06/02/2023
နှင်းဆီပန်သူ🥀🥀
--------------
အပိုင်း-(၁၄)
"ဘာကိစ္စရှိလို့လည်း အဖွား"
"အဖွားမြေးက အခုထိအဘွားကိုစိတ်ကောက်မပြေသေးဘူးပဲ....ဘယ်တော့အိမ်ပြန်လာမှာလည်း သိချင်လို့ လှမ်းမေးတာ......"
"ဂျူးအလုပ်ရူပ်နေလို့ အရေးမကြီးရင် ဖုန်းချလိုက်ပါတော့မယ် "
"မိန်းမတစ်ယောက်ကြောင့် အလုပ်ရူပ်နေရတယ်ဆိုရင်တော့ ဒီအဖွားကခွင့်ပြုမှာမဟုတ်ဘူးနော်....ငါ့မြေး"
"အခုလုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်တော့...."
မနေ့ကအဘွားဖုန်းဆက်တယ်လို့ဇော်လာပြောထဲက စိတ်ထဲနည်းနည်းထေ့နေခဲ့တာ။ဒါကြောင့်ချက်ချင်းဖုန်းပြန်မခေါ်ပဲ ခုမနက်ရောက်မှပြန်ခေါ်လိုက်တော့ အဘွားရဲ့ အာဏာဆန်ဆန်အမိန့်တစ်ခုကြောင့် ဂျူးစိတ်ခလေးပင်ပန်းသွားရသည်။
"အဖွားက ဘာတွေသိထားလို့လည်း....."
"အိမ်ကထွက်သွားလို့ လုပ်ချင်တာလုပ်လို့ရနေပြီလို့ထင်နေတာလား ဂျူးမြတ်မောင်.....မြေးအကြောင်းတွေအားလုံး အဖွားနားထဲကိုပြန်ရောက်တယ်ဆိုတာ မသိဘူးလား"
"အဲ့တော့ အဘွား ကဘာဖြစ်စေချင်တာလည်း"
"ရပ်လိုက်တော့အဆိုးဆုံးကိုမရောက်ခင်....."
"ဂျူးက ဆက်သွားမယ်ဆိုရင်ကော်"
"အဖွား ပြောပြီးပြီလေ အဆိုးဆုံးကိုမရောက်ခင်လို့....."
"ဂျူးဘက်ကလည်းပြန်ပြောပါရစေ တစ်ခုခုထိခိုက်မှုဖြစ်သွားခဲ့ရင်တော့ ဂျူးဟာတီလေးမဟုတ်ဘူးဆိုတာ သတိရပေးပါ။နေကောင်းကျန်းမာပါစေ အဖွား.....မြေးဖုန်းချပြီ"
အဖွားရဲ့စကားအဆုံးကိုမစောင့်ပဲ ဂျူးဘက်ကပြောစရာရှိတာကိုပြောပြီးဖုန်းချလိုက်သည်။အဖွားဟာ အတ္တအရမ်းကြီးလွန်းသည်။သူ့ရဲ့အတ္တတွေကြောင့် လူနှစ်ယောက်ရဲ့ဘဝပျက်ခဲ့တာတောင်အဖွားဟာမကျေနပ်နိုင်သေးပါ။အဖွားသာ အတ္တမကြီးပဲ ကြည့်ဖြူပေးခဲ့မယ်ဆို ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားနှစ်ယောက်အဖြင့်ရှိနေကြရမဲ့သူတွေကအခုတော့ အနာတရပေါင်းများစွာနှင့် အသက်ရှင်သန်နေထိုင်နေကြရသတဲ့။
အခုဂျူးကိုလည်းအဖွားဟာဘယ်ချိန်မှအလွတ်ပေးမှာလည်း။အဖွားရဲ့အဝေးမှာရှိနေခဲ့ပေမဲ့ ဂျူးသတင်းတွေကိုတော့ အဖွားဟာအမြဲစုံစမ်းနေခဲ့တယ်ဆိုတာ ဂျူးသိထားပါသည်။အဖွားဘယ်လောက်ပဲတားဆီးနေပါစေ ဂျူးကရှေ့ကိုပဲဆက်သွားမှာမို့ အရာမထင်နိုင်ပါဘူး။
"ဘယ်ချိန်ပြန်မှာလည်း ဟင်....."
