Maw Kunn

Maw Kunn (Aged Organic Wines)

comment လေးမြင်လိုက်တာနဲ့ အလိုက်တသိ suprise gift လေးတန်းပေးတဲ့ အဝေးရောက်ချစ်သူလေး🥰ကိုယ့်ရဲ့ မေတ္တာစာလေးတွေလက်ခံပီး ကိုယ်...
28/12/2023

comment လေးမြင်လိုက်တာနဲ့ အလိုက်တသိ suprise gift လေးတန်းပေးတဲ့ အဝေးရောက်ချစ်သူလေး🥰ကိုယ့်ရဲ့ မေတ္တာစာလေးတွေလက်ခံပီး
ကိုယ့်ဆီအမြန်ဆုံးလိုက်လာနိုင်ပါစေတဲ့ 😍

တန်ဖိုးထားရတဲ့ Anniversary date လေးကိုMaw Kunn (Age Organic Fruit Wine) လေးသောက်ပီး မှတ်တမ်းတင် ဖြတ်သန်းနေသောလိုက်ဖက်ညီပ...
26/12/2023

တန်ဖိုးထားရတဲ့ Anniversary date လေးကို
Maw Kunn (Age Organic Fruit Wine) လေး
သောက်ပီး မှတ်တမ်းတင် ဖြတ်သန်းနေသော
လိုက်ဖက်ညီပီး ချစ်စရာကောင်းတဲ့စုံတွဲလေး🥰
ဝိုင်အမြဲမှာယူအားပေးနေတဲ့ VIP customerဖြစ်တဲ့
ညီလေး နဲ့ ညီမလေးရေ ကျေးဇူးအထူးတင်ပါတယ်နော် ❤️

စက်ဘီးစီးရတာ မောရင် Maw Kunn ဝိုင်လေးသောက်ပီးအမောဖြေပါတဲ့ ❤️ တစ်ယောက်သောသူက ဝိုင်တစ်ပုလင်း suprise gift ပေးထားပါတယ်နော် ...
26/12/2023

စက်ဘီးစီးရတာ မောရင် Maw Kunn ဝိုင်လေးသောက်ပီးအမောဖြေပါတဲ့ ❤️
တစ်ယောက်သောသူက ဝိုင်တစ်ပုလင်း suprise gift ပေးထားပါတယ်နော် Acc ပိုင်ရှင်လေးရေ❤️

Hello ၀ိုင်ချစ်သူ 🥂ညီအကိုမောင်နှမများ (Aged Organic Fruit Wine) 5မျိူးကိုမေ့နေဆိုးမလို့ပါ🍸 Christmas Eve နဲ့ New Yearရော...
22/12/2021

Hello ၀ိုင်ချစ်သူ 🥂ညီအကိုမောင်နှမများ (Aged Organic Fruit Wine) 5မျိူးကိုမေ့နေဆိုးမလို့ပါ🍸 Christmas Eve နဲ့ New Yearရောက်တော့မှာမို့ နှစ်ကူးလျော့စျေးအနေနဲ့ ကုန်ကြမ်းစျေးတွေတက်နေတာကို စျေးမတက်သေးပဲ ပုံမှန်စျေးအတိုင်း နှစ်ကုန်ထိရောင်းပေးနေတာမလို့ ၀ိုင်အရသာ5မျိူးလုံး ပစ္စည်းပျက်လို့နီးပါး ရောင်းကောင်းနေတာမို့ ကြိုမှာထားမှ စိတ်ချရမယ်နော်..1.1.2022မှ စ၍ ပုလင်းအမျိူးအစားအားလုံး 1ပုလင်းကို 500ကျပ် စျေးတက်မည်ဖြစ်ကြောင်းနဲ့ကုန်ကြမ်းစျေးအပေါ်မူတည်၍ ပုံမှန်အတိုင်းကျသွားလျှင် ပုံမှန်စျေးအတိုင်းပြန်လျော့ရောင်းပေးပါမယ်ဖြစ်ကြောင်း အသိပေးပါရစေ ကာကာလေးတွေ🙏
အမှတ်၁၆၊စွန်းလွန်းဂူကျောင်းအနီး
မြင်းခြံမြို့။
ph-09 402528600
-09 428329583

🍷🍷🍷သဘာဝသစ်သီးအရသာ ကိုခံစားရရှိစေပီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နှစ်ချိူ့ဝိုင်ပုလင်းများနှင့် ရှမ်းပြည်ဒေသထွက် လ္ဘက်ခြောက်၊ သ...
11/09/2021

