The Glass Bar & Dining

The Glass Bar & Dining Our Original page, The Glass Yangon was hacked and we lost control of our page. This is our new page

31/07/2026
26/06/2026
🤟🏻
26/06/2026

🤟🏻

‎ကဲ၊ မနေ့ညက ကျင်းပ သွားခဲ့တဲ့ PSG နဲ့ Arsenal တို့ရဲ့ အကြိတ်အနယ်ပွဲစဉ်ကို The Glass Roof Top Bar မှာ လာရောက်အားပေးခဲ့ကြတ...
31/05/2026

‎ကဲ၊ မနေ့ညက ကျင်းပ သွားခဲ့တဲ့ PSG နဲ့ Arsenal တို့ရဲ့ အကြိတ်အနယ်ပွဲစဉ်ကို The Glass Roof Top Bar မှာ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်!

‎​ကျွန်တော်တို့ Hlaine Tet Hotel ရဲ့ အပေါ်ဆုံးထပ် The Glass Rooftop Bar မှာ ပရိသတ်တွေ အပြည့်နဲ့ စည်ကားနေတာ ဗျာ
‎Table တိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သောက်စားရင်း ပွဲကို အားပါးတရ အားပေးနေကြတဲ့မြင်ကွင်းက တကယ်ကို တက်ကြွစရာပါပဲ

‎“THE GLASS BAR” ဆိုင်းဘုတ်ကြီးအောက်မှာ အသံကုန်ဟစ်ပြီး အားပေးခဲ့ကြတဲ့ Gunner တွေ နဲ့ ပွဲမစခင်ကတည်းက ကြိုတင်ရောက်ရှိပြီး နေရာဦးထားတဲ့ အသင်းရဲ့ အမာခံပရိသတ်တွေ အားလုံးကြောင့် တစ်ညလုံးက တကယ့်ကို အမှတ်တရတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်!

‎​ပွဲရလဒ်က ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်မလာပေမယ့်၊ ဒီကနေ့ Arsenal Fan တွေရဲ့ အားပေးမှုက တကယ်ကို လေးစားဖို့ကောင်းပါတယ်။ "Come on Gunners!" ⚽️💪

‎​The Glass Rooftop Bar မှာ လဲ နောက်ထပ် ကြီးကျယ်တဲ့ပွဲစဉ်တွေရှိခဲ့ရင် ကျွန်တော်တို့ဆိုင်မှာ ပြန်လည်ဆုံတွေ့ကြဖို့ ဖိတ်ခေါ်ပါတယ်။ Table တွေကို ကြိုတင်ဘိုကင်လုပ်ဖို့ မမေ့နဲ့ဦးနော်!

Champions League ညရဲ့ အထွတ်အထိပ်! 🏆🔥Arsenal လား... PSG လား... ဘယ်သူ ချန်ပီယံဖြစ်မလဲ?​အိမ်မှာပဲ တစ်ယောက်တည်းကြည့်တာထက်စာရ...
23/05/2026

Champions League ညရဲ့ အထွတ်အထိပ်! 🏆🔥

Arsenal လား... PSG လား... ဘယ်သူ ချန်ပီယံဖြစ်မလဲ?

​အိမ်မှာပဲ တစ်ယောက်တည်းကြည့်တာထက်စာရင် သူငယ်ချင်းတွေနဲ့အတူ ဘီယာအေးအေးလေးသောက်ရင်းနဲ့ အော်ဟစ်အားပေးရတာကမှ အရသာရှိတာပေါ့! 🍻⚽️

"The Glass Bar & Dining" မှာ အားလုံးနဲ့အတူတူ Chill ကြမယ်။ အားပေးရမယ့်အသင်းကတော့ အဆင်သင့်ပဲ၊

ကျိူက်ဝိုင်းဘုရားလမ်းမကြီး ပေါ် သမိုင်းလမ်းဆုံ အနီးကနေ Haline Tet Hotel ကြီး ရဲ့ အမြင့်ဆုံးအပေါ်ဆုံးထပ်မှာ​ chill ချင်လိ...
20/05/2026

ကျိူက်ဝိုင်းဘုရားလမ်းမကြီး ပေါ် သမိုင်းလမ်းဆုံ အနီးကနေ Haline Tet Hotel ကြီး ရဲ့ အမြင့်ဆုံးအပေါ်ဆုံးထပ်မှာ​ chill ချင်လို့ The Glass Rooftop Bar ကို တက်လာခဲ့လိုက်တယ် ဒီနေရာမှာတော့...

