April - LGBT - lesbian World

April - LGBT - lesbian World girl love/le***an

06/02/2023

နှင်းဆီပန်သူ🥀🥀

--------------

အပိုင်း-(၁၄)

"ဘာကိစ္စရှိလို့လည်း အဖွား"

"အဖွားမြေးက အခုထိအဘွားကိုစိတ်ကောက်မပြေသေးဘူးပဲ....ဘယ်တော့အိမ်ပြန်လာမှာလည်း သိချင်လို့ လှမ်းမေးတာ......"

"ဂျူးအလုပ်ရူပ်နေလို့ အရေးမကြီးရင် ဖုန်းချလိုက်ပါတော့မယ် "

"မိန်းမတစ်ယောက်ကြောင့် အလုပ်ရူပ်နေရတယ်ဆိုရင်တော့ ဒီအဖွားကခွင့်ပြုမှာမဟုတ်ဘူးနော်....ငါ့မြေး"

"အခုလုပ်ရပ်တွေကို ရပ်တန်းကရပ်လိုက်တော့...."

မနေ့ကအဘွားဖုန်းဆက်တယ်လို့ဇော်လာပြောထဲက စိတ်ထဲနည်းနည်းထေ့နေခဲ့တာ။ဒါကြောင့်ချက်ချင်းဖုန်းပြန်မခေါ်ပဲ ခုမနက်ရောက်မှပြန်ခေါ်လိုက်တော့ အဘွားရဲ့ အာဏာဆန်ဆန်အမိန့်တစ်ခုကြောင့် ဂျူးစိတ်ခလေးပင်ပန်းသွားရသည်။

"အဖွားက ဘာတွေသိထားလို့လည်း....."

"အိမ်ကထွက်သွားလို့ လုပ်ချင်တာလုပ်လို့ရနေပြီလို့ထင်နေတာလား ဂျူးမြတ်မောင်.....မြေးအကြောင်းတွေအားလုံး အဖွားနားထဲကိုပြန်ရောက်တယ်ဆိုတာ မသိဘူးလား"

"အဲ့တော့ အဘွား ကဘာဖြစ်စေချင်တာလည်း"

"ရပ်လိုက်တော့အဆိုးဆုံးကိုမရောက်ခင်....."

"ဂျူးက ဆက်သွားမယ်ဆိုရင်ကော်"

"အဖွား ပြောပြီးပြီလေ အဆိုးဆုံးကိုမရောက်ခင်လို့....."

"ဂျူးဘက်ကလည်းပြန်ပြောပါရစေ တစ်ခုခုထိခိုက်မှုဖြစ်သွားခဲ့ရင်တော့ ဂျူးဟာတီလေးမဟုတ်ဘူးဆိုတာ သတိရပေးပါ။နေကောင်းကျန်းမာပါစေ အဖွား.....မြေးဖုန်းချပြီ"

အဖွားရဲ့စကားအဆုံးကိုမစောင့်ပဲ ဂျူးဘက်ကပြောစရာရှိတာကိုပြောပြီးဖုန်းချလိုက်သည်။အဖွားဟာ အတ္တအရမ်းကြီးလွန်းသည်။သူ့ရဲ့အတ္တတွေကြောင့် လူနှစ်ယောက်ရဲ့ဘဝပျက်ခဲ့တာတောင်အဖွားဟာမကျေနပ်နိုင်သေးပါ။အဖွားသာ အတ္တမကြီးပဲ ကြည့်ဖြူပေးခဲ့မယ်ဆို ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားနှစ်ယောက်အဖြင့်ရှိနေကြရမဲ့သူတွေကအခုတော့ အနာတရပေါင်းများစွာနှင့် အသက်ရှင်သန်နေထိုင်နေကြရသတဲ့။

အခုဂျူးကိုလည်းအဖွားဟာဘယ်ချိန်မှအလွတ်ပေးမှာလည်း။အဖွားရဲ့အဝေးမှာရှိနေခဲ့ပေမဲ့ ဂျူးသတင်းတွေကိုတော့ အဖွားဟာအမြဲစုံစမ်းနေခဲ့တယ်ဆိုတာ ဂျူးသိထားပါသည်။အဖွားဘယ်လောက်ပဲတားဆီးနေပါစေ ဂျူးကရှေ့ကိုပဲဆက်သွားမှာမို့ အရာမထင်နိုင်ပါဘူး။

"ဘယ်ချိန်ပြန်မှာလည်း ဟင်....."

အဘွားနဲ့ဖုန်းပြောအပြီး ခုနကထိအိပ်ပျော်နေတဲ့အမျိုးရဲ့အသံကြောင့် အနောက်သို့လှည့်ကြည့်မိသည်။ထုံးစံအတိုင်းအမျိုးသမီးဟာ သူ့ပုံစံလေးအတိုင်းရင်ဖုံအင်္ကျီနှင့် ထဘီကိုဝတ်ဆင်ထားသော်ငြာ ဂျူးမျက်စိထဲမှာတော့ ဘယ်ချိန်ကြည့်ကြည့် ကြည့်မဝ၊ရူမဝဖြစ်လို့နေ ပေ၏။ ခပ်ကြာကြာစိုက်ကြည့်မိတော့ ရှက်သွားပုံရပါသည်။ဂျုးအားမျက်စောင်းတစ်ချက်ခဲရင်း စကားဆို၏။

"ဘာလို့အဲ့လောက်ကြည့်နေရတာလည်း....မမြင်ဖူးတဲ့အတိုင်းပဲ...."

"ကိုးနာရီလောက်ပြန်မှာပါ။ဒေါက်တာက အဆင်သင့်ဖြစ်နေပြီလား"

"အင်း....အပြန်ဘယ်ကို ဝင်ဦးမှာလည်း"

"တိပ်ပင်လယ်....."

"မဝင်လို့မရဘူးလား ဟင်..."

"ဘာဖြစ်လို့လည်း ဒေါက်တာ....."

"ခွင့်ရက်က သုံးရက်ပဲယူခဲ့တာ... ခုနေ့ဆိုပြည့်ပြီလေ အဲ့ကိုဝင်ရင် ကြာနေဦးမှာ ....အိမ်မှာမေမေလည်းတစ်ယောက်ထဲဆိုတော့ စိတ်မချဘူး..... ပြန်ချင်လှပြီ"

"ဟုတ်ပါပြီ ဒေါက်တာသဘောပါ.....ဒီလိုဆို ကျွန်မတို့အရင်ပြန်နှင့်ကျမလား ဒေါက်တာလည်း အဆင်သင့်ဖြစ်နေပြီဆိုတော့လေ"

"မင်းဝန်ထမ်းတွေနဲ့ သူငယ်ချင်းကကော်......"

"ဇော့်ကိုပဲ တာဝန်ပေးရမှာပေါ့ .....သူတို့ကိုအပြန်တိပ်ပင်လယ်ဝင် ကြည့်ဦးမယ်လို့ပြောထားထာဆိုတော့ ကတိမဖျက်ချင်ဘူး"

"ဟွန်....မင်းကကော်မဝင်ကြည့်တော့ဘူးလား....."

"ကျွန်မကရတယ် ခဏခဏရောက်ဖူးနေကျဆိုတော့ မသွားလည်းဖြစ်တယ်"

"မင်းအဆင်ပြေတယ်ဆို ရပါတယ်။တို့လိုက်လာတာ သက်သက်မင်းကိုအလုပ်ရူပ်စေမိပြီ....တို့ပြောသားပဲ တို့ကအရူပ်ပါဆို မင်းကအတင်းခေါ်ချင်နေတာကို.."

"ဒေါက်တာပစ္စည်းတွေအကုန်ပါပြီနော်......."

"အင်း"

"ဟယ်......ပေးပါကိုယ်ဘာသာ မ..... ဟင်း....."

သူ့အဝတ်အစားထုတ်တင်မကပဲ ခင် အထုတ် ကိုပါသယ်မ သွားသောကြောင့် အနောက်ကနေ သွက်သွက်ခလေးလိုက်သွားရင်း စိုးရိမ်မိသည်။ဘာလို့ ဒီမိန်းခလေးဟာ အဲ့လောက်ထိကျားယားနေရတာလည်း။တကယ်ကိုပဲ ယောကျာ်းလေးတစ်ယောက်လို သန်မာလိုက်ပုံများ ခင့်အဝတ်ထုတ်ကနည်းတဲ့ ပစ္စည်းတွေမှမဟုတ်တာ။ခင့်ဟာ ခရီးတစ်ခုသွားရင်ဝေယာဝတ်စများလွန်းလို့ တော်ရုံဆိုခရီးမထွက်ဖြစ်ခဲ့တာ။ခုလည်း အဝတ်အစားတွေတင်မကပဲ အခြားအမွှေးနံ့သာပစ္စည်းအစုံပါသောကြောင့် လေးပင်နေမှာတော့သေချာပါသည်။ ဒါကိုသယ်မသွားတာများ အံအားသင့်စရာကောင်းလိုက်တာ။တစ်ခါတစ်လေ သံသယစိတ်တောင်ဝင်မိသည် မိန်းခလေးဟာ အခြောက်ကြီးများဖြစ်နေမလားလို့

"မမ...."

"အော့.....အတော်ပဲဇော် ငါအရင်ကြိုပြန်နှင့်လိုက်မလို့....မင်းနဲ့အခြားသူတွေကတော့ တိပ်ပင်လယ်ကိုဝင်လည်ခဲ့ကြဦး.....ဘာလို့ဆို ပြောထားပြီးသားဖြစ်နေလို့"

"မမကဘာလို့ ကြိုပြန်ရတာလည်း မမလည်းအဲ့ကိုမလိုက်တော့ဘူးလား"

"အင်း အရင်ပြန်ချင်စိတ်ဖြစ်လာလို့....ဝန်ထမ်းတွေကို ဇော်ရှိအပ်ခဲ့မှာမို့ဖြစ်တယ် မဟုတ်လား"

"ဟုတ်ဖြစ်ပါတယ်.....ဒါနဲ့မမက တစ်ခုခုပြဿနာဖြစ်လို့ အရင်ပြန်ချင်တာလား

"ဟင့်အင်း.....ဇော်အဆင်ပြေတယ်ဆို စိတ်ချလက်ချထားခဲ့တော့မယ်....လင်းကိုတော့ ငါဖုန်းကြိုဆက်ထားပေးလိုက်မယ်"

"ဒါဆို သွားပြီ"

နှုတ်ဆက်လက်ပြပြီးတဲ့နောက် မမကားလေးဟာတရွေ့ရွေ့ထွက်ခွာသွားတော့သည်။မနေ့က အဖွားဖုန်းဆက်တယ်ဆိုတော့ အဖွားဟာမမကို ပြန်ခေါ်နေခဲ့ပြီလား သိုတည့်မဟုတ် ဟိုအမကြောင့်အရင်ကြိုပြန်ဖြစ်ခဲ့သည်လားဆိုတာ ဝေခွဲမရပါ။

"တို့တစ်ခုမေးလို့ရမလား...."

"အွန်း..."

"အဲ့ခလေးမလေးက မင်းနဲ့ဘယ်လိုပက်သက်တာလည်း"

"ကျွန်မအတွင်းရေးမှူးပါ....ဘာဖြစ်လို့လည်း ဟင်...."

"ဟင့်အင်း.....မဖြစ်ပါဘူး ဒီတိုင်းမေးကြည့်တာ"

ဒီလိုနှင့်အပြန်ခရီးကိုစတင်ခဲ့သည်။လမ်းတစ်လျှောက်တွင်တော့ နှစ်ယောက်သားဆက်၍ စကားမပြောဖြစ်ကြ တော့ပါ။သူလည်းသူပုံလေးအတိုင်း ဘေးဘီဝဲယာကိုကြည့်ရင်း အလုပ်ရူပ်နေလေသည်။ဂျူးသည်လည်း သီချင်းသံကို တိုးငြင်းစွာဖွင့်ရင်း လိုက်ဆိုညီးနေမိ၏။

"ဒေါက်တာ.. မပျင်းဘူးလားဟင်.... ကျွန်မသီချင်းဖွင့်ပေးမယ်လေ နားထောင်မလား...."