🍷🍷🍷သဘာဝသစ်သီးအရသာ ကိုခံစားရရှိစေပီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နှစ်ချိူ့ဝိုင်ပုလင်းများနှင့် ရှမ်းပြည်ဒေသထွက် လ္ဘက်ခြောက်၊ သီးစုံအချဥ်ပေါင်းနှင့် ရိုးရာစားသောက်ကုန်မျိူးစုံကို ဝယ်ယူအားပေးလို့ရပါပီနော်🍷🍷🍷

ရာသီဥတု မိုးဖွဲဖွဲကျနေပီး ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ဒီလိုအချိန်မှာ Maw Kunn  ( Aged Organic Fruit Wine)သောက်ပီး မော်ကွန်းသ...
31/08/2021

ရာသီဥတု မိုးဖွဲဖွဲကျနေပီး ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ဒီလို
အချိန်မှာ Maw Kunn ( Aged Organic Fruit Wine)
သောက်ပီး မော်ကွန်းသစ် (ရှမ်းစားသောက်ကုန်မျိူးစုံ) နဲ့ မြည်းပီး Feelလို့ အကောင်းဆုံးအချိန်ပေါ့ဗျာ 😊

  နှင့်ပက်သက်ပြီး သိထားသင့်သည့် အခြေခံအချက်အလက်များWine ဆိုတာနဲ့ လူတိုင်းသိတာက စပျစ်သီးနဲ့လုပ်ထားတဲ့ ယမကာတစ်မျိုး ဆိုပြီ...
20/08/2021

နှင့်ပက်သက်ပြီး သိထားသင့်သည့် အခြေခံအချက်အလက်များ

Wine ဆိုတာနဲ့ လူတိုင်းသိတာက စပျစ်သီးနဲ့လုပ်ထားတဲ့ ယမကာတစ်မျိုး ဆိုပြီးတော့ပါ။ ဒါပေမယ့် အတော်များများကတော့ ကဇော်ဖောက်နည်းအမှန်အကန်နဲ့ လုပ်ထားတဲ့ ဝိုင်အရသာကို ခံ‌တွင်းတွေ့လေ့မရှိကြပါဘူး။ ဒါဟာ ရိုးရာနည်းအတိုင်းချက်လုပ်ထားသည့် မက်မန်း၊ စတော်ဘယ်ရီ၊ ချဉ်စော်ကားသီး အစရှိတဲ့ သစ်သီးဝိုင်ရဲ့အရသာကို မြည်းစမ်းသောက်သုံးထားဘူးခြင်း၊ ဝိုင်အဆင့်မဟုတ်သည့် ဝိုင်များ၏ အရသာကို မြည်းစမ်းထားဘူးခြင်း၊ ဝိုင်အရသာကို မှားယွင်းစွာရွေးချယ်သောက်သုံးမိ‌ခြင်းတို့က အဓိကအကြောင်းအရာ အဖြစ်ရှိနေသည်ဟု သုံးသပ်ရပါတယ်။

#ဝိုင်အရသာ

/ / / ဆိုပြီးအခြေခံအားဖြင့် အရသာ၄မျိုးရှိပါတယ်။


ဝိုင်၏အခြေခံကျသော စရိုက်လက္ခဏာပေါင်းစပ်ခြင်းများတွင် မည်မျှအထိ အရသာလေးပင်မှု ရှိခြင်းကို သတ်မှတ်ပေးပါတယ်။ ဥပမာအားဖြင့် စပျစ်ဝိုင်အတွင်း၌ သဘာဝအသီးအရသာ မည်မျှပါဝင်ခြင်းက အရသာလေးပင်မှု ရှိခြင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။ အခြားတစ်ဖက်တွင်မူ ဝိုင်တွင်ပါဝင်သည့် အယ်လ်ကိုဟောပမာဏနည်းခြင်းက အသီးအရသာနည်းပါးပြီး အချဉ်ဓာတ်ပါဝင်နှုန်းမြင့်မားကာ အရသာပေါ့မည်ဖြစ်ပါတယ်။


အရသာပေါ့ခြင်းကို ဆိုလိုပါတယ်။ ၎င်းကိုမြည်းစမ်းသောအခါ အာခံတွင်း၌ ခံစားရရှိသော စပျစ်ဝိုင်၏အရသာ အလေးအပင်ကို သတ်မှတ်ခြင်းဖြစ်ပါတယ်။ စပျစ်ဝိုင်၏ အရသာအလေးအပေါ့သည် အရသာပျက်ခြင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း စပျစ်ဝိုင်အတွင်းရှိ အယ်လ်ကိုဟော ပါဝင်မှုနှင့်မူ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အတိအကျအားဖြင့်မူ အယ်လ်ကိုဟောပါဝင်မှုနည်းသော စပျစ်ဝိုင်များကို Light လို့သတ်မှတ်ပါတယ်။