အဘွားနဲ့ဖုန်းပြောအပြီး ခုနကထိအိပ်ပျော်နေတဲ့အမျိုးရဲ့အသံကြောင့် အနောက်သို့လှည့်ကြည့်မိသည်။ထုံးစံအတိုင်းအမျိုးသမီးဟာ သူ့ပုံစံလေးအတိုင်းရင်ဖုံအင်္ကျီနှင့် ထဘီကိုဝတ်ဆင်ထားသော်ငြာ ဂျူးမျက်စိထဲမှာတော့ ဘယ်ချိန်ကြည့်ကြည့် ကြည့်မဝ၊ရူမဝဖြစ်လို့နေ ပေ၏။ ခပ်ကြာကြာစိုက်ကြည့်မိတော့ ရှက်သွားပုံရပါသည်။ဂျုးအားမျက်စောင်းတစ်ချက်ခဲရင်း စကားဆို၏။
"ဘာလို့အဲ့လောက်ကြည့်နေရတာလည်း....မမြင်ဖူးတဲ့အတိုင်းပဲ...."
"ကိုးနာရီလောက်ပြန်မှာပါ။ဒေါက်တာက အဆင်သင့်ဖြစ်နေပြီလား"
"အင်း....အပြန်ဘယ်ကို ဝင်ဦးမှာလည်း"
"တိပ်ပင်လယ်....."
"မဝင်လို့မရဘူးလား ဟင်..."
"ဘာဖြစ်လို့လည်း ဒေါက်တာ....."
"ခွင့်ရက်က သုံးရက်ပဲယူခဲ့တာ... ခုနေ့ဆိုပြည့်ပြီလေ အဲ့ကိုဝင်ရင် ကြာနေဦးမှာ ....အိမ်မှာမေမေလည်းတစ်ယောက်ထဲဆိုတော့ စိတ်မချဘူး..... ပြန်ချင်လှပြီ"
"ဟုတ်ပါပြီ ဒေါက်တာသဘောပါ.....ဒီလိုဆို ကျွန်မတို့အရင်ပြန်နှင့်ကျမလား ဒေါက်တာလည်း အဆင်သင့်ဖြစ်နေပြီဆိုတော့လေ"
"မင်းဝန်ထမ်းတွေနဲ့ သူငယ်ချင်းကကော်......"
"ဇော့်ကိုပဲ တာဝန်ပေးရမှာပေါ့ .....သူတို့ကိုအပြန်တိပ်ပင်လယ်ဝင် ကြည့်ဦးမယ်လို့ပြောထားထာဆိုတော့ ကတိမဖျက်ချင်ဘူး"
"ဟွန်....မင်းကကော်မဝင်ကြည့်တော့ဘူးလား....."
"ကျွန်မကရတယ် ခဏခဏရောက်ဖူးနေကျဆိုတော့ မသွားလည်းဖြစ်တယ်"
"မင်းအဆင်ပြေတယ်ဆို ရပါတယ်။တို့လိုက်လာတာ သက်သက်မင်းကိုအလုပ်ရူပ်စေမိပြီ....တို့ပြောသားပဲ တို့ကအရူပ်ပါဆို မင်းကအတင်းခေါ်ချင်နေတာကို.."
"ဒေါက်တာပစ္စည်းတွေအကုန်ပါပြီနော်......."
"အင်း"
"ဟယ်......ပေးပါကိုယ်ဘာသာ မ..... ဟင်း....."
သူ့အဝတ်အစားထုတ်တင်မကပဲ ခင် အထုတ် ကိုပါသယ်မ သွားသောကြောင့် အနောက်ကနေ သွက်သွက်ခလေးလိုက်သွားရင်း စိုးရိမ်မိသည်။ဘာလို့ ဒီမိန်းခလေးဟာ အဲ့လောက်ထိကျားယားနေရတာလည်း။တကယ်ကိုပဲ ယောကျာ်းလေးတစ်ယောက်လို သန်မာလိုက်ပုံများ ခင့်အဝတ်ထုတ်ကနည်းတဲ့ ပစ္စည်းတွေမှမဟုတ်တာ။ခင့်ဟာ ခရီးတစ်ခုသွားရင်ဝေယာဝတ်စများလွန်းလို့ တော်ရုံဆိုခရီးမထွက်ဖြစ်ခဲ့တာ။ခုလည်း အဝတ်အစားတွေတင်မကပဲ အခြားအမွှေးနံ့သာပစ္စည်းအစုံပါသောကြောင့် လေးပင်နေမှာတော့သေချာပါသည်။ ဒါကိုသယ်မသွားတာများ အံအားသင့်စရာကောင်းလိုက်တာ။တစ်ခါတစ်လေ သံသယစိတ်တောင်ဝင်မိသည် မိန်းခလေးဟာ အခြောက်ကြီးများဖြစ်နေမလားလို့
"မမ...."
