OLD MONEY

OLD MONEY Chill & Drink , Pub Food & Beer

ညစာအတွက်ဆို မှိုထမင်းကြော်အစားအသောက်ဆို အလှစားမဟုတ်ပဲ အဝစားမှ အားရတဲ့ foodie တွေအတွက် Old Money ရဲ့ နာမည်ကြီး မှိုထမင်းက...
31/08/2026

ညစာအတွက်ဆို မှိုထမင်းကြော်

အစားအသောက်ဆို အလှစားမဟုတ်ပဲ အဝစားမှ အားရတဲ့ foodie တွေအတွက် Old Money ရဲ့ နာမည်ကြီး မှိုထမင်းကြော်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဘယ်နေရာရောက်ရောက် ထမင်းကြော်ပဲမှာစားမယ်ဆိုတဲ့ သူတွေဆို လုံးဝအကြိုက်တွေ့စေမယ့် ထူးခြားတဲ့အရသာမျိုးကို ခံစားရမှာပါ။ အခြားဆိုင်တွေမှာ ရတဲ့ ကြော်နေကျပုံစံမျိုးမဟုတ်ပဲ သဘာဝမှိုရဲ့ လတ်ဆတ်မှုနဲ့ ချိုမြိန်တဲ့အရသာကိုပါ အပြည့်ဝခံစားရစေမှာပါ။

မီးပူပူလေးမှာကြော်ထားလို့ မီးခိုးနံ့သင်းသင်းလေးနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေအပါအဝင် အရသာရှိတဲ့ ဆော့စ်အနှစ်တို့ကို အချိုးကျပေါင်းစပ်ထားလို့ မွှေးပျံ့တဲ့အနံ့အရသာနဲ့ ပြည့်စုံပြီး ကျန်းမာရေးနဲ့လည်း အထူးညီညွတ်ပါတယ်။

မှိုရဲ့ သဘာဝအရသာစစ်စစ်ကိုမှ ထမင်းကြော်မွှေးမွှေးလေးနဲ့တွဲဖက်ထားတဲ့ ထူးခြားတဲ့ အရသာလေးကို Old Money မှာ လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayanta Road, South Oakkalapa Township, Yangon.

စိတ်‌ကျေနပ်မှု အပြည့်ဖြစ်စေမယ့် Private Event ကိုယ့်ရဲ့ အမှတ်တရနေ့ရက်လေးတွေကို ပိုမိုထူးခြား ပြီး ပြည့်စုံသွားအောင် Priv...
30/08/2026

စိတ်‌ကျေနပ်မှု အပြည့်ဖြစ်စေမယ့် Private Event

ကိုယ့်ရဲ့ အမှတ်တရနေ့ရက်လေးတွေကို ပိုမိုထူးခြား ပြီး ပြည့်စုံသွားအောင် Privateဆန်ဆန် Celebrate လုပ်ချင်ပါသလား။

Old Money မှာဆိုရင် Birthday Party, Company Dinner, Corporate Gathering, Staff Party, Reunion Party, Privat Event စတဲ့ပွဲတွေကို Private & Classy ဖြစ်အောင် Celebrate လုပ်လို့ရပါတယ်။

ပြင်ပနှောက်ယှက်မှုမရှိပဲ ကိုယ့်လူတွေချည်းပဲ သီးသန့် လွတ်လပ်စွာ ကျင်းပနိုင်ပြီး အရသာရှိလှတဲ့ ဟင်းလျာတွေအပြင် Drinkတွေကိုပါ စိတ်ကြိုက်ပြင်ဆင်ပေးတာမို့ စိတ်တိုင်းကျစေမှာပါ။

ဂီတသံစဉ်အေးအေးလေးကို ခံစားရင်း ပျော်ရွှင်စရာကောင်းတဲ့ Moment လေးကို ချစ်ခင်ရတဲ့သူတွေနဲ့ အတူတူ Celebrate လုပ်ရင်း စိတ်ကျေနပ်မှု အပြည့်ရစေဖို့ Old Money ကိုသာ လှမ်းခဲ့လိုက်ပါ။

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayanta Road, South Oakkalapa Township, Yangon.

