Tar Ma Kying Village

Tar Ma Kying Village တာမကျိုင်းရွာရဲ့ဖြစ်တည်မှုနဲ့ကတူး?

ဗန်းမောက်မြို့နယ်မှ မော်တိပ်ရွာအကြောင်း 🤗မှိုင်းညို့ညို့ တောင်တန်းတွေကြားက တောင်ကုန်းလေးပေါ်မှာ တည်ရှိနေတာ ကျွန်မတို့ ရွ...
20/01/2021

ဗန်းမောက်မြို့နယ်မှ မော်တိပ်ရွာအကြောင်း 🤗

မှိုင်းညို့ညို့ တောင်တန်းတွေကြားက တောင်ကုန်းလေးပေါ်မှာ တည်ရှိနေတာ ကျွန်မတို့ ရွာပါ။ ရွာအဝင်လမ်းလေးမှာ ဘုရားအို ကျောင်းဇရပ်တွေ တွေ့မြင်ရသည်က ကြည်နူးဖွယ်။ရွာ အဝင်းလမ်းလေးမှာ တံတားလေးနဲ့ ဆီးကြိုနေတာ ကလည်း မြင်ရသူ အပန်းပြေစရာပင်။ ရိုးသားလှတဲ့ ကဒူးလူမျိုးများရဲ့ ကဒူးစကားနဲ့ ကဒူးရိုးရာများကိုလည်း လေ့လာနိုင်ပါသည်။ မိတ်ဆွေများ ဗန်မောက်မြို့ကို လမ်းကြုံရင်ဖြင့် ဗန်မောက်မြိုနဲ့ ခြောက်မိုင်လောက်ဝေးတဲ့ အထက်မော်တိပ်(ခေါ်) ဒုတိယမော်တိပ် ကျွန်မတို့ရွာကို လာလည်ခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါသည်။

မော်တိပ်ဆိုသည်မှာ

ကျွန်မကို ဘယ်ရွာကလဲလို့ မေးလာသူအပေါင်းကို မော်တိပ်ကလို့ပဲ ဖြေခဲ့ပါသည်။ မော်တိပ်ဆိုရင် အင်းတော်နားက မော်တိပ်လို့ပဲ ထင်ကြသည်။ အင်းတော်မြို့နယ်က မော်တိပ်ကိုပဲ သိကြသည်။ ကျွန်မတို့ရွာကို မော်တိပ် ခေါ်တယ်ဆိုတာကို လူတွေ မသိသလောက်ဖြစ်နေပါပြီ။ သို့ပေမဲ့ ကျွန်မတို့ ရွာ မော်တိပ်သူ မော်တိပ်သားများသည် ရွာမှာ အလှူင်္ပွဲရှိတိုင်း "အထက်မော်တိပ်ရွှေကျောင်း" ဟု ယနေ့တိုင် အမည်တပ် ဖိတ်လေ့ရှိပါသည်။

မော်တိပ်ရွာအကြောင်းကို ကျွန်မသိသလောက် ပြောပြချင်ပါသည်။ ပထမ မော်တိပ်၊ ဒုတိယအထက်မော်တိပ်၊ တတိယအောက်မော်တိပ်ဟူ၍ မော်တိပ်သုံးစုရှိသည်။ ပင်လည်ဘူးမြို့နယ်မှာရှိတဲ့ တောင်မော်နဲ့ မြောက်မော်ရွာတို့သည် ဆားတောမော်တိပ်(ခေါ်) ပထမမော်တိပ်ဖြစ်ပြီး ဒုတိယမော်တိပ်(ခေါ်) အထက်မော်တိပ်သည် ကျွန်မတို့ တောင်ကုန်း၊ အရှေ့ကုန်းရွာများ ဖြစ်ကြသည်။ အင်းတော်မြို့နယ်မှာရှိသည့် မော်တိပ်ရွာသည် တတိယမော်တိပ်(ခေါ်) အောက်မော်တိပ်ဖြစ်သည်။ မိုးကောင်း မင်းတရားကြီသည် ကဒူးမြို့ဖြစ်သော မြေတူးမှ မြစ်ဝှမ်းအတိုင်း ဆင်စီးလျှက် ဆန်တက်လာခဲ့ရာ မော်တိပ်ကျေးရွာရှိရာ မော်တိပ် (မော်ခါး သို့မဟုတ် နမော်)ချောင်းကမ်းပါကျဉ်း၌ ဆားတွင်း များမြင်တော်မှု၍ ရှမ်းဘာသာဖြင့် မော်တွင် (မော်တစ်)ဟု ခေါ်ဝေါခဲ့သည်။ နောင်ကာလ ရှည်ကြာလာသော် မော်တိပ်ဟု ခေါ်တွင်ခဲ့သည်။

ဒုတိယမော်တိပ်နဲ့ ပထမစေတီတော်

မြန်မာသက္ကရာဇ် ၁၀၄၁ ခု ဒုတိယဝါဆို လဆန်း ၁ ရက် နေ့တွင် ဆားတော မော်တိပ်ကြီးမှ တပန်ကဒူး နှင့် ကွမ်းကဒူးတို့သည် ဒုတိယမော်တိပ်ကို ထူထောင်းခဲ့ ကြသည်။ တပန်ကဒူးနဲ့ ကွမ်းကဒူးတို့သည် ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်ကြသူများဖြစ်ကြသည့်အလျှောက် ဒုတိယမော်တိပ်တွင် ယခုတောင်ကုန်း၏ မြောက်ဘက်၌ ယာယီတဲ အုံကနားများ ဆောက်လုပ်နေထိုင်ကြလျှက် စုပေါင်းအားဖြင့် ပထမဘုရားစေတီတော်ကြီးတစ်ဆူကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ ဒုတိယရွှေကျောင်းတော်ကြီး တစ်ဆောင် ဆောက်လုပ် ကိုးကွယ်ကြသည်။ ဆားတောမော်တိပ်ကြီး(ခေါ်) ပထမမော်တိပ် မော်ဆယ်ရွာစေတီတော်ကြီးနဲ့ ရွှေကျောင်းတော်ကြီး တည်ဆောက်ကိုးကွယ်ခဲ့ကြသကဲ့သို့ ဒုတိယမော်တိပ်တွင်လည်း အလားတူ သာသနိက အဆောက်အအုံများကို တည်ဆောက်ကိုးကွယ်ခဲ့ကြသည်။ စေတီတော်ကြီးနဲ့ ရွှေကျောင်းတော်ကြီးကို တည်ဆောက်ပြီးနောက် စေတီတော်ကြီး၏ တောင်ဘက်တွင် တောင်ကုန်းရွာ၊ အရှေ့ဘက်တွင် အရှေ့ကုန်းရွာများ တည်ထောင်နေထိုင်ခဲ့ကြသည်။ ဒုတိယမော်တိပ်က ပထမမော်တိပ်ထက် တစ်မူထူးခြားချက်မှာ ရွှေကျောင်းတော်ကြီး၏ မြောက်ဘက် ပတ်ဝန်းကျင်တစ်လျှောက်တွင် အရှေ့ဘက်မုခ်လိုင်ဂူ အတွင်း၌ ကျောက်ဆင်းတု တစ်ဆူစီပါဝင်သော ဉာဏ်တော် ကိုးတောင်ဝန်းကျင်ခန့်ရှိ စေတီတော် ၅၀ ထက် မနည်း တည်ထားကိုးကွယ်ခဲ့ကြသည်။ မိသားစုတစ်စုလျှင် တစ်ဆူကျစီ ကိုးကွယ်တည်ထားခဲ့ကြဟန်တူသည်။ (မောင်ကျော်ရှင်း ကဒူးသမိုင်းမှ ကောက်နုပ်ချက်)