"အော့.....အတော်ပဲဇော် ငါအရင်ကြိုပြန်နှင့်လိုက်မလို့....မင်းနဲ့အခြားသူတွေကတော့ တိပ်ပင်လယ်ကိုဝင်လည်ခဲ့ကြဦး.....ဘာလို့ဆို ပြောထားပြီးသားဖြစ်နေလို့"
"မမကဘာလို့ ကြိုပြန်ရတာလည်း မမလည်းအဲ့ကိုမလိုက်တော့ဘူးလား"
"အင်း အရင်ပြန်ချင်စိတ်ဖြစ်လာလို့....ဝန်ထမ်းတွေကို ဇော်ရှိအပ်ခဲ့မှာမို့ဖြစ်တယ် မဟုတ်လား"
"ဟုတ်ဖြစ်ပါတယ်.....ဒါနဲ့မမက တစ်ခုခုပြဿနာဖြစ်လို့ အရင်ပြန်ချင်တာလား
"ဟင့်အင်း.....ဇော်အဆင်ပြေတယ်ဆို စိတ်ချလက်ချထားခဲ့တော့မယ်....လင်းကိုတော့ ငါဖုန်းကြိုဆက်ထားပေးလိုက်မယ်"
"ဒါဆို သွားပြီ"
နှုတ်ဆက်လက်ပြပြီးတဲ့နောက် မမကားလေးဟာတရွေ့ရွေ့ထွက်ခွာသွားတော့သည်။မနေ့က အဖွားဖုန်းဆက်တယ်ဆိုတော့ အဖွားဟာမမကို ပြန်ခေါ်နေခဲ့ပြီလား သိုတည့်မဟုတ် ဟိုအမကြောင့်အရင်ကြိုပြန်ဖြစ်ခဲ့သည်လားဆိုတာ ဝေခွဲမရပါ။
"တို့တစ်ခုမေးလို့ရမလား...."
"အွန်း..."
"အဲ့ခလေးမလေးက မင်းနဲ့ဘယ်လိုပက်သက်တာလည်း"
"ကျွန်မအတွင်းရေးမှူးပါ....ဘာဖြစ်လို့လည်း ဟင်...."
"ဟင့်အင်း.....မဖြစ်ပါဘူး ဒီတိုင်းမေးကြည့်တာ"
ဒီလိုနှင့်အပြန်ခရီးကိုစတင်ခဲ့သည်။လမ်းတစ်လျှောက်တွင်တော့ နှစ်ယောက်သားဆက်၍ စကားမပြောဖြစ်ကြ တော့ပါ။သူလည်းသူပုံလေးအတိုင်း ဘေးဘီဝဲယာကိုကြည့်ရင်း အလုပ်ရူပ်နေလေသည်။ဂျူးသည်လည်း သီချင်းသံကို တိုးငြင်းစွာဖွင့်ရင်း လိုက်ဆိုညီးနေမိ၏။
"ဒေါက်တာ.. မပျင်းဘူးလားဟင်.... ကျွန်မသီချင်းဖွင့်ပေးမယ်လေ နားထောင်မလား...."
"ဟင့်အင်း....နားမထောင်ချင်ပါဘူး မင်းဆိုတာလောက်မှ မကောင်းကြတာ"
အရှေ့စူးစူးကိုကြည့်ရင်း ရုပ်တည်ကြီးနှင့်ပြောချလိုက်သော စကားဖြစ်သည်။သူမ ဘယျလိုအဓိပ်ပါယျနှငျ့ပွောသညျကိုတော့ ဂျူးမသိနိုင်ပါ။သို့သောဂျူးရင်ထဲမှာတော့ ပန်းတွေပွင့်သွားရပါပြီလေ။
"ဘယ်ချိန်ထိ တိုကိုဒေါက်တာလို့ ခေါ်နေဦးမှာလည်း.....ဟင်"
"ဒေါက်တာက ဒေါက်တာမလို့ ဒေါက်တာလို့ခေါ်တာလေ"
"ဟုတ်တော့ဟုတ်ပေမဲ့ ကြားရတာတစ်မျိုးကြီးဖြစ်နေတယ်လေ.....လူကြားထဲမှာဆို ပိုဆိုးတာပေါ့။မသိရင်တို့က ဆရာဝန်ပါဆိုတာ လူတကာကိုလိုက်ကြေညာ ပေးနေသလိုဖြစ်နေတယ်"
"ဒါဆို ဘယ်လိုခေါ်ရမှာလည်း....."
