Zawgyi Electronic

Zawgyi Electronic For Good Living

တန်ဆောင်တိုင်ပိတ်ရက်လေးမှာရုပ်ရှင်ကြည့်ပြီး အပန်းဖြေကြရအောင်.....
01/11/2025

တန်ဆောင်တိုင်ပိတ်ရက်လေးမှာ
ရုပ်ရှင်ကြည့်ပြီး အပန်းဖြေကြရအောင်.....

You Tube ဖွင့်မရ ရင်......Android Box/TV မှာ.....Zawgyi Android Box မှာ....You Tube ဖွင့်မရရင် လုပ်နည်း (2) မျိုးရှိပါတယ...
31/10/2025

You Tube ဖွင့်မရ ရင်......

Android Box/TV မှာ.....
Zawgyi Android Box မှာ....
You Tube ဖွင့်မရရင် လုပ်နည်း (2) မျိုးရှိပါတယ်....

ပထမနည်းကတော့......
ထဲသွားပါ
ကိုဝင်ပါ
All Apps ကိုနှိပ်ပါ
တွေ့ရင် OK နှိပ်ပါ
Data/ Clear Cache လုပ်လိုက်ပါ.....ဒါဆိုပြန်ဖွင့်လို့ရပါပြီ

ဒုတိယနည်း....
ထဲသွားပါ
Preferences ကို OK နှိပ်...
ကို ထပ်နှိပ်
Everything ကို နှိပ်...(ထည့်ထားတဲ့ အပလီကေးရှင်းတွေ/ အကောင့်တွေ အကုန်ပျက် ကုန်မှာပါ)

👋ပထမနည်း မရမှ ဒုတိယနည်း ကိုသုံးစေချင်ပါတယ်....

👉 You Tube ပြန်မဖွင်ခင် Setting ထဲသွားပြီး Date and Time အရင်ချိန်ပေးပါ...မြန်မာ အချိန်မကိုက်ရင် You Tube ဖွင့်မရတာမျိုး ဖြစ်တတ်ပါတယ်...

Phone ထဲက You Tube Account ကို စက်ထဲ Scan လုပ်ဖို့ကတော့...
Tube စဖွင့် ရင် QR Code လေးတစ်ခုတွေ့မှာပါ
ဖွင့်ပါ
ကိုနှိပ်ပါ
#ညာဘက်ထောင့်မှာ ရှိတဲ့ QR ပုံလေး နှိပ်ပြီး TV မှာ ပေါ်နေတဲ့ QR Code ကလေးကို ဖတ်ပေးလိုက်ပါ...
#ဖုန်းမှာ Open လို့ပေါ်လာရင် ဖုန်းကိုဘဲဆက်နှိပ်သွားလိုက်ပါ
မှာ Account က အလိုအလျောက် ပြောင်းသွားပါလိမ့်မယ်...

Zawgyi Android Box အသုံးပြုနေတဲ့ Customers များ လုပ်လို့ အဆင်မပြေရင် Viber 09956136645 ကို ဆက်သွယ်ပြီး မေးမြန်းနိုင်ကြပါတယ်....

အားလုံးအဆင်ပြေနိုင်ကြပါစေဗျ

Zawgyi Electronic

Android Box မှာ ထည့်သင့်တဲ့ Apps များ အကြာင်း ( ၆ )Android TV တွေထဲမှာ တရုတ်ကထုတ်တဲ့ Android TV တွေအများစုဟာ Play store ...
24/09/2025

Android Box မှာ ထည့်သင့်တဲ့
Apps များ အကြာင်း ( ၆ )

Android TV တွေထဲမှာ တရုတ်ကထုတ်တဲ့ Android TV တွေအများစုဟာ Play store မပါတာများပါတယ်...ပါရင်လည်း Gmail ဝင်မရတာ..သုံးလို့မရတာတွေလည်း တွေ့ရပါတယ်...

Android Box မှာလည်း TV Version က Play Store ဟာ TV မှာ ထည့်လို့ရတဲ့ Apps တွေသာ ရှာလို့ရမှာဖြစ်တဲ့အတွက် ဖုန်းမှာသုံးနေတဲ့ Apps တွေထည့်ချင်ရင် ရှာရခက်နေတတ်ပါတယ်...