တပန် ကဒူးများ ဒုတိယစေတီတော်

တပန်ကဒူး ၈ အိမ်ထောင်နဲ့ ကွမ်းကဒူး ၁၆ ထောင်တို့သည် မရှိအတူ ရှိအတူအတူတကွ နေထိုင်လာခဲ့ကြရာ လူနည်းစုဖြစ်သည့် တပန်က အုပ်ချုပိသူဖြစ်ပြီး လူများစုကွမ်းလူမျိုများက အအုပ်ချုပ်ခံဖြစ်သောကြောင့် ကွမ်းလူမျိုးများ က မနေလိုတော့သောကြောင့် ကွမ်းနဲ့ တပန် ငြိမ်းချမ်းစွာ ခွဲထွက်လိုက်ကြသည်။ ကွမ်းကဒူးမျိုးများနဲ့ ခွဲပြီးနောက် တပန်ကဒူးများသည် ဒုတိယဘုရားစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြသည်။ ဒုတိယဘုရားစေတီတော်ကြီး၏ သမိုင်းကြောင်းကို ရှာဖွေရာ တည်ထားသော ခုနှစ်သည် ရှာ၍မတွေ့တော့ပေ။ ပြုပြင်သော ခုနှစ်နဲ့ ဘုရား၏ အမည်တာ ကံကောင်းစွာ ရှာဖွေတွေ့ရှိခဲ့လေသည်။

သက္ကရာဇ် ၁၂၆၁ ခုနှစ် တန်ဆောင် မုန်းလဆန်း ၁၀ ရက်နေ့တွင် ရှေ့ဘိုးဘွားများ တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးတော်ကြီးသည် ပျက်စီးယိုယွင်းရှိသည်ကို ထပ်မံ ပြင်ဆင်ရန် စီမံစေဝေးသည့် ချိန်ကြေးငွေ စားရင်းကူးသည့် စာရင်း ၁၂၆၁ ခု တပေါင်းလပြည့်ကျော် ၃ ရက် စနေနေ့ နံနက် နေတက် ၃၂ ဖွား အချိန်တွင် သြဇာပွင့်ရာဖြစ်သော အနောက်မြောက်ထောင့် အရပ်ကို မျက်နှာမှု၍ ရွှေကျောင်းဘုရားကြီး ပိန္နဲတိုင်စိုက်၍ ထီးတော်တင်ပြန်သည်။

"လူပျိုစင် ဖြူဖြူနုကိုလှ မဆုံလျှင် စိတ်မကူပါဘူး၊ ပလာချာပင်ပြုသော်လည်း ထီးမပါ စိတ်ပုတီးငယ်နဲ့လေး၊ ရိတ်ကြီးရာ သစ်ပင်အောက်မှာလှ ဒတ္တိသာ မောင်ခင်ပေါက်တဲအောင် ခန်းချောက်ရာ ကိလေကြီးကို ဘာမထင် ကမ္မဌာန်း ဘာဝနာဝင်လို့ သဇင်ခင် နိဗ္ဗာန်ကြီးကို ဖူးပခင်လှရေ"

သက္ကရာဇ် ၁၂၉၄ ခု တပေါင်းလဆန်း ၁၃ ရက် ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီအချိန်တွင် ရွေတိသာဘုရားကို ပိန္နဲတိုင်ထူ လှူဒါန်းပါသည်။ သက္ကရာဇ် ၁၂၉၅ ခု တပေါင်းလဆန်း ၁၃ ရက် ဗုဒ္ဓဟူးနေ့ မနက် ၈ နာရီ အချိန် အထက်မော်တိပ်ရွှေကျောင်း ရွှေတိသာဘုရားကို ထီးတော်တင်ထား ကိုးကွယ်လှူဒါန်းပါသည် စသည်ဖြင့် ဘုရားပြုပြင်သော ခုနှစ်များနှင့် အလှူ့ရှင် စာရင်းများ လှူဒါန်ငွေ စရင်းများကို ပုရပိုက်တွင် ရေးထာတာ ရှာဖွေသိရှိရပါသည်။

ရှေ့လူကြီးများပြောစကား

ရွှေတိသာဘုရားတည်ရာတွင် ကျွဲသရေနွားသရေမျာကို ကော်ရည်ကြိုကာ ဘုရားတည်ရာတွင် သုံးကြောင်း သိရသည်။ ဘုရားတည်ဖို့ လူပျို အပျိုကော်ရည် ကျိုကြရာမှာ ချစ်ကြိုက်ကာ မွေးဖွားလာတဲ့ ကလေးကို ကော်ရည် ဟု အမည်ပေးခဲ့ကြသည်။ ကော်ရည်ဆိုတဲ့ လူမျိုးနွယ်စု တစ်စုပေါ် ထွက်လာခဲ့သည်။ နှစ်ကာလ ကြာသောအခါ ကော်ရည်မှ ကော်ရေ ကျော်လေ အဖြစ်ပြောင်းလဲလည်ခဲ့သည်။ ကွမ်းကဒူးတွင် ကြည်တုံးမျိုး၊ ဖတ်တာမျိုး၊ မွန်တောင်မျိုး၊ လွန်းလုံမျိုးဟူ၍ ရှိသလို တပန်ကဒူးတွင်လည်း စန်ကင်း၊ ပါတူ၊ တပန်လွဲ၊ ကော်ရည်(ကျော်လေ)ဟူ၍ ရှိကြသည်။ ဘုရားကော်ရည်ကြိုရား မှ ကျော်လေ အမျိုး နာမည်တစ်မျိုး တိုးလာခဲ့သည်။