​ပင်ပန်းမှုတွေ၊ ရုံးကိစ္စတွေ၊ ခေါင်းထဲက စိတ်ရှုပ်စရာတွေကို မြေပြင်မှာပဲ ချန်ထားခဲ့မယ်


🔥 Chef ရဲ့ လက်ရာ - အငွေ့တထောင်းထောင်းနဲ့ အရသာရှိတဲ့ မီနူးတွေက သင့်ဗိုက်ကိုတင်မဟုတ်ဘူး၊ သင့်စိတ်ကိုပါ ကျေနပ်မှုပေးပါလိမ့်မယ်။

🍸 Bar ရဲ့ အသက်ဝင်မှု - တစ်ခွက်မြည်းလိုက်တာနဲ့ တစ်နေ့တာရဲ့ ပင်ပန်းမှုတွေ ပြေပျောက်သွားမယ့် ကျွန်တော်တို့ရဲ့ Signature Cocktails တွေက သင့်ကို စောင့်ကြိုနေတယ်။

🌆 The View - မြို့ရဲ့ မီးရောင်စုံအောက်မှာ၊ အေးမြတဲ့ လေညင်းခံရင်း... သင့်ဘဝရဲ့ အကောင်းဆုံးညနေခင်းတွေကို ရရှိခဲ့တာပေါ့

​ကဲ ဒီညတော့ ကိုနဲ့အတူ ဘယ်သူတွေ လိုက်ခဲ့မလဲ? Tag ခေါ်ပြီး ခေါ်သွားလိုက်တော့!

For Table Reservation 09258000113

သားကြီးတို့ရေ... တစ်ပတ်လုံး ပင်ပန်းထားသမျှ ဒီညတော့ အတိုးချပြီး Chill ကြစို့! အလုပ်တွေရှုပ်၊ လူတွေရှုပ်နေတဲ့ကြားကနေ ခဏလော...
13/05/2026

သားကြီးတို့ရေ... တစ်ပတ်လုံး ပင်ပန်းထားသမျှ ဒီညတော့ အတိုးချပြီး Chill ကြစို့!

အလုပ်တွေရှုပ်၊ လူတွေရှုပ်နေတဲ့ကြားကနေ ခဏလောက်လွတ်ထွက်ပြီး ကောင်းကောင်းလေး Relax လုပ်ဖို့ နေရာရှာနေတာလား? ဒါဆိုရင်တော့ The Glass Bar & Dining က အကွက်ပဲ။

ဒီမှာ ဘာတွေရှိလဲဆိုတော့ -
လှိုင်းတက်ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် (ကိုးလွှာ) ကနေ မြို့ပြအလှကို အပေါ်စီးကနေကြည့်ပြီး အေးအေးဆေးဆေး ဇိမ်ခံလို့ရမယ့် Rooftop Bar။

စားဖိုမှူးကြီးကိုယ်တိုင် စီစဉ်ပေးထားတဲ့ အရသာရှိလှတဲ့ မီနူးတွေက သားကြီးတို့ အကြိုက်တွေ့စေမှာ အသေအချာပဲ။

သောက်စရာလည်း စုံမှစုံ: အေးစိမ့်နေတဲ့ ဘီယာကနေ စိတ်ကြိုက်ဖျော်စပ်ပေးမယ့် ကော့တေး (Cocktails) တွေအထိ အကုန်ရှိတယ်။

Bro Vibes: သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ "သားကြီးရေ... ငါလှိုင်းတက်ဟိုတယ် အပေါ်ဆုံးထပ်က Rooftop Bar မှာ!" လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောလို့ရမယ့် နေရာမျိုးပေါ့။

သားကြီးတို့ရဲ့ ညတွေကို အမှတ်တရဖြစ်အောင် ဖန်တီးလိုက်ပါ။

တစ်ယောက်တည်းပဲ လာလာ၊ အပေါင်းအသင်းတွေနဲ့ပဲ ဆုံဆုံ အကောင်းဆုံး Vibe ကို ရစေရမယ်။ ကဲ... အခုပဲ ချိန်းလိုက်ကြတော့လေ! 😉

For Reservation 09258000113

နေဝင်ဆည်းဆာရဲ့ အလှတရားကို အမြင့်ဆုံးမှာ ခံစားရင်း......🌃 ရန်ကုန်မြို့ပြရဲ့ ညအလှကို မြင်ကွင်းကျယ် ကြည့်ရှုနိုင်မယ်။🍹 ရင်အ...
06/05/2026

နေဝင်ဆည်းဆာရဲ့ အလှတရားကို အမြင့်ဆုံးမှာ ခံစားရင်း......

