Sky Lounge Roof Top Bar

Sky Lounge Roof Top Bar Bar

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ အားလုံးပဲချစ်ခင်ရတဲ့ မိသားစု ၊ မိတ်ဆွေများ နဲ့အတူ လုံခြုံအေးချမ်းစွာ ရှိကြပါစေကြောင်းSk...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ အားလုံးပဲ
ချစ်ခင်ရတဲ့ မိသားစု ၊ မိတ်ဆွေများ နဲ့အတူ လုံခြုံအေးချမ်းစွာ ရှိကြပါစေကြောင်း
Sky Lounge မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် 🙏

08/11/2023

# လေးစားစွာဖြင့် အနူးအညွှန့်တောင်းပန်အပ်ပါသည်။ အရင်ကာလများက page ရော messanger ပါ error လေးတပ်နေပါသဖြင့်စကားမပြန်ပစ်ခဲ့တာများကို အနူးအညွှန်တောင်းပန်ပါသည်။ယနေ့မှစပြီး လူကြီးမင်းတို့ သိချင်တာများကို အတတ်နိုင်ဆုံး ပြန်လည်ဖြေကြားပေးပါမည်။ နားလည်ပေးပါရန်လဲ အနူးအညွှန်တောင်းပန်အပ်ပါသည်...🙏🙏🙏

🎃 Halloween ညမှာ ဘယ်သွားရမှန်းမသိလမ်းပျောက်နေပြီလား?❛သွားလိုက်တဲ့ နေရာတိုင်းကလဲ အေးအေးဆေးဆေး စကားပြောပြီး Chill လို့မရနိ...
29/10/2023

🎃 Halloween ညမှာ ဘယ်သွားရမှန်းမသိလမ်းပျောက်နေပြီလား?
❛သွားလိုက်တဲ့ နေရာတိုင်းကလဲ အေးအေးဆေးဆေး စကားပြောပြီး Chill လို့မရနိုင်ဖြစ်နေပြီလား?❜
❛A Quite Place လို့တောင် တင်စားလို့့့ရတဲ့့
တိတ်ဆိတ်ငြိမ်သက်ပြီး ဆူညံမှုတွေ ကင်းဝေးတဲ့ Skylounge ကိုသာ လှမ်းလာခဲ့လိုက်ပါ ပျော်စရာ အစီအစဉ်တွေအပြင် ဟောလိုးဝင်းညမှာ 🎃Halloween နဲ့ပတ်သက်တာတခုခုကို ဝတ်ဆင် ၊ခြယ်သလာရုံနဲ့ မိတ်ဆွေတို့အတွက် 🍸 Special Cocktail တစ်ခွက်ကို လက်ဆောင် ပေးသွားဦးမှာဖြစ်ပါတယ်... ❜

🎃 အောက်တိုဘာလ 31 ရက်နေ့့ Skylounge ရဲ့ Rooftop မှာ အတူတူ ဟောလိုးဝင်းညကိုဖြတ်သန်းကြဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်...🎃
𝗔𝗿𝗲 𝘆𝗼𝘂, 𝗴𝘂𝘆𝘀 𝗥𝗲𝗮𝗱𝘆𝘆𝘆!! 🎙️

💨 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫 💨

📞 Reservation: 09 755 313 952, 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)

&drink

⭐️  သီတင်းကျွတ်ဆုမွန်ကောင်း⭐️မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်...
28/10/2023

⭐️ သီတင်းကျွတ်ဆုမွန်ကောင်း⭐️
မင်္ဂလာရှိသော သီတင်းကျွတ်အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ 🙏🙏🙏
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ လဲ ပြည့်ဝကြပါစေကြောင်း Sky Lounge Roof Top Bar မိသားမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 ကိုရောက်ရင် သူတို့နှစ်ဦးကို စွဲမက်သွားစေရမယ်ဆိုတာ လုံးဝအာမခံတယ်ဗျို့.. 😉ပွဲတိုင်းကျော်ပြီး လာသမျှလူတိုင်းရဲ့ ...
24/10/2023

𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 ကိုရောက်ရင် သူတို့နှစ်ဦးကို စွဲမက်သွားစေရမယ်ဆိုတာ လုံးဝအာမခံတယ်ဗျို့.. 😉