မော်တိပ် ရွှေကျောင်း

အထက်မော်တိပ် ရွှေကျောင်းတော်ကြီးကို အထက်ဘုံလေးဆင့် အဆောင်လေးဆောင်အဖြစ် ဘုရင်အမိန့်ဖြင့် တည်ဆောက်ခဲ့သည်ဟု သိရသည်။ ရွှေကျောင်းတော်ကြီးသည် နှစ်ကာလ ကြာလာသည်နဲ့အမျှ ဆွေမည့် ပျက်စီးလာသောကြောင့် သက္ကရာဇ် ၁၃၄၅ ခုတွင် ကျောင်းတော်သစ် ပြန်လည်တည်ဆောက်ခဲ့သည်။ ရွှေများဖြင့် စီခြယ်ထားသော ရွှေကျောင်းတော်ကြီး၏ ရွှေမျက်နှာကျက်ကို ယခုကျောင်းတော်သစ်၌ တပ်ဆင်ထားရှိသည်ကို ယနေ့တိုင်တွေ့နိုင်သည်။

အလင်းတုန်း (ကဒူးမြေ)
မူရင်းပို့ပိုင်ရှင်းအား crd ပေးပါသည်

ပညာသင်နှစ် နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ကြသော ညီလေး / ညီမလေးတွေ အတွက်✔✔✔  "Nationalities Youth...
19/01/2021

ပညာသင်နှစ် နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်
တက္ကသိုလ်ဝင်တန်း အောင်မြင်ကြသော ညီလေး / ညီမလေးတွေ အတွက်✔✔✔

"Nationalities Youth Resource Development Degree College (Yangon & Sagaing)"
"ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန် နဲ့ စစ်ကိုင်း)"💕

ဒီကော ( ရန်ကုန် / စစ်ကိုင်း ) ကျောင်းနှစ်ကျောင်းသည် မြန်မာနိုင်ငံတွင် မြန်မာပြည်အောက်ပိုင်း ရန်ကုန် နှင့် မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း (စစ်ကိုင်း) ဟူ၍ နှစ်ကျောင်းသာ ရှိပါသည်။ 💞

တက္ကသိုလ်ဝင်းတန်း ဖြေဆိုအောင်မြင်ကြသော ညီလေး / ညီမလေးများသည် ရွေးချယ်သင့်သော ကျောင်းတစ်ကျောင်းဖြစ်ပေသည်။🙃

မြန်မာပြည်အနှံအပြား နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသား / တိုင်းရင်းသူများသည် မိမိနယ်စပ်ဒေသတွင် မဖွံ့ဖြိုးသေးတဲ့ နေရာတွေကို ခေတ်မီဖွံ့ဖြိုးအောင်၊ လူနေမှု အဆင့်အတန်း မြင့်မာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။🤗

မြန်မာနိုင်ငံတွင် ပြည်နယ် ( ၇ )ခု / တိုင်းဒေသကြီး ( ၇ )ခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖြစ်ပေသည်။💪

ဒီကော ( ရန်ကုန် / စစ်ကိုင်း )တက်ရောက်မည့် ညီလေး / ညီမလေးများအတွက် သိကောင်းစရာများ✔

ဒီကော ( ရန်ကုန် / စစ်ကိုင်း) မတက်ရောက်မီ ပြည်နယ်အသီးသီး / တိုင်းဒေသကြီးအသီးသီးတွင်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန် / စစ်ကိုင်း ဟူ၍ ဝင်ခွင့်လျှောက်လွှာများ
ခေါ်ယူလျှက်ရှိပါတယ်☑

ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူရာတွင်

အင်ဂျင်နီယာအတက်ပညာ ဒီပလိုမာ ( A.G.T.I)
ရမှတ် ( ၃၅၁ )မှတ်နှင့်အထက် ✔

သိပ္ပံဘွဲ့ ( ၃၂၁) မှတ်နှင့်အထက်✔

ဝိဇ္ဇာဘွဲ့ ( ၃၂၀)အောက်ရရှိသူများ ဖြစ်ကြပါတယ်။✔
(ယခင်နှစ်ကဖြစ်ပါသည်) ပြည် နယ်/ တိုင်းဒေသကြီးတွင် ( ရေးဖြေ ၊ နှုတ်ဖြေ ) အောင်မြင်သူများကိုသာ ရွေးချယ်မည် ဖြစ်ပါသည်။

ရေးဖြေ ၊ နှုတ်ဖြေအောင်မြင်ပြီးပါက ဆေးစစ်ရမည် ဖြစ်ပါသည်။
B ပိုး ၊ C ပိုး ၊ AIDS / HIV ပိုး များနှင့် ဆေးမျဉ်ကြောင်းထိုးထားသူများ တက်ရောက်ခွင့်ပြုမည် မဟုတ်ပါ။

တက်တူးများ ရှိပါက ဖျက်စေချင်ပါသည်။🚫

အောက်ပါအရည်အချင်းနှင့်ကိုက်ညီသူများ အဓိက ဦးစားပေး ရွေးချယ်ပါသည်။

၁။ နယ်စွန်နယ်ဖျာ ဒေသမှ ဖြစ်ခြင်း၊💞

၂။ ပြည်ထောင်စုတိုင်းရင်းသား ဖြစ်ခြင်း၊💞

၃။ မိဘမဲ့ ( ဝါ)မိမဲ့ ( ဝါ)ဘမဲ့များ ဖြစ်ခြင်း၊💞

၄။ ဆင်းရဲနွမ်းပါးသူ ဖြစ်ခြင်း၊💞

၅။ လျှောက်ထားသည့်ဒေသ ( သို့မဟုတ်)မည်သည့်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်ခြင်းတို့ ဖြစ်ပါတယ်💞

ဒီကော ( ရန်ကုန် / စစ်ကိုင်း)ကျောင်းကို တက်ခွင့်ရပြီး ဆိုရင်....
အရင်ဦးဆုံး စစခြင်းကျောင်းတော်ကြီးကို ရောက်ရှိသွားရင်