🌃 ရန်ကုန်မြို့ပြရဲ့ ညအလှကို မြင်ကွင်းကျယ် ကြည့်ရှုနိုင်မယ်။

🍹 ရင်အေးစေမယ့် Cocktail နဲ့ အေးမြတဲ့ Beer မျိုးစုံကို မြည်းစမ်းနိုင်မယ်။

🍛 အရသာရှိတဲ့ အမြည်း များနဲ့ အစားအသောက်ကောင်းတွေကလည်း စောင့်ကြိုနေမှာပါ။

​သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေနဲ့ပဲဖြစ်ဖြစ် Chill ဖို့အတွက် အကောင်းဆုံ 🌇✨

​တစ်နေ့တာလုံး အလုပ်တွေနဲ့ ပင်ပန်းနွမ်းနယ်နေသမျှကို The Glass Bar & Dining ရဲ့ လေညင်းအေးအေးလေးနဲ့အတူ ဖြေဖျောက်လိုက်ရအောင်လား။

​Hlaine Tet Hotel ရဲ့ (၉) ထပ်မြောက် အပေါ်ဆုံးမှာ တည်ရှိတဲ့အတွက်းနေရာတစ်ခုဖြစ်တဲ့ The Glass Bar ကို အခုပဲ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဪ မေ့လို့ Friday Saturday Sunday ဆိုရင် Unplugged အစီအစဥ်လေးရှိတယ်နော်

We are ready 🍻
01/05/2026

We are ready 🍻

💦 သီချင်းများနဲ့ ဖြတ်သန်းမယ့် Hlaine Tet Hotel × The Glass Roof Top Bar ရဲ့ပျော်စရာသင်္ကြန်ညများ 💦 နွေရဲ့အပူတွေကို ရေအေး...
07/04/2026

💦 သီချင်းများနဲ့ ဖြတ်သန်းမယ့် Hlaine Tet Hotel × The Glass Roof Top Bar ရဲ့ပျော်စရာသင်္ကြန်ညများ 💦

နွေရဲ့အပူတွေကို ရေအေးအေးလေးတွေနဲ့ ဆေးကြောပြီးရင် ညဘက်မှာ အမောပြေ Chill ဖို့ ဘယ်သွားမလဲ စဉ်းစားနေပြီလား? 🤔✨

သင်္ကြန်ရဲ့ ပျော်ရွှင်စရာ ညချမ်းလေးတွေကို အမှတ်တရဖြစ်စေဖို့ The Glass Roof Top Bar မှာ "သီချင်းများနဲ့သင်္ကြန်ည" ဆိုတဲ့အတိုင်း မမေ့နိုင်မယ့် ဂီတညတွေကို ဖန်တီးပေးသွားမှာပါ! လေအေးအေးလေးရတဲ့ Rooftop ပေါ်မှာ အစားအသောက်ကောင်းကောင်း၊ အအေးလေးတွေနဲ့အတူ Well Power Music Band ရဲ့ တိုက်ရိုက်ဖျော်ဖြေမှုတွေကို ခံစားကြည့်လိုက်ပါ။ 🎸🎤

သင်္ကြန် (၄) ရက်လုံးအတွက် အမိုက်စား Line-up နဲ့ စောင့်ကြိုနေမယ့် Schedule လေးကတော့ -

Live Music & Great Vocals: သင်္ကြန်ရက်တွေမှာ စိတ်လက်ပေါ့ပါးစေမယ့် သီချင်းကောင်းလေးတွေကို နားဆင်နိုင်မယ်။

Rooftop Vibe: မြို့ပြရဲ့ ညအလှကိုHlaine Tet Hotel ရဲ့ ကိုးလွှာ အမြင့်ရှိတဲ့ အပေါ်စီးကနေ ခံစားရင်း ပတ်ဝန်းကျင်ဆူညံမှုတွေကနေ ခဏတာ အပန်းဖြေနိုင်မယ်။

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ အေးအေးဆေးဆေး စကားပြောရင်း ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးနိုင်မယ်။

ဒီနှစ်သင်္ကြန်မှာ ထူးထူးခြားခြားနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းချင်တယ်ဆိုရင်တော့ အခုပဲ Table လေးတွေ ကြိုတင် Booking လုပ်ထားလိုက်တော့နော်! စောစောဘိုကင်မှ View ကောင်းကောင်းရမှာနော် 🥳🍹

For Table Reservation Ph 09258000113

Address

18B Kyaik Waing Pagoda Road
Hlaing
11051

Opening Hours

Monday 11:00 - 23:30

Telephone

+959670909060

Website

Alerts

Be the first to know and let us send you an email when The Glass Bar & Dining posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share