14/03/2026
မင်္ဂလာပါ။ Behind the Bar ဆိုတဲ့ ဒီ page လေးမှာ Bartending, Ingredients နဲ့ Alcohol Knowledge Sharing တွေကို ကြုံကြိုက် တဲ့အခါတိုင်း ဗဟုသုတ ရစေဖို့ မျှဝေပေးသွား မှာဖြစ်ပါတယ်။
အခုခေတ်မှာ Bar လို့ပြောလိုက်ရင် ကျွန်တော်တို့အားလုံး သိကြပါတယ်။ အရက်၊ ဘီယာ၊ Cocktail သောက်လို့ရတဲ့နေရာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားစမည် ပြောတာပဲ ဖြစ်ဖြစ် nightout ထွက်ပြီး ပျော်ပါးတာ ပဲဖြစ်ဖြစ် Socialized လုပ်တဲ့နေရာတစ်ခုအဖြစ်မြင်ကြပါတယ်။
Bar တွေကို အမျိုး အစား ခွဲလိုက်ရင် Cocktails Bar ကစလို့ Sport Bar , Nightclub , Pub နဲ့ Beach Bar တွေအဆုံး အမျိုးအစား အများအပြား ဖြစ်ပါတယ်။ bar ဆိုတဲ့ အသုံးအနှုန်းကလည်း သမိုင်းတွေအရ သောက်စရာ နဲ့ စားစရာတွေကို မြန်မာလိုဘာသာပြန်ရင် ရုပ်ပိုင်းဆိုင်ရာ အတားအဆီး လို့ခေါ်တဲ့ Physical Barrier ဒါမှမဟုတ် ကောင်တာကနေတဆင့် ၀န်ဆောင်မှု ပေးတဲ့ နေရာ Barrier ကနေ Bar ဆိုပြီး ဖြစ်လာတာပါ။
အဲ့ဒီ့ Bar ဒါမှမဟုတ် Counter နောက်ကနေပြီး ၀န်ဆောင်မှုပေးတဲ့သူတွေကို Bartender လို့ခေါ် ကြပြီး တာ၀န်တွေအများကြီးထဲကမှ သူတို့ရဲ့ အဓိကတာ၀န်ကတော့ အရက် တွေကို ဖျော်စပ်ပေးရတာပါ။
Bar culture ဟာ ဘယ်ကနေစပြီး မွေးဖွားလာတယ် ဆိုတဲ့ တိကျတဲ့ အချိန်မရှိပေမယ့် ရှေးခေတ်က လူမှုရေးအရ အရက်သောက်တာတွေ၊ saloon လို့ခေါ်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေ အလုပ်ပြီးတဲ့အချိန်စုပြီး အရက်သောက်လို့ရတဲ့နေရာတွေ Prohibition Period လို့ခေါ်တဲ့ America မှာ အရက်တွေကို တားမြစ်ထားတဲ့ အချိန် Speakeasies လို့ခေါ်တဲ့ တရားမ၀င် bar တွေ ဖွင့်လာကြတာတွေ၊ သောက်စရာတွေကိုရောပြီး Cocktail Bar era တွေ ကနေတိုးတက်ပြောင်းလဲလာတယ်လို့ မှတ်ယူလို့ရပါတယ်။
အခုခေတ်မှာတော့ မြန်မာနိုင်ငံမှာရော နိုင်ငံတကာမှာ ပါ Bar culture ဟာ လူနေမှုဘ၀ ရဲ့ တစ်ထောင့်တစ်နေရာမှာ တစ်မျိုး တစ်ပုံစံနဲ့ပါ၀င်ပတ်သက်နေပါတယ်။