Ninestar Delivery Service.

Ninestar Delivery Service. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ninestar Delivery Service., 8928/A, Ahnawmar Road , 13 Ward , South Okkalapa Township, Yangon.

24/12/2020

Everton vs Man-United (Carabao Cup)
Extended Highlight

ဘယ်တော့မှ အပူစာ မစားမိစေနဲ့                                                          ÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷မန္တလေးမှ ကား...
22/12/2020

ဘယ်တော့မှ အပူစာ မစားမိစေနဲ့ ÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

မန္တလေးမှ ကားလာဝယ်သော ဝယ်သူနှင့်ဈေးတည့်ပြီး …

ဝယ်သူမှငွေချေ၍ မောင်းသွားမည် ဟုပြောသောအခါ …

အကိုဆရာသည် မရသေးဘူး ခဏနေအုံး ဟုဆိုရ်ျ တပည့်တယောက်အား …

ဟေ့ ကားဘီး လေးလုံးစလုံး စစ်၊ ဘတ္ထရီစစ် ပီးရင် ဆီအပြည့် ဖြည့်ပေးလိုက်ဟု ပြောပီး …

အားလုံး လုပ်ကိုင် စစ်ဆေး ပီးစေကာမှ ရပီ နောင်ကြီးဟု ဆိုကာ ကားသော့ အပ်လိုက်သည်။

ဝယ်သူမှာ ပြောဖွယ်ရာမရှိ ရတနာပီတိ ဂွမ်းစီထိ သကဲ့သို့ ကားအသစ်ကြီးအား ပျော်ရွှင်စွာ မောင်းထွက်သွားလေတော့သည်။

ရင့်ကျက်မှူ နည်းသေးသော ကျွန်တော် သည် အကိုဆရာအား ဘာလို့ သူက မလုပ်ခိုင်းဘဲ အကိုက လုပ်ပေးလိုက်ရတာလဲဟု ရိုးရှင်းသော စိတ်ဖြင့်မေးရာ …

အကိုဆရာက ပြုံးရင်း …
သား … ငါသူများလို showroom မဖွင့်ဘဲ ခြံထဲမှာရပ်ပီးရောင်းတာ တနေ့ ဘယ်နှစ်ဦး လာဝယ်နေလဲ မင်းအမြင်ဘဲ မဟုတ်လား?

ဒါလဲဟုတ်တာပဲ တနေ့တနေ့ ပြေးဝယ်လိုက်ရတဲ့ စာချုပ်။

အဲဒါ ဘာလဲမင်းသိလား သား.. စေတနာသည် ကံပဲကွ။

အခုငါရောင်းတာ Brand new နော်။

အရင်က Sunny , Publica ကားဟောင်းလေးတွေ ခေတ်ကအချို့သောသူတွေ အရောင်းအဝယ် ဖြစ်ပီဆိုရင် ကားတာယာကောင်းတာနဲ့ ပါးတာ ပြောင်းထည့်ကြတယ်၊ဆီစုပ် ထုတ်ကြတယ်၊ကတ်စက် လဲကြတယ်။

အဲဒါတွေပြောင်းထည့်လိုက်တော့ရော မင်းဘဝကြီးပြောင်းလဲသွားမှာမို့လား?

အဆိုးဆုံးက ကားဘီးတာယာနဲ့ဆီ ဘဲကွ။

သူ ဝယ်ပီး အပျော်များစွာနဲ့ မောင်းသွားရင်း လမ်းမှာဆီပြတ်တာ၊ မတွေးဝံ့ဆုံးက ကားတာယာ ပွင့်ထွက်သွားခဲ့သည်ရှိသော် ဘာနဲ့မှလဲလို့မရတဲ့ အသက်။

သား မင်းဘယ်တော့မှ အဲလိုစိတ်မျိုးနဲ့ စီးပွားမရှာနဲ့။

" လောကကြီးမှာ မျှတရင် မိတ်ဆွေပေါမယ်၊ "

ဂတိတည်ရင် background ကောင်းမယ်၊ မင်းထိုက်ရင်ရမယ် မထိုက်ရင်မရဘူး။

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့။

ငါ့သား ကြွေးသစ်ထပ်မယူသွားနဲ့။

မင်းကြိုက်လား၊ငါလဲကြိုက်တယ် ။မင်းမခံနိုင်ဘူးနော်၊ငါလဲမခံနိုင်ဘူး။

အဲဒါအရိုးရှင်းဆုံးသော ကိုယ်ချင်းစာတရားဘဲ ငါ့သား၊

မင်းဘယ်တော့မှ ဘယ်သူ့ရဲ့ အပူစာကိုမှ မစားမိစေနဲ့။

တသိုက်တဝန်းကြီး ပျော်ရွှင်စွာ တခဏတာအပျော်ရဲ့ နောက်ဆုံးရလဒ်ပြုသူက မိမိ မဖြစ်စေနဲ့။

သြော် …
အကိုဆရာရဲ့ ဆုံးမစကား …

ကောင်းလွန်းလို့ ဝေမျှပေးလိုက်ပါတယ်
Credit မူရင်းရေးသားဝေမျှသူ

ဖခင်တစ်ဦးကသူ့သမီးလေးကို မွေးနေ့လက်ဆောင်အဖြစ် ဆိုဆုံးမတဲ့စကားလေး ဖတ်ကြည့်ပါဗျာ___________________________________________...
21/12/2020

ဖခင်တစ်ဦးကသူ့သမီးလေးကို မွေးနေ့လက်ဆောင်အဖြစ်
ဆိုဆုံးမတဲ့စကားလေး ဖတ်ကြည့်ပါဗျာ
________________________________________________

သမီး ဖူးဖူး။
ဒီနေ့ဟာ သမီးအသက် (၁၃)နှစ်
ပြည့်တဲ့နေ့လေးနော်။

Happy Birthday ပါ သမီးရယ်။

သမီးကို ဖေဖေ မွေးနေ့ရောက်တိုင်း
မွေးနေ့လက်ဆောင်
စကားတွေ ရေးခဲ့တာလည်း
ဒီနှစ်နဲ့ဆို သုံးနှစ် ပြည့်ခဲ့ပြီ သမီး။

ဒီနှစ်တော့
ဖေဖေတို့ မျိုးရိုးစဉ်ဆက်
မှာကြားခဲ့တဲ့စကား သုံးခွန်းကို
ဖေဖေက
သမီးလေးကို ထပ်မှာပါရစေ။

ဧရာဝတီတိုင်း၊
မြောင်းမြမြို့နယ် ပြင်ရွာမှာ
မွေးတဲ့သမီးဖိုးဖိုးရဲ့
အမေဒေါ်ကြင်ငွေက
သမီးရဲ့ဖိုးဖိုး ဦးယုံရှိန်
တိုင်းပညာရေးမှူး ဖြစ်တော့
ဒီစကားသုံးခွန်းကို မှာခဲ့တယ်။

ဖိုးဖိုးဟာ ဒီစကားအတိုင်း
တိတိကျကျလိုက်နာခဲ့တယ်။

နောက်တစ်ဖန်
သမီးဖိုးဖိုးဦးယုံရှိန်က
ဖေဖေ့ကို ဆရာဝန်ဖြစ်တော့
ဒီစကားသုံးခွန်းထပ်မှာပြန်တယ်။

ဖေဖေလည်း
ခုထိ လိုက်နာကျင့်သုံးဆဲပဲ။

ဒီနှစ်တော့
သမီးကို ဖေဖေက သမီးဘဝ
လမ်းညွှန်အဖြစ်
ဒီစကားသုံးခွန်းကို
လက်ဆောင်ပေးပါရစေ။

အဲဒါတွေကတော့ –
(၁) သမီး ဘ၀တစ်လျှောက်လုံးမှာ
ထမင်းပူကို မစားပါနဲ့။
ထမင်းအေးကိုပဲ စားပါ သမီး။

ထမင်းပူဆိုတာ သူတစ်ပါး
မျက်ရည်ပေါက်ကြီးငယ်ကျမှ
စားရတဲ့ထမင်းကို ခေါ်တာပါ။

သမီးဘယ်တော့မှ မစားမိပါစေနဲ့။
အခုအချိန်
စားကောင်းချင်ကောင်းမယ်၊
သံသရာမှာ
အလွန်ပူလောင်တတ်တယ်
သမီးရေ။

ထမင်းအေးဆိုတာကတော့
သမီးကို
ချစ်လို့ ခင်လို့ တန်ဖိုးထားလို့
ကြည်ညိုလို့
ကျွေးလာတဲ့ ထမင်းပဲ သမီး။

ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ
အေးမြပါတယ် သမီးရယ်။

စားတတ်အောင် ကြိုးစားပါနော်။

(၂) အသီးကို စားမယ်ဆိုရင်
ကြွေသီးကိုပဲ စားပါ သမီး။
ဘယ်တော့မှ ခူးမစားပါနဲ့။

ကြွေသီးစားပါ ဆိုတာ
သမီးကို ချစ်လို့ ခင်လို့
ကြည်ညိုလို့
ကျွေးလာတဲ့အသီးကို စားပါလို့
ဆိုလိုတာပါ။

ဒါပေမယ့် ကြွေသီးတိုင်းလည်း
မစားရဘူး သမီး။

ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင်
သမီး မစားတော့ဘူး မဟုတ်လား။

ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။
သမီးကို ချစ်လို့
ခင်လို့ ကြည်ညိုလို့ လာပေးတယ်။

ဒါပေမယ့်
နောက်ကွယ်မှာ မျှော်လင့်ချက်တွေ
ရလိုမှုတွေ ပါနေရင်
မစားရဘူးသမီး။
မစားကောင်းပါဘူး။

ခူးမစားပါနဲ့ဆိုတာ
သမီးက ကူညီစရာရှိရင် ကူညီ၊
လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။

အဲဒါကို
ကူညီခ၊ လုပ်ပေးခ တောင်းနေရင်
ခူးစားတာပဲ သမီး။

သမီး သူတစပွါးကို ကူညီပါ။

သူတို့ဆီက
ကျေးဇူးတင်စကားတစ်ခွန်းတောင်
မမျှော်လင့်ပါနဲ့။

မျှော်လင့်ပြီး ကူညီတာ
ခူးစားတာပဲ သမီးရဲ့။

သမီး
ဘယ်တော့မှ ခူးမစားပါလေနဲ့။

(၃)တတိယစကားကတော့ –
ချိုးငှက်လေးတွေ
ခါငှက်လေးတွေဟာ
မြေမှာနားပြီး ပြန်သွားရင်
ခြေရာထားခဲ့တယ် သမီး။

ဒီလိုပါပဲ၊ သမီးလည်း
ဘယ်နေရာ ဘယ်ဒေသ
ရောက်ရောက် သမီး ပြန်ရင်
သမီး ခြေရာကျန်ခဲ့ပါစေ
သမီးရယ်။

ဒီလိုပါပဲ လူ့လောကကြီးကို
တို့တတွေလာခဲ့ကြ၊
တို့ပြန်ရင် တို့ခြေရာတွေ
ကျန်မှ ဖြစ်မယ် သမီး။

ဖေဖေ့ သမီးလည်း
ဖေဖေတို့ မိသားစုရဲ့
စကားကြီးသုံးခွန်းကို
တစ်သွေမတိမ်း
လိုက်နာနိုင်ပါစေ သမီးရယ်။