Aurora Store ဆိုတဲ့ App ကို ထည့်ထား လိုက်မယ်ဆိုင်တော့ ဒီ ပြဿနာ ပြေလည်သွားပါမယ်... Apps တွေ install လုပ်မရ သုံးမရ တာမျိုး ရှိတတ်ပေမယ့် ကိုယ် ရှာချင်တဲ့ Apps ကတော့ ရှာလို့ ရသွားမှာ ဖြစ်ပါတယ်..

Play Store မပါတဲ့ စက် သုံးမရတဲ့ စက် တွေ အားလုံးအတွက် အသုံးဝင်ပြီး Log in အတွက် Gmail Account သုံးစရာမလိုဘဲ Anonymous နဲ့ ဝင်လို့ ရမှာဖြစ်တဲ့အတွက် ဒီ အပလီကေးရှင်းလေးလဲ ထည့်ထားဖို့ အကြံပြုချင်ပါတယ်ဗျ...

Aurora Store app ကို အောက်မှာထည့်ပေးထားပါတယ်....

Apps တွေ ထည့်ရာမှာ အဆင်မပြေတာတွေရှိရင် လည်းပြောပြထားပေးခဲ့ပါ...

အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးသွားပါမယ်....

အားလုံးအဆင်ပြေကြပါစေ

Zawgyi Electronic

Android Box မှာ ထည့်သင့်တဲ့ Apps များ အကြာင်း ( ၅ )    File Manager Plus ဟာလည်း Android Box/TV တွေမှာ ထည့်ထားရမယ့် App တ...
21/09/2025

Android Box မှာ ထည့်သင့်တဲ့
Apps များ အကြာင်း ( ၅ )

File Manager Plus ဟာလည်း Android Box/TV တွေမှာ ထည့်ထားရမယ့် App တစ်ခု ဖြစ်ပါတယ်....
Android Box အသစ်ဝယ်တဲ့အခါမှာ Built in အနေနဲ့ File Manager App ပါဝင်ပေမယ့် Android TV အချို့မှာ တော့ မပါတာ တွေ့ရပါတယ်...

ဒါပေမယ့် ဘယ် Android Box/TV ဖြစ်ဖြစ် File Manager Plus ဆိုတဲ့ အပလီကေးရှင်းကို မဖြစ်မနေထည့်သွင်း ထားရမှာပါ...

#ဘာတွေအသုံးဝင်တာလဲဆိုတော့.....

(၁) USB Stick တွေထဲက File တွေကို TV/Box မှာ ထည့်ကြည့်ချင်တဲ့ခါ ပိုအသုံးဝင်ပါတယ်..
(၂) အပလီကေးရှင်းတွေ ထည့်သွင်းနိုင်ဖို့ ကိုယ့်ရဲ့ စက်ထဲက Storage ဘယ်လောက်ကျန်လဲ အလွယ်တစ်ကူကြည့်လို့ရမှာပါ...(ကိုယ့်စက်ရဲ့အမှန် တစ်ကယ် Storage ကို မြင်ရမှာပါ)
(၃) တစ်ခါတစ်လေ စက်ထဲမှာ Download လုပ်ထားတဲ့ File တွေကို ဒီနေရာမှာ အလွယ်တစ်ကူရှာလို့ရပါတယ်..
(၄) အပလီကေးရှင်းတွေ ဖျက်ချင်တာ သွင်းချင်တာ ရွှေ့ချင်တာ Back up လုပ်ချင်တာ ဒီမှာ လုပ်ဖို့ ပိုလွယ်ပါတယ်
(၅) Google / Dropbox/ OneDrive စတဲ့ Online Drive တွေကို +Cloud ထဲမှာ Streaming ကြည့်လို့ရမှာပါ

👉အကောင်းဆုံးအချက်ကတော့ ဖုန်းထဲမှာ Download လုပ်ထားတဲ့ File ကို Send File To TV နဲ့ ပို့စရာမလိုဘဲ ဒီအပလီကေးရှင်းနဲ့ ချိတ်ပြီး အလွယ်တကူ install လုပ်လို့ရသလို.. ဖုန်းမှာ Download လုပ်ထားတဲ့ ရုပ်ရှင်တွေကို ဒီအပလီကေးရှင်းသုံးပြီး အလွယ်တစ်ကူ TV မှာ ကြည့်လို့ရတာ ဖြစ်ပါတယ်..ဖုန်းထဲက Down ထားတဲ့ရုပ်ရှင်ဖြစ်ဖြစ်.. External Drive သုံးပြီး ရုပ်ရှင်ကြည့်ချင်တာဖြစ်ဖြစ် File Manager Plus အပလီကေးရှင်း ဟာ ပိုမိုလွယ်ကူတာတွေ့ရပါတယ်...