"ဟင့်အင်း....နားမထောင်ချင်ပါဘူး မင်းဆိုတာလောက်မှ မကောင်းကြတာ"

အရှေ့စူးစူးကိုကြည့်ရင်း ရုပ်တည်ကြီးနှင့်ပြောချလိုက်သော စကားဖြစ်သည်။သူမ ဘယျလိုအဓိပ်ပါယျနှငျ့ပွောသညျကိုတော့ ဂျူးမသိနိုင်ပါ။သို့သောဂျူးရင်ထဲမှာတော့ ပန်းတွေပွင့်သွားရပါပြီလေ။

"ဘယ်ချိန်ထိ တိုကိုဒေါက်တာလို့ ခေါ်နေဦးမှာလည်း.....ဟင်"

"ဒေါက်တာက ဒေါက်တာမလို့ ဒေါက်တာလို့ခေါ်တာလေ"

"ဟုတ်တော့ဟုတ်ပေမဲ့ ကြားရတာတစ်မျိုးကြီးဖြစ်နေတယ်လေ.....လူကြားထဲမှာဆို ပိုဆိုးတာပေါ့။မသိရင်တို့က ဆရာဝန်ပါဆိုတာ လူတကာကိုလိုက်ကြေညာ ပေးနေသလိုဖြစ်နေတယ်"

"ဒါဆို ဘယ်လိုခေါ်ရမှာလည်း....."

"တို့နာမည်က 'ခင်မူယာချစ်' မဟုတ်လား။အဲ့ထဲက မင်းကြိုက်တဲ့တစ်ခုကိုခေါ်ပေါ့"

"ဥပမာ မမခင်တို့ မမမူယာတို့ပေါ့"

"မမ ခင်တဲ့လား ဒေါက်တာရယ်....."

"ဟုတ်တယ်လေ..... မင်းထက်တို့ကခြောက်နှစ် ကျော်ကျော်ကြီးတယ်မဟုတ်လား အဲ့တော့ မမတပ်ခေါ်ပေါ့ကွာ....."

ဒီအမျိုးသမီးလေးဟာလေ တကယ်ကိုမနိုင်တာပါ။ခုလည်းကြည့်ဦး သူ့ကဂျူးထက်အသက်ပိုကြီးလို့ မမတပ်ခေါ်ပေးပါတဲ့လေ။သူမက ရုပ်တည်ကြီးနှင့်ပြောနေပေမဲ့ ဂျူးကတော့ရယ်ချင်စိတ်ကို မနည်းသည်းခံထိန်းချုပ်ထားရပေသည်။

"အဲ့နှစ်ခုစလုံးကိုမခေါ်ပဲ... နောက်ဆုံးတစ်လုံးပဲ ခေါ်လို့မရဘူးလား ဟင်"

"ဘယ်ဖြစ်မလည်း မင်းအဲ့လိုခေါ်လိုက်တဲ့အခါကျ..... တစ်ခြားသူတွေကြားသွားရင် တို့ကို မင်းချစ်သူလို့ ထင်သွားကြမှာပေါ့...မ ဖြစ်ဘူး တို့ပြောတဲ့ နှစ်ခုထဲကပဲခေါ်"

"ဖြစ်အောင်လုပ်လို့ ရတာပဲကို..... "

"ဘာပြောလိုက်တာလည်း....."

"အင်းပါ..အင်းပါ..မမခင် မမခင်အဲ့လိုပဲခေါ်မယ် ရတယ်မဟုတ်လား....."

"အင်း...ရတယ်"

တော်သေးတာပေါ့ ပီသစွာ မကြားမိလိုက်လို့ ။မဟုတ်ရင် ဒီအမျိုးသမီးဟာ စိတ်ကလက်တစ်ဆစ်ရယ်။တော်ကြာ နဂါးမျက်စောင်းနှင်းအထိုးခံရမှ ပြာဖြစ်ကျန်ခဲ့ရပေလိမ့်ဦးမည်။

"ဒါဆို မမခင်လည်း ကျွန်မကို နာမည်ပြောင်းခေါ်ပေး"

"မင်းနာမည်မှ တို့မသိတာ....."

"ပြောပြထားတယ်လေ ...."

"တို့မှ မမှတ်မိတာ...."

"ဂျူးမြတ်မောင်လေ.... 'မောင်' လို့အဖျားစွတ်ခေါ်လည်း ရတယ်"

စကားအကောင်းပြောပြီဆို အဲ့မိန်းခလေးဗွေဖောက်လာပြီ။အခုလည်းပြောင်ပြောင်စပ်မျက်နှာလုပ်ပြီး စကားပြောနေတာ စတွေ့တုန်းက မျက်နှာသေရုပ်က သူ မဟုတ်တဲ့အတိုင်း

"အရင်လည်းမစွတ်ချင်ဘူး၊အဖျားလည်းမစွတ်ဘူး....သူများတွေခေါ်သလို ဂျူးလို့ပဲခေါ်မယ် ရတယ်မဟုတ်လား"

"သဘောပါ ဒေါက်တာ သဘော..... "

"ခုပဲ အဲ့အကြောင်းကိုပြောနေကြတာလေ ခေါ်ပြန်ပြီလား အဲ့ဒေါက်တာဆိုတဲ့ဟာကြီး..."

"ယောင်သွားလို့ပါ မမခင်ရယ်.....မမခင် မမခင် ဟုတ်ပြီလား"

ဒီလိုနှင့်ခရီးဆက်ရင်း နေ့တစ်ဝက်လောက်မှာ ဂျူးတို့ကလောမြို့ကို ရောက်ရှိလာခဲ့ပါသည်။

"ဟော.... ပြန်လာကြပြီပေါ့...."

"ဟုတ်ကဲ့ အန်တီ.....ဒါ အန်တီအတွက် ရှမ်းပြည်လက်ဆောင်တွေပါ..."

"အော်....တကူးတကကြီးကွယ်...ဘာလို့ဝယ်လာတာတုန်း ဒီလောက်အများကြီး"

"တကူးတကမဖြစ်အန်တီရဲ့....ဂျူးပတွက်လည်း အပန်းမကြီးဘူးလေ"

"ကဲကဲ.....ခရီးကအခုမှပြန်ရောက်တာဆိုတော့ နားကြဦး...."

"ဟုတ်ကဲ့.... အဲ့တာဆို ဂျူးကိုပြန်ခွင့်ပြုပါအုန်း
အန်တီ...."

"မမ ခင် ....ဂျူးပြန်ပြီ နော်......"

ကားပေါ်က အမျိုးသမီးရဲ့ပစ္စည်းများကိုချပြီး ဂျူးကပြန်မယ်လုပ်တော့ အပေါ်ထပ်တပ်ဖို့လုပ်နေသော သူမဟာ ဂျူးအနားသို့ ပြန်လျှောက်လာခဲ့သည်။

"အိမ်မှာ တစ်ယောက်ထဲအိပ်ရမှာမဟုတ်လား.....မပြန်တော့ပဲ ခင်နဲ့ တူတူအိပ်လိုက်လေ"

"ဟုတ်တာပဲသမီးရယ် အန်တီလည်းတစ်ယောက်ထဲဆိုတော့စိတ်မချဘူး....."

"ကဲရေမိုးချိုးကြတော့ ပြီးရင်ထမင်းစားကြမယ်..."

အမျိုးသမီးကော် အန်တီကော်ကမပြန်ဖို့ကိုတိုက်တွန်းနေတာမို့ ဂျူးလည်းသဘောတူလက်ခံလိုက်သည်။ထမင်းစားသောက်ပြီးတော့ ဂျူးကအမျိုးသမီးရဲ့အခန်းထဲမှာပဲ အိပ်ဖြစ်ခဲ့၏။ အရင်ကလိုတော့ရှိန်မနေကြတော့ပါ။နှစ်ယောက်သား ခရီးပန်လာကြတော့စကားလည်းဖြစ်ဖြစ်မြောက်မြောက် မပြောဖြစ်ကြတော့။ ကျောချင်းကပ်အနေအထားဖြင့် နှစ်ယောက်စလုံး နှစ်ခြိုက်စွာအိပ်ပျော်ခဲ့ကြတော့သည်။

မနက်ရောက်တော့ ဂျူးနိုးလာတဲ့အချိန် ဘေးကအမျိုးသမီးဟာ ရှိမနေတော့ပါ။ခရီးစဥ်တစ်လျှောက် နေမြင့်တဲ့အထိအိပ်တတ်တဲ့ သူမဟာ အလုပ်နှင့်ပက်သက်လာရင်တော့ ဝရိယရှိသူတစ်ယောက်ဖြစ်မယ်ဆိုတာ ဂျူးတန်းသိနိုင်ပါသည်။မနက်ရောက်ပြီဆိုတော့ ဂျူးလည်း ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့လိုက်၏။

အိမ်ပြန်ရောက်တော့ရေခဲသေတ္တာထဲကစားစရာတွေဟာ ဟောင်းနွမ်းနေတာကြောင့်အသစ်ထပ်မံထားရှိရန်ကုန်ထိုက်တစ်ခုသို့ ပြန်ထွက်လာလိုက်သည်။အထဲမှာလိုအပ်တာတွေရှာဖွေနေစဥ် အနားရောက်လာသူတစ်စုံတစ်ယောက်၏အသံကြောင့် မော့ကြည့်မိတော့......

"ဂျူး...မြတ်...မောင် မဟုတ်လား"

"တီ.....လေး....."
.......................................................................



06/02/2023

နှင်းဆီပန်သူ🥀🥀

--------------

အပိုင်း-(၁၃)

မနေ့ညကတော်တော်လေးညနက်တဲ့အထိ ခင်နဲ့မိန်းခလေး အိပ်မပျော်ခဲ့ပါ။မိန်းခလေးဝန်ထမ်းတွေနှင့် သူငယ်ချင်းဖြစ်သူကတော့ ပျော်ပျော်ပါးပါးသောက်ကြ၊စားကြ ကခုန်ကြနှင့် မောပန်းပြီး စော်စော်ဝင်းနားသွားခဲ့ကြပင်မဲ့ ခင်တို့နှစ်ယောက်ကတော့ စကားပြောရင်းပင်ကျန်ခဲ့ကြ၏။

"မင်းကဘာလို့ မိဘတွေနဲ့အတူမနေပဲ တစ်ယောက်ထဲ ရပ်တည်နေရတာလည်း ....မောင်နှမ မွေးချင်းတွေကော် မရှိဘူးလား...."

"အင်း....ကျွန်မမှာ မိဘတွေမရှိကြတော့ဘူး။အဖွားတစ်ယောက်တော့ရှိသေးတယ်။တစ်ဦးတည်သော သမီးဆိုတော့ ခင်တွယ်စရာလည်းမရှိဘူး။ကျွန်မအဖေနဲ့အမေကရက်စက်တယ်မဟုတ်လား အဖော်လေးတော့ထားပေးခဲ့သင့်တာကို လောကထဲမှာတစ်ယောက်ထဲရှင်သန်ခိုင်းခဲ့တယ်လေ"

"ကောင်းတာပေါ့ တို့လည်းတစ်ယောက်ထဲပဲ....အဲ့တော့အမွေတွေကိုခွဲဝေမသုံးရတော့ ခေါင်းမစားတော့ဘူးလေ"

အမျိုးသမီးရဲ့အပြောစကားကြောင့် နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်မိကြလေသည်။

"ကျွန်မကို ဒေါက်တာဘယ်လိုမြင်လည်း"

"အမှန်တိုင်းပြောရမှာလား....မင်းစိတ်ဆိုးမယ်ဆိုရင်တော့ မပြောချင်ဘူး"

"ပြောပါ ...ကျွန်မစိတ်မဆိုးပါဘူး....."

"မင်းနဲ့စတွေ့တုန်းကတို့ကမင်းကားကိုဝင်တိုက်ခဲ့တာမဟုတ်လား အဲ့တုန်းကတော့ဘာမှမသိသေးပေမဲ့ မင်း တို့ဆေးခန်းကိုရောက်လာတဲ့ပထမဦးဆုံးညကတော့ မင်းဟာတော်တော်ကိုအချိုးမပြေခဲ့တာပဲ။ပုံစံကမိုက်တိမိုက်ကန်းနဲ့ အခြားသူကိုလေးစားမှုမရှိပဲ ခပ်ဆိုးဆိုးမိန်းခလေးတစ်ယောက်လို့ ထင်ခဲ့တာ"

"နောက်ပြီးမင်းဟာတဇွတ်ထိုးလည်းနိုင်သေးတယ်။တို့မလုပ်ခိုင်းတဲ့အလုပ်တွေကိုလည်း မင်းသဘောနဲ့မင်း လုပ်တယ်။အဲ့တာတွေကြောင့် မင်းပုံစံကိုကြည့်မရခဲ့ဘူး။မင်းကိုစကားအကောင်းမပြောချင်ဘူး....မင်းတို့အနားကိုရောက်လာရင် စိတ်ရူပ်ခဲ့မိတယ်"

"ခုကော်......."