ကမ္ဘာမြေပေါ် က သစ်တောမြေနဲ့ မှိုများရဲ့ ရနံ့နဲ့ ချဉ်ပြီးဖန်တွသည့် အရသာများ ပေါင်းစပ်ပါဝင်သည့် စပျစ်ဝိုင်များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဟာ စပျစ်သီးမှာ သဘာဝအတိုင်းပါဝင်တဲ့ Geosmin ဆိုသည့်ဓာတ်တစ်မျိုး မြင့်မားစွာပါဝင်မှုကြောင့် အာခံတွင်း၌ ခံစားရသည့် အချိုဓာတ်နည်းမှုကိုလဲ ရည်ညွှန်းခြင်းဖြစ်ပါတယ်။


Fruity ဆိုတာကတော့ အခြားသောဝိသေသလက္ခဏာများထက် သစ်သီးသို့မဟုတ် သစ်သီးနှင့်ဆင်တူသော အရသာများကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီလို သစ်သီးအရသာ ပေါ်လွင်အောင်အသားပေးထားသည့် ဝိုင်အရက်များကို ခေတ်သစ်ဝိုင်ချက်နည်းများတွင် အများအားဖြင့် တွေ့ရှိနိုင်ပြီး အချို့သော ရိုးရာဝိုင်ချက်နည်းများတွင်လည်း တွေ့ရှိနိုင်ပါတယ်။


ယမကာသုတေသီ တင်အောင်လွင်

ကျွမ်းပါတယ် ဆိုနေဗျာ🍷🍷🍷🥂🥂🥂🥃🥃🍸တစ်ခါတုန်းကပါ။ဝိုင်ထုတ်တဲ့နေရာမှာ ဝိုင်အရည်အသွေး ကောင်းမကောင်း မြည်းရတဲ့ ကျွမ်းကျင်သူ ကွယ်လ...
20/08/2021

ကျွမ်းပါတယ် ဆိုနေဗျာ🍷🍷🍷🥂🥂🥂🥃🥃🍸

တစ်ခါတုန်းကပါ။

ဝိုင်ထုတ်တဲ့နေရာမှာ ဝိုင်အရည်အသွေး ကောင်းမကောင်း မြည်းရတဲ့ ကျွမ်းကျင်သူ
ကွယ်လွန်သွားလို့ လူသစ်အစားထိုးခန့်ရန် လိုအပ်ကြောင်း ကြော်ငြာပါတယ်။
မကြာခင်မှာပဲ အ၀တ်အစား ဖြစ်ကတတ်ဆန်းနဲ့ရေချိန်မှန်နေပုံရတဲ့ လူတစ်ယောက်
အလုပ်လာလျှောက်ပါတယ်။

လူက ကြည့်ရတာ အချိန်ပြည့် မူးနေပုံ ရတယ်ဆိုပြိး
ကုမ္မဏီပိုင်ရှင် ဥက္ကဌက အစပိုင်းမောင်းထုတ်မလို့လုပ်ပြီးမှ
ကြော်ငြာအရ လာလျှောက်တာမို့ဒီအတိုင်း ပြန်ခိုင်းရင်မကောင်းတတ်တဲ့အတွက်
စဉ်းစားပြီး စကားပြောတယ်။

"ကောင်းပြိလေ..ခင်ဗျား အရည်အချင်းကို စမ်းသပ်လို့ကြိုက်ရင် ခန့်မယ်...
ခင်ဗျားကိုဝိုင် တစ်မျိုးစီ ပေးမယ် ။
ခင်ဗျား သောက်ပြီးရင် ဝိုင်အမျိုးအစားနဲ့နာမည်ကို ပြောနိုင်ရင်
စာမေးပွဲ အောင်ပြီ..ဟုတ်လား...ကဲ စကြရအောင် “

ဦးစွာ ဥက္ကဌက ဝိုင်တစ်ခွက် ကမ်းပေးလိုက်တယ်...
ဒီလူက အနည်းငယ် သောက်ကြည့်ပြီးတဲ့အခါ ပြောတယ်။

“ဒါ မြောက်ဘက်တောင်ကုန်းဒေသက
စပျစ်နဲ့ချက်တဲ့ Muscat ဝိုင်ပဲ..စတီးစည်နဲ့စိမ်ထားတဲ့အပြင်
၃ နှစ်သက်တမ်းလောက်ပဲ ရှိမယ်၊ရောင်းတမ်းတော့ ၀င်ပါတယ်..
ဒါပေမယ့် အဆင့်နိမ့်တယ်"

“မှန်ပါတယ်ဗျာ..ကဲ နောက်တစ်မျိုး စမ်းပြပါဦး “
ဥက္ကဌက မှန်ကန်ကြောင်း ပြောပြီး ဒုတိယမြောက် ဝိုင်ခွက်ကို ပေးလိုက်တယ်။