ဆေးစစ်ရသေးတယ် ၊ စိတ်ပညာကို ဖြေဆိုရသေးတယ်နော်....😉

ပြီးရင် အဆောင်ကို နောင်တော်ကြီးတွေက ညီလေး ညီမလေးတွေကို လိုက်ပို့ကြိုဆိုကြရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်..
ခုတောင် တက်ချင်လာပြီး😁

ညီလေးတွေ လားရင် နောင်တော်ကြီးတွေက ညီလေးကို အဆောင်လိုက်
တက္ကသိုလ်များနှင့်အတူ အဆောင်လိုက် Welcome ကြိုဆိုကြတယ်လေး.......ပြောရင်ဆိုရင်နဲ့ သွားတက်ချင်နေပြီ...🤗

ပြီးရင် နောင်တော်ကြီးတွေက ပြည်နယ်အသီးသီး / တိုင်းဒေသကြီးအသီးသီးက လာတဲ့ တိုင်းရင်းသား ပေါင်းစုံတွေရဲ့ နာမည်ကို လိုက်ကျက်ခိုင်းတယ်😉

သူနာမည်က ဘယ်သူ သူက ဘယ်ပြည်နယ်ကလာတယ်
ဘယ်တိုင်းဒေသကြီးက လာတဲ့ လူကိုကြည့်ပြီး နာမည်ကျက်ရင်နဲ့
ခင်မင်လာတယ်၊ ရင်းနှီးလာတယ် ၊ သူငယ်ချင်းလို့ ပြောမယ်ဆိုတာထက် ညီအစ်ကိုစိတ်ဓာတ်အပြည့်ရှိလာတယ်......

သွားတက်ချင်နြေပေီနော်.......မင်မင်....🙃

အစ်ကိုတို့ ကျောင်းဟာ အခုချိန် လူသိလည်းများလာပါတယ် ပြီးတော့ အစ်ကိုတို့ရဲ့ကျောင်းဟာ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ နေတဲ့ကျောင်းဖြစ်ပါတယ်.ဒါကြောင့် တစ်နိုင်ငံလုံးကို ပတ်ရှာနေစရာမလိုတော့ဘဲ သိသင့့်သိထိုက်တဲ့ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှု စသည့်တိုကို သိရှိနိုင်ပါတယ်.

ဒီကော ( ရန်ကုန် / စစ်ကိုင်း)
ကျောင်းသား/ သူတွေရဲ့ တစ်နေ့တာ အချိန်ဇယားကတော့
အောက်ပါအတိုင်း ဖြစ်ပါတယ်

၁။ မနက် ၅ နာရီ အိပ်ယာထ အဆောင်သန့်ရှင်းရေးလုပ်

၂။ ၅နာရီ ၄၅ မိနစ် တန်းစီ လူစစ် ၆နာရီ အလံအလေးပြု သစ္စာအဓိဌာန်ဆို

၃။ ပြီးရင် ကျောင်းသာယာလှပ သန့်ရှင်းရေးလုပ်...

၄။ ၆နာရီ ၄၅ မိနစ် တန်းဖြုတ် အဆောင်ပြန် ရေချိုး

၅။ ၇နာရီ စာရိပ်သာသွား ၁၅မိနစ်ထိုးရင် ထမင်းစား သစ္စာဓိဌာန်ဆို

၆။ ၇နာရီ ၄၅မိနစ် တန်းစီ အလံအလေးပြု သစ္စာဆို

၇။ squa အလိုက် တန်းစီးပြီး ကျောင်းရှေ့ရောက်လျင် ၂ယောက် တစ်တွဲ တန်းဖြုတ်

၈။ ၈နာရီ စာသင်ခန်းဝင် ၁၁နာရီ ၁၅ထိ

၉။ နေ့လည် ထမင်းစား သစ္စာအဓိဌာန်ဆို

၁၀။ ၁၂နာရီ စာသင်ခန်းပြန်ဝင်

၁၁။ ၄နာရီ တန်းဖြုတ် အဆောင်ပြန် တန်းစီ ကျောင်းသာယာလှပ သန့်ရှင်းရေးလုပ်

၁၂။ ၄နာရီ ၄၅ တန်းဖြုတ်

၁၃။ ၅နာရီ စာရိပ်သာသွား ၅နာရီ ၁၅မိနစ် ထမင်းစာ သစ္စာအဓိဌာန်ဆို

၁၄။ ၅နာရီ ၄၅မိနစ် တန်းစီ လူစစ် အလံအလေးပြု သစ္စာအဓိဌာန်ဆို

၁၅။ ၆နာရီ ၄၅ မိနစ် တန်းစီ ၇နာရီ Night Study စာကြည့်ချိန် ဝင်

၁၆။ ၈နာရီ ၄၅ တန်းဖြုတ် ၉နာရီ အဆောင်မှာ တန်းပြန်စီ

၁၇။ ၉ တန်းစီ လူစစ် ၁၀ နာရီထိုး မီးပိတ် အိပ်ယာဝင်

တစ်နေ့တာ အချိန်ဇယား😘

#အားသာချက်များ
-အဘိဓမ္မာဆိုရင် တစ်နိုင်ငံလုံး မှာအစ်ကိုတို့ တစ်ကျောင်းပဲသင်တာပါ
-ကွန်ပျူတာဆိုရင်လဲ တကယ်သင်ရတဲ့ ကျောင်းပါ တခြားတက္ကသိုလ်တော်တော်များများလို အလှပြထားတာမဟုတ်ဘဲ အခြေခံကနေစပြီး တကယ်သင်ပေးတာပါ
-ကျူရှင်လုံးဝမရှိလို့ ဆရာဆရာမများက အတန်းထဲမှာပဲ သေချာအသေးစိတ်သင်ကြားပေးပြီး အချိန်ကုန်ငွေကုန်လဲ သက်သာစေပါတယ်

ကျောင်းမှာ Academic Department ကြီး ၁၀ခုရှိပါတယ်

Department of Civil
Department of MP
Department of EP
Department of EC
Department of Maths
Department of Phys
Department of Chem
Department of Myanmar
Department of History
Department of Geography

တခြား Department များစွာလည်း ရှိပါတယ်...
(စိတ်ပညာဌာန၊ စီးပွားရေးဌာန၊ ဇီဝဗေဒဌာန တွေလည်းရှိပါတယ်ခင်ဗျာ)

မူရင်းpost ပိုင်ရှင်အား crd ပေးပါသည်❤

ဗန်းမောက်မြို့နယ် မံထုံအုပ်စု တာမကျိုင်းကျေးရွာတွင်တည်ဆောက်ဆဲရှိနေသောမဟာဗောဓိပင် ဂြိုဟ်ပြေးနံပြေးတည်ဆောက်ရာ၌ အလှူရှင်မျာ...
18/01/2021