ပျော်ရွှင်သော မွေးနေ့
ဖြစ်ပါစေ သမီး။

( Dr.Than min htut facebook )

Peace&Rasta

လေသန့်သန့် ရှူရတဲ့တန်ဘိုးသိရန် ဘန်ကောက်ပုံကြည့်ပါ။ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐(လေထု ဆိုတာအရေးကြီးတာကြောင့် ဤပို့...
17/12/2020

လေသန့်သန့် ရှူရတဲ့တန်ဘိုးသိရန် ဘန်ကောက်ပုံကြည့်ပါ။
➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐ ➐

(လေထု ဆိုတာအရေးကြီးတာကြောင့် ဤပို့စ်ရှယ်ပေးသူ တဦးချင်းကိုကျေးဇူးအထူးတင်ပါတယ်)

၁၉၉၂ ခုနှစ် AIT မှာ မဟာဘွဲ့တက်ရန် BAC လေယာဉ်ဖြင့် ဘန်ကောက်လေဆိပ် စရောက်ပါတယ်။ Airport terminal ကထွက်လိုက်တာနဲ့ အသက်ရှူမဝ၊ ခေါင်းထဲကကိုက်လာသည်။ ချွေးစေးများထွက်လာသည်။ ဘာကြောင့်ဆိုတာစဉ်းစားနေတာ “လေထု ညစ်ညမ်း” မှုကြောင့်ဆိုတာသိလာရပါတယ်။ (အေအိုင်တီ ဝန်းထဲရောက်တော့ ပြန်နေလို့ကောင်းသွားတာကိုး)။ ၁၉၉၂ ဘန်ကောက်မှာကားကြပ်တာ အခု ရန်ကုန်လောက်ကြပ်နေပါဘီ။
(ဗီယက်နမ်မှာ လေထုညစ်ညမ်းမှု ကြောင့် တလကို ဒေါ်လာ သန်း ၁၀၀၀ ကျော် ဆုံးရှုံတယ်ဆိုတာ ဒီလင့်မှာပါ) https://www.facebook.com/1267562151/posts/10218775631803039/?d=n

“အသက်ရှည်စေလို၊ မန်းတောင်ရိပ်ခို” ဆိုတာလည်း လေထု သန့်တာရယ်၊ စိတ်အေးချမ်းတာရယ် အဓိက ဖြစ်မယ်ထင်ပါတယ်။

“ကျန်းမာခြင်း၏တန်ဘိုးကိုမကျန်းမာမှသိမယ်” တဲ့

ရန်ကုန် လေသန့် တန်ဘိုး ကို ပြန်ပြင်လို့မရလောက်အောင် ညစ်ညမ်းသွားမှ သိကြမယ်ဆိုရင် ရန်ကုန်သူ၊ သား တို့ ညံ့လို့သာဖြစ်ပါမယ်။

ခက်တာက လေဆိုး မရှူဘူးရင် လေသန့်တန်ဘိုး မသိမှာတော့ အမှန်ပါဘဲ။

လေဆိုးတဲ့နေရာ သွားရှူကြည့်စရာမလိုပါဘူး။ အခုပုံကိုသာကြည့်လိုက်ပါ။ အဲ့ဒါ ဘန်ကောက်လေထု ဒီနေ့အခြေအနေပါ။

ထိုင်းနိုင်ငံ ရဲ့အကြီးဆုံး ဝန်ကြီးချုပ် ကိုယ်တိုင် အောက်ပါအတိုင်းညွှန်ကြားရပါဘီ။

၁။ တတ်နိုင်သမျှ ကိုယ်ပိုင်ကားမသုံးပါနဲ့ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး နဲ့သွားပါ

၂။ မီးမရှို့ရ

၃။ ကားများရဲ့ မီးခိုးထွက်နှုံးစစ်ဆေးအရေးယူ

၎။ ကျောင်းများ တွင် အပြင်ထွက် စုရုံးခြင်းမလုပ်ရ

ရန်ကုန်မှာ ဒါမျိုး မဖြစ်ရအောင် ပြည်သူအားလုံးဝိုင်းဝန်းပြီး ပူးပေါင်းကြဘို့လိုပါတယ်။ (မနေ့ကတင်ထားတာ ဖတ်သူနည်းနေလို့ထပ်ကူးပါရစေ။)

❎ “လူတိုင်းကားပိုင်ဖြင့်သွားလာနိုင်ရေး” ဆိုတာ နားထောင်လို့ဘဲကောင်းတာပါ။ ❎ အဲ့လိုသာဖြစ်လာရင်

➡ နေထိုင်လို့မကောင်းတော့တဲ့
➡ “လမ်းပေါ်မှာသာအချိန်ကုန်” တော့မယ့်၊
➡ မွန်းကြပ်နေမယ့်
➡ လမ်းပေါ်မှာ အချိန်တွေကုန်နေလို့ “ဒေါသတွေထွက်နေသူများတော့မယ့်” မြို့ကြီးဖြစ်သွားမှာပါ။

✍ မြို့ပတ်ရထားစီးမယ့်သူတွေကိုလည်း အဆင်ပြေသာယာအောင် လုပ်ပေးရပါမယ်။

✍ ဘတ်စကားစီးသူတွေကိုလည်း အဆင်ပြေသာယာအောင် လုပ်ပေးရပါမယ်။

✍ စက်ဘီးစီး သွားလာချင်သူများကို “ပိုလို့” တောင် အဆင်ပြေသာယာအောင် လုပ်ပေးရပါမယ်။ စက်ဘီးဆိုတာ ဆင်းရဲ၊ ချမ်းသာမရွေး ကြိုက်နှစ်သက်တတ်တဲ့ ယာဉ် ဖြစ်နေလို့ပါ။

🙏 ကိုယ်ပိုင်ကားနဲ့မှ သွားလာချင်ကြသူများကလည်း ဘတ်စကားစံနစ်ကောင်းလာအောင်၊ ရထားစနစ်ကောင်းလာအောင်၊ စက်ဘီးသီးသန့်လမ်း ပေါ်လာအောင် “အားပေး” သင့်ပါတယ်။ ဒါမှ “သဟဇာတ” ဖြစ်နေစေပြီး မိမိ တို့ကားသွားရာမှာလည်းကြပ်ပိတ်မနေတော့ဘဲ သာယာလာမှာဖြစ်ပါတယ်။ အခြား ယာဉ် သွားလာရေးစံနစ်များ ပိုကောင်းလာအောင် “မုဒိတာ” ထားပြီးအားပေးကြရမှာပါ။ 🙏

💘 💘 💘 ဒါမှ သဘာဝကျကျ “သဟဇာတ” ဖြစ်တဲ့ ပျော်ရွှင်ဘွယ်မြို့တော်ကြီးဖြစ်လာမှာပါ။

အမှိုက်တွေလည်းမီးမရှို့ကြပါနဲ့။
ဒါမှ လေကောင်းလေသန့် နဲ့ အသက်ရှူဝ မယ့်မြို့တော်ဖြစ်လာမှာပါ။

🙏 ကျန်းမာချမ်းသာကြပါစေ။ လူ့လောကကြီးတခုလုံးကပ်ဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။ 🙏

Crd Than win
မူရင်း ဘန်ကောက်ပို့စ်လင့်
https://www.bangkokpost.com/learning/advanced/2036227/prayut-orders-pollution-crackdown

 #သမီး- ကိုကြီးအိပ်နေတာကို မနှိုးရဲဘူး- ။တခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကိုအင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရ...
16/12/2020

#သမီး- ကိုကြီးအိပ်နေတာကို
မနှိုးရဲဘူး- ။

တခါတုန်းက ကျနော့်မှာ
သူ့အိမ်က ဒရိုင်ဘာကို
အင်မတန်နိုင်စားတဲ့
သူငယ်ချင်းတစ်ယောက်ရှိတယ်

ဒရိုင်ဘာက သူ့ထက်
အသက်ငါးနှစ်လောက်ကြီးတယ်
ဒီတော့
ကျနော်တို့က “ကို” တပ်ပြီး
ခေါ်ပေမယ့်
သူငယ်ချင်းကတော့
နာမည်ပဲခေါ်ပါတယ်…

စကားပြောလည်း
သူငယ်ချင်းက မင်းနဲ့ ငါပဲ
ဒရိုင်ဘာအကိုကြီးကတော့
သူ့အလုပ်ရှင်ဆိုတော့
ရိုရိုသေသေဆက်ဆံရတာပေါ့လေ…

ဒီကောင်က
ပြောစရာရှိလည်းပြော၊
ဆဲစရာရှိလည်းဆဲ
သဘောကောင်းပေမယ့်
အထက်စီးတော့ဆန်ပါတယ်
တခါတလေ ကိုယ်ကတောင်
ကြားထဲကနေ
ဝင်အားနာရတယ်…

ဒရိုင်ဘာအပေါ်
သူပြောပုံဆိုပုံတွေက
ရင့်သီးပါတယ်
ဟိုကတော့ သည်းခံရှာပါတယ်
အလုပ်ရှင်မလား…

ဒီလိုနဲ့ တစ်နေ့…
သူငယ်ချင်းက ဒေါကန်နေပါတယ်
ဘာဖြစ်တာလဲမေးလိုက်တော့
သူ့ဒရိုင်ဘာ
ဘာမပြော ညာမပြောနဲ့
မလာလို့တဲ့…

ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး
အိမ်လိုက်သွားကြတယ်
တွေ့လို့ကတော့ ဆဲဆိုပြီး
ဟောက်ထည့်လိုက်မယ်ပေါ့…

ဒီလိုနဲ့
ဒရိုင်ဘာအိမ်ရောက်သွားတယ်
သူ့အမေလို့ ထင်ရတဲ့
အန်တီကြီးတစ်ယောက်
ထွက်လာတယ်၊ မေးလိုက်တယ်၊
ရှိလားပေါ့…

ရှိပါတယ်၊
ဖျားပြီး အိပ်နေတယ်ဆိုပြီး
ပြောတယ်၊ နောက်တော့
အနားကိုရောက်လာတဲ့
ကောင်မလေးတစ်ယောက်ကို
အန်တီကြီးက
လှမ်းပြောလိုက်တယ်…

ဟဲ့ သွားနှိုးလိုက်စမ်းပေါ့၊
ဒီမှာ သူ့အလုပ်ရှင်အိမ်က
လိုက်လာတယ်ပေါ့ စသဖြင့်၊
အဲ့ဒီမှာ ကောင်မလေးက
ဘာပြောလိုက်လဲဆိုတော့…

ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့…

ကျနော့်သူငယ်ချင်းကို
ကြည့်လိုက်တော့
ဒီကောင် တချက်တွေသွားတယ်
စက္ကန့်ပိုင်းလောက်ပေါ့…

နောက်တော့ ကောင်မလေးကို
ပြောလိုက်တယ်
“မနှိုးရဲရင် သွားမနှိုးနဲ့တော့၊
ထားလိုက်ပါ သူအိပ်ပါစေ” တဲ့