မိန်းခလေးက ပြုံးပြရင်း ခင့်ပြောစကားကို ဆက်နားထောင်ပေးနေခဲ့သည်။

"အဲ့လောက်မဆိုးပါဘူးလို့မြင်လာတယ်။မင်းနဲ့ အနေနီးလာပြီးတော့ အရင်ထက်ပိုရင်းနှီးကျွမ်းဝင်လာတယ်လို့ ခံစားလာရတယ်။တို့မခိုင်းတာတွေကို မင်းကလုပ်ခဲ့ပေမဲ့ အရင်ဆုံးတော့ မေးခဲ့သေးတယ်မဟုတ်လား။နောက်ပြီး မင်းကတို့ကိုနွေးနွေးထွေးထွေးဆက်ဆံပေးတယ်။တကယ်ဆိုတို့က တို့အမြင်မကြည်တဲ့သူတစ်ယောက်ကို ဘယ်သောအခါမှ စကားကောင်းပြန်မပြောတတ်ဘူး။ပြီးတော့ အဲ့လိုလူမျိုးနဲ့လည်း ရင်းနှီးကျွမ်းဝင်သွားတယ်ဆိုတာ မရှိခဲ့ဖူးဘူး။မင်းက ပထမဆုံးပဲ...."

"ဒါဆို ကျွန်မက ကံကောင်းတာပေါ့နော်....."

"အင်း....အဲ့လိုပြောလို့ရတယ်"

ဂျူးပြောစကားကို အမျိုးသမီးဟာ ခေါင်းလေးငြိမ့်လို့ ထောက်ခံရှာသည်။ဟုတ်ပါတယ် အမျိုးသမီးဟာအရင်လို ဂျူးကိုမနှစ်မျိုတဲ့အကြည့်တွေနှင်မကြည့်တော့သလို၊အခုဆိုရင် ဂျူးပြန်ပြောတဲ့စကားမှန်သမျှကို ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် နားထောင်ပေးရှာသည်။တစ်ယောက်နဲ့ တစ်ယောက်လည်းပို၍ရင်းရင်းနှီးနှီး ဆက်ဆံပြောဆိုလာကြသည်။အရင်လို ဂျူးဘာမေးမေး ၊ဘာပြောပြော ဘုနှင့်ဘောက်ပြန်မပြောတော့ပါပဲ
အချိန်တစ်ခုကြာတဲ့အထိ ခုလိုအတူတူအချိန်တွေကုန်ဆုံးပေးနေခဲ့ပါသည်။

စိတ်ထဲတွင်တော့ အလိုလိုကျေနပ် နေမိ ပါသည်။မေတ္တာစစ်မှန်ရင် ယောင်ပြန်ဟပ်တယ်လို့ပဲ ဆိုရမလား၊ဂျူးကိုယ်တိုင်ရဲ့ ကံကောင်းခြင်းလေးတွေက ဒီအမျိုးသမီးနဲ့တွေ့မှ စတင်လာခဲ့ပြီလားဆိုတာတော့ မပြောတတ်ပါ။ခုလို ချစ်ရသူနဲ့အတူ အကုန်ဆုံးရတဲ့အချိန်တွေကို အသိစိတ်ကကော်၊မသိစိတ်ကကော် ဝမ်းသာကြည်နူးမိနေသည်။

ဖေဖေနှင့်မေမေ မရှိတော့ထဲကဂျူးရဲ့ဘဝဟာ သေသူတစ်ယောက်လို ရှင်သန်နေထိုင်ခဲ့ရတာ။အမြဲလိုလိုအလုပ်တွေနဲ့ပဲ အချိန်ကုန်ဖြစ်ခဲ့ရတာလေ။ဒီနှစ်တွေထဲမှာ ခုလို့စကားတွေအများကြီးလည်း ဘယ်တစ်ဦးတစ်ယောက်နှင့်မျှမပြောဖြစ်ခဲ့ဘူး။ခုတော့အမျိုးသမီးကို ကျေးဇူးတင်ရပါသည်။

"မင်းကကော် တို့အနားကိုဘာလို့ ဒီလောက်နီးနီးကပ်ကပ်ရောက်လာရလည်း"

"ပြောပြီးပြီလေ နှလုံးသားရဲ့ စေညွှန်းရာကြောင့်ပါလို့ ....."

"ကျွန်မဒီနှစ်တွေထဲမှာ အမှောင်ထဲမှာပဲနေပြီးရှင်သန်နေခဲ့ရတာ။ဒေါက်ကိုတွေ့တော့ အလင်းတန်း လေးတစ်ခုက ကျွန်မရှေ့ကိုဖြတ်ပြေးသွားသလို ခံစားမိစေခဲ့တယ်။ပြီးတော့ ဒေါက်တာအနားမှာအခုလိုရှိနေရရင် ပျော်ရွှင်လာရတယ်။ဒေါက်တာကြောင့် ကျွန်မအပြုံးတွေ ဖြစ်တည်လာတယ်။ဒါက လူတစ်ယောက်ကြောင့်အလိုလိုဖြစ်ပေါ်လာရတဲ့ ကျွန်မရဲ့ပထမဦးဆုံးစိတ်ခံစားမှုတွေပဲ.....ဒါကြောင့်ဒေါက်တာ အနားမှာကပ်တွယ်နေမိတာ ဒီအတောအတွင်းစိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်ဆိုရင်တော့ စိတ်ထဲကတကယ်အနူးအညွှတ်တောင်းပန်ပါတယ်"

"အရင်တုန်းကဖြစ်တာပါ။ခုတော့တို့လည်း မင်းလိုပဲခံစားလာမိတယ်။ နောက်ဆို တို့တွေဒီထက်ပိုပြီးရင်းနှီးသွားကြရအောင်ပေါ့.....သဘောတူရဲ့လား"

ခပ်လှလှအပြုံးတစ်ချက်ကိုပြုံးပြရင်း သဘောတူကြောင်းခေါင်းငြိမ့်ပြသည်။ခင်တို့နှစ်ယောက်ကြားကို ဆောင်းလေးအေးတစ်ချက်က တိုးဝေ့တိုက်ခတ်တော့ နှစ်ယောက်သားအချမ်းဓာတ်ကြောင့် ထိုင်နေရာက ပိုလို့နီးကပ်သွားကြသည်။မိန်းခလေးဟာ သူ့အပေါ်ကုပ်အင်္ကျီတစ်ထပ်ကိုချွတ်လိုက်တယ်။နောက်တော့ ခင်ကိုယ်ပေါ်အား ဖွဖွကြွကြွတင်ပေးရင်း ညှို့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့ပြန်တယ်။

"ကျွန်မတို့အထဲ ဝင်ကြမလားဟင်....အပြင်မှာအရမ်းအေးလာပြီ ဒေါက်တာအအေးနဲ့ မတည့်ဘူးမဟုတ်လား"

"အင်း...."

ဒီလိုနဲ့ နှစ်ယောက်သား ဟိုတယ်အခန်းထဲကိုပြန်ဝင်လာခဲ့ကြသည်။အခန်းထဲရောက်တော့ နှစ်ယောက်စလုံးဟာ ဘာစကားမျှဆက်မပြောဖြစ်ကြတော့ပါ။တစ်ယောက်နှင့်တစ်ယောက် ဂွတ်နိုက်ပြောရင်း အိပ်စက်အနားယူခြင်းကို စတင်ခဲ့ကြတော့သည်။
မနက်ရောက်သော ခင်ကအရင်နိုးလာ၏။ မိန်းခလေးကတော့ စောင်ပုံထဲမှာ ခွေခွေခလေး အိပ်လျက်ရှိနေသေးသည်။

ခင်မျက်နှာသစ်သွားတိုက်ပြီးထွက်လာတော့ သူမကနိုးနေခဲ့ပါပြီ။ထိုနောက် သူလည်းမျက်နှာသစ်ဖို့ ရေချိုးခန်းအတွင်းသို့ ဝင်သွားခဲ့၏။ဒီလိုနဲ့နှစ်ယောက်သား ပြင်ဆင်ပြီးနောက် မနက်စာစားဖို့ ဟိုတယ်အခန်းပြင်သို့ ထွက်လာခဲ့ကြတော့သည်။

"မမ.....အဖွားဖုန်းဆက်တယ်၊မမဖုန်းကို ခေါ်တာမကိုင်လို့တဲ့ ဇော်ကို လှမ်းဆက်ပြောတာ"

"ဘာတဲ့လည်း....."

ထိုကောင်မလေးက ခင်အားတစ်ချက်ကြည့်ပြီးဆက်ပြောသင့်မပြောသင့်ကို စဉ်းစားနေခဲ့တယ်။ခင်လည်း အလိုက်တသိနဲ့ပဲ သူတို့နှစ်ယောက်ကို ထားခဲ့ပြီးအရင်ရှေ့က ထွက်လာခဲ့လိုက်သည်။

"တို့အရင် သွားနှင့်လိုက်မယ်နော်"

သူတို့နှစ်ယောက်ထဲ ဘာတွေပြောပြီး ကျန်ခဲ့လည်းဆိုတာ ခင်မသိပေးမဲ့ သိသိသာသာဖြစ်သွားတဲ့ခံစားချက်တစ်ခုကတော့ မိန်းခလေးအနားမှာ ခင်ကလွဲလိုအခြားမိန်းကလေးတွေရှိနေတာ တွေ့ရင် စိတ်ကအလိုလိုဝမ်းနည်းလာမိတယ်ဆိုတာပဲ.....။

"အမ... ဂျူးမြတ်မောင်ကမနိုးသေးဘူးလားဟင်"

"အလုပ်ကိစ္စစကားပြောပြီးကျန်နေခဲ့တယ်။တို့က အရင်ထွက်လာလိုက်တာ"

"အမတို့ဒီနေ့ ဘယ်ကိုသွားကြဦးမှာလည်း"

"မပြောတတ်ဘူး....သူ့နောက်လိုက်လာတာဆိုတော့ သူခေါ်တဲ့နေရာပဲ လိုက်ရမှာပေါ့"

"အမနေမကောင်းဘူးလား....မျက်နှာလည်းမကောင်းဘူး"

"ကောင်းပါတယ်။သူနဲ့တွေ့လို့ရှိရင် ဟိုတယ်ရှေ့မှာပဲရှိနေမယ်လို့ပြောပေးနော်"

"မနက်စာ မစားတော့ဘူးလား အမရဲ့...."

"အင်း....စားချင်စိတ်မရှိတော့လို့"

နှစ်ယောက်သားရန်ဖြစ်ထားကြတာလား။ဒါမှမဟုတ်ခရီးပန်းလို့ပဲလား။မျက်နှာကတော့ မရွှင်မလန်းနဲ့ ဟိုကောင်ဂျူးမြတ်မောင် သေချာဂရုမစိုက်ဘူးလားမသိဘူး သူ့မဟေသီကို....မဟုတ်မှ ညကနှစ်ယောက်သားအခြေအနေကောင်းလို့ ခုမနက်စားတောင်စာချင်စိတ်မရှိ တော့တာလားပဲ

လင်းတစ်ယောက် လျှောက်တွေးရင်လည်းတွေးချင်စရာပါ။ဒေါ်ခင်မူယာချစ်ရဲ့ မျက်နှာက နွမ်းလျဖျော့တော့နေတဲ့အပြင် မေးတာကိုလည်းစိတ်မပါလက်မပါနှင့် ပြန်ဖြေနေခဲ့တာကို။

"ဟျောင့်....ဂျူး မင်းတို့နှစ်ယောက်ညကဘာတွေဖြစ်ကြသေးလည်း"

"ငါက ဘယ်သူနဲ့ဘာဖြစ်ရမှာလည်း"

"မင်းနဲ့ မင်းမဟေသီလေ....အခုလမ်းမှာတွေ့လာတာ နွမ်းဖက်နေတာပဲ...မနက်စာလည်းမစားတော့ဘူးတဲ့ မင်းကိုဟိုတယ်ရှေ့ကပဲစောင့်နေမယ်လို့ ငါကိုပြောခိုင်းလိုက်တယ်"

"ငါနဲ့ ဘာမှမဖြစ်ထားကြပါဘူး...."