ဗန်းမောက်မြို့နယ် မံထုံအုပ်စု
တာမကျိုင်းကျေးရွာတွင်
တည်ဆောက်ဆဲရှိနေသော

မဟာဗောဓိပင် ဂြိုဟ်ပြေးနံပြေး
တည်ဆောက်ရာ၌ အလှူရှင်များ
ဖိတ်ခေါ်တိုက်တွန်းခြင်း

ဘုရားခန်းတစ်ခန်း-ငါးသိန်းကျပ်
ဘုရားတစ်ဆူ-နှစ်သိန်းကျပ်
နေ့သားတစ်ခု-တစ်သိန်းကျပ်
ဘိလပ်မြေတစ်အိပ်-ခြောက်ထောင်ကျပ်
ထုံးတစ်အိပ်-သုံးထောင်ကျပ်

မိမ်ိတတ်နိုင်သလောက် သဒ္ဒါတရား
နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်ခမျ

ဆက်သွယ်ရန်
မောင်ဝေလင်းအောင်
09458852521

ရင်နာစရာကောင်းသောညသီပါမင်းပါတော်မူသောညဒီဇင်ဘာ(၃၁)ညဆိုရင်တစ်ကမ္ဘာလုံးHappy New Yearလို့ဝိုင်းအော်ပြီးပျော်ကြတဲ့ညပေါ့ဗျာ ဒ...
31/12/2020

ရင်နာစရာကောင်းသောည
သီပါမင်းပါတော်မူသောည

ဒီဇင်ဘာ(၃၁)ညဆိုရင်

တစ်ကမ္ဘာလုံးHappy New Yearလို့ဝိုင်းအော်ပြီး

ပျော်ကြတဲ့ညပေါ့ဗျာ ဒါပေမဲ့တစ်ကမ္ဘာလုံးတွက်ပျော်စရာအကောင်းဆုံး

ညတစ်ညဆိုပေမဲ့ ကျွန်တော့်မြန်မာလူမျိုးတွေနဲ့တိုင်းရင်းသားတွေ

အတွက်တော့ရင်နာစရာအကောင်းဆုံးညတစ်ညပါဒါကိုတစ်ချို့လူတွေ

သိကြတယ်သိသိကြီးနဲ့သူ့များကHappy New Yearလို့အော်တိုင်း

လိုက်အော်ပြီရင်နာစရာအဖြစ်ပျက်တွေကိုမေ့ထားကြတယ်

တချို့ကြတော့မသိကြဘူးသူ့အော်တိုင်းလိုက်အော်ကြတယ်

တကယ်တော့ဒီဇင်ဘာ(၃၁)ညဆိုတာကျွန်တော့်တို့မြန်မာနိုင်ငံကြီးကို

အင်္ဂလန်ဘုရင်မကြီးထံနှစ်သစ်ကူးလက်ဆောင်အဖြစ်ပေးတဲ့ညပါ

ကျွန်တော့်တို့မြန်မာနိုင်ငံကြီးတိုင်းတပါးကျွန်စရောက်ပြီးရင်နာစရာ

ဖြစ်ခဲ့တဲ့ညကိုပျော်နေကြမယ်ဆိုရင် သင့်ဟာမျိုးချစ်စိတ်မရှိတဲ့

လူတစ်ယောက်ဖြစ်နေပြီဆိုတာလက်ခံလိုက်ပါ
Crd

*ဘွဲ့ရဝန်ထမ်းအလိုရှိသည်*ဘွဲ့ရလစာ ၁၇၀,၀၀၀ ကျပ်လို့အလုပ်ခေါ်စာတွေမြင်ရင် ရင်နာတယ်။၂၂၀,၀၀၀ကျပ်လို့တွေ့ရင် ဆဲချင်တယ်။ဆယ်တန်း...
22/12/2020

*ဘွဲ့ရဝန်ထမ်းအလိုရှိသည်*

ဘွဲ့ရလစာ ၁၇၀,၀၀၀ ကျပ်လို့
အလုပ်ခေါ်စာတွေမြင်ရင် ရင်နာတယ်။

၂၂၀,၀၀၀ကျပ်လို့တွေ့ရင် ဆဲချင်တယ်။

ဆယ်တန်းမှာလည်း မအောင်မချင်းကြိုးစားရတာတွေ
Day ပဲတက်တက်။ အဝေးသင်ပဲတက်တက်။
လေးနှစ်လောက်ကို ဖယ်ရီသမားကိုလုပ်ကျွေး။
ကျူရှင်ပြတဲ့ဆရာမတွေကိုလုပ်ကျွေး။
လိုင်းကားစီး နေပူကျဲတဲ အမဲခြောက်အဖြစ်ခံ။
ဝေးလံခေါင်ဖျားသွားတက်ခဲ့ရတာ။
ပြန်ရတော့ တစ်လကို ၁၇၀,၀၀၀ တဲ့လား...?

တက္ကသိုလ်ဆိုတာ တွေးတက်ခေါ်တက်အောင်သင်ပေးတာတဲ့။

မတွေးတက်ခဲ့ဘူး
တွေးဖို့အချိန်မရှိခဲ့ဘူး
၆ပုဒ်ဖြေနိုင်ဖို့
အောင်မှတ်ရဖို့
နောက်တနှစ်မြန်မြန်တက်ရဖို့ ...ဒါပဲ

တွေးတက်ဖို့လည်းမသင်ပေးခဲ့သလို
ကိုယ်တိုင်လည်းမတွေးခဲ့ကြဘူး

နေ့စဉ်ဖယ်ရီစီးရတဲ့ဒုက္ခ
လိုင်းကားစီးရတဲ့ဒုက္ခ
Bar လောက်နီးနီးစျေးကြီးတဲ့ကန်တင်းမှာ
ဝယ်စားရတဲ့ဒုက္ခ
နားမလည်တဲ့စာတွေကို
စာကြည့်တိုက်မသွား online မှာမရှာ
research မရှိ lab မရှိဘဲ
ဘောလ်ပင်နဲ့ရေးကျက်နေရတဲ့ဒုက္ခ
ဒီဒုက္ခမျိုးစုံနဲ့ ၄နှစ် ၅နှစ်တက်ပြီးမှ
"အမေ..သား ၁၇၀,၀၀၀တန်အလုပ်ရပြီ"လို့
ဝမ်းသာအားရပြေးဖက်ပြီး
ပျော်ရတဲ့ဘဝ...