ပြီးတော့
ပြန်လှည့်လာခဲ့လိုက်ကြတယ်…

အပြန်လမ်းမှာ
ကျနော် သူ့ကို မေးကြည့်တယ်
မင်းဘာဖြစ်သွားတာလဲ”လို့…

သူငယ်ချင်းက ပြန်ဖြေတယ်
ငါ သူ့အပေါ်လေးစားမှု
ရှိရမယ်လေကွာ”တဲ့

သူက ဘယ်လိုပဲ
ဒရိုင်ဘာပဲဖြစ်ဖြစ်၊ ငါဘယ်လိုပဲ
ဆဲဆဲဆိုဆို၊ အနိုင်ကျင့်ကျင့်
သူ့ပတ်ဝန်းကျင်မှာတော့
သူဟာ မိသားစုရဲ့အားကိုးရာ၊
လေးစားရာ၊ ရိုသေရာ
လူသားတစ်ယောက်ပဲကွ”တဲ့…

ဟိုကလေးမလေး
ပြောတဲ့စကားကို ကြားတယ်မလား၊
ကိုကြီးအိပ်နေတာ
သွားမနှိုးရဲဘူးတဲ့”…

သူ့ပတ်ဝန်းကျင်၊
သု့မိသားစုမှာတော့ တော်တော့ကို
အရှိန်အဝါကြီးပုံရတယ်၊
ငါက ဒါကို ထည့်မတွက်ဘဲ
ခါတိုင်းလို သွားဆက်ဆံလိုက်ရင်
သူ့အားကိုးနေတဲ့
သူ့မိသားစုခင်ဗျာ
ဘယ်လိုခံစားသွားရမလဲ၊
သူကိုယ်တိုင်ရော…”

လူတစ်ယောက်ဟာ
တစ်နေရာရာမှာ ဘယ်လိုပဲ
ဖြစ်နေဖြစ်နေ၊
ဘယ်ဘဝပဲရောက်နေရောက်နေ၊
အောက်ခြေသိမ်းပဲဖြစ်ဖြစ်၊
အနှိမ်ခံပဲဖြစ်ဖြစ်၊
ဘယ်သူမှဆေးဖော်ကြောဖက်
မလုပ်ချင်တဲ့သူပဲဖြစ်ဖြစ်၊

အဲ့ဒီလူဟာ တခြားသော
တစ်နေရာရာမှာတော့
အရှင်သခင်တစ်ပါး၊
မှီခိုအားကိုးရာတစ်ဖြစ်နဲ့
ရိုသေလေးစားစရာပြယုဂ်
တစ်ခုခုတော့
ဖြစ်နေတတ်ပါတယ်…

တစ်ရက်ကလိုပေါ့
ဖြတ်သွားသူတိုင်း
နှာခေါင်းပိတ်ဖြတ်လေ့ရှိတဲ့
အမှိုက်ပုံမှာ အလုပ်လုပ်နေရတဲ့
စည်ပင်ကဝန်ထမ်းလေးကို
ဘယ်သူက ခေါင်းထဲထည့်မလဲ
ဘယ်သူက အဖက်လုပ်ပြီး
စိတ်ပူပေးမလဲ…

ဒါပေမဲ့ ကျနော်လည်း
အမှိုက်သွားပစ်ရော
အဲ့ဒီဝန်ထမ်းလေးရဲ့
ဇနီးဖြစ်ပုံရတဲ့ ကောင်မလေး
ရောက်လာပြီး
ဘာပြောသွားတယ်မှတ်လဲ…

မနက်က ဆေးသောက်ပါဆို
သောက်မသွားဘူး၊
လူကို အမြဲတမ်း
စိတ်မောရအောင်လုပ်တယ်၊
ရော့ ဒီမှာဆေး အခုသောက်”တဲ့…

အဲ့ဒီစကားလေးကြားမိတော့
ကျနော့ဖြင့်
အဲ့ဒီစည်ပင်ဝန်ထမ်းလေးအပေါ်
လေးစားသွားလိုက်တာ

ဪ…တစ်လောကလုံးက
သူ့အပေါ် ဘယ်လိုပဲ
သဘောထားထား
သူ့အပေါ် မင်းသားတစ်ပါးလို
ဆက်ဆံတဲ့သူဆိုတာတော့
ရှိနေတာပါပဲလားလို့…

တဖက်က
ပြန်စဉ်းစားပြန်ရင်လည်း
ဒီလိုပါပဲ
တစ်လောကလုံးက
ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ်၊
ဘယ်လိုဆက်ဆံ ဆက်ဆံ
အရေးမကြီးဘူး…

အရေးကြီးတာက
ငါချစ်ရတဲ့သူတွေ၊
ငါ့ကိုချစ်တဲ့သူတွေနဲ့
ငါ့ပတ်ဝန်းကျင်၊
ငါ့မိသားစုလေးမှာ
ငါဟာ တန်ဖိုးရှိတဲ့၊
လေးစားခံထိုက်တဲ့
လူသားတစ်ယောက်
ဖြစ်နေရင် ရပြီဆိုတာမျိုး…

ဆိုလိုတာက
လူတစ်ယောက်ကို
ဘယ်တော့မှ
အထင်မသေးပါနဲ့၊
မနှိမ့်ချပါနဲ့၊ မစော်ကားပါနဲ့
သူ့အတွက် ကမ္ဘာဆိုတာ
ဒီတစ်နေရာတည်းမှာပဲ
ရှိနေတာ မဟုတ်လို့ပါ…

Wai Phyo Maung/

14/12/2020
မြန်မာပြည်ထဲက ရှိန်းခေါင်လို့ ခေါ်တဲ့ ရေခဲပြင်ပေါ်ကရွာကလေးကို ဘယ်လိုသွားကြမလဲ 🏃‍♀️🏃‍♀️.......................................
11/12/2020

မြန်မာပြည်ထဲက ရှိန်းခေါင်လို့ ခေါ်တဲ့ ရေခဲပြင်ပေါ်ကရွာကလေးကို ဘယ်လိုသွားကြမလဲ 🏃‍♀️🏃‍♀️......................................
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်အုပ်စုမှာရှိတဲ့ ရေခဲပြင်ရွာကလေးဖြစ်ပါတယ်။

အလည်သွားချင်ကြတဲ့မိတ်ဆွေအပေါင်းအသင်းတို့အတွက် လမ်းကြောင်း ( ၂ )ခုဖြင့် ညွှန်ပေးလိုက်ပါတယ်။

#အမှတ် ( ၁ ) လမ်းကြောင်း (တရုတ်ပြည်ထဲကို ပတ်ဝင်ပြီးမှ ရေခဲပြင်ရွာကလေးကို ရောက်နိုင်မယ့် လမ်းကြောင်းပါ)

-မြစ်ကြီးနား - ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တီ (တရုတ်နယ်ခြားဂိတ် မှ ကူရုန်း မှ -ဖီမော် - ဖူကုန်းမြို့ မှ ရှိန်းခေါင်ရွာကိုရောက်မှာဖြစ်ပါတယ်။

#အမှတ် ( ၂ )လမ်းကြောင်း (မြန်မာပြည်တွင်း)

- မြစ်ကြီးနား - ပူတာအို - မချမ်းဘော့ - မဂွေဇ - ရီဒမ်း - ခေါင်လန်ဖူး - အဘွမ်ထန် - ညီဝါး - ဇန်ယော့ ကနေ ရှိန်းခေါင်လည်းသွားလို့ရပါကြောင်းပြော‌ပြချင်ပါတယ်။ ရီဒမ်းရွာကနေ ညီဝါးရွာအထိ ကားလမ်းမပေါက်သေးတာမို့ ရီဒမ်းကနေ ခေါင်လန်ဖူးမြို့အထိတော့ ဆိုင်ကယ်လမ်းနဲ့ သွားရမှာဖြစ်ပါတယ်။ ပြီးတော့ ခေါင်လန်ဖူးမြို့ကနေ ညီဝါးရွာအထိခြေလျင်ခရီးနဲ့ တစ်ရက်နဲ့နေ့တစ်ပိုင်း သွားရပါတယ်။ ညီဝါးရွာကနေ ရှိန်းခေါင် ရွာအထိ ကားလမ်းပေါက်ပါတယ်။

# Credit to Sar Aung Marphang
#ကချင်ပြည်နယ် #ရှိန်းခေါင်ရွာ

သိထားသင့်လို့ပါ။💯💯💯💯💯💯🎡  ဗိုင်းရပ်စ်ဟူသည်မှာ သက်ရှိ အော်ဂင်းနစ် ပစ္စည်းမဟုတ်ဘဲ အဆီလွှာ ဖုန်းလွှမ်းထားသော ပရိုတင်း မော်လီကျူ...
10/12/2020

သိထားသင့်လို့ပါ။
💯💯💯💯💯💯
🎡 ဗိုင်းရပ်စ်ဟူသည်မှာ
သက်ရှိ အော်ဂင်းနစ်
ပစ္စည်းမဟုတ်ဘဲ
အဆီလွှာ ဖုန်းလွှမ်းထားသော
ပရိုတင်း မော်လီကျူး (DNA)
သာဖြစ်ပြီး မျက်ရည်၊ နှာရည်၊
ချွဲသလိပ်တို့တွင် ပါသော
ဆဲလ်များက ယင်းတို့ကို
စုပ်ယူလိုက်သည့်အခါကျမှသာ
လူကို တိုက်ခိုက်ဒုက္ခပေးနိုင်သော
ဗီဇမျိုးပြောင်း
မျိုးပွားသွားခြင်း ဖြစ်သည်။

ဘက္တီးရီးယားလို
သတ္လို့ မရပါ။ ။
ဗိုင်းရပ်စ်က ဘက်တီးရီးယားလို
သက်ရှိ အော်ဂဲနစ် မဟုတ်ပါ။
ပဋိဇီဝဆေးများက
သက်မဲ့(ဗိုင်းရပ်စ်)ကို
သတ်၍ မရပါ။
ဖေါ်ပြထားသည့်
နည်းလမ်းများသုံးလျှင်
ဗိုင်းရပ်စ် ဖွဲ့စည်းပုံ
အမြန်ပြိုကွဲ ပါလိမ့်မည်။

ဗိုင်းရပ်စ်မှာ သက်ရှိ
အော်ဂင်းနစ် ပစ္စည်း
မဟုတ်ဘဲ
ပရိုတင်းမော်လီကျူးသာ
ဖြစ်သည့်အတွက်
သတ်ပစ်၍ မရဘဲ
သူ့သဘာဝ အတိုင်း
ဆွေးမြေ့ ပျက်စီးသွားနိုင်ပါသည်။မော်လီကျူးပြိုကွဲ
ပျက်စီးရန် ကြာချိန်မှာ
အပူချိန်၊ စိုထိုင်းဆ နှင့်
ယင်းကပ်ငြိ တင်ကျန်နေသော
မျက်နှာပြင် အမျိုးအစားပေါ်
မူတည်၍ ကွဲပြားပါသည်။

ဗိုင်းရပ်စ်မှာ အလွန်နုနယ်ပြီး
ယင်းကို အကာအကွယ်
ပေးထားသောအရာမှာ
အပေါ်ယံ အဆီလွှာသာ ရှိပါသည်။
ဆပ်ပြာနှင့် ပိုးသတ်ဆေးများက
အကောင်းဆုံး
ကုစားနိုင်ခြင်းမှာ
ထိုအချက်ကြောင့်ဖြစ်သည်။
ဆပ်ပြာမြှုပ်များက
ထိုအဆီလွှာကို
ဖြိုခွဲပစ်ပါသည်
(ထို့ ကြောင့် ဆပ်ပြာမြှုပ်
များများဖြင့် စက္ကန့် ၂၀
အနည်းဆုံး ပွတ်တိုက်
ဆေးကြောရန်လိုအပ်ခြင်း
ဖြစ်သည်။ )