ဒီနေ့ဘာသောက်မှာလဲ?စိတ်ရှုပ်သမျှ ခဏမေ့ထားပြီး ပင်ပန်းသမျှ အမောပြေဖို့အတွက် ဒီနေ့ ဘာသောက်မှာလဲ စဉ်းစားထားပြီးပြီလား။ စဉ်းစ...
26/08/2026

ဒီနေ့ဘာသောက်မှာလဲ?

စိတ်ရှုပ်သမျှ ခဏမေ့ထားပြီး ပင်ပန်းသမျှ အမောပြေဖို့အတွက် ဒီနေ့ ဘာသောက်မှာလဲ စဉ်းစားထားပြီးပြီလား။ စဉ်းစားနေတုန်းပဲဆိုရင်တော့ သက်သောင့်သက်သာရှိပြီး အေးဆေး Chill လို့ကောင်းတဲ့ နေရာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

အေးချမ်းတိတ်ဆိတ်ပြီး Warm Light မီးရောင်မှိန်မှိန်၊ Cozy Vibeလေးနဲ့ အေးစိမ့်ဆိမ့် Draft Beer လေးပဲ‌ သောက်မလား။ ထူးခြားတဲ့အရသာ‌ဆန်းလေးတွေနဲ့ အထာကျကျ Cocktail ပဲသောက်မလား။

Beerဖြစ်ဖြစ်၊ Cocktailဖြစ်ဖြစ် ကိုယ်ကြိုက်တာသောက်ရင်း၊ သီချင်းငြိမ့်ငြိမ့်လေး နားထောင်ရင်းနဲ့ ပြည့်စုံတဲ့ ညနေခင်းလေးကို ဖန်းတီးလိုက်ပါ။

ဒီနေ့ညတော့ စိတ်ရှုပ်သမျှ ခဏမေ့ထားပြီး Old Money မှာ အနားယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayanta Road, South Oakkalapa Township, Yangon.

သောက်မယ်၊စားမယ်၊ Stress ဖြေဖျောက်မယ်နေ့စဉ်ဘဝမှာ အမျိုးမျိုးသော ပြသာနာ၊အခက်အခဲတွေကြောင့် စိတ်ဖိစီးမှုတွေကို ခံစားနေရပြီဆိ...
24/08/2026

သောက်မယ်၊စားမယ်၊ Stress ဖြေဖျောက်မယ်

နေ့စဉ်ဘဝမှာ အမျိုးမျိုးသော ပြသာနာ၊အခက်အခဲတွေကြောင့် စိတ်ဖိစီးမှုတွေကို ခံစားနေရပြီဆိုရင် ကိုယ့်ကိုယ်ကို အနားပေးဖို့၊ စိတ်အပန်းဖြေဖို့ လိုအပ်နေပါပြီ။

ပိတ်ရက်မှာဖြစ်ဖြစ်၊ အလုပ်ဆင်းချိန်မှာဖြစ်ဖြစ် ကိုယ့်အတွက် သီးသန့်အချိန်တစ်ခု ဖန်းတီးကြည့်ပါ။ သူငယ်ချင်းတွေနဲ့ ဆုံပြီး ပျော်ပျော်ပါးပါး သောက်ကြ၊စားကြရင်း စကားပြောတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်က Introvert ဆိုရင် တစ်ယောက်တည်း ကိုယ်ကြိုက်နှစ်သက်တဲ့ Beerဖြစ်ဖြစ်၊ Cocktail ‌ဖြစ်ဖြစ် သောက်ရင်း အေးဆေး Chillပြီး Stressတွေကို ဖြေဖျောက်လိုက်ပါ။

Warm Light မီးရောင်လေးနဲ့ အေးချမ်းတိတ်ဆိတ်ပြီး Cozy Vibe ကိုအပြည့်အဝ ခံစားရတာကြောင့် ပင်ပန်းထားသမျှ Stress တွေ တစ်ခါတည်း လွှင့် ပျောက်သွားအောင် စိတ်ကြိုက် အပန်းဖြေနိုင်ပါတယ်။ ဒီလိုမျိုး Stress တွေကို ဖြေဖျောက်လို့ ကောင်းမယ့် နေရာလေးဆိုရင်တော့ Old Money ကိုသာ သတိရလိုက်ပါ။

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayanta Road, South Oakkalapa Township, Yangon.