ပွဲတိုင်းကျော်ပြီး လာသမျှလူတိုင်းရဲ့ ပါးစပ်ဖျားမှာ တသသနဲ့ တဖွဖွ ဖြစ်နေတာလည်း သူတို့ပဲလေ.. 😊

သူတို့ဆိုတာ 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐁𝐚𝐫 ရဲ့ 𝐒𝐢𝐠𝐧𝐚𝐭𝐮𝐫𝐞 𝐦𝐞𝐧𝐮 တွေဖြစ်တဲ့... ငါးခဲပတ်နဲ့ ငါးရှဉ့်ခြောက်စပ်လေးပဲပေါ့..

🐟တီလားဗီးယားငါး (𝐨𝐫) ကက္ကတစ်ငါးကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းနံနံ၊ ပင်စိမ်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ငါးခဲပတ်လေးက ချဉ်စပ်အရသာလေးနဲ့ လျှာပေါ်မှာတင် ပျော်ဝင်သွားသလို ခံစားစေရမှာနော်.. .

🥘𝐁𝐞𝐞𝐫 လေးနဲ့ မြည်းမယ် ပေါ့ပေါ့ပါးပါးတီးမယ်ဆိုရင်တော့ ငါးရှဉ့်အသားလွှာလေးတွေကို ငရုတ်သီး၊ ကြက်သွန်ကြော် မွှေးမွှေးလေးနဲ့ မြှိုက်ထားတဲ့ ငါးရှဉ့်ခြောက်စပ်လေးကို ရွေးပေါ့..

🍺𝐈𝐦𝐩𝐨𝐫𝐭𝐞𝐝 𝐁𝐞𝐞𝐫 𝐁𝐨𝐭𝐭𝐥𝐞 မျိုးစုံရယ်
💧ရှူရှိုက်မှုတ်ထုတ်ဖို့ သျှီရှားတွေရယ်နဲ့ သာယာတဲ့ ညနေခင်းလေးကို ဖြတ်သန်းဖို့ 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 ကိုလာခဲ့ စွဲမက်လို့ သွားစေရမယ်ဗျို့.. ။

💨 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫
📞 Reservation: 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်

(No.67/71, new Yay Tar Shay st, Bahan township, Yangon)
&drink
**ha

တစ်စုံတစ်ယောက်နဲ့ အတူရှိပြီးသွားမှတစ်ယောက်တည်း ပြန်ဖြစ်သွားရတာကိုတော့နောက်တစ်ကြိမ် ထပ်ပြီးမကြုံချင်တော့ပါဘူး🍃 Our Belove...
20/10/2023

တစ်စုံတစ်ယောက်နဲ့ အတူရှိပြီးသွားမှ
တစ်ယောက်တည်း ပြန်ဖြစ်သွားရတာကိုတော့
နောက်တစ်ကြိမ် ထပ်ပြီးမကြုံချင်တော့ပါဘူး

🍃 Our Beloved Summer 🍃
__________

အရင်က Sky Lounge မှာ Sh**ha အတူမှုတ်နေကြ အတွဲလေးတစ်တွဲ ရှိတယ်။

နှစ်ယောက်လုံးရဲ့ Vibe လေးတွေလည်း ဆင်ဆင်၊ သောက်တာစားတာလည်း Level တူတူ၊ ဘယ်လိုပြောရမလဲ.. သူတို့ကိုကြည့်လိုက်ရင် အရမ်းလိုက်ဖက်တယ်ဆိုတဲ့ ခံစားချက်ကိုပဲ ရစေတာမျိုးပေါ့။

ဒါပေမယ့် ကြားထဲမှာ နှစ်ယောက်လုံး အချိန်အတော်ကြာ မလာတော့ဘူး။ ကျွန်တော်တို့ Sky Lounge ကလည်း ပုံမှန်လာနေကြ သူတို့အတွဲလေးကို မျှော်မိတာပေါ့။

နောက်နည်းနည်းကြာသွားတော့ ကောင်လေးတစ်ယောက်ပဲ လာတော့တယ်။ အရင်ကလို ပျော်ရွှင်တက်ကြွမှုတွေလည်း သူ့မျက်နှာမှာ မတွေ့ရဘူး။