အပေါ်ယံ အဆီလွှာ
ပျက်စီးသွားသောအခါ
ပရိုတင်း မော်လီကျူးလည်း
သူ့ ဘာသာသူ ပြိုပျက်သွားပါသည်။

အပူဓါတ်က
အဆီများကို
အရည်ပျော်စေနိုင်ပါသည်။
အပူချိန် ၂၅ ဒီဂရီ
စင်တီဂရိတ်ထက်
ပိုနွေးသော ရေဖြင့်
လက်ဆေးခြင်း၊
အဝတ်လျှော်ခြင်း
စသည်များ ပြုလုပ်ပါ။
ရေနွေးက ဆပ်ပြာအမြှုပ်များ
ပိုထွက်စေသဖြင့်
ပိုအသုံး တည့်ပါသည်။

အယ်လ်ကိုဟော ပါဝင်မှု
၆၅ ရာခိုင်နှုန်းထက်
ပိုသော လက်ဆေးရည်များက
အဆီများကို
ပျော်ဝင် ပြိုကွဲစေပါသည်။
အထူးသဖြင့် ဗိုင်းရပ်စ်၏
အပေါ်ယံ အဆီလွှာကို
ပြိုကွဲပျက်စီးစေပါသည်။

အရောင်ချွတ်ဆေး တစ်ဆ၊
ရေ ၅ဆ ပါဝင်သော
အရောအနှောကလည်း
ပရိုတင်းဓါတ်ကို
တိုက်ရိုက် ပြိုကွဲစေနိုင်ပါသည်။
ပရိုတင်း အတွင်းသို့
ဝင်ရောက် ဖြိုခွဲပါသည်။

ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်
ကလည်း ဆပ်ပြာ၊
အယ်လ်ကိုဟော(အရက်ပျံ)၊
ကလိုရင်း (အရောင်ချွတ်ဆေး)
တို့ကဲ့သို့ပင်
ဗိုင်းရပ်စ်ရှိ
ပရိုတင်းဓါတ်ကို
ပြိုကွဲစေနိုင်ပါသည်။
ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်က
ရေမရောဘဲသုံးမှ
ရသဖြင့် လူ့အရေပြားကို
ထိခိုက်စေနိုင်ပါသည်။


သုံးပြီးသား သို့မဟုတ်
မသုံးရသေးသော
အဝတ်အထည်များကို
မခါပါနှင့်။
သေးငယ်သော
အပေါက်ငယ်များပါသည့်
(အဝတ်၊ ချည်ထည် ကဲ့သို့)
မျက်နှာပြင်များတွင်
ကပ်ငြိနေသည့်အခါ
မလှုပ်မရှားထားလျှင်
၃ နာရီ အတွင်း
ပြိုကွဲ ပျက်စီးပါသည်။
ကြေးနီ၊ သစ်သား
မျက်နှာပြင်များတွင် ၄ နာရီ၊
ကပ်ထူပြားပေါ်တွင် ၂၄ နာရီ၊
အခြားသတ္တုမျက်နှာပြင်
များပေါ်တွင် ၄၂ နာရီ နှင့်
ပလတ်စတစ်များပေါ်တွင်
၇၂ နာရီ ကျော်ပြီးမှ
ပြိုကွဲပျက်စီးနိုင်ပါသည်။
အဝတ်စသည်များကို
ဖုန်ခါလျှင်၊
ရိုက်ခါလျှင်
ဗိုင်းရပ်စ် မော်လီကျူးများ
လေထဲတွင်
၃ နာရီ မျောပါကာ
သင် ရှူရှိုက်မိ နိုင်ပါသည်။

လေအေးစက် ဖွင့်ထားသော
အိမ်နှင့် ကားတွင်းကဲ့သို့
နေရာများတွင်
ဗိုင်းရပ်စ် မော်လီကျူးများ
ငြိမ်နေနိုင်ပါသည်။
ယင်း ငြိမ်ငြိမ်လေးနေနိုင်ရန်
အမှောင်နှင့် စိုစွတ်မှု
(စိုထိုင်းဆများရန်)
လိုအပ်သည်။
ခြောက်သွေ့၊
နွေးထွေး၊
အလင်းများများ ရသော
ပတ်ဝန်းကျင်တွင်
ဗိုင်းရပ်စ် ပရိုတင်းများ
လျှင်မြန်စွာ ပြိုကွဲနိုင်ပါသည်။

ခရမ်းလွန်ရောင်ခြည်
(UV Light) ကို
မျက်နှာပြင်များ
အရာဝထ္တုများပေါ်သို့
ကျရောက်စေပါက
ဗိုင်းရပ်စ် ပရိုတင်းများကို
ဖြိုခွင်းနိုင်ပါသည်။
လူ့အသားအရေပေါ်သို့
တိုက်ရိုက် ကျရောက်လျှင်
အရေပြားတွန့်ခြင်း
အရေပြား ကင်ဆာဖြစ်ခြင်း
ဖြစ်စေနိုင်ပါသည်။
ဗိုင်းရပ်စ်သည်
ကျန်းမာကောင်းမွန်သော
လူ့အရေပြားကို
မဖေါက်ထွင်းနိုင်ပါ။

ရှာလကာရည်
အသုံးမတည့်ပါ၊
ဗိုင်းရပ်စ်၏ အဆီလွှာကို
မဖေါက်ထွင်းနိုင်ပါ။
အရက်နှင့် ဗော့ဒဂါအရက်
များက ဗိုင်းရပ်စ်၏
အဆီလွှာကို
ထိရောက်စွာ မဖေါက်နိုင်ပါ။
အပြင်းဆုံး အရက်က
အယ်လ်ကိုဟော
၄၀ ရာခိုင်နှုန်းသာရှိ၍
လိုအပ်ချက်
၆၅ ရာခိုင်နှုန်းကို မမီပါ။

နေရာ ကျဉ်းကြပ်လျှင်
ဗိုင်းရပ်စ် ပိုမို
ထူထပ်နိုင်ပါသည်။
ကျယ်ကျယ်ဝန်းဝန်း
သဘာဝ လေကောင်းလေသန့်
ရနိုင်ပါစေ။

အကြိမ်ကြိမ်ပြောပြီး
ဖြစ်သော်လည်း
အောက်ပါ
အရာဝထ္ထုများအား
မကိုင်တွယ်မီနှင့်
ကိုင်တွယ်ပြီးတိုင်း
လက်ကို ဆေးကြောပါ။

(ချွဲသလိပ်ရှိနိုင်သော
အရေပြားလွှာများ၊
အစားအသောက်များ၊
သော့ခလောက် များ၊
တံခါးလက်ကိုင်ဘုများ၊
မီးခလုတ်များ၊
ရီမုတ် ကွန်ထရိုးများ၊
လက်ကိုင်ဖုန်းများ၊
လက်ပတ်နာရီများ၊
ကွန်ပျူတာများ၊
စာကြည့်စားပွဲများ၊
ရုပ်မြင်သံကြားစက် များစသည်။ )
ရေအိမ်သာ
အသုံးပြုခြင်းလည်း
ပါဝင်သည်။

လက်အရေပြား
ခြောက်သွေ့သည် အထိ
မထားပါနှင့်။
ဆပ်ပြာနှင့် အကြိမ်များများ
ဆေးကြောပါ။
အရေပြား အသားအရေ
အတွန့်အခေါက် များ၊
ထိရှ ဒဏ်ရာများ အကြားတွင်
ဗိုင်းရပ်စ် မော်လီကြူးများ
ခိုအောင်းနေနိုင်ပါသည်။

အရေပြားစိုစွတ်လေ
ကောင်းလေ ဖြစ်ပါသည်။
လက်သည်းများကြားတွင်
ဗိုင်းရပ်စ် မခိုအောင်းနိုင်အောင်
လက်သည်း တိုတို ညှပ်ပါ။

COVID-19 ကာကွယ်ရေး
သိကောင်းစရာများ
(ကိုသီဟေစာ )
မြန်မာဘာသာပြန်ဆိုပေးပါသည်။

Credit:-***
Copy-***

အသက် 14 နှစ် မှာငယ်ငယ်ကအရမ်းလိုချင်ခဲ့တဲ့ရီမုနဲ့ကားလေး ဝယ်နိုင်ပြီ လူကြီးတွေကိုပူစာစရာမလိုတော့ဘူး ဒါပေမယ့် ................
10/12/2020

အသက် 14 နှစ် မှာငယ်ငယ်က
အရမ်းလိုချင်ခဲ့တဲ့ရီမုနဲ့ကားလေး ဝယ်နိုင်ပြီ

လူကြီးတွေကိုပူစာစရာမလိုတော့ဘူး
ဒါပေမယ့် ............... မလိုချင်တော့ဘူး

အသက် 16 နှစ်မှာ လူကြီးတွေမပါပဲ သူငယ်ချင်းတွေနဲ့ပဲ
တိရစ္ဆာန် ရုံတို့ Happy World တို့ သွားခွင့်ရပီ
ဒါပေမယ့်............... မသွားချင်တော့ဘူး

အသက် 20 မှာ ကလပ်တက်လို့ရပီ
ဒါပေမယ့် ................. ဆယ်တန်းတုန်းက ခိုးသွားရသလောက် ရင်မခုန်တော့ဘူး

အသက် 23 နှစ်မှာ ငယ်ငယ်က ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ကိုယ့်ဟာကို ဝယ်နိုင်ပြီ
ဒါပေမယ့် ................. မဝယ်ချင်တော့ဘူး

ပြောချင်တာက......
ပျော်ရွှင်ခြင်းဆိုတာ......
ကိတ်မုန့်လိုပဲ Expire Date ရှိတယ်
အချိန်မီမစားသုံးရင်
နောက်ပိုင်းမှာအရသာမရှိဘူး........

လက်ရှိအချိန်မှာလုပ်နိုင်သလောက်လုပ်ပြီး
ပျော်နိုင်သလောက် ကိုယ့်ကိုကို ပျော်အောင်ထားပါ
အရမ်းမတွေးပါနဲ့
စိတ်ဆင်းရဲမခံပါနဲ့
ဘဝကတိုတိုလေး ပါ .......