"ဟုတ်လို့လား....သူငယ်ချင်းအရင်းကြီးတွေကို လာလျှိုမနေနဲ့နော်။မင်းနဲ့ဘာမှမဖြစ်ပဲ ဟိုကဘာလို့အဲ့လောက်ထိ မျက်နှာကနွမ်းလျနေမှာလည်း.....မှန်မှန်ပြော"

"အာ့....."

လင်းက မယုံသင်္ကာဖြင့်မေးနေပေမဲ့ သူ့ရဲ့အမေးကမဟုတ်တာတွေကိုလျှောက်တွေးပြီးမေးနေတာကိုဂျူးရိပ်မိပါသည်။ထိုကြောင့် ကျောကုန်းအားခပ်နာနာလေးထုလိုက်ပြီး သတိပေးလိုက်ရ၏။

"နင့်ရဲ့မဟုတ်တဲ့အတွေးတွေကို တွေးနေတာအခုရပ်လိုက်တော့။ငါနဲ့ သူမနဲ့ဘာမှ မဖြစ်ထားဘူး။ဘာမှလည်းဖြစ်စရာအကြောင်းမရှိသေးဘူး"

"အဲ့တာရိုက်စရာလားလို့....ကောင်းကောင်းပြောလည်းရတဲ့ဟာကို....နာလိုက်တာဆိုတာ"

လင်းကသူ့ကိုရိုက်လိုက်လို့ မကျေနပ်တဲ့အကြည်နဲ့ ပြန်ကြည့်သွားပေမဲ့ စိတ်ဆိုးသွားခြင်းတော့မဟုတ်ပါ။လင်းပြောပုံအရဆို အမျိုးသမီးဟာညကအအေးတောထဲထိုင်ပြီး စကားပြောနေခြင်းကြောင့် ခုဖျားနေခဲ့ပြီလား။မနက်ကအတူတူအခန်းထဲကထွက်လာတုန်းကအထိတော့ အကောင်းတိုင်းပါပဲ။ဂျူးပဲ သတိမထားမိခြင်းကြောင့်လား....ဘာပဲဖြစ်ဖြစ်ပါလေ သူမဒီလိုဖြစ်နေတယ်လို့ကြားမိတော့ ဂျူးစိတ်ထဲမှာ စိုးရိမ်စိတ်က အရင်ဝင်လာမိတော့သည်။

ဟိုတယ်ရှေ့ကစောင့်နေတယ်ဆိုလို့ လိုက်ရှာကြည့်တော့ ဂျူးကားရပ်ထားရာနေရာရဲ့မလှမ်းမကမ်းမှာရှိတဲ့ ပန်းတွေစိုက်ထားတဲ့နေရာမှာအမျိုးသမီးဟာ အလုပ်ရူပ်နေသည်ကိုတွေ့ရ၏။အနားကိုလျှောက်သွားပြီး နှာဖူးလေးအားအသာစမ်းကြည့်တော့ ကြောင်ကြောင်လေး ရပ်ကြည့်နေပြန်သည်။

"ဒေါက်တာနေမကောင်းဘူးဆို....ကိုယ်လည်းမပူပါဘူး ဘယ်နားကမသက်သာ ဖြစ်လို့လည်း ဟင်..... ဘာလို့ကျွန်မကို မပြောတာလည်း"

"မင်းကိုဘယ်သူပြောလိုက်တာလည်း ....တို့နေကောင်းပါတယ်"

"လင်းပြောတာ... ဒေါက်တာမျက်နှာလည်းမကောင်းဘူး....မနက်စာလည်း မစားချင်ဘူးဆို ....ရင်ပြည့်နေလို့လား....ဒါမှမဟုတ်ဒီနေရာက တစ်ခုခုအဆင်မပြေဖြစ်လို့လား.....ကျွန်မဘာလုပ်......."

"နေပါဦး...တို့ဘာမှမဖြစ်ပါဘူး။မနက်စာ မစားချင်ဘူးဆိုတာက ဒီကစီစဉ်ပေးတဲ့ဟာတွေကို မစားချင်လို့ ...."

ခင့်ကိုစိတ်ပူပြီးပြောနေတဲ့ မိန်းခလေးရဲ့ ပုံစံက ချစ်ဖို့တော့ ကောင်းသား။မသိရင် ခင့်ကသူမွေးထားတဲ့သမီးလေးကျလို့။အနားရောက်ထဲက ဟိုစမ်းဒီစမ်းနဲ့ ပါးစပ်ကလည်းမနားတမ်း စကားတွေပြောနေသေးတာ။

"အဲ့တာဆို ကျွန်မတို့အပြင်မှာထွက်စားကြမလား...."

"ဟင့်အင်း...မင်းအပိုအလုပ်ရူပ်ပါတယ်။တို့တွေသွားရင်းနဲ့မှ စားကြမယ်လေ"

"ဖြစ်ရဲ့လား....ဗိုက်မဆာနေဘူးလား ခု...."

"အင်း....ဖြစ်တယ် မဆာဘူး"

ဒီလိုနှင့်ခင်တို့ နှစ်ယောက် မိန်းခလေးရဲ့ဝန်ထမ်းတွေကိုစောင့်ရင်း သူတို့ကားနောက်က အတူလိုက်ပါလာခဲ့ကြသည်။မနေ့ကတော့ တောင်ကြီးမြို့ရဲ့ အထင်ကရဘုရားတွေနဲ့ ရေပေါ်ဈေးကိုတော့ ရောက်ခဲ့ကြသည်။ခုနေ့တော့ ဒီမြို့ရဲ့ရူခင်းလှလှတွေမှာ ဓာတ်ပုံရိုက်ဖို့ကို သွားနေကြခြင်းဖြစ်၏ ။

အရင်ဦးဆုံးရှမ်းပြည်တောင်ပိုင်းမှာ ရှိသည့် ဟဲဟိုးမြို့လေးသို့ရောက်ရှိခဲ့သည်။မြို့ကသေးငယ်ပေမဲ့လို့ သန့်ရှင်းလှပပြီး မြို့အဝင်မှာမြင်တွေ့ရတဲ့နေကြာပန်းခင်းကြီးရဲ့အလှနှင့်အတူ ခဏဓာတ်ဖမ်းခဲ့ကြသေးသည်။ထိုနောက်တွင်တော့ အဲ့အနီးမှာရှိသည့် ဘဝသံသရာတံတားပေါ်သို့ ရောက်ရှိခဲ့ကြသည်။

အဲ့မှာလည်း လာရောက်လည်ပတ်ကြသူတွေအများအပြားဟာ ဓာတ်ပုံရိုက်ခြင်းဖြင့်ပင်အချိန်ကုန်နေခဲ့ကြသည်။မိန်းခလေးကတော့ သူမှာအသင့်ပါလာတဲ့ ကင်မရာနှင့်အတူ လှပလွန်းတဲ့ မြင်ကွင်းများကိုမှတ်တမ်းတင်ရိုက်ကူးရင်းအလုပ်ရူပ်နေပေသည်။သို့သော် ခင့်ကိုတော့မမေ့မလျော့ သူ့အနားကလိုက်ပါဖို့ကို တတွတ်တွတ်ပြောနေခဲ့လေသည်။ထိုနောက်တော့ လှပလွန်းတဲ့ ရူခင်းကြီးတွေကို နောက်ခံထားပြီး ခင်အားဓာတ်ပုံရိုက်ဖို့ကို တိုက်တွန်းခဲ့၏ ။

အဲ့နောက်တောင်ကြီးတောင်တတ်လမ်းက ရေတံခွန်တွေရှိရာဆီ ရောက်ရှိခဲ့ပြန်ပါသည်။ထိုနောက် အေးသာယာဆိုတဲ့ ရွာငယ်လေးကိုဆက်သွားခဲ့ ကြ၏။ထိုရွာလေးရဲ့အလှကတော့ ခင့်ဘဝတစ်လျှောက်လုံးမြင်တွေ့ခဲ့ဖူးသည့် အလှတရားတွေနှင့် နှိုင်းယှဉ်ကြည့်ရင်တောင် ဒီရွာငယ်ရဲ့အလှကိုမှီနိုင်မည်မထင်ပါ။ကားပေါ်ကနေ လျှပ်တပျက်မြင်လိုက်ရတဲ့ မြင်ကွင်းလေးတောင်မှာ သဘောဝလွန်းစွာ လှပနေခဲ့သည်လေ။

ကလောနှင့်တောင်ကြီး ခရီးကသိပ်မဝေးလှဘူးဆိုပေမဲ့ ခင့်အတွက်ကတော့ မရောက်ဖူးသည့်နေရာမို့ စူးစမ်းချင်စရာတော့ကောင်းလှသည်။ရန်ကုန်ကနေ ကလောကို ပြောင်းလာပြီးထဲက ကလောမြို့ရဲ့ ကိုယ်နေတဲ့ ရပ်ကွက်နှင့် ဆေးရုံလမ်း၊ဆေးခန်းလမ်းလောက်နှင့်သာ အချိန်တွေကုန်ဆုံးခဲ့ခြင်းကြောင့် ဒီလိုလှပသည့်နေရာတွေကိုခင်မရောက်ဖူးပါ။ခရီးသွားနည်းခြင်းကြောင့်လည်းပါမည်ဖြစ်သည်။

တစ်နေကုန် သွားရင်းစားရင်းနှင့် အပြန်ကျတော့ မိန်းခလေးဟာ ဟိုတယ်သို့ တန်းမပြန်သေးပါပဲ ခင့်အားစတော်ဘယ်ရီသီးတွေစိုက်သည့် ခြံတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။ခြံဝန်းအကျယ်ကြီးထဲမှာမှ စတော်ဘယ်ရီသီးတွေကြီးစိုက်ထားတာမျိုးမဟုတ်ပါပဲ လိမ္မော်နှင့် စပျစ်တို့ကိုပါ သူ့အကန့်နှင့်သူစိုက်ပျိုးထားလေသည်။အမှန်ကာ ထိုခြံသည် ဝိုင်ထုတ်လုပ်သည်ခြံဖြစ်၏ ။

"ဒါကိုစားလို့ရမလားဟင် ...မပြောလောက်ဘူးမဟုတ်လား"

အရင်ကရင်းနှီးခဲ့ဖူးသည့် မကြီးမူး(စ်)တို့ခြံအား အမျိုးသမီးအားခေါ်သွားခြင်းဖြစ်သည်။ဟိုရောက်တော့ သီးနှံတွေနှင့်ပြည့်နေသည့်ခြံကြီးထဲမှာ အမျိုးသမီးဟာ ပြုံးပျော်လို့ရယ်ပါ။အခုလည်း စတော်ဘယ်ရီသီး တစ်သီးကို စားချင်နေပေမဲ့ ပိုင်ရှင်ပြောမှာကို ကြောက်နေသေးသည်။စားလို့ရကြောင်းကို ခေါင်းငြိမ့်ပြတော့ ပါးချိုင့်ခလေးများပေါ်အောင်ထိပြုံးရင်း စတော်ဘယ်ရီးတွေကို ခူးယူနေပေတော့သည်။

"ဒီခြံရဲ့ဘေးခြံမှာ နှင်းဆီတွေရှိတယ်။သွားကြည့်ချင်သေးလား...ဒေါက်တာ"

"သွားရမှာပေါ့...."