ဒါပေမယ့် Sh**ha မှာတော့ သူ့ကောင်မလေးနဲ့ သောက်နေကြ Flavor လေးပဲ မှာပြီး အပြင်ဘက်မှာထိုင်ရင်း ငြိမ်ငြိမ်လေးပဲ.. 💨

ကြည့်ရတာ.. လောက သဘာဝအတိုင်း နှစ်ယောက်အတူတူ ရှိနေခဲ့ကြရင်း တစ်ယောက်တည်း ပြန်ဖြစ်သွားတယ် ထင်ပါတယ်..။

ကျွန်တော်တို့လည်း သူတို့အတွဲ မှာနေကြ Sh**ha ကို ပြင်ဆင်ပေးပေမယ့် စိတ်မကောင်းတော့ ဖြစ်မိတာပေါ့။

ဘယ်တတ်နိုင်ပါ့မလဲ..။ လူတွေထက် ကျွန်တော်တို့ Sky Lounge ရဲ့ အခိုးအငွေ့တွေပဲ သူ့ဆီ ကျန်တော့တာကိုး 💨

အခုတော့ သူလည်း တစ်ယောက်တည်းပဲ လာနေကြ ဖြစ်သွားပါပြီ။ နှစ်ယောက်အတူ ရွေးခဲ့ကြတဲ့ Sh**ha Flavor လေးကိုပဲ မှာရင်းနဲ့ပေါ့။

တစ်ချိန်ချိန်မှာတော့ သူ့မှာလည်း နောက်ထပ်တစ်ဦးပေါ်လာပြီး ကျွန်တော်တို့ Sky Lounge မှာ Sh**ha Flavor အသစ်တွေ ထပ်မြည်းစမ်းဖို့ ကြုံလာပါစေလို့.. ဆုတောင်းလျက်ပါပဲဗျာ..။
__________

အခုစာဖတ်နေသူရော နှစ်ယောက်အတူရှိပြီးမှ တစ်ယောက်တည်းပြန်ဖြစ်သွားဖူးလား?

Sky Lounge Rooftop Bar မှာ အခိုးအငွေ့တွေကြား လာရောက်မျောလွင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 💨

💨 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫

📞 Reservation: 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)

&drink **ha

ခေတ်မှီတယ် စနစ်ရှိတယ် 👌ဘုရားလည်းဖူးတယ် Bar မှာလည်း မြူးတယ် 👌တည်ငြိမ်တဲ့ Vibe ပေမယ့် မျောလွင့်ဖို့လည်း အသင့်ဖြစ်နေပြီး..အ...
14/10/2023

ခေတ်မှီတယ် စနစ်ရှိတယ် 👌
ဘုရားလည်းဖူးတယ် Bar မှာလည်း မြူးတယ် 👌
တည်ငြိမ်တဲ့ Vibe ပေမယ့် မျောလွင့်ဖို့လည်း အသင့်ဖြစ်နေပြီး..
အပိုတွေ မပြောတတ်ပေမယ့် မူးလာရင် ရစ်တတ်တာလေးပါပဲဆိုတဲ့ လူတွေအကုန်..

ဒီနေ့ပဲ ဗဟန်းထဲက Sky Lounge မှာ တစ်ပွဲတစ်လမ်းနွှဲဖို့ လှမ်းလာခဲ့လိုက်ဗျာ! 🙌

🍺 Sky Lounge Rooftop Bar က ဗဟန်းထဲက paradise လေး တစ်ခုဖြစ်ပြီး bottle သီးသန့်သောက်ချင်တဲ့ ဘော်ဒါတွေအတွက် ကွက်တိ!