 #သီရိမာ ============="ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ်""ဟုတ်ပါတယ် သခင်မ … သခင်မကို အမ...
09/12/2020

#သီရိမာ
=============

"ဘယ်လို … ဘယ်လို …. ပြန်ပြောစမ်းပါဦး သခင်မ နားကြားများလွဲလေသလားကွယ်"

"ဟုတ်ပါတယ် သခင်မ … သခင်မကို အမျိုးသမီးတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"
?
"မဖြစ်နိုင်တာကွယ် … သခင်မဘ၀မှာ အမျိုးသမီးကတွေ့ခွင့်တောင်းတယ်ဆိုတာ မဖြစ်နိင်တာပဲ … သူက ဘယ်သူလဲ … ဘာကိစ္စတဲ့တုန်း …
တစ်လကြိုတင် ချိတ်ဆက်ထားခြင်း မရှိရင်သခင်မ ဘယ်သူ့မှ မတွေ့တာ သူမသိ ဘူးလား"။

"သိပ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ပါသခင်မ … ကိုယ်ရေးကိုယ်တာကိစ္စကြောင့် သခင်မကိုပဲတွေ့ပါရစေ … သခင်မနဲ့ နှစ်ကိုယ်ကြားပြောပါရစေ" တဲ့။

"ဘုရားဘုရား … ဟုတ်ရဲ့လားကွယ် … ကဲကဲ … ထားပါတော့ သူ့ကိုဖျော်ရည်နဲ့ ဧည့်ခံ ထားလိုက်ပါကွယ် … သခင်မလာခဲ့မယ် ခဏစောင့်ဖို့ ပြောထားလိုက်နော်"

" အင်း …. ကျမလိုပြည့်တန်ဆာတစ်ယောက်ကို …. အမျိုးသမီးတစ်ယောက်က … တွေ့ခွင့် တောင်းတယ် ဆိုပါလား ထူးဆန်လိုက်တာ…"

ကိုယ်ကို မှန်ရှေ့မှာ တစ်ချက် လှည့်ပတ်ကြည့်လိုက်တယ် …. ပြီးတော့ အပေါ်ရုံလေးကို အသာအယာ ခြုံပြီး …. ဧည့်ခန်းမဆီကိုထွက်လာခဲ့တယ်။

"အိုး … မျက်နှာလေးက ကျက်သရေရှိသလို အေးချမ်းလှပါလား"

ဧည့်ခန်း စန္ဒကူးညောင်စောင်းမှာ ထိုင်နေတဲ့ ကျမလောက်မလှပေမယ့် အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိနေတဲ့ ကျမနဲ့သက်တူရွယ်တူလောက်ရှိမယ့် မိန်းကလေးတစ်ယောက် … ကျမဧည့်ခန်း အပြင်အဆင်ခမ်းနားပုံကို … စိတ်ဝင်တစားကြည့်ရင်း ကျမကို စောင့်နေတာ တွေ့လိုက်ရတယ်။

"ကျမ သီရိမာ ပါ"

သူကျမကို မော့ကြည့်ပြီး … ပါးစပ်အဟောင်းသားနဲ့ခဏငေးမောသွားတယ် … ပြီးမှ သတိ ၀င်လာပြီး ….

"ဒီလောက် လှပကျော့ရှင်းပြီး ကျက်သရေရှိလှတာ …. သီရိမာပဲဖြစ်မှာပေါ့ … နိုင်ငံတော်ရဲ့ အချောဆုံး အလှဆုံး ကျက်သရေအရှိဆုံးဘွဲ့ကို ခံယူထားတာပဲ … ကျမတောင် ငေးမိသွားရတယ် …. ကျမက ဥတ္တရာပါ …. သုမန သူဋ္ဌေကြီးရဲ့ ချွေးမပါရှင်"

"သြော် … နန္ဒသူဋ္ဌေးလေးရဲ့ ကြင်ယာကိုး …. နာမည်ကို ကြားဖူးတာကြာပါပကော ရှင် … သိပ်တော်ပြီး ခင်ပွန်းကိုသိပ်ဂရုစိုက်တဲ့ …. မိန်းမမြတ်လေးတဲ့ … ကျမယုံသွားပြီ"

"ဒီမယ် … ကျမပြောပြပါဦးမယ် …. ဒီနိုင်ငံရဲ့မင်းမျိုးမင်းနွယ် သူဋ္ဌေးသူကြွယ်တွေထဲမှာ … ကျမဆီကို ရောက်မလာတဲ့ တစ်ဦးတည်းသောသူကိုပြပါဆိုရင်လေ …. ရှင့်ရဲ့နူးညံ့သိမ်မွေ့တဲ့ … ပြုစုမှု့အောက်က ရှင့်ခင်ပွန်းပဲရှင် သိရဲ့လား"။

"အင်း …. သူ သီရိမာနဲ့ မတွေ့ဖူးတာကြောင့် သီရိမာဆီမလာတာကြောင့် ကျမမှာ … အခက်တွေတွေ့ပြီး နောက်ဆုံး … ကျမကပဲ သီရိမာ ဆီလာပြီး သီရိမာကလာပေးဖို့ အကူအညီတောင်းရတော့တာပေါ့ရှင်"။

"ဟင် … ဘယ်လို … ကျမဒီနေ့ဘာဖြစ်တယ်မသိဘူးရှင် … ထူးဆန်းတာတွေနဲ့ပဲ ကြုံတွေ့ နေရတယ် … တခုခုမှားနေသလားပဲ … ကျမအထင် … အမက ကျမကို ရှင့်ခင်ပွန်းနဲ့ တွေ့စေချင်သလားပဲ …. ဟုတ်လား
ကျမသိတာက ဂုဏ်သရေရှိအမျိုးသမီးတွေက … သူတို့ ခင်ပွန်းတွေကို … ကျမဆီခြေဦးလှည့်မှာသိပ်ကြောက်ကြတယ်လေ"။

"ပြောရမှာတော့အားနာပါတယ် သီရိမာ …. ကျမဖခင် သုမနသူဋ္ဌေးနဲ့ ကျမခင်ပွန်းဟာ … ဗုဒ္ဓရဲ့တရားတော်ကို … သက်ဝင်ယုံကြည်မှုမရှိကြသေးဖူးလေ … ဗုဒ္ဓရဲ့ အဆုံးအမကို လက်မခံသေးဘူး … ကျမကတော့ ကျမ မိဘတွေလို ဒါန သီလ ဘာဝနာကို အားကိုးပြုပြီးနေတယ် … ဒါပေမယ့် ရှင်သိလား သီရိမာ … ကျမလေ သူနဲ့အကြောင်းပါပြီးကတည်းကစလို့ … ကျမ ကိုလေ ဥပုသ်လေးတောင်စောင့်ခွင့်မပေးပဲ …နေ့စဉ်သူ့ကိုပဲ ပြုစုစေတယ်"

"ခစ်ခစ် … အမခင်ပွန်းက အမကို သိပ်ချစ်တာပေါ့"

"ဒါချစ်တာလို့ခေါ်လား သီရိမာ …. ပျိုမျစ်မှု့တွေကုန်သွားချိန်ရော …. အဆင်းလှတုန်း … အရွယ်နုပျိုတုန်း ကျန်းမာသန်စွမ်းတုန်းတော့ … ချစ်တာပေါ့"

"အို … အမ ဥတ္တရာ … ကျမအမေလဲဒီလိုပဲ သိလား … ဘုရင်မင်းမြတ်ကအစ တစ်နိုင်ငံလုံး အနမ်းခံရတဲ့ ပန်းကလေး … ဟော ... သူလဲအိုမင်းရော … ဘယ်သူမှ အရေးမလုပ်တော့ဘူး ….

ခုလဲကြည့်လေ .. ကျမမပါရင် … ဘုရင်မင်းကြီး ဘာပွဲမှလုပ်လို့မရဘူး …. ဘယ်သံတမန် ဧည့်သည်မှ တွေ့လိုမရဘူး … ကျမအားတဲ့ရက်ကို သူညှိပြီးစီစဉ်ရတာ …. ပြောပြစမ်းပါ အမဥတ္တရာ … ကျမရဲ့ ပျိုမျစ်ခြင်းကဘယ်လောက်ထိခံမလဲ … နောက် ငါးနှစ်လား … နောက်ဆယ်နှစ်လား"

သူမက ကျမတို ညီမငယ်လေး တစ်ယောက် လို မြတ်နိုးစွာ ပြုံးကြည့်နေတယ် ….

"ကျမဘယ်လိုကူညီရမလဲ … ပြောလေ"

"ဆယ့်ငါးရက်တိတိ ကျမအိမ်မှာလာနေပြီး ကျမခင်ပွန်းကို … ခင်ပွန်းတစ်ယောက်လို ပြုစုပေးပါညီမရယ် … ဗုဒ္ဓနဲ့ သံဃာတော်တွေကို … ကျမ ဆွမ်းဖိတ်လုပ်ကျွေးချင်တယ် … သီလဆောက်တည်ချင်တယ် … ဆယ့်ငါးရက်ထဲပါ …. ကျသင့်ငွေကို ခုထဲကပေးခဲ့ပါ့မယ် ညီမရယ်"

"ဆယ့်ငါးရက်တောင် … များလှပါလား … ပြီးတော့ အမခင်ပွန်းက ကျမပြုစုလုပ်ကျွေးတာ နှစ်သက်မယ်လို့ အမထင်လားဟင်"

"ငါ့ညီမလောက်လှတာ … ရာဇဂြိုဟ်မှာ ရှိလို့လား ညီမလေးရယ် …. ပျိုမျစ်မှုနဲ့ … အလှအပကို ကိုးကွယ်တဲ့ ယောက်ျားတစ်ယောက်က … လောကမှာ အလှဆုံးလို့ ပြောလို့ရတဲ့ ညီမကို မနှစ်သက်ဘူးဆိုရင် .. ကျိန်းသေပြီ … သူဟာယောဂီပဲ … အမခင်ပွန်းအကြောင်း အမသိပါတယ်ညီမငယ် … သူမင်းနဲ့တွေ့တာနောက်ကျတယ်တောင်ထင်မှာ"။

"တစ်ကယ်ဆို ကျမ ဒါမျိုး ရက်ရှည် ပြုစုရတာလက်မခံချင်ဘူး … အားလုံးကို နေ့ပိုင်း နာရီပိုင်း လောက်ပဲပြုစုရတာ .. ဒါပေမယ့် …ခင်ပွန်းအတွက် … ဇနီးကိုယ်တိုင် လာတယ် ဆိုတော့ ကျမလက်ခံလိုက်ပါ့မယ် … ပြီးတော့ဗုဒ္ဓအတွက် ဆိုတဲ့စကားကိုကြားရတော့ ကျမတို့အနွယ် ရဟန္တာမကြီး အမ္ဗပါလီကို မြင်မိလို့ပါ"။

"၀မ်းသာလိုက်တာ ညီမငယ် … သာဓု သာဓု သာဓုပါ … ဒါဆို အမ မနက်ဖြန် ရထား လွှတ်လိုက်ပါ့မယ်"။

"အို … ကိစ္စမရှိပါဘူးအမ … ကျမရထားနဲ့ပဲလာခဲ့ပါ့မယ်"။

အခန်း ( ၂ )
=======
ကျမရဲ့ မြင်းဖြူ လေးကောင်ကတဲ့ ရထားလုံး နန္ဒသူဌေးလေးရဲ့ အိမ်ရှေ့ရောက်တယ်ဆိုရင်ပဲ … ကျမနဲ့ အတူပါလာတဲ့အလုပ်သမားတွေက .. ကျမကို တံခါးဖွင့်ပေးချိန်မှာ … ဥတ္တရာက အိမ်ထဲက ပြုံးရွှင်စွာပြေးထွက်လာပြီး …. ရထားပေါ်ကဆင်းမယ့်ကျမကို သူ့လက်နှစ်ဖက်နဲ့ ဆီးကြို ဖေးမပါတယ် … အသင့်စောင့်နေတဲ့သူ့အခြွေရံတွေက … ကျမ သေတ္တာတွေကို သယ်သွားကြပါတယ် ….

