းအသင်းများ
ကြွရောက်ချီးမြှင့် ပေးပါရန်
အားလုံးကို ဒီကနေ ဖော်ရွေစွာ
ဖိတ်ကြား အပ်ပါတယ်။ 🙏

Address

No. 79, Bo Tay Za Street, Tabinshwehtee Ward, Near Clock Tower
Dalla
11261

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Tan Ta Bar & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category