ဆရာက အနံ့လေးခံကြည့်၊ ပါးစပ်ထဲ တစ်ငုံစာလောက် မော့ပြီး မျက်လုံးလေး
အသာမှိတ်ကာ စဉ်းစား ဖြေတယ်။

“ဒါကတော့ Cabernet ဝိုင်ပဲဗျ၊...
အနောက်တောင်ပိုင်းက ထွက်တဲ့ စပျစ်သီးကို ချက်ပြီး
၀က်သစ်ချစည်ထဲမှာ အပူချိန် ၈ ဒီဂရီနဲ့လှောင်ထားတယ်၊
သက်တမ်း ၈ နှစ်လောက်ရှိလောက်ပြီ..
နောက်ထပ် ၃ နှစ်လောက် ဆက်ထားလို့ရင်အကောင်းဆုံးပေါ့ဗျာ “

“မှန်ပါတယ်ဗျာ..ခင်ဗျား မဆိုးဘူးဗျ၊ ကဲ..နောက်တစ်မျိုး ပြောပါဦး “
ဥက္ကဌက မှန်ကန်ကြောင်း ၀န်ခံပြီး တတိယမြောက် ခွက်ကို ကမ်းလိုက်တယ်။

“ဒါက Pinot Blanc ရှန်ပိန် အမျိုးအစားဗျ၊အရမ်း စျေးကြီးတယ်..
စျေးကြီးသလောက်လည်း အတော် ကောင်းတဲ့ အရက်ဗျ “

ကုမ္မဏီ ဥက္ကဌ အတော် စိတ်ညစ်သွားတယ်။
ဒီလူက ကျွမ်းကျင်တာတော့ မှန်ပါတယ်...
ဒါပေမယ့် ဥပဓိရုပ်က လူလေးစားဘွယ်ရာ မရှိလို့မခန့်ချင်တာပါ။

ဥက္ကဌ နောက်ဆုံးအကြံရလာတာနဲ့
သူ့ရဲ့အတွင်းရေးမှူးမလေးကို အချက်ပြ ခေါ်ယူလိုက်တယ်။

အသက် နှစ်ဆယ်ကျော်...ရူပါ အပျံစား..
ရှိုက်ဖိုကြီးငယ် ကောက်ကြောင်းတွေနဲ့
ရွှေရောင်ဆံပင်ရှိတဲ့ အတွင်းရေးမှူးမလေး အနားရောက်လာတဲ့အခါ..
ဥက္ကဌက နှစ်ကိုယ်ကြား
တိုးတိုးလေး ပြောလိုက်တယ်။

အတွင်းရေးမှူးမလေး ခေါင်းငြိမ့်ပြိး ထွက်သွား...
သန့်စင်ခန်း ၀င် ရှုရှုပေါက်ပြီး
၀ိုင်ခွက်ထဲထည့်ကာ ပြန်ရောက်လာတယ်။

“ကဲပါဗျာ၊ဒါ နောက်ဆုံးပါပဲ၊
သောက်ပြီး ပြောပါဦး “

ဥက္ကဌက အတွင်းရေးမှူးမလေး ယူလာတဲ့ ခွက်ကို ပေးလိုက်ပြီး ပြောတယ်။
စိတ်ထဲမှာ. . . .
ကြည့်ကြသေးတာပေါ့ကွာ၊ဒီလောက် ကျွမ်းတဲ့ ကိုယ့်ဆရာ ဘာပြန်ဖြေမလဲ ‘ ပေါ့။

ထုံးစံအတိုင်း ဟိုဆရာက ခွက်ကို အရင်ဆုံး အနံ့ခံတယ်..
ပြီး တစ်ငုံစာ မော့လိုက်တယ်၊
မျက်လုံးလေးမှတ်ပြီးစဉ်းစားတယ် ။

တအောင့်လောက် ကြာတဲ့အခါ...

“ဒါကတော့ Blonde (ရွှေရောင်ဆံပင်)အမျိုးအစားဗျ၊..
သက်တမ်းက ၂၄ နှစ်..ကိုယ်၀န်၃ လ နဲ့ဗျို ု့...
သူဌေးမင်း...ကျုပ်ကို အလုပ်ခန့်ရင်ခန့်ဗျ၊ မဟုတ်လို့ကတော့
ကလေးအဖေ နာမည်ကိုပါ ဖော်လိုက်မှာ “

😜😉😋😛

🍷၀ိုင်သောက်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ “A Glass of Wine is A Gift of Wonders ”🍷၀ိုင်တစ်ခွက်ဟာ ကျွန်တော်တို့ထ...
12/08/2021

🍷၀ိုင်သောက်ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ “A Glass of Wine is A Gift of Wonders ”

