Your Friendly Bartender by Jerry

Your Friendly Bartender by Jerry A young wolf.

အရက်နာကျခြင်းကို အမြန်ဆုံးနည်းနဲ့ ဘယ်လိုကုစားကြမလဲ ?1.Water ဟုတ်ပါတယ်၊ တစ်ညလုံးကဲပြီး နောက်နေ့ရောက်ပြီဆိုတာ ဆုံးရှုံးသွာ...
21/03/2026

အရက်နာကျခြင်းကို အမြန်ဆုံးနည်းနဲ့ ဘယ်လိုကုစားကြမလဲ ?

1.Water
ဟုတ်ပါတယ်၊ တစ်ညလုံးကဲပြီး နောက်နေ့ရောက်ပြီဆိုတာ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ၊ Energy တွေနဲ့ အာဟာရဓာတွေပြန်လည်ဖြည့်တင်းပေးဖို့ ပထမဆုံးနဲ့ အလွယ်ဆုံလုပ်နိုင်တဲ့နည်းက ရေများများသောက်ပေးခြင်းပါ။
ရေတောင် Room temperature or hot water
သို့) ဖြစ်နိုင်ရင် Pepper mint or fresh mint စတဲ့ herbal tea တွေကို ပို Recommend ပေးပါတယ်။

2.Soups
Hangover အတွက် အကောင်းဆုံး Soup တစ်မျိုးကိုပြောပါဆိုရင် Tomato soup ကို လက်နှိုးထိုးပြရပါမယ်။
ဆိုလိုတာက Tomatoes က အရက်ကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ အာဟာရဓာတ်နှစ်ခုစလုံးကို တစ်ပြိုက်နက်တည်း ပြန်လည်ဖြည့်တင်းပေးနိုင်လို့ပါ။
ထို့အတူ အရိုးစွပ်ပြုတ်တွေဖြစ်ကြတဲ့ ကြက်စွပ်အပါဝင်၊ ဆိတ်၊ နွား စတဲ့ အရိုးစွပ်ပြုတ်တွေနဲ့ ဝမ်းတွင်း၊ ကလီစာ စွပ်ပြုတ်တွေကလည်း အရက်နာကျခြင်းမှ အမြန်ဆုံးသက်သာအောင် ကူညီပေးပါတယ်။

3.Juices , fruits and vegetables
Juice ထဲမှာဆိုရင်လည်း Tomatoes juice က အရက်နာကျခြင်းအတွက် အအောင်းဆုံးပါ၊
သူ့ချည်းသက်သက်ဆို သောက်ရတာ အဝင်မကောင်းတက်တာမို့ Tomatoes juice ကို ၊ Vergin merry ပုံံစံမျိုး Lemon juice အနည်းငယ်၊ Salt and pepper အနည်းငယ် စတဲ့ မီးဖိုချောင်ထဲမှာ အလွယ်တကူရနိုင်တဲ့ အကူ ပစ္စည်း လေးတွေထည့်ပြီးလည်း သောက်ဆုံးနိုင်ပါတယ်။ ဒုတိယတစ်ခုက Fresh coconut water အုန်းစိမ်းရည်ပဲ ဖြစ်ပါတယ်။ သူကလည်း ရေဓာတ်ရော၊ အာဟာရဓာတ်ရောပါ ဖြည့်တင်းပေးတာမို့ အရက်နာကျခြင်းကို အမြန်ဆုံသက်သာစေမှာပါ ။ အသီးတွေထဲမှာဆို Potassium ကြွယ်ဝတဲ့ Bananas က အသင့်တော်ဆုံးဖြစ်ပြီး၊ light snacks တွေအတွက်ဆို Oatmeal တွေက အသင့်တော်ဆုံးနဲ့ အစားသင့်ဆုံး အစားစာတွေပဲဖြစ်ပါတယ်။ ထို့နည်းတူ အသီးအစစ်တွေဉ Juice တွေနဲ့ ရောနှော Blend ထားတဲ့ Smoothies တွေကိုလည်း သောက်နိုင်ပါတယ်။

ရှောင်ကျဥ်ရမယ့် အစားစာတွေကတော့
နို့ထွက် ပစ္စည်းတွေနဲ့ ဆီကြော်တွေ၊ Junk foods တွေကိုတော့ ရှောင်နိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပါတယ် လို့ပြောကြားရင်း

အရက်နာကျခြင်းမှ ကင်းဝေပြီး
များများ ကဲနိင်ကြပါစေဗျာ ။

အော်မေ့လို့
အုပ်စု
သူငယ်ချငိးတွေလို များများလည်းသောက်ချင်၊ နက်ဖြန်မှာလည်း ရုံးသွား၊ အလုပ်တက်ရမယ့်လူတွေအတွက်ဆိုရင်လည်း အရမ်းကြီးအရက်နာမကျရလေအောင်
အရက်သောက်နေဆဲ ကြိုးကြား ကြိုးကြားမှာ
Soup လေးတွေ သောက်ပေးတာမျိုး၊
အစားလေးတွေ စားထားပေးတာမျိုး၊ အသီးရွက် Salads လေးတွေစားပေးခြင်း၊ ရေများများသောက်ပေးခြင်း အားဖြင့်လည်း
နက်ဖြန်မှာ ပုံမှန်အတိုင်း အပြုံးမပျက် ရုံးတက်နိုင်အောင် ကူညီပေးပါတယ် ။

ချစ်ခြင်း အားဖြင့်
ဝဿန် ( Pro အရက်သမား အကြံပေး )

Address

DUBAI
Dubai
00000

Website

Alerts

Be the first to know and let us send you an email when Your Friendly Bartender by Jerry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Your Friendly Bartender by Jerry:

Shortcuts

Share