"တို့နာမည်က 'ခင်မူယာချစ်' မဟုတ်လား။အဲ့ထဲက မင်းကြိုက်တဲ့တစ်ခုကိုခေါ်ပေါ့"
"ဥပမာ မမခင်တို့ မမမူယာတို့ပေါ့"
"မမ ခင်တဲ့လား ဒေါက်တာရယ်....."
"ဟုတ်တယ်လေ..... မင်းထက်တို့ကခြောက်နှစ် ကျော်ကျော်ကြီးတယ်မဟုတ်လား အဲ့တော့ မမတပ်ခေါ်ပေါ့ကွာ....."
ဒီအမျိုးသမီးလေးဟာလေ တကယ်ကိုမနိုင်တာပါ။ခုလည်းကြည့်ဦး သူ့ကဂျူးထက်အသက်ပိုကြီးလို့ မမတပ်ခေါ်ပေးပါတဲ့လေ။သူမက ရုပ်တည်ကြီးနှင့်ပြောနေပေမဲ့ ဂျူးကတော့ရယ်ချင်စိတ်ကို မနည်းသည်းခံထိန်းချုပ်ထားရပေသည်။
"အဲ့နှစ်ခုစလုံးကိုမခေါ်ပဲ... နောက်ဆုံးတစ်လုံးပဲ ခေါ်လို့မရဘူးလား ဟင်"
"ဘယ်ဖြစ်မလည်း မင်းအဲ့လိုခေါ်လိုက်တဲ့အခါကျ..... တစ်ခြားသူတွေကြားသွားရင် တို့ကို မင်းချစ်သူလို့ ထင်သွားကြမှာပေါ့...မ ဖြစ်ဘူး တို့ပြောတဲ့ နှစ်ခုထဲကပဲခေါ်"
"ဖြစ်အောင်လုပ်လို့ ရတာပဲကို..... "
"ဘာပြောလိုက်တာလည်း....."
"အင်းပါ..အင်းပါ..မမခင် မမခင်အဲ့လိုပဲခေါ်မယ် ရတယ်မဟုတ်လား....."
"အင်း...ရတယ်"
တော်သေးတာပေါ့ ပီသစွာ မကြားမိလိုက်လို့ ။မဟုတ်ရင် ဒီအမျိုးသမီးဟာ စိတ်ကလက်တစ်ဆစ်ရယ်။တော်ကြာ နဂါးမျက်စောင်းနှင်းအထိုးခံရမှ ပြာဖြစ်ကျန်ခဲ့ရပေလိမ့်ဦးမည်။
"ဒါဆို မမခင်လည်း ကျွန်မကို နာမည်ပြောင်းခေါ်ပေး"
"မင်းနာမည်မှ တို့မသိတာ....."
"ပြောပြထားတယ်လေ ...."
"တို့မှ မမှတ်မိတာ...."
"ဂျူးမြတ်မောင်လေ.... 'မောင်' လို့အဖျားစွတ်ခေါ်လည်း ရတယ်"
စကားအကောင်းပြောပြီဆို အဲ့မိန်းခလေးဗွေဖောက်လာပြီ။အခုလည်းပြောင်ပြောင်စပ်မျက်နှာလုပ်ပြီး စကားပြောနေတာ စတွေ့တုန်းက မျက်နှာသေရုပ်က သူ မဟုတ်တဲ့အတိုင်း
"အရင်လည်းမစွတ်ချင်ဘူး၊အဖျားလည်းမစွတ်ဘူး....သူများတွေခေါ်သလို ဂျူးလို့ပဲခေါ်မယ် ရတယ်မဟုတ်လား"
"သဘောပါ ဒေါက်တာ သဘော..... "
"ခုပဲ အဲ့အကြောင်းကိုပြောနေကြတာလေ ခေါ်ပြန်ပြီလား အဲ့ဒေါက်တာဆိုတဲ့ဟာကြီး..."
