MOOĐ food & drink/ Sky Bar

MOOĐ food & drink/ Sky Bar WELCOME to MOOĐ family

Mojito & French fries 🍟
14/03/2020

Mojito & French fries 🍟

Blue hawaiian🦋🦋
14/03/2020

Blue hawaiian🦋🦋

ဘားအံရောက်ရင် ဒီလိုလေးရိုက်ဖို့ မမေ့နဲ့နော် ညီမလေး😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍
21/02/2020

ဘားအံရောက်ရင် ဒီလိုလေးရိုက်ဖို့ မမေ့နဲ့နော် ညီမလေး
😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍😍

MOOD ကိုလာရင် အဲ့လိုလေးတွေ ရိုက်ဖို့မမေ့နဲ့နော် သဲတို ့😘😘😘😘😘
13/02/2020

MOOD ကိုလာရင် အဲ့လိုလေးတွေ ရိုက်ဖို့မမေ့နဲ့နော်
သဲတို ့😘😘😘😘😘

အ ခြေခံဝိုင်သောက်သုံးခြင်း နှင့် အစားအစာဖြင့် တွဲဖက်ခြင်းအ ခြေခံဝိုင်သောက်သုံးခြင်း နှင့် အစားအစာဖြင့် တွဲဖက်ခြင်း
27/01/2020

အ ခြေခံဝိုင်သောက်သုံးခြင်း နှင့် အစားအစာဖြင့် တွဲဖက်ခြင်း

အ ခြေခံဝိုင်သောက်သုံးခြင်း နှင့် အစားအစာဖြင့် တွဲဖက်ခြင်း

The Art of MixologyWhat is Cocktail?  The Art of Mixology ကဏ္ဍမှ  ဒီတစ်ပါတ်တွင် Cocktail ဖျော်စပ်ရာတွင် သိရှိနားလည်ထားရမ...
17/01/2020

The Art of Mixology
What is Cocktail?
The Art of Mixology ကဏ္ဍမှ ဒီတစ်ပါတ်တွင် Cocktail ဖျော်စပ်ရာတွင် သိရှိနားလည်ထားရမည့် အခြေခံ အချက်အလက်များကို သင်ကိုယ်တိုင် professional Bartender တစ်ယောက်ကဲ့သို့သိနားလည်နိုင် ဖို့ရာလေ့လာထားရန်လိုအပ်သည်များကို စိတ်၀င်စားဖွယ် တင်ပြလိုပါတယ်။ အများသူငါ ပြောဆို သုံနှုန်းနေကြသော Cocktail ဆိုတာ ဘာ ကို ခေါ်ပါသလဲ? Cocktail ဆိုတာ မည် သည့် အင်္ဂါရပ်တွေနှင့် ပြည့်စုံရပါမလဲ…?Cocktail ကို ဘယ်လိုတွေ အမျိုး အမည် ခွဲခြား သတ်မှတ်ကြမလဲ….?။.

Cocktail ဆိုတာ ဘာ လဲ…?

Cocktail ဆိုသည်မှာအခြေပြု အရက်၊ အထူးပြုပြင်စီမံထားသောပါ၀င်ရောစပ်သည့်အရာ နှင့်အရသာ (သို့) အရောင်မျာ းပါ၀င်ရောစပ်ထားသော သောက်ချင်စဖွယ်စီမံဖျော်စပ်ပြင်ဆင်ထားသော အဖျော်ယမကာ ဖြစ်ပါသည်။အများအားဖြင့် အစားမစားမီ ခံတွင်းဖွင့်ရန်၊ တနည်းအားဖြင့် ခံတွင်းလိုက်စေရန် သောက်သုံးလေ့ရှိကြသည်။အစား စားပြီးနောက်လည်း အစာကြေညက်စေရန်သောက်သုံးကြသည်။Cocktail တစ်ခွက်သည် သောက်သုံးသူအတွက် စိတ်ကူးဥာဏ်ရွှင်မြူးခြင်း၊ဖိစီးမှုများကိုဖြေလျော့ပေးခြင်း၊ အလုံးစုံ သက်တောင့်သက်သာ ရှိစေရုံမျှမကပဲ နှစ်ခြိုက်ပျော်ရွှင်မှုကိုပါပေးစွမ်းနိုင်ရပါမည်။ထို့အပြင် အရသာ ကောင်းမွန်ခြင်း နှင့် မျက်စိပသာဒ ရှိခြင်း စသည့် အင်္ဂါရပ်များနှင့်ပါ ပြည်စုံရပါမည်။ အရက်များလေကောင်းလေဟုအများထင်နေသလိုမဟုတ်ဘဲ၊အချိုးအဆမှန်ကန်စွာထည့်၍ အရသာကောင်းမွန်စေရပါမည်။

Ingredients(ပါ၀င်ပစ္စည်း)