ဘယ်နေရာမှာ ချိတ်ရမလဲဆိုရင် အပလီကေးရှင်း ထဲမှာပါတဲ့ Access From Network ဆိုတဲ့ နေရာမှာ ပေးထားတဲ့ Random Password နဲ့ အလွယ်တကူ ချိတ်လို့ ရပါတယ်...အပျင်းပြေ စမ်းကြည့်ကြပါအုန်း ဗျ....

File Manager Plus အပလီကေးရှင်းကို Android Box တွေမှာ အလွယ်တစ်ကူ Download ယူလို့ရပါတယ်...အကယ်၍ အဆင်မပြေတာရှိခဲ့ရင် ပြောပြထားပေးခဲ့ပါဗျ...

အားလုံးအဆင်ပြေကြပါစေ...

Zawgyi Electronic

Android Box မှာ ထည့်သင့်တဲ့ Apps များ အကြာင်း ( ၄ )         English စာတန်းထိုးရုပ်ရှင်/စီးရီးတွေ မြန်မာလိုင်းတွေ အားကစား...
19/09/2025

Android Box မှာ ထည့်သင့်တဲ့
Apps များ အကြာင်း ( ၄ )

English စာတန်းထိုးရုပ်ရှင်/စီးရီးတွေ မြန်မာလိုင်းတွေ အားကစားပွဲတွေ စတဲ့ အစုံအလင်ကြည့်ရှု့နိုင်မယ် အပလီကေးရှင်းထဲကဆိုရင်တော့ NETFLY App ကို ညွှန်ပေးရပါလိမ့်မယ်...

Live Streaming App တွေ အများစုက ဖျော်ဖြေရေး အနေနဲ့ကြည့်ရင်အများကြီး ကြည့်စရာမရှိပေမယ့် NETFLY App မှာတော့ အချိန်ပေးနိုင်ရင် ကြည့်ရှု့စရာ စုံလင်တာကို တွေ့ရပါတယ်...

နောင်မှာ အခပေး အပလီကေးရှင်း အဖြစ် လစဉ်ကြေးပေးရမှာဆိုပေမယ့် ခုလောလောဆယ်တော့ တစ်နှစ် One Year အလကား ပေးကြည့်ထား တဲ့အတွက် ဒီ အပလီကေးရှင်းဟာလည်း Android Box/TV မှာထည့်သွင်းထားသင့်ပါတယ်

တစ်နှစ် Free ကြည့်ရဖို့ Gmail တစ်ခုတော့ လိုပါလိမ့်မယ်...
အလွယ်ကူဆုံး နည်းလမ်းကတော့...

ဖုန်းထဲမှာ အရင် ပေးထားတဲ့ Link ကနေ App File ကို Download လုပ်ပြီး install အရင်လုပ်ပါ

ပြီးရင် Log in နေရာမှာ Gmail တစ်ခုနဲ့ Account အသစ်တစ်ခု ဖွင့်လိုက်ပါ...

Code ခြောက်လုံးထည့်ခိုင်းရင် Gmail ထဲသွားကြည့်ပြီး NETFLY ကပို့ထားတဲ့ Code ကိုထည့်ပေးလိုက်ရင် ဖုန်းမှာ တစ်နှစ်စာ အကောင့်ရသွားပါပြီ...

ဆက်ပြီး Send File To TV အပလီကေးရှင်းဖွင့်ပြီး Android Box/TV ထဲNETFLY App File ကိုပို့ပြီး install လုပ်ပေးပါ...

အပလီကေးရှင်းဖွင့်ပြီး Log in နေရာကို နှိပ်ရင် Scan Code တစ်ခုတွေ့ရမှာပါ...

ဖုန်းထဲက NETFLY App ကိုဖွင့်....

အကောင့်နေရာကို တစ်ချက် OK နှိပ်..

TV မှာ ပေါ်နေတဲ့ Scan Code ကို ဖုန်းနဲ့ Scanned လုပ်လိုက်တာနဲ့ TV မှာလည်း One Year Free ရသွားပါလိမ့်မယ်...