သူကျမလက်ကို ဆွဲပြီး ခမ်းနားလှတဲ့ ဂေဟာကြီးအပေါ်တက်လာခဲ့တယ် …. လှေခါးထိပ် နှစ်ဖက်မှာ မိန်းမပျိုနှစ်ယောက်စီက ကျမတို့ကိုအရိုအသေပေးကြတယ် …

"ညည်းတို့အရှင် … အခန်းတွင်းမှာလား"

"ဟုတ်ကဲ့ပါသခင်မ … ဧည့်သည်အတွက် သခင့်အခန်းနဲ့ ကပ်လျက်အခန်းမှာ ပြင်ထားပါတယ်"။

"အေး အေး မင်းတို့လွတ်လပ်စွာနေကြတော့"

သူ ကျမကိုလက်ဆွဲခေါ်လာပြီး … ကျမအတွက်ပြင်ထားတဲ့အခန်း လို့ထင်ရတဲ့အခန်းရှေ့မှာ .. ရပ်ပြီး …

"ခဏတစ်ဖြုတ်နားဦးနော်ညီမလေး …. ခဏနေ သူဋ္ဌေးမင်းနဲ့တွေ့ဖို့ အမလာခေါ်မယ်"။

သလွန်ပေါ်မှာထိုင်ရင်း ..ကျမဘ၀အကြောင်းစဉ်းစားမိတယ် ….

ကျမရဲ့မိခင်အမည်က သလ္လာဝတီ …. ဗိမ္မိသာရမင်းကြီးရဲ့ အမတ်ချုပ်ကြီးရဲ့ သမီး … ဝေသာလီ ဂဏ နိုင်ငံတွေရဲ့ဥပဒေအရ … နိုင်ငံတစ်နိုင်ငံက … မြင့်မြတ်တဲ့မျိုးနွယ်မိန်းကလေးတစ်ယောက် သိပ်ချောသိပ်လှလို့ ( ၇ ) ပြည်ထောင်မင်းတွေ လာတောင်းရမ်းယူရပြီဆိုရင် …. ဒီမိန်းကလေးကို … နိုင်ငံတော်ရဲ့သမီး … မြင့်မြတ်သူအားလုံးပိုင်သူ … ဆိုတဲ့ဘွဲ့ပေးရတယ် …

ဘုရင်ကိုယ်တိုင် …စံနန်းဥယျာဉ် ဆောက်ပေးရတယ် … မင်းစိုးရာဇာ နဲ့ ဘုရင်ဘွဲ့ပေးထားတဲ့ သူဋ္ဌေးတွေကို … ပြုစုရတယ် …. မင်းခမ်း မင်းနားတွေကို ဦးစီးရတယ် …

တစ်ပြည်ထောင်မင်းတွေကို ဧည့်ခံရတယ် …. စစ်မက်အရေး အရိပ်အမြွက်ရှိရင် …မာယာနဲ့ ညှိနှိုင်းရတယ် … သတင်းနှိုက်ရတယ် ...

ဒီလိုဘွဲ့ပေးလိုက်တဲ့အချိန်မှာ … ကျမမိခင်ရဲ့ချစ်သူ အဘယ မင်းသားက ကျမအမေကို နှစ်ချီပြီး ငှားခဲ့တယ် ( ဥပဒေကိုမှ မလွန်ဆန်နိုင်ပဲကိုး )

ကျမရဲ့မိခင်ဟာ … အဘယမင်းသားနဲ့ အကြောင်းပြုစုံမက်ပြီး … သားလေးတစ်ယောက် ဖွားမြင်ခဲ့တယ် …. သားယောက်ျားလေး ဂုဏ်မငယ်ရအောင် … အဘယဘုရင်ကိုယ်တိုင် နန်းတွင်းခေါ်ယူ သူ့ရင်သွေးလေးကို ဇီဝက လို့မှည့်ပြီး … နန်းတွင်းမှာထားခဲ့တယ် …

ကျမကိုမွေးဖွားခဲ့တဲ့အခါမှာတော့ … မအေတူတဲ့အပြင် ..မအေထက်တောင်နူးညံ့လှပလို့ ….ကျမကို မိခင်ရဲ့အရိုက်အရာကို ဆက်ခံစေခဲ့တယ် … ။

ကျမမိခင်ကြီးကွယ်လွန်တဲ့အခါ … ကျမကိုသိပ်ချစ်တဲ့ ကျမရဲ့ အကိုကြီး ဟာ … သမားတော်ကြီးဇီဝကဆိုပြီး ထင်ရှားခဲ့သလို … ကျမဟာလဲ …. ရာဇဂြိုဟ်ရဲ့ ရုပ်၊ အဆင်း အင်္ဂါ ကြန်အင်လက္ခဏာ … ပညာ … အဖြာဖြာနဲ့ပြည့်စုံတဲ့ …. မင်းအသိအမှတ်ပြု … တိုင်းပြည်ရဲ့ အဓိကကျတဲ့ ၀န်ထမ်းတစ်ဦးဖြစ်လာတာပေါ့ …. ဒီလိုနိုင်ငံ့ သမီးပျိုတွေ ဟာ…. မဟာဆီမဟာသွေးပဲဖြစ်ရတယ် လေ ….

ကျမတတ်အပ်တဲ့တာဝန် …ဟုတ်လား …အဲ့ဒါတွေက ….
၁။အကမျိုးစုံ ကပြ သင်ပြတတ်ရတယ်
၂။ တူရိယာပစ္စည်းမျိုးစုံ…တီးတတ်မှုတ်တတ်ရတယ် …
၃။ အခါရာသီအလိုက် သင့်တော်တဲ့ဝတ်စားဆင်ယင်မှု ကိုယ်တိုင်ရော… မင်းအခမ်းနားအတွက်ရော…ဘုရင်ကိုပါ…ဆင်မြန်းနိုင်ရတယ်
၎။ ရုပ်နဲ့လိုက်တဲ့ ခြယ်သပြင်ဆင်မှု
၅။ အိပ်ယာ၊ ကုတင် … ပန်းအလှပြင် .. စံအိမ်တော် ရှုမ၀ကျက်သရေနဲ့ ပြည့်စုံအောင် ပြင်ဆင်မှု
၆။ လူအမျိုးမျိုး… နှစ်သက်ပျော်ရွှင်အောင်ပြုစုမှု
၇။ သေရည်သေရက် အမျိုးမျိုး ရောစပ်ရာမှာလိမ်မာမှု
၈။ ကာမမွေ့လျော်ပုံအမျိုးမျိုးအတတ်
၉။ လေး၊ မြှား၊ ကျည်..ဒါဏ်ရာခွဲစိတ်ကုသပေးရတဲ့အတတ်
၁၀။ အချက်အပြုတ်ကျွမ်းကျင်လိမ်မာမှု
၁၁။ ပန်းချီ
၁၂။ အ၀တ်အစားတို့ကို ကိုယ်တိုင်စံပြချုပ်လုပ်တတ်မှု
၁၃။ ကလေးသူငယ်တို့အား စောင့်ရှောက်မှုအတတ်
၁၄။ ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ပြီး …တိုင်းတစ်ပါးမှ ဘုရင်၊ မင်းသား စသည် သံတမန်များကိုပြုစုစဉ် …နိုင်ငံအတွက် သတင်းအချက်အလက်များကို … နှိုက်ယူစုံစမ်းခြင်းအတတ် ….
၁၅။ ကွမ်းယာခြင်းအတတ်
၁၆။ အိမ်တွင်းပရိဘောဂနှစ်သက်ဖွယ်ထားသိုခြင်း …
၁၇။ လင်ယောက်ျားနှစ်သက်ကျေနပ်အောင်ပြုစုခြင်းအတတ် နှင့် ပြန်လည်သင်ပြခြင်းအတတ်
၁၈။ နို့ ထောပတ် .. မလိုင် …ဒိန်ခဲ စသည်တို့ကိုကိုယ်တိုင်စီရင်ခြင်းအတတ်…။

ဒါ့အပြင်

မင်းမှုထမ်းတို့ကိုလဲနိုင်ငံတော်တွက် ကြိုးစားချင်စိတ်ရှိအောင်သီချင်းစပ်ဆိုဖျော်ဖြေကပြခြင်း … ရဲစိတ် ရဲမာန်ပြည့်ဝအောင် သီချင်းများစပ်ဖျော်ဖြေပေးခြင်း …ဒါတွေ တတ်ရတာပေါ့ …။
( ပြည်သူတွေက ဘုရင်ကို တွေ့ရခဲသလို ကျမကိုလဲ တွေ့ခဲပါတယ် …. တစ်နှစ်တစ်ကြိမ် နိုင်ငံသူနိုင်ငံသားတွေ မင်းမှုထမ်း ရဲမက်တွေကို သီချင်းသီကုံး ဖျော်ဖြေရတယ် ပြည်သူ တွေကလဲကျမကို သိတ်မြတ်နိုးတယ် )

ဒါကြောင့် နိုင်ငံတော်ကချေသည်ဆိုတာ …. နိုင်ငံဂုဏ်ဆောင် ပညာရှိ … မင်းမျိုးနွယ် ဆိုပါတော့

ကျမအမေနဲ့ ခေတ်ပြိုင် အမ္ဗပါလီဆိုတဲ့ ဝေသာလီက ကချေသည် ဆိုရင်လေ … မူးကြီး မတ်ကြီးတွေထက်တောင် ပညာသာလွန်တဲ့အပြင် … ဟော .. အခုဆိုရင် လေ ... ဗုဒ္ဓရဲ့ သမီးတော်၊ ဘုရင်တောင်ဦးခိုက်ရတဲ့ ရဟန္တာထေရီမကြီး ဖြစ်နေပြီပေါ့ …

အင်း ..ကျမလဲတစ်နေ့နေ့မှာဗုဒ္ဓကို …ယုံကြည်သူဖြစ်မလားမသိဘူး …ဒါပေမယ့် … ကျမ ကတော့ လက်ရှိကျမရဲ့ပျိုမြစ်နုနယ်မှုကို …. သိပ်သဘောကျတယ် …. ကျမ ခြေထောက်လေးတစ်ချက်ခတ်လိုက်တာနဲ့ …. ဘုရင်ကအစ ..မင်းဆွေစိုးမျိုး သူဌေးတွေရဲ့ငွေအားလုံး ကျမခြေထောက်အောက်ရောက်လာတာလေ ….

