17/09/2022
▫️
#မိန်းမမယူနဲ့_ညိုကီတို့...ယူမယ့်ယူ ယောက်ျားပဲယူ 🖤
သူ့လစာ (၅) သိန်း
မင်းလစာ (၅) သိန်း၊
နှစ်ယောက်ပေါင်းရင် (၁၀) သိန်း လောက်ဆို ကောင်းကောင်းလောက်တယ်။
မိန်းမတွေလို Toner, Essence, Serum, Foundation, Powder, Lipstick, Mascara, Eye bow, ဆိုပြီး
ကုန်စရာလည်း မလိုဘူး။
မသကာ မျက်နှာသစ်ဆေး၊
Roll On နဲ့ Perfume လောက်ပဲလိုမှာ...
အဝတ်အစား Shopping ထွက်ရင်လည်း
နှစ်ယောက်စာ မလိုဘူး။
တစ်ယောက်စာဝယ်ရင် နှစ်ယောက်ဝတ်လို့ရတယ်။
ကုန်ကုန်ပြောမယ်ကွာ...
အိမ်သာတက်ရင်တောင်
အခန်းထဲ အတူတူဝင်လို့ရတယ်။
မိန်းမအိမ်သာရှေ့မှာ စလင်းဘက်ကြီးလွယ်ပြီး
စောင့်နေစရာမလိုဘူး...၊၊
ကိုယ်က ပျော်တတ်လို့
Bar သွား၊ EDM သွား၊ Club သွားလည်း
အဖော်ရှာစရာမလိုဘူး။
နောက်ဆုံး အိမ်မှာသောက်ရင်တောင် ဆူမယ့်သူမရှိဘူး။ အဆင်ပြေတယ်ကွာ။
ဘောပွဲဆိုလည်း အတူတူ ကြည့်လို့ရတယ်။
မင်းအားပေးတဲ့အသင်းကို သူအားပေးမှာ။
မိန်းမတွေလို K Drama လိုင်း ကို
ပြောင်းမှာ မဟုတ်တာ သေချာတယ်...
ကဲ..ခရီးထွက်ဦးမလား...တောင်တက်မလား...?
ကိုယ်ကျောပိုးအိတ်တစ်လုံးဆို
သူလည်း ကျောပိုးအိပ်တစ်လုံးပဲ။
ဘယ်သူကမှ ပိုသယ်စရာမလိုဘူး။
ဓါတ်ပုံရိုက်ရင်လည်း အမှတ်တရဖြစ်ဖို့ပဲ လိုတာကွာ။ မှောင်လို့ လင်းလို့
အနောက်က လူပါနေလို့ /
မလှလို့ / မျက်လုံးသိပ်မပေါ်လို့ ဆိုပြီး
မလှမချင်း ပြန်ရိုက်ခိုင်းပြီး ပြဿနာ ရှာမှာ မဟုတ်ဘူး...
နောက်ပြီးတော့
အရေးအကြီးဆုံးတစ်ချက်ကကွာ
တစ်လတစ်ခါ
ဘာအကြောင်းမှန်း မသိတဲ့ အကြောင်းအရာတွေနဲ့
မင်းကို ပြဿနာမရှာဘူး။
မရစ်ဘူး။ ဂျီမကျဘူး။ စိတ်မကောက်ဘူး။
နှစ်လုံးထီမထိုးဘူး။
ရွှေဆိုင် Live တွေကြည့်ပြီး မပူစာဘူး။
ဆံပင်ကို ကောက်ရင်ကောင်းမလား/
ဆေးဆိုးရင်ကောင်းမလား ဆိုပြီး အာရုံမနောက်ဘူး။ နှုတ်ခမ်းနီ ဘယ်အရောင်လှလဲ လို့ ရွေးခိုင်းပြီး
သူကြိုက်တဲ့အရောင် သူဝယ်တာမျိုး မလုပ်ဘူး။ အစားအသောက် ဆိုင်အသစ်ဖွင့်ရင်
မင်းကို Mention မလုပ်ဘူး...၊၊
ကုန်ကုန်ပြောရရင်ကွာ
ယောက်ျားချင်းဆိုတော့ ဟိုကိစ္စမှာလည်း
ဘယ်နေရာက ဘယ်လိုထိရောက်တယ် ဆိုတာ
သိတော့ မင်းစိတ်ကျေနပ်မှာ မလွဲဘူး...၊၊
မင်းစိတ်ရှုပ်တဲ့အရာတွေကို သူလည်း စိတ်ရှုပ်တယ်။
ဒီတော့ မင်းကို အဲ့လိုအရာတွေနဲ့
စိတ်ဒုက္ခပေးမှာ မဟုတ်ဘူး။
ဒီတော့ စိတ်ဒုက္ခကြီး ခေါင်းပေါ်တင်ပြီး
မိန်းမမယူနဲ့ ညိုကီတို့...!!
စေတနာနဲ့ အကြံပေးတာ ... ✨
ယူမယ့်ယူ ယောက်ျားပဲယူ...🖤
ပညာတွေလည်းရပါတယ် 👈 Crd Page
Crd Original - [ Levi Kura ]