Gmail တစ်ခုကို Device နှစ်ခု ဘဲသုံးလို့ရပါမယ်....

English စာတန်းထိုးရုပ်ရှင်တွေ စီးရီးတွေ အများကြီးရှိပြီး Update လည်းဖြစ်တာတွေ့ရပါတယ်..

Live ဆိုတဲ့ နေရာမှာလည်း မြန်မာ လိုင်း အများစုကို Streaming ကြည့်လို့ ရသလို Bein Sports တွေ ကလည်း အတော်အသင့် ကောင်းတာမို့ ဒီအပလီကေးရှင်းဟာလည်း ထည့်သွင်းထားရမယ့် အထဲမှာ ပါ ပါကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်ဗျ.....

Download File ကို Comments မှာ ချပေးထားတာမို့ ထည့်လို့အဆင်မပြေတာတွေဖြစ်ဖြစ် အခက်အခဲ တစ်စုံတစ်ခု ရှိနေရင်ဖြစ်ဖြစ် ပြောပြထားခဲ့ပါ...

အားလုံးအဆင်ပြေကြပါစေဗျ

Zawgyi Electronic

Android Box မှာ ထည့်သင့်တဲ့ Apps များ အကြာင်း ( ၃ )        ဒီတစ်ခါတော့ ဘောလုံး/လက်ဝှေ့ စတဲ့ ပွဲတွေကို Android Box/TV အ‌မ...
18/09/2025

Android Box မှာ ထည့်သင့်တဲ့
Apps များ အကြာင်း ( ၃ )

ဒီတစ်ခါတော့ ဘောလုံး/လက်ဝှေ့ စတဲ့ ပွဲတွေကို Android Box/TV အ‌များစုမှာ Mouse မသုံးရဘဲ အဆင်ပြေနိုင်မယ် အပလီကေးရှင်းလေး တစ်ခု‌အကြောင်း ထပ်ပြီး ပြောပြချင်ပါတယ်....

ကျွန်တော်တို့ အတော်များများ CRICFY App ကို သုံးဘူးကြမှာပါ...သူလဲ အတော်လေး ကောင်းတဲ့ App တစ်ခုပါ..ဒါပေမယ့် အားနည်းချက်ကတော့ Version Update မကြာခဏ လုပ်တတ်တာရယ်...အချို့သော Android Box တွေမှာ အလုပ်မလုပ်တာရယ် စတဲ့ အားနည်းချက်လေး နည်းနည်းရှိပါတယ်

ကျွန်တော် ခုပြောပြမယ့် PLAYFy App ကတော့ CRICFY App နဲ့ ပုံစံ တူတူပါ...ဒါပေမယ့် PLAYFy App ကတော့ Android Box/TV အများစုမှာ ထည့်လို့ရတာ အားသာချက်ပါ... Version ကလည်း 1.2 ထိတော့ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်... ခုထက်ထိ Update ပေးထားတာတော့ မတွေ့ရသေးပါဘူး...

PLAYFy App ကို ဖုန်းမှာ ပေးထားတဲ့ Link အတိုင်း Download လုပ်ပြီး Send File To TV App နဲ့ Android Box/TV ကိုပို့ပြီး Install လုပ်ပေးလိုက်ရုံပါဘဲ...

App ကိုဖွင့်လိုက်တာနဲ့ လက်ရှိ Live လာနေတဲ့ ပွဲတွေ ကို မြင်တွေ့ရမှာ ဖြစ်ပြီး ကိုယ် ကြည့်ချင်တဲ့ ပွဲ ကို လိုက်ရှာပြီး ဖွင့်ကြည့်ရမှာဖြစ်ပါတယ်...

League အစုံ ကြည့်လို့ရမှာဖြစ်ပြီး Boxing တို့ UFC တို့လည်း ကြည့်လို့ရပါတယ်...

အင်တာနက် လိုင်းကျနေချိန်မှာ အဝိုင်းမလည်အောင် လုပ်တဲ့ Auto Resolution ပါရှိပြီး စိတ်ကြိုက် Resolution ချိန်လို့လည်း ရနိုင်ပါသေးတယ်... ညာဘက်ထောင့်မှာရှိတဲ့ Setting ( ခွေးသွားစိတ်လေး ) နေရာမှာ ချိန်ပေးရမှာဖြစ်ပါတယ်....