"ဒေါက် ဒေါက် … ညီမရေ ..သူဌေးမင်းနဲ့တွေ့ရအောင်…"

သူ့နောက်ကနေ … ခပ်ယို့ယို့လိုက်သွားလိုက်တယ် …. ကျမရဲ့ကပ်လျက်အခန်းထဲမှာ .. သူဋ္ဌေလေးကို .. သလွန်ညောင်စောင်းပေါ် ထိုင်နေတာတွေ့ရတယ် …

သူ … သေရည်ကို ရွှေခွက်နဲ့သောက်နေတုန်းအချိန် … ခန့်ညားမွန်ရည်တယ် … အပူအပင် အကြောင့်အကျ … စိတ်သောကကို … သူ့စိတ်ထဲအရောက်မခံပုံပဲ …

ဥပတိရုပ်ကောင်းသလို … ဥတ္တရာပြောသလိုပဲ … ကာမသုခလ္လိကာနုယောဂ … ကျင့်သုံးအားသန်ပုံပဲဆိုတာ အကဲခတ်လို့ရတယ် … ဘယ်လိုပဲဆိုဆို … သဘောထားဖြောင့်စင်းပြီး နှစ်လိုဖွယ်အဆင်း ရှိသူလို့ သတ်မှတ်ရမှာပါ…။

"သီရိမာ …. ရောက်လာပါပြီ … အရှင့်သား"

သူ ကျမကို လှမ်းကြည့်လိုက်တယ် …ကျမလဲသူ့ကို စိုက်ကြည့်လိုက်တဲ့အချိန်မှာ … ကျိန်းသေပြီ … သူ့အကြည့်ကို ကျမရဲ့ရူပါရုံက သံလိုက်လိုဆွဲဆောင်သွားပြီ… မခွာတော့ဘူး … သူ ဥတ္တရာရှိနေတာ မသိတော့ဘူး …

"ကဲ … သီရိမာ … ကိုယ့်အိမ် … ကိုယ့်ခင်ပွန်းလိုသဘောထား … ပျော်ပျော်နေနော် … အိမ်စေအမှုလုပ်များကလဲ ရှင့်ကို .. ကျမနဲ့မခြား … ခစား၊ ရိုသေကြပါလိမ့်မယ်"။

ကိုယ့်ခင်ပွန်းလိုသဘောထား … ဒီစကားက ကျမကို ပီတိဖြစ်စေတယ် …

ကျမ ဥတ္တရာကို ခေါင်းညိမ့်ပြလိုက်တယ် … နန္ဒကတော့ ကျမကိုခြေဆုံးခေါင်းဆုံးကြည့်နေရာက မခွာနိုင်သေးဘူး …။

ဥတ္တရာထွက်သွားပါတယ် … သူကျမကိုကြည့်နေတုန်း …. ကျမသူ့နားတိုးသွားလိုက် တယ် …

"ဘာစကားမှမပြောတော့ဘူးလား … သီရိမာကိုအလိုမရှိဘူးလားဟင်"

"အို…အို .. ဒီ..ဒီလို မဟုတ်ပါဘူး … ဗြုန်းကနဲဆိုတော့လေ … အံ့သြသွားလို့ပါ"။

"ဘာလို့ …"

"နတ်သမီးတစ်ပါး ကျုပ်ရှေ့ရောက်လာတယ်လို့ … အိမ်မက်များမက်နေသလားလို့ပါ … လှလိုက်တဲ့ သီရိမာ၇ယ် … လှလိုက်တာ … ဒီနေ့ဒီရက်ထိ … သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ"။

ကျမလဲ သူ့ကိုမြင်မြင်ချင်း စိတ်ဝင်စားမိတယ် … ဒီရက်တွေ သူ ကျမကို သူ့မျက်စိအောက်က အပျောက်မခံဘူး … နောက်ဆုံး အစားအသောက်ကိုတောင် သီရိမာ ..ပြင်ဆင်ပေးမှ … အ၀တ်အစားကအစ သီရိမာ ဆင်မှ … ကျမတို့ကမ္ဘာမှာ .. ဥတ္တရာ မရှိတော့ဘူး … ကျေးကျွန်တွေကလဲ ကျမကို … အိမ်ကြီးသခင် … သူဌေးကတော်ကြီးလို ..ရိုကျိုးခစားကြတယ် … ကျမထင်တယ် .. သူကျမကိုလက်လွှတ်မခံတော့ဘူး … ကျမလဲ အိမ်ထောင်ရှင်မိန်းမတစ်ယောက်လိုပဲ နေချင်လာတော့တယ် ….

ကျမတို့ … အချိန်တွေကိုမေ့နေကြတယ် …. သူက သူနဲ့ ကျမ စတွေ့တဲ့နေ့ကို သူနဲ့ကျမရဲ့မင်္ဂလာအထိမ်းအမှတ်နေ့လို့ သတ်မှတ်တယ် … သိပ်ပျော်နေခဲ့ကြတာ ..။

ဒီလိုနဲ့နန္ဒသူဋ္ဌေးရင်ခွင်မှာ ကျမနေနေခဲ့တာ နှစ်ပတ်ပြည့်ခဲ့ပြီ ….

အင်း သမဏေ ဏ … သမဏော … ဂေါဏေ ဏ... ဂေါဏော တဲ့ …

ကိလေသာတပ်မက်သူနှင့် … တရားကျင့်သူ …
နေ့စဉ် ဗုဒ္ဓဝေယျာဝစ္စနှင့် သီလမြဲသူ ဥတ္တရာနှင့် …. ကာမ ကို အလွန်အကြူးတပ်မက်သူ … နန္ဒ … စည်းဝါးမကိုက်နိုင်ပါဘူး ….

ကျမနဲ့နန္ဒကတော့ သံလိုက်နှင့်သံကဲ့သို့ …. သိပ်လိုက်ဖက်တယ် …. ပြီးတော့ ကျမတို့နှစ်ယောက် မခွဲနိုင်တော့ဘူး … ကျမစိတ်ကို ကျမသိနေပြီ … ကျမ သူ့ကိုမခွဲနိုင်ဘူး ….
မနက်ဖြန် ဆယ့်ငါးရက်ပြည့်မြောက်ပြီ …. လင်သားကင်းမဲ့သောအိမ်သို့ပြန်ရတော့မည် … ငါဒီအိမ်ကိုသိပ်စက်ဆုပ်တယ် ….

အကယ်၍ ဥတ္တရာသေပြီး … ငါသာ နန္ဒဇနီးဖြစ်ခဲ့သော် … ကျမဆက်၍မတွေးချင်တော့ … ကျမစိတ်ထဲမှာပြင်းပြနေတာ … ကျမသာနန္ဒရဲ့ဇနီးမယား … ဒီအိမ်ကြီးရဲ့သခင်မ …

နန္ဒသလွန်တက်ကထပြီး … ပြူတင်းပေါက်မှာ သွားရပ်နေတာ တွေ့ရတယ် … ကျမက နန္ဒ မှီဝဲတဲ့ ရသာယနဆေးအတွက် ထောပတ် ပိသာလောက်ကို ..ကြေးအိုးနဲ့ကျိုနေတယ် … ထောပတ်တွေပွက်ပွက်ဆူနေပြီ …

ကျမ နန္ဒကို တစ်ချက်လှမ်းကြည့်လိုက်တယ် … သူပြတင်းပေါက်ကနေ … အောက်ကိုငုံ့ကြည့်ပြီး …. ခေါင်းတညိမ့်ညိမ့်နဲ့ပြုံးပြီး အခန်းထဲပြန်လှည့်ဝင်လာတယ် …

ဟင် …သူဘာကြည့်တာလဲ … ဘာလို့ပြုံးတာလဲ … ကျမအပြေးအလွှား ပြတင်းနားကို သွားကြည့်လိုက်တယ် …

ချွေးသံတရွှဲရွှဲနဲ့ ဗုဒ္ဓနှင့်သံဃာတွေအတွက် ဆွမ်းချက်နေတဲ့ … ဥတ္တရာပါလား

တောက် … ဒီမိန်းမ …

ဟားးးး …. တရားကိုပဲနှစ်သက်တဲ့မိန်းမမှာ ဘာလို့ အဖိုးတန်လင်ယောက်ျားရှိရတာလဲ … ငါ့လို .. ပညာတတ် အရာရာပြည့်စုံပြီး လင်သားကို မကုန်ခမ်းနိုင်တဲ့ … သာယာမှုပေးတတ်သူမှာကျတော့ ဘာလို့လင်သားမရှိရတာလဲ …

ကျမ သူမကို စူးစူးရဲရဲ ကြည့်နေချိန်မှာ … သူမကလဲ အမှတ်တမဲ့ … မော့အကြည့် … ကျမကိုလဲတွေ့ရော … လှမ်းပြီး ပြုံးပြတယ် ….

ကြည်လင်သန့်ရှင်းတဲ့အပြုံး … ကျမဒေါသကိုဆွစေတဲ့အပြုံး … ငါ့လောက်မချောတဲ့မိန်းမမှာ … ဘာလို့ဒီလိုစွဲမက်ဖွယ်ဖြူစင်အပြစ်ကင်းတဲ့အပြုံး ရှိနေရတာလဲ ….

သင်းက .. ငါ့ကို ခုထိ အနိုင်ယူနေတုန်းပါလားးး …

ကျမဘာမှစဉ်းစားမနေတော့ဘူး … မီးဖိုပေါ်က ကျိုက်ကျိုက်ဆူနေတဲ့ ထောပတ်ဆီပူအိုးကို … သတိထား မ လာပြီး … ဥတ္တရာခေါင်းပေါ် လောင်းချလိုက်ပါတော့တယ် …

" အမလေး … ဘယ့်နှယ် လုပ်လိုက်တာတုန်း …"

"သခင်မကို ကယ်ကြပါဦး ….."

ဝိုင်းအော်ကြသောအသံနှင့်အတူ … ယောက်ျားမိန်းမများ တဝုန်းဝုန်း အပေါ်ထပ်သို့ပြေး တက်လာကြပြီး … ကျမကို ဆွဲထုတ်ရိုက်နှက်ကြပါတော့တယ် …

သူ့အခန်း ခဏပြန်သွားတဲ့နန္ဒလဲ ပြေးထွက်လာပြီး …

"ဟဲ့ ဟဲ့ သီရိမာကို မင်းတို့ဘယ်လိုပြုနေကြတာတုန်း … ဆိုပြီးတားတယ် …"

"မဟုတ်ဘူး အရှင့်သား … သူသခင်မကို ..ထောပတ် ဆီပူရေတွေနဲ့လောင်းချတယ် အရှင့်သား …."

"ဟင် … ဥတ္တရာ … ငါ့ရဲ့ဥတ္တရာ … သေရှာပြီလား …"

နန္ဒ အပူတပြင်း ပြေးဆင်းသွားတယ် …. ကျမသိသွားပြီ … ကျမရဲ့ဘ၀အမှန် …
ငါကားအခစားး …. ရိုင်းရိုင်းပြောရရင် ကြေးစား …. ဥတ္တရာက နန္ဒရဲ့ ကြင်သူသက်ထား … ဇနီးမယား ….

ထာဝရမယားဖြစ်လို၍ ပြုမှားမိသည့်တိုင်အောင် နန္ဒ၏ မေတ္တာစစ်ကား … ငါ့အပေါ်မှာ မဟုတ် … ဥတ္တရာ အပေါ်မှာသာ ရှိတာငါသိရပြီ …

ဝိုင်းဝန်းရိုက်နှက်နေတာကို နာမှန်းမသိတော့ဘူး … ရှက်ခြင်း .. ပူလောင်ခြင်း … ၀မ်းနည်းခြင်း … ယူကျုံးမရဖြစ်ခြင်း ရောထွေးနေခဲ့တယ် … ဒီအချိန်မှာပဲ …

"ဟဲ့ … ဟဲ့ … ငါ့ကျေးဇူးရှင် ခင်ပွန်းမကို အန္တရာယ် မပြုကြနဲ့ ရပ်ကြတော့ တော်တော့ " ဆိုပြီး ကျမကိုယ်ပေါ်မှာလှဲချအုပ်မိုးပြီး … ၀င်ကာတဲ့ ဥတ္တရာကိုတွေ့လိုက်ရလျှင်ပဲ … ကျမလန့်လွန်းလို့ ကြက်သေသေသွားခဲ့တယ် ….