Drink Unlimited, Endless Chill 🥂ရုံးပိတ်ရက်မှာ အိမ်မှာပဲ ငုတ်တုတ်ထိုင်နေတော့ မလို့လား? တစ်ပတ်လုံး အလုပ်ပြီးရင်လည်း အလုပ်...
22/08/2026

Drink Unlimited, Endless Chill 🥂

ရုံးပိတ်ရက်မှာ အိမ်မှာပဲ ငုတ်တုတ်ထိုင်နေတော့ မလို့လား?

တစ်ပတ်လုံး အလုပ်ပြီးရင်လည်း အလုပ်ပဲဆိုပြီး ပင်ပန်းခဲ့သမျှတွေကို ဒီပိတ်ရက်လေးမှာ အပြတ်ကဲပြီး အပန်းဖြေကြမယ်။

Weekend မှာ အေးဆေးလွတ်လပ်တဲ့ Vibe၊ အလန်းစား သောက်စရာတွေနဲ့အတူ သူငယ်ချင်းတွေနဲ့ အပီသောက်၊ အပီကဲ၊ အပီ Chill ပြီး ပြီးပြည့်စုံတဲ့ Weekend တစ်ခုကို ပိုင်ဆိုင်လိုက်ပါ။

Old Money မှာ Signature Drinks နဲ့ Cocktail တွေ ၊ စိတ်လက်ပေါ့ပါးစေမယ့် Vibeအလန်းစားနဲ့ ဂီတသံစဉ်တွေ၊ Classy & Cozy ဖြစ်တဲ့ ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းတွေစုံပြီး အမုန်း‌သောက်၊ အမုန်းကဲပြီး အပန်းဖြေလိုက်ရုံပါပဲ။

ပိတ်ရက်မှာ အမုန်းကဲပြီး Chill ချင်သူတွေအတွက် Old Money ကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayantar Road, South Oakkalapa Township, Yangon.

21/08/2026

Beer, Cocktail, Food - All in One Place📍

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayanta Road, South Oakkalapa Township, Yangon.

Beer, Cocktail, Food - All in One Place📍ဒီညနေ ဘာသောက်ကြမှာလဲ၊ ဘာစားကြမှာလဲ၊ ဆိုပြီး သူငယ်ချင်းတွေ အကြိုက်တစ်ယောက်တစ်မျို...
20/08/2026

Beer, Cocktail, Food - All in One Place📍

ဒီညနေ ဘာသောက်ကြမှာလဲ၊ ဘာစားကြမှာလဲ၊ ဆိုပြီး သူငယ်ချင်းတွေ အကြိုက်တစ်ယောက်တစ်မျိုးစီ ဖြစ်နေလို့ ဘယ်ဆိုင်ထိုင်ရမှန်းမသိ စဉ်းစားရခက်နေပြီလား?

တစ်ယောက်က အေးဆေး ဘီယာအေးအေး‌လေးသောက်ရင်း Chillချင်တယ်။ ‌နောက်တစ်ယောက်ကြတော့လည်း Cocktail အရသာဆန်းဆန်း‌လေးတွေ မြည်းစမ်းကြည့်ချင်တယ်။ အဖွဲ့ထဲက Foodie ကတော့ ဟင်းပွဲမျိုးစုံကို ဗိုက်ဝအောင်စားချင်တယ်။