PLAYFy App ဟာ Android Box /TV တွေအတွက် အတော်လေးအဆင်ပြေနိုင်တာမို့ ထည့်သွင်းထားနိုင်ဖို့ အကြံပြုလိုက်ရပါတယ်ဗျ..
Download File ကို Comments မှာ ချပေးထားတာမို့ ထည့်လို့အဆင်မပြေတာတွေဖြစ်ဖြစ် အခက်အခဲ တစ်စုံတစ်ခု ရှိနေရင်ဖြစ်ဖြစ် ပြောပြထားခဲ့ပါ...

အားလုံးအဆင်ပြေကြပါစေဗျ

Zawgyi Electronic

Android Box မှာ ထည့်သင့်တဲ့ Apps များ အကြာင်း ( ၂ )      Android TV/Box တစ်လုံးဝယ်ပြီးသွားရင် မဖြစ်မနေ ထည့်သွင်းထားရမယ့်...
17/09/2025

Android Box မှာ ထည့်သင့်တဲ့
Apps များ အကြာင်း ( ၂ )

Android TV/Box တစ်လုံးဝယ်ပြီးသွားရင် မဖြစ်မနေ ထည့်သွင်းထားရမယ့် အပလီကေးရှင်းတစ်ခုအကြောင်း တင်ပြပေးသွားပါမယ်...
TV ဝယ်ဝယ် Box ဝယ်ဝယ် ဒီအပလီကေးရှင်း ကတော့ စက်ထဲမှာ ရှိကို ရှိနေရမှာပါ...

အဲ့ဒါကတော့ File တွေ Share လုပ်နိုင်တဲ့ Send File To TV ဆိုတဲ့ အပလီကေးရှင်းပါ ...သူ အလုပ်လုပ်ပုံကတော့ ရှင်းပါတယ်..ဖုန်းထဲ က Down လို့ရတဲ့ အပလီကေးရှင်းတွေ ကို TV ထဲ Box ထဲ အပြန်အလှန် ပို့လို့ရတဲ့ App ပါ..

ကျွန်တော်တို့အများစုက ခုလို စာတွေရေးပြီး App Links တွေပေးပြီး Download လုပ်ခိုင်းနေကြတာ ဖုန်းမှာတော့ အလွယ်တစ်ကူအဆင်ပြေနိုင်ပေမယ့် TV/Box တွေမှာ အများစုက အလွယ်တစ်ကူ မလုပ်နိုင်ကြပါဘူး..

အဲ့ဒီတော့ ဖုန်းမှာ Down လို့ရတဲ့ File တွေကို Android Box/TV တွေကို ပို့ဖို့ဆိုရင် ဒီ Send File To TV app ကို မဖြစ်မနေ ထည့်သွင်းထားရပါမယ်ဗျ

ဒီအပလီကေးရှင်းကို ပို့မယ့် ဖုန်းမှာရော လက်ခံမယ့် Android Box/TV မှာပါ နှစ်ဖက်လုံးထည့် ထားရမှာပါ..

အလုပ်လုပ်ပုံကိုတင်ပြပေးပါမယ်..
ပထမဆုံး တွေ အရင်ပိတ်ပါ...

ပြီးရင် Box/TV က Send File To TV ကို ဖွင့်ပြီး Receive ကို Ok ပေးထားလိုက်ပါ...

ဖုန်းက Send File To TV ကို ဖွင့်ပြီး Send ဆိုတဲ့နေရာကို နှိပ်လိုက်ပြီး ကိုယ် ‌Download လုပ်ထားတဲ့ file ဒါမှမဟုတ် ပို့ချင်တဲ့ဖိုင် ကို Send လုပ်လိုက်ရုံပါဘဲဗျ...

လက်ခံတဲ့ Android Box/TV မှာ Successd လို့ ပေါ်လာရင် Open လုပ်ပြီး Install လုပ်ရုံပါ..
File share လုပ်ရတဲ့အထဲမှာ အလွယ်ကူဆုံး App လို့တောင် ပြောလို့ရပါတယ်

တစ်ခုသတိထားရမှာက Same WiFi ဖြစ်ဖို့လိုတာဖြစ်ပါတယ်...ဆိုလိုချင်တာက ပို့မယ့် ဖုန်းမှာ သုံးတဲ့ အင်တာနက်နဲ့ လက်ခံတဲ့ Box/TV က အင်တာနက် က တစ်ခုထဲ ဖြစ်ရမယ်လို့ ဆိုလိုခြင်းပါ..