ပညာဆိုတာ..ဘာညာတွေမပြောပါနဲ့
သိပြီးသား
ကျောင်းသား တစ်ထောင်မှာ
အယောက်၉၀၀ကျော်က
ဒီပညာတွေစိတ်ဝင်စားလွန်းလို့
လာတက်ကြတာမျိုးမဟုတ်ဘဲ
မှီတဲ့အမှတ်နဲ့ ရတဲ့ကျောင်းကိုတက်
အဲ့ကျောင်းကဘွဲ့ကိုမြန်မြန်ယူပြီး
ဘွဲ့လက်မှတ်ကိုင် အလုပ်ရှာကြတာ
ဒါငြင်းမရတဲ့အချက်...

ရင်နာလိုက်တဲ့ဖြစ်ခြင်း...
ဘွဲ့ရအိမ်ဖော်
ဘွဲ့ရ security
ဘွဲ့ရ driver
ဘွဲ့ရ သန့်ရှင်းရေး
ဘွဲ့ရ စျေးသည်
ယူထားတဲ့ဘွဲ့နဲ့ လုပ်ရတဲ့အလုပ်ကတခြားစီ

နံရံမှာကပ်ထားတဲ့ဘွဲ့ယူတဲ့ပုံတစ်ပုံရဖို့
အချိန် လေးငါးနှစ်နဲ့ ငွေသိန်းပေါင်းများစွာရင်းခဲ့ရတဲ့အဖြစ်..

အင်ဂျင်နီယာဘွဲ့ရကို တလ၃သိန်းတဲ့
စုပြုံတိုးနေရတဲ့ဘဝ

ဘိန်းရောင်းပြီး ဘီလီယံနာဖြစ်တဲ့ကောင်တွေ
အဘတွေ အဖေတွေနဲ့အကြောင်းသင့်လို့
ခရိုနီဖြစ်နေတဲ့ကောင်တွေ
ခိုးထားတာကိုပြန်စစ်ခွင့်မရှိတဲ့နိုင်ငံမှာ
သူခိုးလို့အခေါ်မခံရတဲ့ကောင်တွေအောက်မှာ
တို့များဘွဲ့ရတွေက ကျွန်သာသာပဲ
ကျွန်ပဲဆိုပါတော့လေ....

ဆယ်တန်းမအောင်ရင်
ဆက်မဖြေရင် မြန်မြန်ကျွန်ဖြစ်ပြီး
တက္ကသိုလ်ဆက်တက်ရင်
ဘွဲ့ရရင် နောက်မှကျွန်ဖြစ်မယ်
ဒီနိုင်ငံ ဒီအခြေအနေ ဒီပညာရေးမှာ
ဒီလိုဖြစ်နေဦးမှာပဲ...

မျှော်လင့်မိတယ်

ဝါသနာပါတာကို တက်ခွင့် လေ့လာခွင့်တွေ
တက်သွားရင်ရလာမယ့် ထိုက်တန်တဲ့ဘွဲ့
အဲဒီဘွဲ့ကိုလေးစားတန်ဖိုးထားမယ့်
လူ့အသိုင်းအဝိုင်းတစ်ခု
ကိုယ်ကျွမ်းကျင်ရာဘွဲ့နဲ့
စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ရင်း
ရလာမယ့် တူတူတန်တန်လုပ်အားခ...

ဘယ်တော့များမှ ဖြစ်လာမလဲ...

ကိုတွေမမှီလည်း
နောက်မျိုးဆက်တစ်ခုအတွက်
မျှော်လင့်မိတယ်...

ခုတော့ နံရံ ပေါ်ကပ်ထားတဲ့
ဘွဲ့ရ ၁၇၀,၀၀၀တန်ကြော်ငြာလေးကိုကြည့်ရင်း...

ဓာတ်အားကြိုး လဲလှယ်မည်ဗန်းမောက် ထီးချိုင့် အင်းတော် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (26-12-2020) မှ (30-12-2020) အထိ ဖြစ်သည...
21/12/2020

ဓာတ်အားကြိုး လဲလှယ်မည်
ဗန်းမောက် ထီးချိုင့် အင်းတော်
နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (26-12-2020) မှ (30-12-2020) အထိ ဖြစ်သည် ဟုသိရှိရ

ဗန်းမောက်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ သိထားသင့်တယ်နော် မိတ်ဆွေဆို့Photo Crd
16/12/2020

ဗန်းမောက်မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ
သိထားသင့်တယ်နော် မိတ်ဆွေဆို့

Photo Crd

မိတ်ဆွေတို့ နေ့စား လခစားဘဝမြာ ကျေနပ်နေရင် မိတ်ဆွေတို့ဘဝက ဘယ်တော့မှ တိုးတက်ပြောင်းလဲ့မှာ မဟုတ်ဘူးမိတ်ဆွေလာပါ အတူတူ အောင်မ...
10/12/2020

မိတ်ဆွေတို့ နေ့စား လခစားဘဝမြာ
ကျေနပ်နေရင် မိတ်ဆွေတို့ဘဝက ဘယ်တော့မှ
တိုးတက်ပြောင်းလဲ့မှာ မဟုတ်ဘူးမိတ်ဆွေ

လာပါ အတူတူ
အောင်မြင်မူပန်းတိုင်ကို လျှောက်လှမ်းကြရအောင်

လူတွေက..
အောင်မြင်မူတွေကိုတော့ လိုချင်ကြတယ်

မီလျံနာတွေတော့
ဖြစ်ချင်စိတ်ရှိကြတယ် ..ဒါပေမဲ့..
ကြိုးစားသင်ယူလေ့လာချင်စိတ်တော့မရှိကြဘူး

စစ်မရောက်သေးဘူး..မြှားက ကုန်နေတယ်

အောင်မြင်မူဆိုတာ ..
အခက်အခဲတွေများစွာကို
ကျော်ဖြတ်မှ ရလာတယ်ဆိုတာ
သိကြပေမဲ့ မလုပ်ဆောင်ချင်ကြဘူး...