🌁 Outdoor & Indoor area နှစ်ခုရှိသလို အပြင်ဘက်မှာဆို ရွှေတိဂုံဘုရားကြီးပါဝင်ပြီး ရင်သပ်ရှုမောစရာကောင်းတဲ့ အမိုက်စား View

👌 အတွင်းဘက်မှာဆို Luxury ဆန်ပြီး ဓာတ်ဖမ်းလို့ကောင်းတဲ့ ပြင်ဆင်မှုတွေနဲ့ အေးဆေး chill လို့ရတယ်

စိမ်းကားခံလိုက်ရသူတွေအတွက် Signature Green Beer နဲ့ professional chef က ဖန်တီးထားတဲ့ Menu လက်ရာတွေကြား သောက်ရမလား စားရမလား ဗျာများနေဦးမှာ မြင်ယောင်သေး 🤭

အရမ်းလန်းတဲ့ ဗဟန်းထဲက Sky Lounge မှာ ..
ခေတ်နဲ့ စနစ်နဲ့ အထာရှိပေမယ့် မာယာမများတတ်ဘူးဆိုရင်..
မျောလွင့်ပြီး မူးရစ်ဖို့ ဒီနေ့ပဲ လှမ်းခဲ့လိုက်ပါ! 😉🍻

💨 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫

📞 Reservation: 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)

&drink **ha

"စိမ်းကား ခံလိုက်ရပေမယ့် စိမ်းသွားအောင် မမုန်းရက်နိုင်ပါဘူး" 😔💚အဲဒီအစား စိမ်းလဲ့ပြီး ရင်ထဲအေးချမ်းသွားစေတဲ့ Green Beer လ...
08/10/2023

"စိမ်းကား ခံလိုက်ရပေမယ့် စိမ်းသွားအောင် မမုန်းရက်နိုင်ပါဘူး" 😔💚

အဲဒီအစား စိမ်းလဲ့ပြီး ရင်ထဲအေးချမ်းသွားစေတဲ့ Green Beer လေးပဲ သောက်ဖြစ်တယ်လေ 😁🍺

Green Beer က သာမန် ဘီယာအစိမ်းရောင်ပါဆိုတာထက် ပိုပါတယ်။

အမြင်မှာကအစ ဆန်းသစ်နေပြီး လူကိုလည်း Refresh ဖြစ်စေတဲ့အပြင် အမှတ်မထင် သိပ်ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းလေးကိုပါ ပြန်သတိရစေနိုင်လောက်တဲ့အထိ စွမ်းအားကြီးမားတဲ့ အမောပြေဆေးလေးပါပဲ 🍺💚

Green Beer သောက်ဖို့ ဒီနေ့ပဲ Sky Lounge ကို လှမ်းခဲ့လိုက်ပါ

𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫

📞 Reservation: 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)


သီတင်းကျွတ်လ မီးထွန်းပွဲ 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞  မှာ "ကဲ"  ကြဖို့ 𝐫𝐞𝐚𝐝𝐲 ပဲလားဗျို့ .. အမှောက်သောက်ပြီး ရောက်ရှိစွာပျော်စေရမယ့် ဗဟန်း...
28/09/2023

သီတင်းကျွတ်လ မီးထွန်းပွဲ 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 မှာ "ကဲ" ကြဖို့ 𝐫𝐞𝐚𝐝𝐲 ပဲလားဗျို့ ..

အမှောက်သောက်ပြီး ရောက်ရှိစွာပျော်စေရမယ့် ဗဟန်းထောင့်က
💥𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 💥မှာ ပျော်စရာကောင်းတဲ့ အချိန်တွေကို ထပ်တိုးပြီး ပျော်ရွှင်စေဖို့ 𝐎𝐜𝐭𝐨𝐛𝐞𝐫 တစ်လလုံး 🌀𝐒𝐩𝐢𝐧 𝐭𝐡𝐞 𝐁𝐨𝐭𝐭𝐥𝐞 🌀𝐆𝐚𝐦𝐞 လေး ဖန်တီးပေးထားတယ်နော်.. ။

𝐅𝐫𝐞𝐞 မပါတဲ့ 𝐒𝐩𝐢𝐧 𝐭𝐡𝐞 𝐁𝐨𝐭𝐭𝐥𝐞 ကို ပါဝင်ဆော့ကစားပြီး ...