Send File To TV app ကို TV တွေ Android Box တွေ မှာလည်း အလွယ်တစ်ကူ Download ရယူနိုင်ပါတယ်ဗျ

အဲ့ဒါကြောင့် File Share လုပ်ရမှာ အသုံးဝင်ဆုံးဖြစ်မယ့် Send File To TV ကို ထည့်သွင်းထားနိုင်ဖို့ အကြံပြု တင်ပြပေးလိုက်ရပါတယ်
ဆက်လက်ပြီးလည်း ထည့်သွင်းထားရမယ့် Apps တွေအကြောင်း တင်ပြပေးသွားမှာမို့ စောင့်မျှော် အားပေးကြပါဦးဗျ

Apps တွေ ထည့်ရာမှာ အဆင်မပြေတာတွေရှိရင် လည်းပြောပြထားပေးခဲ့ပါ...

အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးသွားပါမယ်....

အားလုံးအဆင်ပြေကြပါစေ

Zawgyi Electronic

Android Box မှာ ထည့်သင့်တဲ့ Apps များ အကြာင်း (၁)     ဘောလုံးပွဲ တွေ ရာသီစခါနီးမှာ Android Box/ TV တွေ ဘယ် အပလီးကေးရှင်း...
16/09/2025

Android Box မှာ ထည့်သင့်တဲ့
Apps များ အကြာင်း (၁)

ဘောလုံးပွဲ တွေ ရာသီစခါနီးမှာ Android Box/ TV တွေ ဘယ် အပလီးကေးရှင်း ထည့်ကြည့်ရမလဲဆိုတဲ့ ပြသနာ ‌ကြုံလာရပါတယ်
ဘောပွဲ ဝါသနာရှင်တွေ အတွက် နိုင်ငံပေါင်းစုံ League တွေကြည့်ချင်သူတွေအတွက် Apps တွေ အများကြီး ရှိတဲ့ အထဲမှ ပထမဆုံးအနေနဲ့ HD Stream ဆိုတဲ့ App ကို မသိသေးတဲ့သူတွေအတွက် အသုံးပြုပုံကို ပထမဆုံး တင်‌ပြပေးပါမယ်

HD Stream app ဟာ Android Box/TV တွေအတွက်တော့ အတော်လေး အဆင်ပြေတာကိုတွေ့ရပါတယ်
Remote control နဲ့ ဘဲ အကုန် လုပ်ဆောင်လို့ရတဲ့အတွက် Mouse မသုံးတတ်တဲ့ သူတွေအတွက်လည်း ကွက်တိပါ...

App ကို စဖွင့် ဖွင့် ချင်း မှာ အကွက် နှစ်ခု နဲ့ အမှန်ခြစ်လေး ပေးရမယ့် နေရာလေးတစ်ခု စပြီး မြင်ရမှာဖြစ်ပါတယ်
အဲ့ဒီနေရာမှာ ပထမဆုံး အကွက်ကို ရွေးပြီး အမှန်ခြစ်ခဲ့ရင် နောက်တစ်ကြိမ် ပြန်ဝင်တဲ့အခါ ပွဲ စဉ်အားလုံးရဲ့ ဇယားကွက်တွေကို စမယ့်အချိန်နဲ့အတူ မြင်ရမှာပါ...

ဒါမှမဟုတ်...ဒုတိယအကွက်ကို ရွေးပြီအမှန်ခြစ်ခဲ့မယ်ဆိုရင်တော့ Live ပွဲ စဉ် တစ်ခု ဘဲ တွေ့ရမှာ ဖြစ်ပါတယ်..ကြိုက်တာရွေးပါ...