ဒီလိုနှင့် မကြီးမူး(စ်)ကိုအကူအညီတောင်းပြီး ဘေးကနှင်းဆီခြံကြီးထဲသို့ ရောက်လာခဲ့ကြသည်။ခြံကြီးထဲမှာတော့ နှင်းဆီနှင့်ပက်သက်သည့် ပျိုးစေ့စုံလှ ပေသည်။အရောင်သွေးစုံလင်စွာ စိုက်ပျိုးထားသော လှပလွန်းသည့်နှင်းဆီတွေနှင့်အတူ သူမအားဓာတ်ပုံရိုက်ပေးဖြစ်ခဲ့သေးသည်။

အရမ်းကိုရင့်ကျက်တည်ငြိမ်လွန်းပါသည်လို့ တစ်ချိန်ကထင်ထားခဲ့တဲ့ အမျိုးသမီးဟာလည်းနှင်းဆီတွေနှင့်တွေ့ရင်တကယ်ကိုခလေးဖြစ်သွားတော့တာပါပဲ။နှင်းဆီတစ်ပွင့်ကို ခူးပေးတော့ လက်ထဲကပန်ကိုမယူပါပဲ ခေါင်းလေးထိုးပေးသည်။

ဒါဟာ အမျိုးသမီးအား ပထမဦးဆုံး သောပန်တစ်ပွင့်ကို ကိုယ်တိုင်ကိုယ်ကျပန်ဆင်ပေးခဲ့ခြင်းဖြစ်ပါသည်။
.......................................................................



06/02/2023

နှင်းဆီပန်သူ🥀🥀

---------------

အပိုင်း-(၁၂)

"မမဂျူး"

"ပြောပါ...ရှင့်"

"မမကလည်း ....ခရီးအစထဲကရှာလိုက်ရတာ ခုမှပဲအေးဆေးတွေ့ရတော့တယ်"

"ကယ်......ပြောပါအုန်း မမကိုရှာရတဲ့အကြောင်းအရင်းလေး"

"ခရစ္စမတ်မုန့်ဖိုး တောင်းမို့လေ...ဟဲ..ဟဲ"

"ညီမလေး မမဂျူးကဒီလောက်အကုန်အကျတွေများနေတာကို နင်ကမုန့်ဖိုးထက်တောင်းနေရလား"

ဇော်က သူ့ညီမလေးအားဟန့်တားသလိုအပြောနှင့်ပြောနေတော့ ခေါင်းရမ်းပြရင်းဘာမှမဖြစ်ကြောင်းကို အသိပေးလိုက်ရသည်။

"ထူးလေးက ဘယ်လောက်လိုချင်လို့လည်း"

"ဘယ်လောက်ရယ်ဟုတ်ပါဘူး...... မမပေးသလောက်ပဲယူမှာပါ နော်....."

"ဟုတ်ပါပြီ အတတ်ခလေးရဲ့ ...."

"ဒီမှာနော် မမ ပေးတဲ့ဖုန်းဖိုး ကြိုက်တဲ့နေမှာလိုအပ်သလိုသုံးလိုက်"

"ဟုတ်။မမဂျူးကို အဲ့တာတွေကြောင့် ချစ်နေရတာ...."

လိုချင်တာကိုရပြီမို့ ခလေးပီပီအနားကပြေးထွက်သွားတဲ့ ဒီခလေးမလေးကို တကယ့်ညီမရင်းတစ်ယောက်ထက် မေတ္တာပိုရပါသည်။

"ဇော်ကော် လက်ဆောင်မလိုချင်ဘူးလား"

"မယူတော့ပါဘူး မမရယ် .....ဇော်က ခလေးမှမဟုတ်တော့ပဲ"

"....ဇော် ထူးလေးနောက်လိုက်သွားလိုက်ဦးမယ်နော်။မမလည်း ပြီးရင်လာခဲ့ ဇော်စောင့်နေမယ်"

"အင်း"

မမကဇော်လိုချင်တဲ့လက်ဆောင်ကို တကယ်ကော်ပေးနိုင်မှာတဲ့လား။မမရှိက ဇော်လိုချင်လက်ဆောင်က တစ်ခုပဲရှိပါတယ် မမရယ်.....
.........

"ဂျူး....မင်းမဟေသီကော်"

"ထွက်မလာသေးဘူး....ပင်ပန်းလို့ နားနေပြီထင်တယ်"

"မင်းတို့ အခြေအနေဘယ်အဆင့်ရောက်ပြီလည်း"

"ဘာကိုလည်း...."

"ဘာကိုဘာရမှာလည်း...ဒီအထိခေါ်လာပြီးမှတော့ ပြောသင့်တာ ပြောပြီး လုပ်သင့်တာ လုပ်တော့လေ.....လဒူမရဲ့"

"နေပါအုန်းကွာ ....စော်ပါသေးတယ်"

"အေး..စော်နေလိုက် နင်အဲ့မှာ...ဟိုကသူများနောက်ပါသွားမှ ကျန်ရစ်ဖြစ်နေခဲ့မယ် "

"သွား နင့်ပါးစပ်ကိုအိမ်သာရေနဲ့ သွားဆေးလိုက်..."

"ထွီး...မညစ်ပတ်နဲ့ မင်း....အယုတ်တမာ"

"မင်းမဟုတ်......လိ......!?"

သူငယ်ချင်းနှစ်ယောက် စကားနိုင်လုနေရာမှ အမှတ်မထင်မျက်ဝန်းထဲဝင်ရောက်လာတဲ့ ပုံရိပ်တစ်ခု။အမှတ်တမဲ့ မြင်တွေ့ရတယ်ဆိုရင်ပဲ ပင့်သက်အံဩသွားမိစေသည့်အခိုက်အတန့်။

နီညိုရောင် ချည်ချောလုံချည်ဝမ်းဆက်စကို နှင်းဆီပွင့်ဖက်များကဲ့သို့အနုစိပ်ပုံဖော်ထားသည့် ရင်ဖုံအင်္ကျီခါးတိုလက်ရှည်နှင့်ချည်လုံချည်အပြောင်သားကို ခြေမျက်စိအဖုံအရှည်ဖြင့် ရွှေအိုရောင်အသားအရည်ထက်၌ ကျော့ရှင်းစွာဝတ်ဆင်ထားသူ အမျိုးသမီးတစ်ဦး။နှုတ်ခမ်းပါး ရေးရေးပေါ်မှ ဆိုးဆေးနီနီ၊ပါးမို့မို့ထက်မှာ ပါးလွှားစွာ လိမ်းခြယ်ထားပါသော မိတ်ကပ်အနည်းငယ် ပါသည်ဆိုရုံမျှပမာဏ၊ကော့ညွှတ်သွယ်စင်းလျက်ရှိ နေသော မျက်တောင် ရှည်လေးများ၊ရှည်လျားလှတဲ့ ဆံနွယ်များကို ထိုးဖွဲ့ထားခြင်းမရှိပါပဲ ဖြန့်လျက်ကာချထားသေး၏ ။ နားကြားမှာတော့ နေ့လည်က ဂျူးပန်ဆင်ရန်ပေးနှင့်ထားသော နှင်းဆီတစ်ပွင့်ကိုပန်ဆင်လျက် ခပ်ရွရွခြေလှမ်းများဖြင့် အနားသို့တစ်လှမ်းချင်း လျှောက်လှမ်းလာသူ အမျိုးသမီးရယ်သည်က ဘုံဌာနတစ်ခုခု၏ နတ်မိမယ်အလား ထင်မှားရပေလောက်သည်။

"ခုလိုပြီးပြည့်စုံလွန်းတဲ့အလှနဲ့ ရှင်သန်နေရတာ မပင်ပန်းဘူးလား ဒေါက်တာ"

"ဟင့်အင်း....ဒါတို့ရဲ့ မွေးရာပါ ပါရမီထူးလေ....."

"သိရဲ့လား.....ဒီနေ့ အရမ်းကို prefectဖြစ်လွန်းနေတယ် ဆိုတာ"

"သိပါရဲ့...."

"ဒေါက်တာ အနားကမခွာနိုင်အောင် စွဲဆောင်နေသလိုပဲ"

"ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်"

အမျိုးသမီးဟာ စကားစကိုဖြတ်ပြီး ဂျူးအရှေ့တည့်တည့်ကဖြတ်လျှောက်သွားခဲ့သည်။သင်းပျံစွာနှာသီးထက်၌ခံစားမိလိုက်တဲ့ အမျိုးသမီးရဲ့ကိုယ်သင်းနံ့လေးအား ခေတ္တမျှခံစားရင် သူမအနောက်ကအတူ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ရသည်။ခုံတန်းရာလွတ်တစ်ခုပေါ်မှာ ဝင်ထိုင်ရင်း လက်တစ်ဖက်ကလည်းခုံ လေးအားရိုက်ပြရင်းသူ့အနားမှာလာထိုင်စေခဲ့လေသည်။

"မင်းဒီည သီချင်းမဆိုတော့ဘူးလား......"

"ဒေါက်တာ နားထောင်ချင်ရင် ဆိုပြပါ့မယ်"

"မင်းသဘောနဲ့မင်း လုပ်လို့ရတာပဲ ဘာလို့တို့ကိုမေးနေရတာလည်း"

"ကျွန်မအသိစိတ်ကကော် မသိစိတ်ကကော် ဒေါက်တာပြောတာကိုပဲ နားခံချင်နေလို့..."

အမျိုးသမီးဟာ ဂျူးအပြောကို သက်ပြင်းသဲ့သဲ့ချရင်း အဝေးတစ်နေရာကို ငေးကြည့်နေခဲ့သည်။အချိန်တစ်ခုကြာတဲ့အထိ နှစ်ယောက်သားတိတ်ဆိတ်ပြီးတဲ့နောက်တော့

"မင်း...တို့ ရှိကဘာလိုချင်လို့ အနားကိုရောက်လာရတာလည်း"

"လိုချင်မှုဆိုတာရယ်မရှိပါဘူး။ကျွန်မနှလုံးသားရဲ့ စေခိုင်းမှုတစ်ခုထဲကြောင့်ပါ......."

"မင်း....တို့ အကြောင်းဘယ်လောက် သိလို့လည်း"

"ဒေါက်တာ သိစေချင်ရင်တော့ ပြောပြနိုင်ပါတယ်......ကျွန်မနားထောင် ပေးပါ့မယ်"

တိတ်ဆိတ်သွားခဲ့ပြန်ပါပြီ။အမျိုးသမီးဟာ ဘာကိုစိုးရိမ်နေမှန်းမသိပေမဲ့ ....ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူမအတွက် ဂျူးရဲ့ချစ်ခြင်းတွေကမပြောင်းလဲသွားဘူးဆိုတာကိုတော့ သိစေချင်မိပါသည်။

"ရော့ .....ဒေါက်တာအတွက်"

"ဖွင့်ကြည့်ပါဦး....."

"ရင်ထိုးလေးပဲ....."

"အင်း....ကြိုက်ရဲ့လား...."

"ဘယ်အချိန်က ဝယ်လိုက်တာလည်း၊ဒီနေ့တစ်နေ့လုံး တို့မင်းအနားမှာရှိနေပါတယ် နော်....."

"........"

"တပ်ကြည့်ပါဦး....ဒေါက်တာရဲ့"

ဒီတစ်ခါတော့ ငြင်းဆန်မှုမရှိပါပဲ လက်ဆောင်လေးအား ကြည့်ရင်းပါးထပ်က ရေအိုင်ငယ်သေးသေးလေးနှစ်ခုပေါ်အောင် အထိပြုံးရင်လက်ခံပါသည်။

"တို့ နဲ့ လိုက်ရဲ့လား....."

"ကမ္ဘာပေါ်က ပစ္စည်းအားလုံးဟာ ဒေါက်တာဆင်မြန်းလိုက်ရင် အမြဲတမ်းလိုက်ဖက်မှုရှိသွားတာပါပဲ......"

"ချဲ့ကာပြောနေတာကိုသိပေမဲ့လည်း တို့ယုံပေးလိုက်ပါ့မယ်"

ဆောင်းလေ အေးကဖြေးညင်းစွာတိုက်ခပ်လျက်ရှိနေသည်။မိုးပေါ်က လမြင်ကြီးကတော့ ထိန်းထိန်းသာလို့ရယ်တည်ရှိနေပေ၏။ ဘေးအနီးအနားဝန်းကျင်၌ကြယ်ခလေးများကတော့ မှိန်လိုက်လင်းလိုက်ဖြင့် ဂျူးနှင့်အမျိုးသမီးအား ကြည်ဆည်လျက်ရှိနေပေသည်။ဒီနေ့မှာအမျိုးသမီးဟာ အရမ်းကိုလှပနေခဲ့သလို ထူးစမ်းစွာ စကားချိုချိုတို့ဖြင့် ဂျူးအပေါ်တုန်ပြန်နေပေသည်။ပေးသည့်လက်ဆောင်ကိုလည်း မငြင်းဆန်ခဲ့ပါပဲ ရင်ဘက်၌တပ်ဆင်ရင်းအပြုံးနုနုတစ်ပွင့်ကို ဂျူးအားစွန့်ကျဲခဲ့ပါသေး၏။ဒီနေ့ ဒီအမျိုးသမီးသိပ်ကို သဘောကောင်းနေခဲ့သည် မဟုတ်ပါလား

ထိုအချိန်မှာပဲ နားထဲကိုစွတ်ပျံစွာဝင်ရောက်လာခဲ့သော တေးဂီတသဲတစ်ချို့နှင့်အတူ ဘိုဖြူ၏ ဆောင်းညအိမ်မက်သီချင်းအား ကြားလိုက်ရတော့လေသည်။

"ကြယ်တွေစုံမြူမှုံနဲ့ နှင်းစက်တို့လာဖြန်းပျက်ကြတယ် ....ဆောင်းညရောက်တိုင်းပဲကွယ် .....တွေးတောကာလွမ်းရတယ်....မွေးရပ်ဌာနေနဲ့ ဝေးခဲ့ရသူမှာ အတွေးများက နှစ်နဲ့လ ကြာပါပြီကွယ်......."