ဒါဆိုရင်တော့ Old Money ကိုသာ သတိရလိုက်ပါ။
ဆိုင်မှာဆိုရင်တော့ တစ်ငုံသောက်ရုံနဲ့ လန်းဆန်းသွားစေမယ့် အေးစိမ့်စိမ့် ဘီယာ၊ ‌ဓာတ်ဖမ်းလို့လည်းလှ အရသာအသစ်အဆန်းလေးတွေ ခံစားရမယ့် Cocktail၊ အရသာရှိတဲ့ အမြည်းတွေအပြင် ဗိုက်ဝအောင်စားလို့ရမယ့် Main Course တွေလည်းရှိပါသေးတယ်။

ဒါကြောင့် Weekend မှာသူငယ်ချင်းတွေဆုံပြီး အေးဆေး Chillချင်တယ်ဆိုရင် လိုက်ညှိနေစရာမလိုပဲ Drink and Food အစုံရတဲ့ Old Money ကိုသာ လှမ်းခဲ့လိုက်ပါ။

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayanta Road, South Oakkalapa Township, Yangon.

မကြာခင်စမယ့် Premier League နဲ့အတူမကြာခင် Premier League ပွဲစဉ်တွေ  ပြန်စတော့မှာမို့ ဘောလုံးပွဲကြိုက်နှစ်သက်သူတွေလည်း ရင...
18/08/2026

မကြာခင်စမယ့် Premier League နဲ့အတူ

မကြာခင် Premier League ပွဲစဉ်တွေ ပြန်စတော့မှာမို့ ဘောလုံးပွဲကြိုက်နှစ်သက်သူတွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်လို့ ထင်ပါတယ်။

ဘောလုံးပွဲဆိုတာ အိမ်မှာတစ်ယောက်တည်း ကြည့်ရတာထက် ဘော်ဒါတွေအတူဆုံပြီး ကြည့်မယ်ဆို ပိုပြီးပျော်စရာကောင်းမှာပါ။ Premier League ပွဲစဥ်တွေကို ဘော်ဒါတွေအတူဆုံပြီး Old Money မှာ အားပေးရင်း Chill လို့ရတယ်နော်။

ဘော်ဒါတွေနဲ့အတူဆုံပြီး ဘောလုံးပွဲကြည့်ရင်း အေးဆေးChillနိုင်ရန်အတွက် ဘီယာအေးအေးလေးအပြင် လိုက်ဖက်မယ့် အရသာရှိတဲ့ အမြည်းကောင်းလေးတွေကိုပါ ပြင်ဆင်ပေးထားပါ‌တယ်။

Premier League ရဲ့ စိတ်လှုပ်ရှားဖွယ် ပွဲစဉ်တွေကို ကိုယ့်ရဲ့ ဘော်ဒါတွေနဲ့ဆုံပြီး အတူတူအားပေးဖို့အတွက် အခုပဲ Old Money မှာ ဆုံလိုက်ပါ။

☎️ 09 774 142 254
⌛ 3:00PM to 10:00PM
📍 Address: No.95(H), Waizayanta Road, South Oakkalapa Township, Yangon.

မြည်းစမ်းလို့ မကုန်နိုင်အောင် ကောင်းမွန်တဲ့ ဟင်းလျာများ 🍽️Chill တဲ့နေရာမှာ အေးအေးဆေးဆေး သောက်ဖို့ Drinks လေးတွေအပြင် ဗို...
16/08/2026

မြည်းစမ်းလို့ မကုန်နိုင်အောင် ကောင်းမွန်တဲ့ ဟင်းလျာများ 🍽️

Chill တဲ့နေရာမှာ အေးအေးဆေးဆေး သောက်ဖို့ Drinks လေးတွေအပြင် ဗိုက်ဝပြီး ပါးစပ်ထဲ စွဲကျန်နေစေမယ့် အမြည်းကောင်း‌လေးတွေပါ ရဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်နော်။အမြည်းမကောင်းလို့ မစားဘဲနဲ့ Alcohol Drinks တွေချည်းပဲ စွတ်သောက်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက် ထိခိုက်နိုင်ပါတယ်‌။