🍷၀ိုင်တစ်ခွက်ဟာ ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာတစ်နေ့ကို ဝိုင်တစ်ခွက် (150 ml) ခန့်သောက်သုံးသင့်ပြီး အမျိုးသားများကတော့ ဝိုင်နှစ်ခွက်ခန့်အထိသောက်သုံးသင့်တယ်လို့ ဆိုကြပါတယ်။

သင့်တင့်စွာ ဝိုင်သောက်သုံးခြင်းဖြင့်

- အရွယ်တင်နုပျိုခြင်း
- ကြည်လင်ဝင်းပတဲ့အသားအရေ
- အဆီကျစေခြင်း
- သွေးလည်ပတ်မှုကောင်းမွန်ခြင်း
- နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
- သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးခြင်း
- မှတ်ဉာဏ်ကောင်းမွန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ဒါကြာင့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဝိုင်ချစ်သူတွေများပြားလာတာပဲဖြစ်ပါတယ်။ အရွယ်တင်နုပျိုတဲ့ဘဝတစ်ခုကို အရည်အသွေးပြည့်မှီတဲ့ဝိုင်တစ်ခွက်နဲ့ အရသာခံစားလိုက်ပါ။

Benefits of Drinking Wine

In addition to its richness of flavors, a glass of wine could bring many more benefits to our lives than we could ever imagine. The recommended wine consumption for women is approximately one glass of wine per day (150ml) and that for men, is two glasses of wine per day.

Moderate consumption of wine can deliver the following benefits;
- Anti-aging
- Radiant Skin
- Burns fat
- Improves blood circulation
- Lowers the risk of heart diseases
- Lowers blood cholesterol
- Improves brain functions
Undoubtedly, that is the reason why the number of wine lovers is increasing over time. So, folks, shall we celebrate the spark of life with a glass of good wine🍷

ကျန်းမာရေးအတွက်  #မက်မန်းသီး၏ အသုံး၀င်ပုံအဆီကျစေခြင်း ___________________________________မက်မန်းသီးမှာ    အဆီဆဲလ်တွေ နှင...
10/08/2021

ကျန်းမာရေးအတွက် #မက်မန်းသီး၏ အသုံး၀င်ပုံ

အဆီကျစေခြင်း
___________________________________

မက်မန်းသီးမှာ အဆီဆဲလ်တွေ နှင့် အဝလွန်ခြင်းနဲ့ ရောင်ရမ်းမှုကို တားဆီးပေးတဲ့ အာနိသင်ရှိ bioactive compounds တွေ၊ flavonoids တွေပါဝင်ပါတယ်။ ကိုလက်စထရောများ ခြင်း၊
ဆီးချိုသွေးချိုနဲ့ နှလုံးသွေးကြော ကျဉ်းရောဂါတွေလိုမျိုး အဝလွန်ခြင်း နဲ့ ဆက်နွှယ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါ တယ်။

ဆီးချိုသွေးချိုထိန်းပေးခြင်း
__________________________________
သွေးတွင်းသကြားဓာတ်ကို ထိန်း ညှိပေးတဲ့အာနိသင်ကြောင့် ဆီးချို ရောဂါအတွက် အထောက်အကူပြု နိုင် ပါ တယ်။
မက်မန်းမှာပါတဲ့ flavonoids တွေကြောင့် ဆီးချိုဝေဒနာရှင်တွေမှာ အဖြစ်များတဲ့ အင်ဆူလင်မတုံ့ပြန်နိုင် ခြင်းပြဿနာကို ကာကွယ်ပေးပါတယ်။

အရိုးပွရောဂါကာကွယ်ပေးခြင်း
_________________________________________

မက်မန်းသီးခြောက်ကို စားသုံး ခြင်း ဖြင့် အရိုးကျန်းမာရေးအတွက် လည်း အထောက်အကူပြုတယ်လို့ သိ ရပါတယ်။

Caffeic acid နဲ့ rutin တို့ လို flavonoids တွေကြောင့် အရိုးတစ် သျှူး တွေမှာ ယိုယွင်းပျက်စီးခြင်းကို တား ဆီးပေးပြီး အရိုးပွရောဂါကို ကာ ကွယ်ပေးပါတယ်။

မက်မန်းသီးခြောက် မှာ ပါ ဝင်တဲ့ပိုတက်ဆီယမ်နဲ့ Poly-phenols က အရိုးထုထည်ကို အားဖြည့်ပေး ပါတယ်။

အစာခြေစနစ်ကို ကောင်းစေခြင်း
___________________________________________

အမျှင် ဓာတ်ကြွယ်ဝတဲ့ အပြင် sorbitol နဲ့ isatin တို့ကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
မက်မန်းသီးက ဝမ်းချုပ်ခြင်းလိုမျိုး အ စာခြေစနစ်ပြဿနာတွေကို ကုစားရာမှာ ထိရောက်မှုရှိပါတယ်။