"....ခေါင်ရည်ချိုရည်ဝေမူး....ဝိုင်းဖွဲ့ကာတို့အပေါင်းအသင်းများနဲ့ ...လက်ခုပ်တွေတီးဖို့ကွယ်....တစ်ခေါက်လောက်ပြန်ရောက်ဖို့ရယ်...ဆွေ့မြေ့သူရင်ထဲ လွမ်းမောရသူမှာ အိမ်မက်က နိုးတစ်ဝက်နဲ့ ပြန်ယောင်တယ်......."

"....ဟိုဘက် ဒီဘက် ဟိုဘက်....ယိမ်းနွဲ့လို့ကကြတယ်...သီချင်းတွေကိုအတူဆိုရင်နဲ့ အတူပျော်ဖူးတဲ့မီးပုံပွဲ......ဟိုဘက် ဒီဘက် ဟိုဘက် ယိမ်းနွဲ့လို့ကကြတယ် သီချင်းတွေကိုအတူတူဆိုရင်နဲ့ တော်ပေါ်ညတစ်ည မိုးအလင်းပဲ"

"ကျွန်မတို့သွား က ကြမလားဟင်....."

"ဟင့်အင်း.... မကတတ်ဘူး"

"ဒါဆို တစ်ခုခုသောက်မလား...."

"အင်း ...ရေသောက်ချင်တယ်"

"ခဏနော်....."

မိန်းခလေးက အနားကနေ ခင့်သောက်ဖို့ရေကို ယူပေးရန်ထသွားခဲ့သည်။ထိုအချိန်မှာပဲ
မိန်းခလေးရဲ့ အနားကိုအခြားကောင်မလေးတစ်ယောက်က စကားလာပြောတာကိုမြင်လိုက်ရ၏ ။ထိုကောင်မလေးက မိန်းခလေးရဲ့လက်ကိုအတင်းဆွဲ၍ ကပွဲရှိကို သွားရန်တိုက်တွန်းနေပုံရသည်။မျိုးခလေးကတော့ ငြင်းဆန်နေသည့်ပုံပေါ်ပါ၏။အချိန်တစ်ခုကြာတဲ့အထိ ဆွဲလားရန်လားဖြစ်နေတဲ့သူတို့နှစ်ယောက်ရဲ့အခြေအနေကိုကြည့်ရင်း စိတ်ထဲတစ်မျိုးဘဝင်မကျမှုကို ခံစားလာမိသည်။

မိန်းခလေးလက်ကို ကိုင်ထားတဲ့ကောင်မလေးအား ကြည့်နေရင်း မသိစိတ်ထဲကအလိုလို ဒေါသတို့ထွက်နေမိသည်။ထိုအချင်းအရာကိုမြင်ပြီး ထိုင်မနေနိုင်တော့တဲ့အဆုံး သူတို့နှစ်ယောက်ရှိရာဆီသို့ လျှောက်သွားလိုက်မိသည်။တကယ်တော့ ဒီအရာတွေကိုဘာကြောင့်ခံစားနေမိမှန်း ခင်ကိုယ်တိုင်ပင် မသိခဲ့ပါလေ

"ရေက ဘယ်တော့သောက်ရမှာလည်း ....တို့ရေဆာလို့သေတော့မယ်"

မိန်းခလေးက ခင့်အားတစ်ချက်လှည့်ကြည့်ပြီး ဟိုမိန်းခလေးနှင့် စကားဆက်ပြောနေခဲ့၏။

"သွားပါ မမ မကတော့ဘူးနော်....ဇော်တို့ပဲပျော်ကြတော့"

"မမကလည်း ဇော်ဒီလောက်ထိပြောနေတာကို ....."

"သွားပါ ဟိုမှာလင်းရှိတယ်နော်....သူနဲ့တွဲကလိုက်....မမ ဒေါက်တာကို အဖော်ပြုပေးရဦးမှာမို့ပါ...."

"အင်းပါ မမရယ်...."

ဟိုမိန်းခလေးအားချော့မြူပြီးထွက်သွားခိုင်းပြီးနောက်မှ ခင့်အားစကားလှည့်ပြန်ပြောလာခဲ့သည်။

"တောင်းပန်ပါတယ်နော်...ကျွန်မအခုသွားယူပေးပါ့မယ်"

"နေနေ ကိုယ့်ဘာသာပဲသွားယူတော့မယ်"

ခုနကအချိန်ထိအကောင်းတိုင်းရှိနေခဲ့တဲ့ အမျိုးသမီးဟာ ခုမှကောက်ခါငင်ကာ စိတ်တိုနေသည့်ပုံပေါ်နေသည်။စကားကိုလည်း စောင့်အောင့်ပြီးပြောသွားရှာသေး၏။အရှေ့က ခပ်စောင့်စောင့်ထွက်သွားလေတဲ့ သူမနောက် အပြေးလိုက်ရင်း....

"ကျွန်မဖွင့်ပေးမယ်"

"မလိုဘူး...."

ရေဗူးနားကိုရောက်တော့ အဖုံးကိုဖွင့်တာ အဖုံကပွင့်မလာခဲ့ပါ။

"ပေးပါ ဒေါက်တာရယ်...."

"မလိုပါဖူးဆို နေမှ.........ပ........"

ဂျူးလက်ထဲကရေဗူးကို ပြန်ဆွဲရင် အရှိန်လွန်ပြီး ရင်ခွင်ထဲသို့ ရောက်ရှိလာခဲ့သော အမျိုးသမီး ရင်ခုန်သံတွေကိုကြားရပါရဲ့လား။ညင်သာစွာပွေ့ဖက်ရင်း ရင်ထဲကချစ်စကားတွေကို တစ်လုံးချင်းစာစီ၍ပြောပြချင်ပါသည်။သို့ပေတည့် အချိန်က စော်လွန်းနေပေသေးသည်။အမျိုးသမီးအထင်သေးမှာကိုလည်း ဆိုးရ၏ ။အခုအခြေအနေလေးမှာပဲ ရောင့်ရဲနေတာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ကြောင့်ကျစရာအကြောင်းအရင်းတွေကလည်း ရှိသေးသည်မို့ ရှေ့တိုး၍မဖြစ်ချေသေး

ဘာကိုစိတ်တိုလို့ တိုမှန်းမသိဖြစ်နေချိန် မိန်းခလေးအား စကားအကောင်းပြန်မပြောမိခဲ့ ပေ။ဖွင့်မရတဲ့ရေဗူးကို ကိုယ်စားဖွင့်ပေးပါမည်ဆိုတာတောင် လင်မခံနိုင်တဲ့အခြေအနေရယ်ပါ။ခင့်စိတ်အခြေအနေကို ခင် ကိုယ်တိုင်တောင် တွေးလို့မရတော့နိုင်တဲ့အထိ ဖြစ်နေခဲ့ရသည်။

ထိုအချိန်မိန်းခလေးရဲ့ရင်ခွင်ထဲကိုရောက်သွားခိုက် ဆောင်းလေအေးကြောင့် အေးစိမ့်စိမ့်ဖြစ်နေခဲ့သည့် ခင့်ကိုယ်လေးဟာ အနွေးဓာတ်ကိုစတင်ခံစားလာရသည်။ပြီးနောက် ရင်ခုန်သံတစ်ချက်ချင်းဆီရဲ့အသံက အမြင့်ဆုံးသော အသံအနေအထားသို့ရောက်ရှိခဲ့လေသည်။မိန်းခလေးရဲ့ ကိုယ်သင်းနံကြောင့်လား သို့တည့်မဟုတ် မသိစိတ်ရဲ့ လှုပ်ဆော်မှုကြောင့်ပဲလားတော့မသိနိုင်ပေမဲ့ အခုဖြစ်နေတဲ့အခိုက်အတန့်လေးကို ဖြစ်နိုင်ရင် ခဏရပ်ထားလိုက်ချင်စိတ်ဖြစ်မိသည်။
ခင့်အသိဥာဏ်တွေ၊စဉ်းကျင်တုံတရားတွေဟာ အလုံးစုံပျောက်ကွယ်လို့ သွားခဲ့ပါပြီ။

"ဘာအလိုမကျတာ ရှိသွားလို့လည်း ....ဒေါက်တာ"

"မင်းသွားကချင်နေတယ် မဟုတ်လား"

"တို့ရှိနေလို့ မလွတ်လပ်ရင် တို့အထဲပြန်ဝင်လိုက်တော့မယ်"

"မဟုတ်ရပါဘူးဒေါက်တာရယ်....ဘယ်လိုကြောင့် ဝမ်းနည်းတဲ့ပုံပေါက်သွားရတာလည်း"

"........."

"ဒေါက်တာသိရဲ့လား ကျွန်မခုညအရမ်းကိုပျော်နေရတယ်ဆိုတာ"

"အဲ့တာဘယ်သူ့ကြောင့်ဖြစ်မယ်ထင်လည်း"

"တို့ဘယ်သိနိုင်ပါ့မလည်း"

"ဒေါက်တာ ကျွန်မအနားမှာရှိနေလို့......"

"........"

"အဲ့တာ.....ဒေါက်တာကြောင့်"

ဂျူးလက်ထဲက ရေဗူးကိုအတင်းဆွဲယူပြီးဖွင့်သောက်နေတဲ့ ရှေ့တည့်တည့်ကအမျိုးသမီးကိုကြည့်ရင်းအသဲတယားယားဖြစ်နေခဲ့ရသည်။ရှက်ရမ်းရမ်းပြီးဖွင့်သောကြောင့် ရေဗူးဟာလည်းအခုချိန်မှာ ပွင့်လို့သွားခဲ့လေသည်။

"ဟျောင့် ဂျူး....သီချင်းသွားဆိုရအောင် .....လာ...."

"လာပါ ဒေါက်တာ တူတူသွားရအောင်"

ဒီတစ်ခေါက်တော့အသာတစ်ကြည်ပဲ ခေါင်းငြိမ့်ပြခဲ့၏ ။ခေါ်ဆောင်ရာ နောက်ကိုလိုက်ပါလာခဲ့သော အမျိုးသမီးအား ရှင်းလင်းစွာမြင် တွေ့နိုင်သည့်တစ်နေရာ၌ထိုင်စေခဲ့ပြီး ဂီတတစ်လက်ဆွဲကာ သီချင်းတစ်ပုဒ်ကိုစတင် သီဆိုခဲ့တော့သည်။

"အေးမြတဲ့ဆောင်းတစ်ညမှာ မီးရောင်ထိန်ထိန် လူအများနဲ့ ၊သီချင်းခလေးနဲ့စောင်းမြောင်းဆို အသံထဲနွေးထွေးသွားရမယ်။စုံတွဲတွေနှင့်လေတကယ် အားကျလို့စောင့်နေခဲ့ သီချင်းခလေးတစ်ခေါက်ဆုံးသွားရင် ပြောစရာတွေ တွေးရင်းကိုယ့်အလှည့်ကွယ်.....ကုံးက.....ကုံးက.....ကုံးက သီချင်းသံကြားမှာကနေမယ် နှစ်ကိုယ်တူယှဉ်ကာကနေ ကုံးကလမ်း(မ်)မုန်းအကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ....တောင်ပေါ်ရှမ်းရဲ့ဓလေ့ရိုးရာ......."