သင့်ဘဝကို ပြောင်းလဲဖို့
အောင်မြင်အောင်ကြိုးစားဖို့ စိတ်ကူးပြီရှိလား
ဒါဆို အောက်မှာ add me လို့ ချရေးခဲပါ

ကြိုးစားအောင်မြင်ချင်သူအတွက်
အခွင့်လမ်းကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်

အောင်မြင်မှုပန်းတိုင်မှာ
အတူတူဆုံဆည်းကြရအောင်ပါရှင့်

ကိုယ့်မွေးရပ် ဇာတိမြေကိုစွန့်ခွာပီးခင်ပွန်းမျက်နှာ တစ်ခုတည်းနဲ့မိဝေးဖဝေးနဲ့ ထွက်ခွါသွားပီငါ့ညီရေ......မင်းရဲ့ချစ်လှပါတယ်...
22/11/2020

ကိုယ့်မွေးရပ် ဇာတိမြေကိုစွန့်ခွာပီး
ခင်ပွန်းမျက်နှာ တစ်ခုတည်းနဲ့
မိဝေးဖဝေးနဲ့ ထွက်ခွါသွားပီ

ငါ့ညီရေ......
မင်းရဲ့ချစ်လှပါတယ်ဆိုတဲ့ ဇနီးချောကို
အများသူငှာအရှေ့မှာ မျက်နှာမငယ်ရအောင်
ထားပေးပါ

ငါတို့ရဲ့ရွာသူလေးကို ညီလေးနဲ့အတူ
စိတ်ချစွာ အပ်ထားခဲ့ပါရစေ

ဘယ်အချိန်ဖြစ်ဖြစ် ငါတို့ရွာကို
အမြဲ လာလည်ကြပါ
အမြဲ ကြိုဆိုလျှက်ပါ

ငါ့ညီငါ့ညီမတို့ရဲ့ အိမ်ထောင်ရေး
အမြဲ သာယာဖြောင့်ဖြူးပါစေ
အမြဲ အဆင်ပြေချောမွေ့ပါစေ
အမြဲ ပျော်ရွှင်နိုင်ကြပါစေ လို့
တာမကျိုင်းရွာ လူပျို အပျိုများမှ
ဆုတောင်းပေးလိုက်ပါတယ်

ရှေးလူကြီးတွေကတော့ စာတစ္လုံးဘုရားတစ်ဆူလို့ ပြောခဲ့ကြတာ...အရင်ကတော့ နားမလည်ခဲ့ဘူး။ဒီ Post လေးတွေ့လိုက်တော့မှ...အော်...ဒါက...
17/11/2020

ရှေးလူကြီးတွေကတော့
စာတစ္လုံးဘုရားတစ်ဆူလို့
ပြောခဲ့ကြတာ...
အရင်ကတော့
နားမလည်ခဲ့ဘူး။
ဒီ Post လေးတွေ့လိုက်တော့မှ...
အော်...
ဒါကိုပြောတာလားဆိုပီး
နားလည်လာတော့တယ်...
ထပ်ဆင့် မျှဝေကုသိုလ်
ပြုလိုက်ပါတယ်...
နေမာဗုဒ္ဓဿ
" အက္ခရာဘုရားရှိခိုး "

က
ကကြီးဟူသည်ကား
ကိလေသာ မာန္ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ခခွေးဟူသည်ကား
ခန္ဓမာန်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ဂငယ်ဟူသည်ကား
ဂုဏ်တော်ကိုးပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


ဃကြီးဟူသည်ကား
ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော
ရွှေကြာသင်္ဃန်း ဆင်မြန်းတော်မူသော
မြတ်စွာဘုရား။


ငဟူသည်ကား
မာန်ငါးပါးကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


စလုံးဟူသည်ကား
စကြ၀ဠာ တစ်သိုက်
တုဖက်ပြိုင်ဖက် ရှိတော်မမူသော
မြတ်စွာဘုရား။


ဆလိမ်ဟူသည်ကား
ဆယ်ပါးသော ဒုစရိုက္ကို
ပယ်ဖျက်ခုတ်ထွင်း
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ဇကွဲဟူသည်ကား
ဇာတိဿ ရဥာဏ္ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ဇမျဉ်ဇွဲဟူသည်ကား
စျာန်သမာပတ်အပေါင်း
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


ညဟူသည်ကား
ဉေယျ ဓံတရား ငါးပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


တတလင်းချိတ်ဟူသည်ကား
ဒီဃလင်တကျမ်းအောက်အစွယ်စွယ်တို့ကို
ဆရာမရွိ ကိုယ်ကိုတိုင်သိတော်မူသော
မြတ်စွာဘုရား။

ဋ္ဌ
ဋ္ဌဝန်ဘဲဟူသည်ကား
ပဋ္ဌာန်းကျမ်းကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ဒရင် ကောက်ဟူသည်ကား
ကောဒည ပုဏ္ဏားသည်
လက်ညိုးတစ်ချောင်းထောင်ပြ၍
ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟု
ပြောဆိုခံရသော မြတ်စွာဘုရား။


ဓရင်မှုတ် ဟူသည်ကား
ဒီပင်္ကရာ မြတ်စွာဘုရားရှေ့တော်၌
အနိယတ ဗျာဒိတ်ပန်းကို
ဆင်မြန်းတော်မူသော
မြတ်စွာဘုရား။


ဏကြီးဟူသည်ကား
တဏှာတည်းဟူသော
အမိုက်မှောင်တို့ကိုပယ်ဖျက်ခုတ်ထွင်း
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


တဝမ်းပူဟူသည်ကား
တစ်ထောင်မကသော
ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော
မြတ်စွာဘုရား။


ထဆင်ထူး ဟူသည်ကား
ထူးမြတ်သော တရားအပေါင်း၌
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


ဒဒွေးဟူသည်ကား
ဒိပ္ပစက္ခု ရွှေဥာဏ်တော်ကို
ရတော်မူသော
မြတ်စွာဘုရား။


ဓအောက်ချိုက်ဟူသည်ကား
ဓမ္မစကြာ တရားအပေါင်း၌
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


နငယ်ဟူသသည်ကား
နိဗ္ဗာန်ခေမာ ပြည့်အောင်ဥာဏ်မျိုးတို့ကို ပို့ဆောင်တော်မူသော
မြတ်စွာဘုရား။


ပစောက်ဟူသည်ကား
ပုဗ္ဗေနိဝါသ နုဿ တိဥာဏ်ကိုအောင်မြင်တော်မူသော
မြတ်စွာဘုရား။


ဖဥထုပ်ဟူသည်ကား
ဖိုလ် ၊ မဂ် ချမ်းသာကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ဗလချိုက်ဟူသည်ကား
ဗောဓိပင်ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ဘကုန်းဟူသည်ကား
ဘုန်းတော်ခြောက်ပါးနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