▪ 5% Discount (Food Menu Only)
▪ 10% Discount (Food Menu Only)
▪ Free Fried
▪ Free Salad
▪ Welcome Drink တွေကို အရယူပြီး ဘော်ဒါတွေနဲ့ အတူတူ မျောလွင့်ကြမယ်ဆို 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 ကို အရောက်လာခဲ့လိုက်တော့ 🍻

𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫
📞 Reservation: 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)

&drink

🎶 ရန်ကုန်မြို့ထဲ...လမ်းတွေလျှောက်....🎶👬 ရန်ကုန်မြို့လို့ပြောရင် အထင်ကရ ရွှေတိဂုံဘုရားတည်ရှိတဲ့ ဗဟန်းမြို့နယ်ထဲကို တစ်ပတ်...
27/09/2023

🎶 ရန်ကုန်မြို့ထဲ...လမ်းတွေလျှောက်....🎶

👬 ရန်ကုန်မြို့လို့ပြောရင် အထင်ကရ ရွှေတိဂုံဘုရားတည်ရှိတဲ့ ဗဟန်းမြို့နယ်ထဲကို တစ်ပတ်လျှောက်တော့ ....

👀 ဟော....တွေ့ပါပြီ...Sky Lounge Bar တဲ့....

🌇 Rooftop Vibe ဆို သိပ်သိပ်ကြိုက်တဲ့ ကိုယ့်ချစ်သူလည်းပါတော့....အေးအေးဆေးဆေး Chill လို့ရအောင် ဝင်ခဲ့လိုက်တယ်ဗျို့...

💥အပေါ်ရောက်တော့ အေး‌အေးစိမ့်စိမ့် Lounge ထဲမှာ ဇိမ်ကျကျထိုင် Chill လို့လည်းရ
💥အပြင်မှာ လေတဖြူးဖြူးနဲ့ Rooftop Vibe ကိုအပြည့်အဝခံစားလို့လည်းရ‌တော့...သိပ်မိုက်ပဲဗျို့...

အဲ့ဒါနဲ့ ချစ်သူလေးနဲ့အတူ စားသောက်ရင်း 🏞 ရှု့ခင်းမိုက်မိုက်တွေနဲ့ 📸ဓါတ်ဖမ်းရင်း သိပ်ကို ကျေနပ်စရာကောင်းလို့

💖အမှတ်တမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ Sky Lounge Bar ကို
💖အမှတ်တရဖြစ်သွားလို့ ထပ်ခါ ထပ်ခါ လာနေမိတော့တာပဲဗျို့....

💨 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫

📞 Reservation: 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)

&drink
**ha

ကောင်းကင်ကြီးကတော့ တစ်ခုတည်းပဲ ... ကိုယ်ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး ကောင်းကင်ကြီးအလှက ကွဲပြားသွားတာပါ✨နေ့လယ် (၂)နာရီမှ...
21/09/2023

ကောင်းကင်ကြီးကတော့ တစ်ခုတည်းပဲ ... ကိုယ်ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး ကောင်းကင်ကြီးအလှက ကွဲပြားသွားတာပါ✨

နေ့လယ် (၂)နာရီမှာ စဖွင့်တဲ့ 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫 မှာတော့
🙏 ဘုရားနဲ့ အနီးဆုံးဘားဖြစ်လို့ ဘုရားရိပ်၊ တရားရိပ်မှာ အေးအေးဆေးဆေး ဆိုင်ထိုင်ရင်း
🌇 တစ်နေ့တာလုံးမှာ အလှပဆုံးအချိန်ဖြစ်တဲ့ 𝐒𝐮𝐧𝐬𝐞𝐭 𝐕𝐢𝐞𝐰 ရှုခင်းကို မြင်ကွင်းရှင်းရှင်း၊ ထင်းထင်းလင်းလင်းနဲ့ အကောင်းဆုံးခံစားနိုင်ပါတယ်

ဒါ့အပြင် အပြင်အဆင်ကအစ အသေးစိတ် ဆွဲဆောင်မှုရှိအောင် ဖန်တီးထားတာဖြစ်လို့
🌃 ညဘက် 𝐍𝐢𝐠𝐡𝐭 𝐕𝐢𝐞𝐰 အလှမှာလည်း တခြားနေရာနဲ့ မတူဘဲ တမူထူးခြားတဲ့ Vibe မှာ လေတဖြူးဖြူးလေးနဲ့ Chill နိုင်မှာပါ💯

𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫 မှာ ထိုင်တဲ့အခါ ခံစားလို့မဝဖြစ်စေမယ့် ⛅𝐅𝐫𝐨𝐦 𝐃𝐚𝐲 𝐭𝐨 𝐍𝐢𝐠𝐡𝐭🌙 သဘာဝအလှတရားတွေကို ✨နေ့ဘက်အလှမှ ညဘက်ရှုခင်းအထိ ခံစားနိုင်မှာပဲဖြစ်ပါတယ်

အလိုက်ဖက်ဆုံး 💨အခိုးအငွေ့အတွက်လည်း အကောင်းဆုံး Flavors များနဲ့ ပံ့ပိုးပေးဦးမှာဆိုတော့ Chill ပြီးရင်း Chill...

🍾Sky View နဲ့ ခပ်မိုက်မိုက် ဘားထိုင်ချင်ရင် ဗဟန်းရဲ့ထောင့်တစ်ထောင့်က 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 ကို အရောက်လာခဲ့လိုက်တော့နော်

💨 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫

📞 Reservation: 09 881 822 220
⌛ Opening Hours - 2:00 PM to 11:00 PM
📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)

&drink

📸 ဗဟန်းက Sky Lounge ဓာတ်ခန်းမှာ အထာကျကျ ဓာတ်ဖမ်းမယ် 📸ဓာတ်ဖမ်းတယ်ဆိုလို့ အဆောင်အယောင် အခမ်းအနားတွေနဲ့ ရှုပ်ယှက်ခတ်နေမှာ မ...
14/09/2023

📸 ဗဟန်းက Sky Lounge ဓာတ်ခန်းမှာ အထာကျကျ ဓာတ်ဖမ်းမယ် 📸

ဓာတ်ဖမ်းတယ်ဆိုလို့ အဆောင်အယောင် အခမ်းအနားတွေနဲ့ ရှုပ်ယှက်ခတ်နေမှာ မဟုတ်ပါဘူးနော်

‌ဗဟန်း၊ ရေတာရှည်လမ်းသစ်ပေါ်က Merchant Hotel အပေါ်ဆုံးထပ်မှာ ဖွင့်လှစ်ထားတဲ့ Sky Lounge Rooftop Bar မှာ ဓာတ်ဖမ်းရမှာပဲ ဖြစ်ပါတယ် ✨

📸 Rooftop လေဟာပြင်ကိုထွက်ပြီး ဘုရားရိပ် တရားရိပ်အောက်မှာ ရိုးရာမပျက် ဓာတ်ဖမ်းမလား ?

📸 Indoor ပြန်ဝင်ပြီး photogenic ဖြစ်တဲ့ ထောင့်တိုင်းမှာပဲ အထာကျကျ ဓာတ်ဖမ်းမလား ?

ပြီးရင်တော့ ဖမ်းထားတဲ့ ဓာတ်တွေကို လူတိုင်းအားကျအောင် ဆိုရှယ်မှာ ပြန်တင်ရင်း တွေကို ဝေမျှလိုက်ပေါ့ 📲

💨 𝐒𝐤𝐲 𝐋𝐨𝐮𝐧𝐠𝐞 𝐑𝐨𝐨𝐟𝐭𝐨𝐩 𝐁𝐚𝐫

📞 Reservation: 09 881 822 220

⌛ Opening Hours - 2:00 PM to 11:00 PM

📪 Address - အမှတ်၆၇/၇၁၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ် Merchant Hotel အပေါ်ထပ်
(No.67/71, new Yay Tar Shay st, Bahan township, Yangon)




Address

No. 67, 71 New Yay Tar Shay Street, Yangon
Bahan
11201

Opening Hours

Monday 14:00 - 23:00
Tuesday 14:00 - 23:00
Wednesday 14:00 - 23:00
Thursday 14:00 - 23:00
Friday 14:00 - 23:00
Saturday 14:00 - 23:00
Sunday 14:00 - 23:00

Telephone

+959881822220

Website

Alerts

Be the first to know and let us send you an email when Sky Lounge Roof Top Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Sky Lounge Roof Top Bar:

Share

Category