"အရှေ့သံလွင်မှာ ရိုးရာပွဲတွေရှိတိုင်းကွယ်.....ချစ်စရာ...ချစ်စရာ ကုံးကလမ်း(မ်)မုန်းအကဟန် တောင်ပေါ်ရှမ်းရဲ့ဓလေ့ရိုးရာ"

လက်ခုပ်တီးရင်းအားပေးတဲ့ ချစ်ရသူအမျိုးသမီးအားကြည့်ရင်း ခုညအချိန်အခါကို ရှည်အောင်စွဲလို့ဆန့်ထားခြင်းမိပါသည်။ထိုညတွင် နှစ်ယောက်သားအပြန်အလှန်အကြည့်ချင်းဖလှယ်လို့ မျက်လုံးချင်းတီတိုးစကားဆိုနေခဲ့ကြလေသည်။
..............................................................



06/02/2023

နှင်းဆီပန်သူ🥀🥀

-----------------

အပိုင်း-(၁၁)

အေးဆက်ဆက်ဆောင်းအငွေ့အသက်နှင့်အတူ တောင်ကြီးမြို့ပီပီ အအေးဓာတ်က ခိုက်ခိုက်ပင်တုန်ရချေသည်။ဆောင်းလေးအေးနှင့်အတူ နှင်းမြူခိုးများကလည်း အုံမှိုင်းလျက်ရှိနေပြီး မနက်အားဖြန် ရှစ်နာရီအချိန်ဝန်းကျင်ကို ရောက်ရှိလာခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့အအေးဆုံးဒီဇင်ဘာလမို့ အခုချိန်ထိ ခိုက်ခိုက်တုန် အောင်ချမ်းနေပေသေးသည်။အိပ်ယာထက်မှ မျက်လုံးများအား အားယူဖွင့်လို့ကြည့်လိုက်မိတော့ ဘေးတစ်ဖက်က အမျိုးသမီး၏ မျက်နှာလှလှကိုအရင်ဆုံး မြင်တွေခဲ့ရတော့သည်။

နှုတ်ခမ်းပါးရေးရေးလေးတွေကို ဝိုင်းချိုတစ်ခွက်သဖွယ် ဆွဲယူနမ်းရှိုက် သောက်သုံးချင်မိပါ၏။စိတ်ကူးနဲ့ဖမ်းဆုပ်ကိုင်ခဲ့ရတဲ့ လက်ချောင်းသွယ်သွယ်လေးတွေက အခုချိန်အနွေးဓာတ်ကိုလိုအပ်နေမှာ အမှန်ပင်ဖြစ်လောက်သည်။ဖမ်းဆုပ်ကိုင်ပြီး အာငွေ့ခလေးပေး၍ နွေးစေချင်သည်။အအေးဓာတ်ကြောင့်ထင်ပါ၏ ပါးမို့မို့နှစ်ဖက်က အနီရောင်သမ်းလို့ သွေးကျောခလေးတွေမှ ပေါက်ထွက်လုမတတ်တောင် ဖြစ်လို့နေချေပြီ။

ဂျူး အားလုံးပြင်ဆင်ပြီးတဲ့နောက်တော့ အခန်းထဲကအရင်ထွက်သွားခဲ့လိုက်သည်။ဟိုအမျိုးသမီးနိုးလာရင် အဝတ်လည်ဖို့အခက်တွေ့မှာဆိုးသောကြောင့်ဖြစ်၏ ။ကုတင်ဘေးမှာတော့ အမျိုးသမီးအတွက် စာတစ်စောင်ရေး၍ထားပေးခဲ့လိုက်သည်။

"ဟျောင့်ဂျူး မနက်စာကဘယ်မှာစားရမှာလည်း"

"ဟိုတယ်က စီစဉ်ပေးထားတယ်လေ၊အဲ့မှာသွားစားရမှာပေါ့......"

"ဒါနဲ့ မင်းဝန်ထမ်းတွေကကော်..."

"ကြိုရောက်နေလောက်ပြီ ထင်တယ်"

"ညကသူတို့ အားလုံးရှိ မက်ဆေ့စ်ပို့ပြီးပြောပြထားတယ်"

"ငါ့ကျဘာလို့ ကြိုမပြောတာလည်း ဒီမှာဗိုက်ဆာလို့ သေတော့မယ်"

"အခုသွားနေတယ်လေ လင်းရယ်...နင်တော်တော်စကားများတယ်နော်"

"ပါးစပ်ပိတ်ပြီး နောက်ကလိုက်ခဲ့ မဟုတ်ရင် ဘာမှမကျွေးပဲနေလိုက်တော့မယ်"

"အေးပါဟာ....မပြောတော့ပါဘူး"
......

မနေ့ကခရီးပန်လာတာကြောင့် အချိန်တော်တော်ကြာတဲ့အထိ အိပ်ပျော်သွားမိသည်။ခင်နိုးလာတော့ ဘေးကုတင်မှာ မိန်းခလေးကို မတွေ့ရတော့ပေ ။ခင့်ရဲ့ကုတင်ဘေးမှာ စာတစ်စောင့်အားတွေ့လိုက်ရသည်။နိုးရင်လိုက်ခဲ့ဖို့ နေရာကိုမိန်းခလေးက အမှာစာထားခဲ့ခြင်းဖြစ်၏ ။မိန်းခလေးထားခဲ့သည့်စာက လက်ရေးကိုကြည့်ရသလောက် ဒီလက်ရေးဟာ ခင့်အတွက်စိမ်းသက်မနေတော့ပါ။

အားလုံးပြင်ဆင်ပြီးလို့ ဟိုတယ်ထဲကအထွက် ခင့်အားကြိုစောင့်နေသော မိန်းခလေးအားတွေ့ရသည်။ခင့်အလာကိုမြင် တော့ ကားတံခါးကိုကြိုလို့တောင် ဖွင့်ဟထားပေးပါသေးသည်။တကယ်တော့မိန်းခလေးဟာ အသေးအမွှားလေးကအစ ဂရုစိုက်ပေးတတ်တဲ့ သူတစ်ယောက်ဆိုတာကို သူနဲ့အနေများလာလေ ပိုသိလာရလေပါပဲ

ဒီနေ့တော့ မိန်းခလေးရဲ့သူငယ်ချင်းဆိုသူက ကုမ္မဏီဝန်ထမ်းများနှင့်အတူ ခင်တို့အားမစောင့်နိုင်တော့လို့အရင်ကြိုလိုက်သွားခဲ့သောကြောင့် ကားပေါ်မှာ ခင်နှင့်မိန်းခလေးနှစ်ယောက်ထဲသာ ပါတော့သည်။

"ဒေါက်တာ.....ညကတော်တော်မှ အိပ်ကောင်းရဲ့လား"

"အင်း....ထူးထူးစမ်းစမ်းပဲ တို့ကအိပ်ယာပြောင်းရင် ဂဂျီဂဂျောင်နဲ့တော်တော်နဲ့အိပ်မပျော်တတ်ဘူး။ဒါပေမဲ့ ညကတော့ တော်တော်လေးအိပ်လို့ကောင်းတယ်။အိပ်ရေးလည်းဝတယ်"

"မင်းကိုစောင့်ခိုင်းစေမိတဲ့အတွက်တော့ တို့တကယ်တောင်းပန်ပါတယ်"

"မလိုပါဘူးဒေါက်တာရဲ့...အဓိကက ဒေါက်တာအိပ်ရေးဝဖို့ပါပဲ....."

"အခုဘယ်ကိုအရင်သွားကြမှာလည်းဟင်....."

"တောင်ကြီးဘုရားတွေ အရင်ဖူးမယ်လေ..အပြန်ကျရင်တော့ ရေပေါ်ဈေးကိုဝင်မယ်။ဖြစ်တယ်မဟုတ်လား ဒေါက်တာ"

"အင်း ....ဖြစ်ပါတယ်"

"မင်းနောက်လိုက်လာတာဆိုတော့ မင်းခေါ်ရာပေါ့"

ပထမဦးစွာ တော်ကြီးမြို့ရဲ့အထင်ကရဖြစ်တဲ့ ဖောင်တော်ဦးဘုရားရှိရာဆီ အရောက်သွားခဲ့ကြသည်။
ဖောင်တော်ဦးဘုရားကိုရောက်ဖို့ အရင်ဦးဆုံးစက်လှေများရှိတဲ့ နေရာကိုအရင်သွားရပါသည်။ဂျူးတို့နှစ်ယောက်ဟိုရောက်တော့ အားလုံးတတ်တတ်ကြွကြွနဲ့ စက်လှေစီးဖို့ကို လှေသမားများထံငှားရမ်းလို့ထားပြီးနှင်နေပါပြီ။ဂျူးနှင့် အမျိုးသမီးကတော့ တစ်စီးသက်သက်ပေါ့နော်။မနက်အစောပိုင်းလှေစီးရတာဆိုတော့ နေလုံးကြီးကတောင်ကွယ်ဘက်မရောက်သေးတာကြောင့် တိုက်ရိုက်အပူချိန်ကိုခံကြရသည်။အမျိုးသမီးအားထီးစောင်းပေးဖို့ရာကလည်း ထီးကပါမလာတာကြောင့် အပေါ်ကုပ်တစ်ထပ်ကိုချွတ်ပြီး ကာပေးခဲ့လိုက်သည်။

"ဝတ်ထားပါ နေကဒီလောက်ပူနေတာကို မင်းအသားဖွေးဖွေးလေးတွေ နီစက်ကုန်ပါ့မယ်"

"ကျွန်မကရပါတယ် ဒေါက်တာကိုပဲစိုးရိမ်တာ၊ကာထားနော် ဘုရားပေါ်ရောက်မှပြန်ပေး"

လမ်းတစ်လျှောက် နိုင်ငံခြားခရီးသွားတော်တော်များများကိုလည်းမြင်တွေ့ခဲ့ရသည်။အဲ့အပြင် ရှမ်းလူမျိုးတို့၏ရိုးရာ ခြေတစ်ဖက်ဖြင့်ငါးဖမ်းနေကြသောတံငါးသည်တွေ၊ခြေတံရှည် သစ်သားပျင်ထောင်အိမ်ကြီးကြီးတွေ ၊လှေငယ်ပေါ်မှာ ဘုရားပန်းအဖြင့်(ကြာပန်း)ရောင်းသူတွေ၊အသက်အားဖြင့် လေးငါးနှစ်လောက်သာရှိသေးသော ခလေးငယ်တွေသည် အဖွဲ့လိုက် ရေကူးနေခြင်းတို့ကိုပါ မြင်တွေ့ခဲ့ရသေးသည်။

ဂျူးတို့ငှားရမ်းသွားသော စက်လှေသမားသည် ဖောင်တော်ဦးဘုရားမရောက်ခင် လမ်းတစ်ဝက်မှာရှိသော ရှမ်းရိုးရာလက်လုပ် ပရိဘောဂပစ္စည်းများနှင့် ရိုးရာထွက်လက်လုပ်ပစ္စည်းများရောင်းသည့် နေရာသို့ တအောင့်လှည့်လည်ကြည့်ရူရန် ရပ်နားပေးပြီးနောက် ဖောင်တော်ဦးဘုရားသို့ ရောက်ရှိခဲ့တော့သည်။

လှေအဆင်း လှေဦးထိပ်သို့အရောက် အမျိုးသမီးဟာ ဟန်ချက်မမိပဲ ခြေခေါက်လဲမလို ဖြစ်သွားသောကြောင့် အမိအရဖမ်းဆွဲထားခဲ့ရသည်။

"ရရဲ့လားဒေါက်တာ.....ဘယ်နားနာသွားသေးလည်း"

"ဟင့်အင်း......"