ဦးနှောက်ဉာဏ်ရည်တိုးတက်စေခြင်း
_________________________________________

မက်မန်းသီးဖျော်ရည်သောက်ရင် အသက်အရွယ်ကြောင့် မှတ် ဉာဏ်ယိုယွင်းမှု တွေကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေက တွေ့ရှိခဲ့ပါတယ်။ အကျိုးပြု phytonutrients တွေ ကြောင့် လေ့လာသင်ယူနိုင်စွမ်းနဲ့ မှတ် ဉာဏ်ကို တိုးတက်စေပါတယ်။ ပုံမှန် စားပေးရင်ပဲ အယ်လ်ဇိုင်းမား နဲ့ ပါကင်ဆန်ရောဂါ တို့လို မှတ်ဉာဏ်ချို့ယွင်း မှု ရောဂါတွေကို ကာကွယ် နိုင်ပါတယ်။

တခြားအကျိုးကျေးဇူးတွေ က
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
• အာရုံကြောစနစ် ကောင်း ခြင်း

•💓 နှလုံးကျန်းမာစေခြင်း

•💪 ကိုယ်ခံအားကောင်းစေခြင်း

• 🏃🏼‍♀️ကိုလက်စထရောကျစေခြင်း

• ♦️သွေးအားကောင်းစေခြင်း

• 🎼စိတ်ဖိစီးမှုကို လျော့ပါးသက်သာ စေခြင်း

• 🤧တုပ်ကွေးကို ကုသနိုင်ခြင်း

• 👹ကင်ဆာကာကွယ်နိုင်ခြင်း

• 😊အသားအရေလှခြင်း *Collagen ဓါတ်ပြည့်ဝစွာပါဝင်သဖြင့်*

• 👁မျက်စိမှုန်ခြင်းကို ကာကွယ်ပေးခြင်း တို့ ဖြစ်ပါတယ်။

မက်မန်းသီးဟာ ရာသီသွေးမမှန် ခြင်းကို ကုသရာမှာ ထိရောက်တဲ့အာနိသင်ရှိတယ်လို့ ဆိုကြသလို
အူလမ်းကြောင်းထဲက အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်နိုင်တယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော မက်မန်းသီးနှင့် ပြုလုပ်ထားသော ဓာတုဗေဒပစ္စည်းမပါ အရက်အရောအနှောမပါရှမ်းပြည်နယ် မှရိုးရာသဘာ၀နှစ်ချိူ့ဝိုင်စစ်စစ်ကို သောက်သုံးချင်ရင်ဖြင့် ပုလင်းအဖွင့်အပိတ်လွယ်ကူတဲ့ကြာရှည်ခံဖော့စွပ်အပိတ်ပါတဲ့ ခေတ်မှီလှပတဲ့ ၀ိုင်ပုလင်းအရွယ်အစား ၃မျိူးကို

{ 375ml ပုလင်း = 3500ကျပ် ;
500ml ပုလင်း = 4500ကျပ် ;
750ml ပုလင်း = 6500ကျပ် } နဲ့

ရဲ့page messeger (သို့) 09402528600 ကိုဆက်သွယ်ပီး နှစ်သက်ရာရွေးချယ်၀ယ်ယူအားပေးနိုင်ပါပီ 🙏

🥂🍷ဂျင်းဝိုင်(Ginger Wine)    ဂျင်းဝိုင်🥂ကို လွန်ခဲ့သောနှစ်များစွာကတည်းက အနောက်နိုင်ငံများတွင် ပြုလုပ်သောက်သုံးနေကြပါတယ်။...
06/08/2021

🥂🍷ဂျင်းဝိုင်(Ginger Wine)

ဂျင်းဝိုင်🥂ကို လွန်ခဲ့သောနှစ်များစွာကတည်းက အနောက်နိုင်ငံများတွင် ပြုလုပ်သောက်သုံးနေကြပါတယ်။ လက်ရှိ ဈေးကွက်ထဲတွင် စပျစ်၊ မက်မန်း၊စတော်ဘယ်ရီ၊နာနတ်၊နဂါးမောက် စသောဝိုင်များကို လူကြိုက်များ၍ အဓိကသောက်သုံးကြပါတယ်။
သို့သော် ဂျင်းတက်နဲ့ပြုလုပ်သော ဝိုင်ကိုတော့ ကျန်းမာရေးအထောက်အကူပြုနိုင်ကြောင်းသိရှိတာနည်းကြပီး ကောင်းကျိူးများကိုမသိကြသဖြင့် စျေးကွက်မှာ ရှားပါးပါတယ်။