မဟူသည်ကား
မစ္စု မာန္ကို အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ယပလက်ဟူသည်ကား
ယမက ဗ်ာဒိယာ၌ ရတနာရွှေပလ္လင်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရား။


ရကောက်ဟူသည်ကား
ရတနာခြောက်သွယ်နှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


လဟူသည်ကား
လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက်
ကင်းတော်မူသော
မြတ်စွာဘုရား။


ဝဟူသည်ကား
ဝသုနြေ္ဒ မြေစောင့်နတ်သားသည် သက်သေပြု၍ မာနတ်မင်းအား
ခုခံ အောင်မြင်တော်မူသော
မြတ်စွာဘုရား။


သဟူသည်ကား
သစ္စာလေးပါး တရားအပေါင်းနှင့်
ပြည့်စုံတော်မူသော
မြတ်စွာဘုရား။


ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခေဝ
ပါဋ္ဌိတော်လာသည်နှင့်အနိယတ
ဗျာဒိတ်ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာဘုရား။


လကြီး ဟူသည်ကား
ဝေဠုဝန်ကျောင်းတော်၌
လပြည့်ဝန်းကဲ့သို့
ပြည့်ထွန်းတော်မူသော
မြတ်စွာဘုရား။


အဟူသည်ကား
နေ အရုဏ်မတက်မှီ အာသဝေါကင်း၍
အာသဝက္ခယဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား။

ထို့ကြောင့် စာတစ္လုံးဘုရားတစ်ဆူဟု
ရှေးလူကြီးသူမတို့ဆိုရိုးရှိခဲ့ပေသည်။

" သဗဗှဒါနံ ဓမမှဒါနံ ဇိနာတိ "
" သာဓုသာဓုသာဓု "


.....
မေတ္တာ ဖြင့်ပြန်လည်မျှဝေပါသည်..

 #နတ်ကြီးတက်ဓလေ့ #ဟိုးရှေးပဝေသဏီကတဲ့က ရိုးရာအခေါ်ဝေါ်အရနတ်ကြီးတက်တယ်လို့ ခေါ်ဝေါ်ကျပါတယ် #ဝါဝင်ဝါထွက် ၂ကြိမ်ပြုလုပ်လေ့ရှ...
15/11/2020

#နတ်ကြီးတက်ဓလေ့

#ဟိုးရှေးပဝေသဏီကတဲ့က ရိုးရာအခေါ်ဝေါ်အရ
နတ်ကြီးတက်တယ်လို့ ခေါ်ဝေါ်ကျပါတယ်

#ဝါဝင်ဝါထွက် ၂ကြိမ်ပြုလုပ်လေ့ရှိတယ်
ကျနော်တို့ တာမကျိုင်းကျေးရွာနှင်မံထုံကျေးရွာ
နှစ်ရွာပေါင်းပြီး ပြုလုပ်ကြပါတယ်

#နတ်သမီးအပျိုးကြီးကို ကိုးကွယ်ကြပါတယ်
နတ်စင်ကို မိန်းကလေးတွေလာတာမကြိုက်ဘူး
ခွေးတွေဝင်တာမကြိုက်ဘူး
တစ်ပင်တိုင်နတ်သမီးလို့ခေါ်ဝေါ်ကြလေ့ရှိတယ်

#ကူးပြောင်းလာပုံ
ခေါင်းတုံ့ကျေးရွာကိုးကွယ်သည့်နတ်နှင့်
မောင်နှမတော်စပ်ကြတယ်
ရှေးဘုရင်တွေခေတ် စစ်ရှုံး၍ကူးပြောင်းလာခြင်း
ဖြစ်တယ်

#ခေါင်းတုံ့ကျေးရွာကိုးကွယ်သည့်နတ်မင်း
ရှမ်းစကားပြောတတ်မှ နတ်ကိုးလို့ရတယ်
နတ်စင်အတွင်း ဗမာစကားပြောတာကိုမကြိုက်ပါ
နတ်ကိုးသည့်အချိန် ထမင်းများ ဟင်းများကို
အိမ်သို့ယူဆောင်၍မရပါ ထမင်းဟင်းများကို
ကိုယ်ဝသည်အထိ စားသောက်နိုင်တယ်
တခြားသူမစားနိုင်၍ အကျန်များကိုလဲ
စားလို့ရပါတယ်

#တစ်ပင်တိုင်နတ်သမီး
ကျနော်တို့ရွာနှင့်မံထုံရွာ ကိုးကွယ်တဲ့နတ်သမီးက
အပျိုးကြီးဖြစ်တဲ့အတွက် မိန်းကလေးတွေမကြိုက်ဘူး
ကလေးတွေ ယောက်ျားလေးတွေတက်လို့ရပါတယ်
နတ်သမီးအတွက် အလှပြင်ပစ္စည်းတွေထားပေးရတယ်
ဘယ်လိုလူမျိုးမဆို နတ်ကြီးတက်လို့ရပါတယ်
လူမျိုး ဘာသာ စကား မခွဲခြားပဲတက်လို့ရပါတယ်

#ကိုးကွယ်ပုံ
ကျနော်တို့ဘက် ဒေသတွေမှာ
နတ်အမျိုးမျိုးကို ကိုးကွယ်ကြပါတယ်
အုပ်စုလိုက် နတ်ကြီးတက်ခြင်းက
ကိုယ်ရပ်ကိုယ့်ရွာကို ကတ်သုံးပါမှဖယ်ရှားပေးတယ်
ရန်သူမျိုး(၅)ပါးမှ ကာကွယ်ပေးတယ်
စသဖြင့် ယုံကြည်ကိုးကွယ်ကြပါတယ်
နတ်ကိုင်ဆရာကတော့ မံထုံကျေးရွာမှ
ဦးရွှေမောင်ဖြစ်ပါတယ် သူမှဦးဆောင်ပီး
နတ်ကြီးတက်ခြင်းကို ဦးဆောင်လေ့ရှိပါတယ်

09/11/2020

🎶🎶🎶 #တူးပုံဂျိ #🎶🎶🎶

တေးဆို-စိုးထက်မြင့်
တေးရေး-စိုးထက်မြင့်
သရုပ်ဆောင်-စိုင်းအောင်ကျော်ဝင်း စိုင်းစံဦး
စိုင်းထက်အောင်
ကဒူး ကနန်း ရှမ်းနီအဖွဲ့😍

Address

Banmauk

Telephone

+959458852521

Website

Alerts

Be the first to know and let us send you an email when Tar Ma Kying Village posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Tar Ma Kying Village:

Share