ဒီလိုနှင့်နှစ်ဦးသား ဘုရားပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဖောင်တော်ဦးဘုရားဟာလည်း ကျိုတ်ထီးဘုရားနီးတူ မိန်းခလေးများကိုယ်တိုင် ရွှေသပ္ပာယ်လို့မရသလို၊ဘုရားစင်တု တော်တည်ရှိရာနေရာထိသွားရောက်ခွင့်မရပဲ ခက်လှမ်းလှမ်း၌သာ ဖူးမြော်ခဲ့ရပါသည်။ဘုရားရင်ပြင်တော်ကနေမှတစ်ဆင့် အပြန်ခရီးမှာ စားသောက်တန်းကိုတွေ့နိုင်သည်။လက်သန်းအလုံးအပတ် လောက်ရှိသည့် ကောက်ညှင်းခြေထောက်ခလေးများကို ဂျူးဝန်ထမ်းများက အပြန်လက်ဆောင်အဖြစ်ဝယ်ယူနေခဲ့ကြသည်။

ဒီလိုနှင့် အမျိုးသမီးအားတစ်ခုခုကျွေးဖို့ စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်လာခဲ့ကြသည်။

"ဒေါက်တာ ကြိုက်တာမှာပါ မနက်စားလည်းမစားရသေးတော့ ဆာနေပြီမဟုတ်လား"

"ဒါဆို ငါးခဲပတ်တစ်ပွဲရယ်၊ဝက်ချိုချဉ်ကြော်လေးတစ်ပွဲရယ်နဲ့ ထမင်းတစ်ပွဲပေးပါနော်"

"မင်းလည်းမှာလေ......"

"ဟင့်အင်း....သံပုရာဖျော်ရည်လေးတစ်ခွက်ပဲပေးပါ။ပြီးတော့ ရေသန့်တစ်ဗူးလဲ ပေးနော်"

ဒီလိုနှင့်အမျိုးသမီး ထမင်းစားတာကို ထိုင်စောင့်ရင်း....

"တစ်ခုခုလိုအပ်နေသလိုပဲနော်...ဒေါက်တာ"

"ရပါပြီ.....တို့က ဟင်းစားသိပ်မကြီးပါဘူး"

"မဟုတ်ဘူး....ဒေါက်တာခေါင်းမှာ လိုအပ်နေတာ"

"နှင်းဆီမဟုတ်လား....ရော့"

"ကျေးဇူး....."

မိန်းခလေးဟာ ဘယ်တုန်းထဲက သူ့အိတ်ကပ်ထဲရောက်နေမှန်းမသိတဲ့ နှင်းဆီတစ်ပွင့်အား ခင့်ကိုပန်ဆင်ရန် လက်ကမ်းပေးသည်။နောက်တော့ ခင်အားပြုံးလို့ ထိုင်ကြည့်နေတဲ့မိန်းခလေးကြောင့် ထမင်းတောင်ဝအောင်မစားခဲ့ရပါ လေ။သူ့ရဲ့ ရဲတင်းစွာညှို့မျက်ဝန်းတွေရဲ့အကြည့်ကိုကြာကြာမခံနိုင်တော့လို့ နောက်ဘုရားတစ်ဆူသို့ သွားရန်စတင်ခဲ့လိုက်တော့သည်။

ဖောင်တော်ဦးဘုရားအပြန်လမ်းမှာတော့ အသွားတုန်းကလို နေပူမနေတော့ပါ။တောင်တွေရဲ့အကွယ်ကိုနေလုံးကြီးကရောက်ရှိနေပြီမို့ တောင်တန်းတွေရဲ့အရိပ်နဲ့ သဘာဝလေအေးလေးကိုခံစားရင်း စက်လှေပေါ်မှ လိုက်ပါလာခဲ့ကြလေသည်။

အဲ့နောက် ရွှေအင်းတိန်ဘုရားသို့ခရီးဆက်ကြသည်။
ရွှေအင်းတိန် ဘုရား သည် ကမ္ဗောဇပြည် (ခေါ်) ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်မြို့၊ ယခု အင်းတိန်ရပ် - အင်းလေးမှာ ဖြစ်သည်။

အင်းတိန်ဒေသသို့ ရွှေညောင်မှ တဆင့် အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦး၊ အလိုတော်ပေါက်အစရှိသော ဘုရားများကိုဖူးပြီးနောက် အင်းတိန်ချောင်းအတွင်းသို့ဝင်ကာ မိနစ် ၃ဝ နီးပါး စက်လှေဖြင့်သွားခဲ့ရပါသည်။ ထို့ပြင် ညောင်ရွှေမှ မိုင်းသောက်သို့ သွားကာ၊ မိုင်းသောက်မှတစ်ဆင့် အင်းလေးကန်ကိုဖြတ်၍ စက်လှေဖြင့် သွားနိုင်သည်။ ယခုအခါ ရွှေအင်းတိန်မြတ်စွာဘုရား ကိန်းဝပ်ရာ အင်းတိန်ရွာသို့ ကားလမ်းပေါက်နေပြီဖြစ်၍ တောင်ကြီး-ညောင်ရွှေ-ခေါင်တိုင်-အင်းတိန်ကားလမ်းမှ လွယ်လင့်တကူသွားရောက်ဖူးမြော်နိုင်ခဲ့ပါသည်။ ထို့အပြင် (၃.၃ဖာလုံ)ခန့် ရှည်လျားသည့် အင်းတိန်ချောင်း ဘုရားစောင်းတန်းမှ ဘုရားရင်ပြင်အထိ ကားလမ်းဖောက်ထား သောကြောင့် သက်ကြီးဘုရားဖူးများအတွက် များစွာအဆင်ပြေလှသည်။

ဘုရားများက ရှေးလက်ရာတွေ မပျက်စီးဘဲ တော်တော်လေး ကျန်နေသေးသည်။ အချို့စေတီများသည် သဘာဝဘေးဒဏ်ကြောင့် ယိုယွင်းပျက်စီးနေပြီဖြစ်ပါသည်။ ဘုရားစေတီပုံစံများသည် မွေတော်ကက္ကူမှ ဘုရားပုံစံများနှင့် ဆင်တူသည်။ ရွှေအင်းတိန်ဘုရားများသည် ထိန်းသိမ်းရန် များစွာလိုအပ်နေပါသေးပြီး အနီးအနားတွင် အင်းတိန်လှေဆိပ်၊ Art Galleryများ၊ Souvenir Shop များ၊ ရွှေအင်းတိန်ဈေး၊ အင်းတိန်မူလတန်းလွန်ကျောင်း စသည်များရှိသည်။

သမိုင်းဝင်ရွှေအင်းတိန် မြတ်စွာဘုရားကြီးကို တည်ထားခဲ့သော ဒါယကာသည် ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောက မင်းကြီးဖြစ်သည်။ သာသနာနှစ် (၂၀၀)ကျော်ကျော်လောက်တွင် ဘုရားရှင်၏ ဘရိယ (မွေတော်) ဓာတ်တော်ကို ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် ပြုပြင်တော်မူတဲ့ မင်းကတော့ အနော်ရထာမင်းဖြစ်သည်ဟုသိရပါတယ်..ထိုအချိန်တွင် ဘုရားကို ထပ်ဆင့်တည်၍ ဝတ်မိုးမြေ အရံစောင့် ကျွန်းသီတော်များ လှူခဲ့ပါသေးသည်။ အရံစောင့်ကျွန်သီးတော်တွေက (၅၀၀) ဖြစ်သည်။ ယခုကျွန်သီးတော်တွေကား လူဦးရေ (၅၀၀)၊ အိမ်ခြေ (၈၁)၊ ကျားကြီး (၅၀)၊ ကျားငယ် (၁၁၀)၊ မကြီး (၆၈)၊ မငယ် (၅၉) ယောက်ဖြစ်သည်ဟုသိရှိရသည်။

ထို့နောက် နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်းခေါင်ဘုရင် နှင့် ဆင်ဖြူရှင် မင်းတရားကြီးတို့မှ ခတ်အဆက်ဆက် ထပ်မံပြုပြင်ခဲ့သည်လိို့သိရ၏ ။ အရံစေတီတော်ပေါင်းက (၁၀၅၄)ဆူ ရှိပြီး၊ ဘုရားစောင်းတန်းကြီးမှာ ပါဝင်တည်ဆောက်ထားတဲ့ တိုင်းလုံး အရေအတွက် ကတော့ (၄၀၃)လုံးရှိပါသည်။ စောင်းတန်း အရှည်မှာ (၃.၃ဖာလုံ) ရှိပြီး ဘုရားကြီးရဲ့ နယ်နိမိတ်သည် အရှေ့ဘက်တွင် ကျောက်ပွန်ရေထွက်၊ နောက်ကန် အင်းဆင်သေကုန်း၊ အရှေ့တောင်တွင် သရက်မောင်နှမ၊ တောင်ခြားတွင် - ချောင်းချောက်ကြီး ပျားစွဲတော်၊အနောက်ခြားတွင် - ဆင်ရုပ်ညောင်စည်၊အနောက်မြောက်မှာ စစ်တောင်းတောင်ခမောက်တောင် ရသေ့ကုန်း၊မြောက်ဘက်မှာ - နတ်သမီးတောင်၊ ရသေ့တောင်၊ ဝေလုကမ္ပတောင်။ အရှေ့မြောက်တွင် - အင်းရေပြင် ကျောက်ခြံ တို့ ဖြင့်များစွာသော ရှေ့ခေတ်အမွှေအနှစ်တွေကို မြင်တွေ့ခဲ့ရပါသေးသည်။

နှစ်စဉ် ဒေသစာရီ လှည့်လည်တော်မူသည့် အင်းလေးဖောင်တော်ဦးရုပ်ပွားတော်များ ပထမဆုံးရောက်ရှိပြီး ညကျိန်းစက်သည့် နေရာဖြစ်ခြင်းကြောင့်လည်း ရွှေအင်းတိန်သည် ပိုမိုစည်ကားလာသည်။ ရွှေအင်းတိန်ရှေးဟောင်းစေတီ များအနီးရှိ တောင်ပေါ်မှအင်းလေး ဖောင်တော်ဦးကို လှမ်းမျှော်ဖူးတွေ့နိုင်သည်။ ဒေသခံများသည်လည်း ရှေးရိုးရာမပျက် ဝတ်ဆင် နေထိုင် စားသောက်ကြသေးသိကိုလည်း မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရ၏။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် စေတီတော် ကို (၂၇၃ - ၂၇၂ ) ဘီစီ တွင် သီရိဓမ္မာသောကမင်းကြီးကတည်ထားခဲ့ပြီး အနော်ရထာမင်းကြီးကထပ်ဆင့် တည်ထားကိုယ်ကွယ်ခဲ့ပါသည်ဖြစ်ကြောင်း ထပစောင်းသိခဲ့ရပါသည်။

ထိုနောက်တွင်တော့ အချိန်အားဖြင့်လည်းအတော်လင့်နေပြီမို့ အပြန်ခရီးကိုစတင်ခဲ့တော့သည်။အပြန်ခရီးမှာတော့ အင်းလေးရေပေါ်ဈေးကို သွားရောက်၍ဒေသထွက် အသီးအနှံများနှင့်၊ရှမ်းရိုးရာဝတ်စုံ၊လက်မှုပစ္စည်းများနှင့် ခရစ္စစမတ်နေ့ဖြစ်တာမို့ ခရစ္စမတ်လက်ဆောင်များကို အမှတ်တရဝယ်ယူခဲ့ကြ၍ ဟိုတယ်သို့ ပြန်လာခဲ့ကြတော့လေသည်။

ဟိုတယ်ရောက်တော့ ရေမိုးချိုးအဝတ်အစားလဲပြီး၊ညစာ စားဖို့ကို ဟိုတယ်အပြင်ဘက်သို့ပြန်ထွက်လာခဲ့ကြသည်။ဒီနေ့ဟာ ခရစ္စမတ်နေ့ဖြစ်တာမို့ ဟိုတယ်ရဲ့အရှေ့မျက်နှာဇာမှာ ဂီတဘန်တစ်ခုကို ဖွင့်လင့်ပေးထားသည်။ဝါသနာပါသူ လာရောက်တည်းခိုသူမှန်းသမျှဝင်ရောက် ပါဝင်ဆင်နွှဲလို့ ရနိုင်သည်။တီးတတ်သူကတီး၊ဆိုတတ်သူက ဆိုကြပေါ့။ဝန်ထမ်းအားလုံးရဲ့ အပျော်ဟာလည်း ခုညမှာအတိုင်းအစမရှိဖြစ်နေခဲ့ကြသလို ဂျူးမြတ်မောင်ဆိုတဲ့ကျွန်မသည်လည်းဒီနှစ်ခရစ္စမတ်ဟာ တစ်သက်တာအမှတ်တရအဖြင့်ကျန်ရှိနေခဲ့မှာအမှန်ပင်ဖြစ်ချေသည်။
...............................................................



Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when April - LGBT - lesbian World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category