"ယောင်သွားလို့ပါ မမခင်ရယ်.....မမခင် မမခင် ဟုတ်ပြီလား"
ဒီလိုနှင့်ခရီးဆက်ရင်း နေ့တစ်ဝက်လောက်မှာ ဂျူးတို့ကလောမြို့ကို ရောက်ရှိလာခဲ့ပါသည်။
"ဟော.... ပြန်လာကြပြီပေါ့...."
"ဟုတ်ကဲ့ အန်တီ.....ဒါ အန်တီအတွက် ရှမ်းပြည်လက်ဆောင်တွေပါ..."
"အော်....တကူးတကကြီးကွယ်...ဘာလို့ဝယ်လာတာတုန်း ဒီလောက်အများကြီး"
"တကူးတကမဖြစ်အန်တီရဲ့....ဂျူးပတွက်လည်း အပန်းမကြီးဘူးလေ"
"ကဲကဲ.....ခရီးကအခုမှပြန်ရောက်တာဆိုတော့ နားကြဦး...."
"ဟုတ်ကဲ့.... အဲ့တာဆို ဂျူးကိုပြန်ခွင့်ပြုပါအုန်း
အန်တီ...."
"မမ ခင် ....ဂျူးပြန်ပြီ နော်......"
ကားပေါ်က အမျိုးသမီးရဲ့ပစ္စည်းများကိုချပြီး ဂျူးကပြန်မယ်လုပ်တော့ အပေါ်ထပ်တပ်ဖို့လုပ်နေသော သူမဟာ ဂျူးအနားသို့ ပြန်လျှောက်လာခဲ့သည်။
"အိမ်မှာ တစ်ယောက်ထဲအိပ်ရမှာမဟုတ်လား.....မပြန်တော့ပဲ ခင်နဲ့ တူတူအိပ်လိုက်လေ"
"ဟုတ်တာပဲသမီးရယ် အန်တီလည်းတစ်ယောက်ထဲဆိုတော့စိတ်မချဘူး....."
"ကဲရေမိုးချိုးကြတော့ ပြီးရင်ထမင်းစားကြမယ်..."
အမျိုးသမီးကော် အန်တီကော်ကမပြန်ဖို့ကိုတိုက်တွန်းနေတာမို့ ဂျူးလည်းသဘောတူလက်ခံလိုက်သည်။ထမင်းစားသောက်ပြီးတော့ ဂျူးကအမျိုးသမီးရဲ့အခန်းထဲမှာပဲ အိပ်ဖြစ်ခဲ့၏။ အရင်ကလိုတော့ရှိန်မနေကြတော့ပါ။နှစ်ယောက်သား ခရီးပန်လာကြတော့စကားလည်းဖြစ်ဖြစ်မြောက်မြောက် မပြောဖြစ်ကြတော့။ ကျောချင်းကပ်အနေအထားဖြင့် နှစ်ယောက်စလုံး နှစ်ခြိုက်စွာအိပ်ပျော်ခဲ့ကြတော့သည်။
မနက်ရောက်တော့ ဂျူးနိုးလာတဲ့အချိန် ဘေးကအမျိုးသမီးဟာ ရှိမနေတော့ပါ။ခရီးစဥ်တစ်လျှောက် နေမြင့်တဲ့အထိအိပ်တတ်တဲ့ သူမဟာ အလုပ်နှင့်ပက်သက်လာရင်တော့ ဝရိယရှိသူတစ်ယောက်ဖြစ်မယ်ဆိုတာ ဂျူးတန်းသိနိုင်ပါသည်။မနက်ရောက်ပြီဆိုတော့ ဂျူးလည်း ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့လိုက်၏။
အိမ်ပြန်ရောက်တော့ရေခဲသေတ္တာထဲကစားစရာတွေဟာ ဟောင်းနွမ်းနေတာကြောင့်အသစ်ထပ်မံထားရှိရန်ကုန်ထိုက်တစ်ခုသို့ ပြန်ထွက်လာလိုက်သည်။အထဲမှာလိုအပ်တာတွေရှာဖွေနေစဥ် အနားရောက်လာသူတစ်စုံတစ်ယောက်၏အသံကြောင့် မော့ကြည့်မိတော့......
"ဂျူး...မြတ်...မောင် မဟုတ်လား"
"တီ.....လေး....."
.......................................................................