The Base Liquor-အခြေပြု အရက် ကိုမူတည်၍ Cocktail အမျိုးအစားကို ဆုးံဖြတ်သည်။ Tequila, Gin, Vodka, Rum, Whisky, Cognac မှ အစပြုသော အရက်ပြင်း( တစ်မျိုး /တစ်မျိုးထက်ပို၍) နှင့် ဝိုင် ၊Liqueurs(အရက်ချို)၊ Martinis ( Vermouths) တို့ကို the base liquor အဖြစ် အသုံးပြုလေ့ရှိကြသည်။
Modifier-အဖျော်ယမကာကို Cocktail ဟုခေါ်ဆိုနိုင်ရန် Base Liquor( အခြေပြု အရက်) ကို Modifier(အထူးပြု ပစ္စည်း) ဖြင့် ရောစပ်ရပါမည်။ Modifierမပါ၀င်ပါကမည်မျှပင် အအေးခံ ခံ၊ မည်သို့ပင် Shake စေကာမူ Cocktail ဟုသတ်မှတ်၍မရချေ။ Modifierတွင် Liqueures (အရက်ချို) အမျိုးမျိုး ၊ Bitters များ၊ Syrups (အသီးအရသာ အနှစ်အချိုရည်) အမျိုးမျိုး၊ သဘာ၀ သစ်သီးဖျော်ရည်များ၊ နို့၊ ခရင်၊ရေ၊နှင့်ကာဗွန်နိတ်တက် အချိုရည်များ ပါ၀င်ပါသည်။ Modifier ၏ အရေးကြီးလုပ်ငန်းတာ၀န်မှာ Base Liquorဖြစ်သော Alcohol၏ ပြင်းရှ ခါးသက်သော အရသာကိုလျှော့ချပေးပြီး၊ Cocktail ကိုရုပ်လုံးကြွလာစေရန်ဖြစ်သည်။.

The Special Agents-( အထူးကိုယ်စားလှယ်)သည်Cocktail ကို ရနံ့ အားဖြင့်သော်လည်းကောင်း အသွင်သဏ္ဌာန်အားဖြင့်သော်လည်းကောင်း ဆွဲဆောင်မှုရှိစေရုံမျှမကCocktail ၏ဝိသေသ လက္ခဏာကို ထင်ဟပ်စေပါသည်။ Special Agent အဖြစ် အရသာနှင့်အရောင် တို့ကို အဓိကထားသုံးစွဲပါသည်။ Moddifier ထက်ပို၍ Cocktail တွင်သုံးကြသော်လည်း၊ dashes၊ drops မှ Jigger၊ pony ထိ ချင်တွယ် သုံးစွဲကြသည်။ Grenadine, ကြက်ဥ၊ Almond အနှစ် အစရှိသည်ဖြင့် Special Agent ပေါင်း မြောက်များစွာကို သုံးစွဲကြသည်။
The Garnitures- Cocktail ကို ပို၍ ဆွဲဆောင်မှုရှိစေရန် နှင့်အသွင်သဏ္ဌာန်လှပတင့်တယ်စေရန် Garnish (အလှဆင်ပစ္စည်း) ကို သုံးကြသည်။ သဘာ၀သစ်သီးသစ်နှံများ ဥပမာ လိမ္မော်သီး၊ သံပုယိုသီး၊နာနတ်သီး၊ သံလွင်သီး ၊Cocktail Onions ၊ချယ်ရီသီး၊တရုတ်နံနံ၊ပူစီနံ၊ဇာဒိပ္ဖိုလ်သီး၊ သစ်ကြမ်းပိုး နှင့် အခြားသော သဘာ၀ သစ်သီးသစ်နှံများကိုလည်း Garnish နှင့် Decoration ပြုလုပ်ရန်သုံးစွဲကြသည်။

Cockitail အမျို ုးအစားများ

Cocktail ကို အခြေခံအားဖြင့် သုံးမျိုး ခွဲခြားထားသည်။
1) Pre Dinner Drink- ညနေစာမစားမီ သောက်သော Cocktail အမျိုးအစားဖြစ်၍ ခပ်နည်းနည်းသာ သောက်သုံးလေ့ရှိကြသည်။ Alcoholပါ၀င်နှုန်း အသင့်အတင့်ရှိပြီး Martini Cocktail ကဲ့သို့ ခံတွင်းဖွင့်ရန်ဖြစ်သည်။
2) After Dinnr Drink-အရက် အမျိုး ကို အခြေခံရောစပ်ထား၍ အချိုဘက် (သို့မဟုတ်) Cremy(နို့ဆန်သော)Cocktail အမျိုးအစား များ ဖြစ်သည်။ Grasshopper, Golden Cadillac, White Russian တို့ကဲ့သို့သော Cocktail များကို ညစာသုံးဆောင်ပြီးနောက် သောက် သုံးကြသည်။

3) Long Drinks- အရည်ပမာဏ များပြားသော Cocktail အမျိုးအစား ဖြစ်သည်။ အရက်( Liouor / Liqueur) နှင့် Mixer (အသီးဖျော်ရည် ၊ အချိုရည် ) များ ရောစပ်ထားသည် ။ ပြန်လည် လန်းဆန်းပြီး အားအင်ပြည့်ဝစေသော Cocktail အမျိုး အစားဖြစ်ပြီး Tom Collins, Singapore Sling, MaiTai တို့ကဲ့သို့ တစ်နေ့တာ၏ မည်သည့် အချိန်တွင် မဆို သောက် သုံးနိုင်သည်။

ဆက်လက်ဖေါ်ပြပါမည်
Celebrity Cooking Megazine 2017 July issue မှပြန်လည်ကောက်နှုတ်ဖေါ်ပြပါသည်။
Thu Han Win






Address

Hpa-an
အမှတ်(၅)ရပ်ကွက်၊ဦးဆောက်ပန်းရုပ်ရှင်ရုံဘေးလမ်း၊သီရိသုခလမ်းထောင့်၊ဘားအံမြို့။

Website

Alerts

Be the first to know and let us send you an email when MOOĐ food & drink/ Sky Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category