​ကျန်းမာရေးအတွက် ဂျင်းဝိုင်🥂၏အကျိုးပြုပုံ

ဂျင်းဟာ လူသားတို့အတွက် များစွာဆေးဖက်ဝင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ပျို့အန်ခြင်း၊ အစာမစားခြင်း၊ ဖျားနာခြင်းနှင့် ကြွက်သားများနာကြင်ခြင်း စတဲ့အစာချေမှုပြဿနာများအတွက် ဂျင်းဟာ အလွန်အသုံးဝင်ပါတယ်။
ဂျင်းဝိုင်တွင် အဓိကအားဖြင့် လီမွန်ဓာတ်ပါဝင်ပါတယ်။ လီမွန်သည် ခန္ဓာကိုယ်အတွင်းရှိ ကာဗွန်ဟိုက်ဒြိုတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ၎င်းဟာ Vitamin C ၏ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဂျင်းဝိုင်ဟာ စသောက်လိုက်ချင်း ဂျင်းအရသာပူပူလေးနဲ့ ချိုချိုလေး ပြီးမှ လည်ချောင်းထဲရှင်းသွားတဲ့အရသာကို ခံစားရစေပါတယ်။ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော ဂျင်းနှင့် ပြုလုပ်ထားသော ဓာတုဗေဒပစ္စည်းမပါ အရက်အရောအနှောမပါတဲ့ ရှမ်းပြည်နယ်မှရိုးရာသဘာ၀နှစ်ချိူ့ဝိုင်စစ်စစ်ကို သောက်သုံးချင်ရင်ဖြင့် ပုလင်းအဖွင့်အပိတ်လွယ်ကူတဲ့ကြာရှည်ခံဖော့စွပ်အပိတ်ပါတဲ့ ခေတ်မှီလှပတဲ့၀ိုင်ပုလင်းအရွယ်အစား ၃မျိူး 375ml ပုလင်း = 3500ကျပ် ;
500ml ပုလင်း = 4500ကျပ် ;
750ml ပုလင်း = 6500ကျပ် } နဲ့

ရဲ့page messeger (သို့) 09402528600 ကိုဆက်သွယ်၀ယ်ယူအားပေးနိုင်ပီး နှစ်သက်ရာရွေးချယ်၀ယ်ယူနိုင်ပါပီ 🙏

ဝိုင် ကို ဘယ်လိုသောက်မလဲ?🍷🍷🍷🍷🍷မူးချင်ရုံ သက်သက်ဆိုရင်တော့ အခြားယမကာ တခုခုဘဲ ရွေးချယ်ပေးပါ။ဝိုင်🍷 ကို ရွေးချယ်ပြီးပြီဆိုရ...
05/08/2021

ဝိုင် ကို ဘယ်လိုသောက်မလဲ?🍷🍷🍷🍷🍷

မူးချင်ရုံ သက်သက်ဆိုရင်တော့ အခြား
ယမကာ တခုခုဘဲ ရွေးချယ်ပေးပါ။

ဝိုင်🍷 ကို ရွေးချယ်ပြီးပြီဆိုရင်တော့ဝိုင်သောက်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး ဗျ။အဆင့်တန်းရှိတဲ့ ဝိုင်🍷 🥂ကို သောက်ဖို့ဆို စတိုင်လ်ကျကျ သောက်ဖို့တော့လိုပါတယ်။

၁။ဝိုင် ကို ဖန်ခွက်ပြည့်အောင်ထည့်ခြင်း🍾🍷

ဝိုင် ဆိုတာ တဖြည်းဖြည်း အရသာခံသောက်ဖို့လိုအပ်တဲ့ ယမကာ ဖြစ်ပြီး အရေးကြီးဆုံးလက္ခဏာ တစ်ခုကတော့ ဖန်ခွက်ထဲကoxygen ပမာဏတိုးလာအောင် ဖန်ခွက်ကိုမွှေပေးဖို့လိုပါတယ်။ဖန်ခွက်အပြည့်ထည့်ထားပါက အဲ့ဒီလို လုပ်လို့ မရလို့ပါ။

၂။ဝိုင် ကို ဖန်ခွက်ထဲထည့်ပြီးပြီး ချင်း သောက်ခြင်း🍾🍷ဝိုင်ကို ဖန်ခွက်ထဲ ငှဲ့ ပြီးပြီးချင်း မသောက်သင့်ပါ။ဝိုင်တခွက်၏ ပြည့်စုံမှုမှာအရသာ အပြင်အနံ့ လဲပါဝင်တဲ့အတွက် ငှဲ့ပြီးပြီးချင်း ပထမဦးစွာ ဖန်ခွက်ကိုမွှေပြီး ဖန်ခွက်ထဲ နှာခေါင်းစိုက်ကာအနံ့ရှူကြည့်ဖို့ လိုအပ်ပါတယ်။