ထောပတ်ရေတွေ တစ်ကိုယ်လုံးရွှဲရွှဲစိုနေပါလျက် … ထိုအပူဟာ သူ့မေတ္တာဓါတ်ကို မကျော်လွှားနိုင်ကြောင်း … မျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရတယ် ….

"သူမတော်တဆပြုမိတာဖြစ်မှာပါကွယ် …"

"မဟုတ်ဘူးအရှင်မ .. သူ ကျကျနနလောင်းလိုက်တာ … ကျမသေသေချာတွေ့လိုက်တယ်"။

"ကဲ ..တော်ပါပြီ …ထားလိုက်ပါတော့ … ငါ့မှာမှအန္တရာယ်မဖြစ်ပဲကွယ် … စိတ်မဆိုးကြပါနဲ့ … သူဟာ သခင်မတို့ကျေးဇူးရှင်လေ … သူသာ အရှင့်သားကို လာမပြုစုမစောင့်ရှောက်ရင် .. သခင်မတို့လဲ … ဝိတက် .. ဝိစာရ ရှင်းရှင်းနဲ့ ဗုဒ္ဓကို ဆွမ်းလုပ်ကျွေးနိုင်မှာမဟုတ်ဘူးလေ … ကြည့်စမ်းပါဦး … သူ့ခမျာဒါဏ်ရာတွေတောင်ရနေရှာပြီ … မင်းတို့အားလုံး သူ့ကို တောင်းပန်လိုက်ကြ…"

သူကိုယ်တိုင် ပျာပျာသလဲ ဆေးလိမ်းပေးရှာတယ် …. နန္ဒကတော့ ကျမကို စူးစူးဝါးဝါး တစ်ချက်ကြည့်ပြီး အပါးက လှည့်ထွက်သွားတယ် ….

"ကျမ မှားပါပြီအမရယ် … အမက တစ်ကယ့်သူတော်ကောင်းပါ …"

"မငိုပါနဲ့ ညီမရယ် … မငိုပါနဲ့ … ပုထုဇဉ်ဆိုတာ … ရာဂပွားသလောက် မှားကြတာပဲလေ"

"ကျမကိုခွင့်လွှတ်တာ … အမကို သိပ်အံ့သြမိတယ် …. ကျမကို မမုန်းဘူးလားဟင်"။

"ညီမလေးကိုမုန်းလိုက်ရင် …. ထောပတ်ပူတွေဟာ တစ်ကိုယ်လုံးကို … လောင်မြိုက်တော့မှာပေါ့ … ကြည့်ပါလား … အမ ဘာမှ မှ မဖြစ်တာ …။
ဒါဟာ အမက ညီမကိုမမုန်းဘူးဆိုတဲ့ အထင်ရှားဆုံးသက်သေပါပဲ ညီမလေးရယ်"။

ကျမသူ့ကိုဖက်ပြီး အားရပါးရငိုလိုက်တယ်။

အခန်း ( ၃ )
=======
အဲ့ဒီနေ့ကပဲ … ဥတ္တရာရဲ့ အကူအညီနဲ့ … ကျမအိမ်ကိုပြန်ခဲ့တယ် … ဗုဒ္ဓနဲ့ရဟန်း ၅၀၀ အတွက် ဆွမ်း၊ ဆွမ်းဟင်းတို့ကို … တစ်ညလုံးကိုယ်တိုင်ချက်ပြုတ်ခဲ့တယ် ….

နောက်တစ်နေ့မှာ … ကျမပိုင်တဲ့ မြင်းဖြူလေးကောင် က တဲ့ ရထားလုံးပေါ်မှာ ဆွမ်းဟင်းအပြည့်နဲ့ … ဥတ္တရာအိမ်ကို ဒုတိယအကြိမ် … ရောက်လာခဲ့တယ် ….

ပထမတစ်ကြိမ်က … လျှပ်ပေါ်လော်လီသောစိတ်ဖြင့် …ကိုယ်တွင် လှသထက်လှအောင် … မာနဆောင်လာပြီး …

တခုတစ်ကြိမ်လာရာမှာတော့ …ကျိုးနွံအောက်ကျို့သော စိတ် … တစ်ညလုံးပင်ပန်းထားသော်လည်း …. ၀င့်ဝါမှုမရှိ ပကာသနမဆန်သောအ၀တ်တို့နှင့် …

ဖြူစင်တက်ကြွသော အပြုံးကိုဆောင်လျှက် ….. ဆွမ်းအုပ်ကို ခြေလျင်သယ်လာသောကျမကို … လမ်းသွားလမ်းလာများမြင်ပြီး … ပီတိသောမနဿ ဖြစ်နေကြပါတယ် …

ဗုဒ္ဓကိုတွေ့လိုက်ရတဲ့အချိန်မှာ … လူအားလုံးက ဖခင် လို့ ခေါ်ရတဲ့အကြောင်းရင်းကို သိခဲ့ရတယ် ….

ဗုဒ္ဓ ကိုဒီနေ့ဒီရက်ထိ မဖူးတွေ့ပဲနေခဲ့တာ … ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး … မိသီရိမာ ….

လှလိုက်တဲ့သီရိမာရယ် …လှလိုက်တာ … ဒီနေ့ဒီရက်ထိ …သီရိမာကို … မတွေ့ခဲ့ရတာ … သွားမရှာခဲ့တာကိုတော့ .. ကိုယ့်ကိုကိုယ် … ခွင့်မလွှတ်နိုင်အောင်ပါပဲ …. ။

မိန်းမယုတ် …. ။ ( ပြန်ကြားယောင်ပြီး ကျမကိုယ်ကျမ ကျိန်ဆဲမိပါပြီ )

ဆွမ်းဘုန်းပေးပြီးနောက် …. ဗုဒ္ဓက ကျမကို ဂရုဏာ အပြည့်ပါတဲ့ အပြုံးနဲ့ လှမ်းကြည့်ပါတယ် … ကျမက

"ဖခင် … ယမန်နေ့က .. ကျမဟာ … ကျမရဲ့ကျေးဇူးရှင် … ဥတ္တရာကို မပြုကောင်းမပြုအပ်သောအရာ … ထောပတ်ဆီပူလောင်းပြီးသေကြောင်းကြံခဲ့ပါတယ် … သူတော်ကောင်းကိုစော်ကားမိတဲ့အတွက် … ကြီးစွာသော အပြစ်မှ လွတ်မြောက်ချင်တဲ့အတွက် …. ကြီးစွာသောနောင်တတရားနှင့်အတူ … အဖ ဘုရားရှင် ရှေ့မှောက် ရောက်လာခဲ့ပါတယ်"။

"ချစ်သမီး …. သူတော်ကောင်းကိုပစ်မှားလျှင် … ကြီးစွာသော အပြစ်ရှိသည်ဟု မှတ်လေလော့ …"။

ချစ်သမီး … ချစ်သမီးတဲ့ … ဘ၀မှာ တစ်ခါမှမကြားဖူးခဲ့တဲ့ … လောကမှာ ကျမကို ဒီလို ခေါ်မယ့်သူ မရှိဘူးထင်ထားတာ …. မရှိဖူးတဲ့ ဖခင်ဆိုသူဆီက ကြားချင်ဆုံးစကား …. ဗုဒ္ဓက ချစ်သမီးတဲ့ … ကျမမျက်ရည်တွေကျလာပါတယ် … ။

"ချစ်သမီးဥတ္တရာ … ထောပတ်ဆီပူရည် နှင့် လောင်းသောအခါ အသို့ရှိသနည်း …."

"တပည့်တော်သည် …သီရိမာကျေးဇူးကြောင့် …ဒါနကိုပြုခွင့်ရပေသည် … သီလကို ဆောက်တည်ခွင့်ရပေသည်… ဗုဒ္ဓကို ဖူးတွေ့ဆွမ်းလုပ်ကျွေခွင့်ရပေသည် …. သီရိမာ ကားကျေးဇူးရှင်ပေတကားဟု … လွန်စွာချစ်ကြည်သော မေတ္တာဓါတ်ဖြင့် ခံနေပါသည်ဘုရား"။

"သာဓု သာဓု သာဓု ဥတ္တရာ … အမျက်စောင်းမာန်ကြီးသူကို …. အမျက်မရှိခြင်းဖြင့်အောင်နိုင်ရာ၏။

သူတော်မဟုတ် အကျင့်ယုတ်သူကို ….
သူတော်အကျင့်ဖြင့်အောင်နိုင်ရာ၏

ဝန်တိုစဉ်းလဲ … စေးနဲသူကို ….
စွန့်ကြဲပေးကမ်း …. လှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏ ….

ချွတ်လွဲဖောက်ပြန် … မမှန်စကားဆိုသူကို …
သစ္စာစကားဖြင့်အောင်နိုင်ရာ၏"။

ကျမ မျက်ရည်သွင်သွင် စီးကျသည်အထိ ပီတိဖြစ်ခဲ့ရသည် …. သည်မျှသော တရားအစုလေးဖြင့် ကျမစိတ်ကိုချက်ချင်းသိလိုက်ရသည် …

အယူအဆအလွဲများ … သို့လောသို့လော တွေဝေမှုများ …. အရေခွံ ကွာကျခဲ့သည် …
ဓမ္မအရသာကွန့်မြူးလျှက် … ပီတိဖြင့် ပေါ့ပါးကြည်လျှက်ရှိနေခဲ့သည်။

သံဝေဂတရား ချက်ချင်းရရှိလိုက်သည် … စိတ်သည် … ဝါဂွမ်းနှယ် ပေါ့ပါးကြည်လင်သွားခဲ့ရသည် …

အိမ်ယာသည်လည်းကောင်း … ဥစ္စာသည်လည်းကောင်း … ကျမ၏ရူပကာယသည်လည်းကောင်း … အစရှိသော တပ်မက်မှု အားလုံးတို့သည် …. ကျမစိတ်ထဲမှ အပြီးတိုင် စင်ကြယ်သွားခဲ့သည် ….

သာဓု သာဓု သာဓု ချစ်သမီး သီရိမာ …. သင်ချစ်သမီးကား … အရိယာမဂ် ..အယဉ် အဆင့်သို့ … ဆိုက်ရောက်ခိုဝင်ပြီး ဖြစ်ပေပြီ ….။

လောက၏ဖခင် ဗုဒ္ဓ၏ စကားသည် … အမ ဥတ္တရာတို့ တိုက်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်ဟု … ကျမထင်လိုက်မိသည် … ကျမမျက်ရည်တွေကား ရွှဲရွှဲစိုလျှက်ပင် ….။

( ဆရာဦးသုခ ၏ "ဗုဒ္ဓ၏သမီးတော်များ"မှ။ )
Credit

Address

8928/A, Ahnawmar Road , 13 Ward , South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30
Saturday 08:30 - 12:00
Sunday 08:30 - 12:00

Telephone

+9513560232

Website

Alerts

Be the first to know and let us send you an email when Ninestar Delivery Service. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Ninestar Delivery Service.:

Share