ဒီ အပလီကေးရှင်းဟာ တောင်အာရှဘက်က ဖြစ်တဲ့အတွက် cricket အားကစားကို အဓိကပြတာတွေ့ရပါတယ်
မပူပါနဲ့ ... Premier League ကစပြီး Champions League ထိ အကုန်ပြ‌ပါတယ်.
👉အပလီကေးရှင်းထဲ ဝင်ပြီးတာနဲ့ Setting ထဲ သွား... Floating Mode ကို တော့ ပိတ်ထားပေးဖို့ လိုပါလိမ့်မယ်👈

ဒီအပလီရှင်းရဲ့ ဟာပွဲစဉ်ကို ပွဲမစခင်ထဲက ကြိုပြီးဖွင့်ကြည့်လို့ရတာက အားသာချက်တစ်ခုပါ..
တစ်ချို့ Live အပလီကေးရှင်းတွေက ပွဲလာခါနီးမှ ကြည့်လို့ရပေယ့် ဒီမှာတော့ ပွဲ မစခင် ‌ခြောက်နာရီလောက်ထဲက ကြို ကြည့်နေလို့ရပါတယ်.

နောက်အားသာချက်တစ်ခုကတော့ အင်တာနက် လိုင်း ကျနေချိန်‌မှာတောင် မထစ် မထောက် ကြည့်လို့ရအောင် Video Quality ချိန်လို့ ရတာဘဲ ဖြစ်ပါတယ်

ဘယ်လိုချိန်ရမလဲ ဆိုရင်တော့ ပွဲစဉ်တစ်ခု နှိပ်လိုက်ရင် စပြီး ဘယ် ချန်နယ်နဲ့ ကြည့်ချင်လဲ ဆိုပြီး Channel တွေ တွေ့ရမှာပါ
ဥပမာ..တွေ့တဲ့ ထိပ်ဆုံးက Channel ကိုနှိပ်လိုက်ပါ... ရုပ်ပုံထွက်လာရင် Ok လေးတစ်ချက်နှိပ်လိုက်ပါ
အောက်ဆုံးမှာပေါ်နေတဲ့ လေးခုထဲက Setting ( ခွေးသွားစိတ်လေးနေရာ ) ကိုရွေ့ပြီး OK နှိပ်ပါ..အဲ့မှာ Video Quality ရယ် Audio Quality ရယ်ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်..
Video Quality နေရာကို သွားပြီး OK နှိပ် ကြည့်ရင် Auto နေရာက စပြီး ချိန်လို့ရတဲ့ Video Quality အများကြီး တွေရမှာဖြစ်ပြီး Low SD ကစပြီး FHD ထိရှိပါတယ်
ကိုယ့်အင်တာနက်ကောင်းရင် ကောင်းသလို ကြည်တောက်နေအောင် မထစ်မထောက်ဘဲ ကြည့်လို့ရမှာပါ...
အသံမထွက်တာတို့..အသံချိန်းချင်တာတို့အတွက်လည်း Audio Quality နေရာမှာ OK နှိပ်ပြီး ချိန်လို့ရပါသေးတယ်...

English/Spain/Portugal/India အသံနဲ့ လာတဲ့လိုင်းအများစုမို့ နားထောင်ရတာလည်း အတန်အသင့် အဆင်ပြေတာတွေ့ရပါတယ်

Android Box /TV တွေအတွက် အတော်လေးအဆင်ပြေနိုင်တာမို့ ထည့်သွင်းထားနိုင်ဖို့ အကြံပြုလိုက်ရပါတယ်ဗျ..
Download File ကို Comments မှာ ချပေးထားတာမို့ ထည့်လို့အဆင်မပြေတာတွေဖြစ်ဖြစ် အခက်အခဲ တစ်စုံတစ်ခု ရှိနေရင်ဖြစ်ဖြစ် ပြောပြထားခဲ့ပါ...

အားလုံးအဆင်ပြေကြပါစေဗျ

Zawgyi Electronic

14/02/2025

Europa League

Porto 1:1 Roma

ပွဲစဉ် အစဆုံး Zawgyi App မှာ ပြန်လည်ကြည့်ရှု့လို့ ရပါပြီ

13/02/2025

Premier League
Everton 2-2 Liverpool

Champion League
Club Bruges 2-1 Atalanta
Celtic 1-2 Bayern
Feyenoord 1-0 AC Milan
Monaco 0-1 Benfica

ပွဲစဉ် အားလုံး စဆုံး Zawgyi App မှာ
ပြန်လည်ကြည့်ရှု့လို့ရပါပြီ

Address

No 67, Mahar Bandula Road , 45 Quarter North Dagon
Dagon
11421

Alerts

Be the first to know and let us send you an email when Zawgyi Electronic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Zawgyi Electronic:

Share