" Old Money - Drink & Chill " မှာဆိုရင် European Style အမြည်းတွေအပြင် မြန်မာပါးစပ်နဲ့ ကိုက်မယ့် Asian Style အမြည်းအစုံပါရနိုင်လို့ ကြိုက်နှစ်သက်တဲ့ အမြည်းကိုရွေးချယ်လို့ ရပါတယ်။ဒါ့အပြင် ရွေးချယ်စရာ အမြည်းကလည်းများတာမို့ တစ်ခါလာတိုင်း တစ်မျိုးပြီးတစ်မျိုး ပြောင်းမြည်းလို့ရနိုင်ပါတယ်။

အမြည်းတွေအပြင် တခြား Main Course တွေအများကြီးလည်း ရှိသေးတာမို့ အခုပဲ "Old Money - Drink & Chill " ကို မိတ်ဆွေသူငယ်ချင်းတွေနဲ့ လာခဲ့လိုက်တော့နော်။

📍 Address: No.95 (H), Waizayanta Road, South Oakkalapa Township, Yangon
⏰ Daily: 3:00 PM to 10:00 PM
📞 Phone: 09 77414 2254

ညနေခင်းရဲ့ ဂီတသံတစ်နေကုန် ပင်ပန်းသမျှတွေကို မေ့ပျောက်ပြီး ညနေခင်းရဲ့ အေးချမ်းမှုကို ခံစားချင်တဲ့အခါ တိတ်ဆိတ်အေးဆေးတဲ့ ပတ...
14/08/2026

ညနေခင်းရဲ့ ဂီတသံ

တစ်နေကုန် ပင်ပန်းသမျှတွေကို မေ့ပျောက်ပြီး ညနေခင်းရဲ့ အေးချမ်းမှုကို ခံစားချင်တဲ့အခါ တိတ်ဆိတ်အေးဆေးတဲ့ ပတ်၀န်းကျင်လေးထဲမှာ ပျံ့လွင့်လာတဲ့ Piano သံ ငြိမ့်ငြိမ့်လေးက စိတ်ကိုအနားပေးနိုင်ဆုံး အရာတစ်ခုပါပဲ။

"Old Money - Drink & Chill" မှာဆိုရင်တော့ အရသာရှိတဲ့ Drinks လေးတွေကို အမြည်းလေးနဲ့တွဲစားရင်း ငြိမ့်ညောင်းတဲ့ Piano ဂီတသံစဉ်တွေကို အေးအေးဆေးဆေး နားဆင်ခံစားနိုင်မှာပါ။ ဒါ့အပြင် Piano တီးရတာ ကြိုက်နှစ်သက်တဲ့ မိတ်ဆွေတွေအတွက်လည်း ကိုယ်တိုင် ဝင်ရောက်တီးခတ်ပြီး ကိုယ်ပိုင် Melodies လေးတွေကို ဖန်တီးပြသခွင့်ပေးထားပါသေးတယ်နော်။

ကိုယ့်ရဲ့ ချစ်ခင်ရသူတွေနဲ့အတူ ဂီတသံစဉ်တွေကြားမှာ အမှတ်တရ ညနေခင်းလေးတစ်ခုကို ကုန်ဆုံးချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် Piano လေးတီးရင်း စိတ်အပန်းဖြေချင်ရင်ပဲဖြစ်ဖြစ် Old Money ကိုသာ လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

📍 Address: No.95 (H), Waizayanta Road, South Oakkalapa Township, Yangon
⏰ Daily: 3:00 PM to 10:00 PM
📞 Phone: 09 77414 2254

Address

No 95 (H), Waizayantar Road
Yangon
11091

Opening Hours

Monday 15:00 - 23:00
Tuesday 15:00 - 23:00
Wednesday 15:00 - 23:00
Thursday 15:00 - 23:00
Friday 15:00 - 23:00
Saturday 11:00 - 23:00
Sunday 11:00 - 23:00

Website

Alerts

Be the first to know and let us send you an email when OLD MONEY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share