၃။လိုတာထက် ပိုသောက်ခြင်း🍾🍷
ဝိုင် ဆိုတာ ကျန်းမာရေးကောင်းစေတဲ့ ယမကာလို့ သဘောထားကြပေမယ့် လွန်ကျူးစွာမသောက်သင့်ပါ။ကိုယ်ဝန်ဆောင်များနဲ့ ဆီးချို၊သွေးတိုးရှိသူတွေ အနေနဲ့ ဆရာဝန်ညွှန်ကြားချက်ရမှသာသောက်သင့်ပါတယ်။

၄။ဝိုင်ဖန်ခွက်ကိုင်ပုံမှားယွင်းခြင်း🍾🍷
ဖန်ခွက်ကိုအမြဲတမ်း လည်တံမှကိုင်ပါ။ဒီလိုကိုင်ခြင်းအားဖြင့် ဝိုင်ကိုသင့်တော်တဲ့အပူချိန်အပူချိန် ဖြစ်ဖို့ သင်ကြိုးစားသမျှအားလုံး အလဟဿမဖြစ်အောင် သင့်လက်မှအပူဓာတ်ကို တားဆီးပေးမှာ ဖြစ်ပါတယ်။

ဝိုင် ချစ်သူများ ဝိုင်ရဲ့ အနံ့၊အရသာကိုပြည့်ဝခံစားနိုင်စေဖို့ အရည်အသွေး၊အရသာကောင်းမွန်ပီး ကျန်းမာရေးအရသောက်သုံးသင့်တဲ့ ၀ိုင်ကိုရွေးချယ်မယ်ဆိုရင် MawKunnOrganicFruitWine မှ ထုတ်လုပ်ထားတဲ့စပျစ်၀ိုင်၊ ဂျင်း၀ိုင်၊ မတ်မန်း၀ိုင်၊နာနတ်၀ိုင်၊နဂါးမောက်၀ိုင်တို့ကို သဘာဝအသီးမှ ထုတ်လုပ်ထားသောကျန်းမာရေးအရသောက်သင့်တဲ့၀ိုင်၅မျိူးကို09-402528600သို့ မှာယူသောက်သုံးကြည့်ဖို့အကြံပြုလိုက်ပါရစေ🙏🤷‍♂️

Vitaminဓာတ်များစွာပါပီး ကျန်းမာရေးအတွက်
မှီ၀ဲသင့်တဲ့ Maw Kunn(AgedOrganicFruitWine)
အရသာ(5မျိူး)ကို မြည်းစမ်းကြည့်ချင်တဲ့မိတ်ဆွေများအတွက် စျေးနှုန်းလေးတွေကတော့

(1)စပျစ်၀ိုင် (Grape Wine)
(2)ဂျင်း၀ိုင် (Ginger Wine)
(3)မက်မန်း၀ိုင်(Damson Wine)
(4)နာနက်၀ိုင် (Pineapple Wine)

အထက်ပါအမျိူးအစား 4မျိူးကို

{ 375ml ပုလင်း = 3500 ကျပ်
500ml ပုလင်း = 4500 ကျပ်
750ml ပုလင်း = 6500 ကျပ် } တို့ဖြင့်
စျေးနှုန်းတူညီစွာ ကြိုက်နှစ်သက်ရာ
၀ယ်ယူအားပေးနိုင်ပီး

(5)နဂါးမောက်၀ိုင်(Dragon Fruit Wine)
1မျိူးတည်းကိုတော့

{ 375ml ပုလင်း = 4500 ကျပ်
500ml ပုလင်း = 5500 ကျပ်
750ml ပုလင်း = 7500 ကျပ် } ဖြင့်
၀ယ်ယူအားပေးနိုင်ပါသည် ။

မှာယူအားပေးချင်တယ်ဆိုရင်ဖြင့် ph-09402528600 နှင့် 09-428329583 သို့မဟုတ် page messenger သို့ဆက်သွယ်မှာယူနိုင်ပီး

#မြင်းခြံ မြို့တွင်းမှ မှာယူလျှင် အိမ်ရောက်မှ ငွေပေးချေfree deliveryပါ🛵ကျန်မြို့များ Kpay နှင့် Aya bankingဖြင့် ငွေလွှဲလက်ခံပီး ယခုကာလမှာတော့ ကားဂိတ်🚚ပို့ရန်အဆင်ပြေသောမြို့များကိုကားဂိတ်ထိပို့​ဆောင်​ပေးပါတယ်ခင်ဗျာ😊
ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ🙏

Address

Aungban

Telephone

+959402528600

Website

Alerts

Be the first to know and let us send you an email when Maw Kunn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Maw Kunn:

Share

Category