25/03/2026
ရေကူးကန်နဲ့ပတ်သက်တဲ့ Update လေးတွေကို ဒီကနေပဲ တင်သွားမှာ ဖြစ်လို့ Like and follow လေးလုပ်ထားကြပါဦးနော်။
အားလုံးပဲ Sunday မှာ ဆုံကြရအောင်......
ရေအမြဲလာကူးတဲ့ သားသားမီးမီးတွေအတွက် Pool Story ကနေ ပျော်စရာလေးတွေ စီစဉ်ပေးချင်တာ ကြာပါပြီ။ အခုလာမယ့် ၂၉ရက်နေ့မှာတော့ တစ်လရေကူးခွင့် အခမဲ့ ရရှိမယ့် Fun Match လေးတစ်ပွဲ စီစဉ်ထားပါတယ်။ ပါဝင်လိုသူတွေက
၁။ အရပ် ၄ပေခွဲအောက် ဖြစ်ရပါမယ်
၂။ မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက် ပါရှိရပါမယ်။
ပြိုင်ပွဲချိန်ကတော့ မနက် ၁၁နာရီဖြစ်ပြီး တစ်ပွဲလျင် ကျား ၉ဦး မ ၉ဦး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
တစ်ခါကူးလျင် ၃ဦးနှုန်း ကူးရမှာ ဖြစ်ပြီး အနိုင်ရသူ ၃ဦးအနေနဲ့ နောက်တစ်ကြိမ် ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အဆိုပါပွဲမှာ အနိုင်ရရှိသူကတော့ တစ်လတိတိ အခမဲ့ ရေကူးခွင့်ကဒ် ရရှိမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပနေချိန် ကာလ(တစ်နာရီအတွင်း)မှာ ရေကူးကန် အသုံးပြုခွင့်ကို ရပ်နားထားမှာဖြစ်လို့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်ရှင်။ ရေကူးကန်နဲ့ပတ်သက်တဲ့ Update တွေကို ဒီပေ့ချ်လေးမှာပဲ ဆက်တင်သွားမှာ ဖြစ်တာကြောင့် Like and Follow လေး လုပ်ထားဖို့လည်း အကူအညီတောင်းပါတယ်ရှင်။